CNF ဂုဏ်သိက္ခာကျဆင်းအောင်  တမင်လုပ်တယ်လို့ပဲမြင်တယ်_ CNF တွဲ ဖက်အတွင်းရင်းမှူး ဒေါက်တာရွှေခါး

0

Salai Josephbawi| 2019 September 22| ပြည်ထဲရေးဝန်ကြီးဌာနသတင်းပေးပို့ချက်ကို နိုင်ငံတော်သမ္မတရုံးရဲ့ နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးမှ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၁၆ နေ့ရက်စွဲပါ စာအမှတ် ၅၀၆/(၁၅၈)/ ၁၂/သမ္မတရုံးဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများကို ဖြန့်ဝေသည့်စာတွင် NCA လက်မှတ်ရေး ထိုးထားသော ချင်းအမျိုးသားတပ်ဦး (CNF)နှင့် KNU ပါဝင်သည့် AAနင့် KIA တို့အစည်းအဝေးမှ နေပြည်တော် ကောင်စီအတွင်း ဖောက်ခွဲမှုလုပ်မည်ဟု သတင်းပြန့်စေခြင်းသည်  CNF ဂုဏ်သိက္ခာကျဆင်းအောင်  တမင် တကာလုပ်တယ်လို့ပဲမြင်တယ်လို့ CNF တွဲဖက်အတွင်းရင်းမှူး ဒေါက်တာရွှေခါးက ပြောပါတယ်။

အဆိုပါသတင်းတွင်  ၂၀၁၉ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ထိုင်းနိုင်ငံ၊ မယ် ဟောင်ဆောင်ခရိုင်၊ ထဆောင်ထန်းမြို့နယ်၊ မယ်လ (ခ)ဘဲကလော့ဒက္ခသည်စခန်းအနီး ဗိုလ်မှူးဂျော်စခန်း ကုန်း၌ မြောက်ပိုင်းမဟာမိတ်သောင်းကျန်းသူအဖွဲ့ဝင်အချို့ (AAအဖွဲ့/ KIAနှင့် အဖွဲ့-စီစစ်ဆဲ)၊ CNF နှင့် KNU အဖွဲ့ဝင်များ စုစုပေါင်း(၂၀)ခန့်ဦးတို့ အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း၊ အဆိုပါအစည်းအဝေးတွင် ၁၆-၉-၂၀၁၉ ရက်နေ့ (သို့မဟုတ်) ၂၆-၉-၂၀၁၉ (သို့မဟုတ်) ၁၆-၁၀-၂၀၁၉ (သို့မဟုတ်)  ၂၆-၁၀-၂၀၁၉ ရက်နေ့၌ နေပြည် တော်ကောင်စီနယ်မြေတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ရန် ရက်သတ်မှတ်ခဲ့ကြောင်းနှင့် ထိုသို့ပြုလုပ်ရခြင်းမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် တပ်မတော်နှင့် KIA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့၊ AA သောင်းကျန်းသူအဖွဲ့၊ TNLA သောင်းကျန်းသူအဖွဲ့၊ MNDAA သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့မှု များဖြစ်ပွားနေခြင်းနှင့် စပ်လျဉ်း၍ အာရုံလွှဲစေရန်၊ ဖိအားလျော့နည်းစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းသို့ပြု လုပ်ရန်အတွက် တာဝန်ခွဲဝေခြင်း၊ လမ်းကြောင်းသတ်မှတ်ခြင်း၊ နေ့ရက်/အချိန်အတည်ပြုခြင်း၊ ဖောက်ခွဲရေး ပစ္စည်းသယ်ယူပို့ဆောင်ရန် အတည်ပြုခြင်းတို့အား ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါသတင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ မိမိတို့ရုံး/ဌာနအသီးသီးတွင် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်သွားရန် လမ်းညွန်မှုအရ အကြောင်းကြားသည်ဟု ပါရှိပါသည်။

CNF Kongtelmi Bomhpuahnak/ Sohlohzii

ဒီသတင်းကို သေချာလေ့လာတယ်။ အင်္ဂါနေ့တွင် သူတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်း ချမ်းရေးဗဟိုဌာန(NRPC) နှင့် တွေ့ဖို့ရှိတော့ အသေးစိတ်မေးဖို့ရှိပါတယ်။ ဒါသတင်းမှန်သိမှပဲ လုပ်သင့်တာလုပ်ရမှာပေါ့။ အခုသိသလောက်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနသတင်းကို နိုင်ငံတော်သမ္မတရုံးရဲ့ နိုင်ငံရေးနှင့်လုံခြုံရေးဌာန၊ ဒါမှတဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာကနေဖြန့်တာကို အားလုံးမြင်တာဖြစ်တယ်။ မယ်လ (ခ)ဘဲကလော့ဒက္ခသည်စခန်းမှ CNF တစ်ယောက်မှ နေတာလွှတ်တာမရှိ ဘူး။ မဖြစ်နိုင်တာကို ပြောတော့အံ့သြတယ်။ ဒီလိုမျိုးစာက တကယ့်လျို့ဝှက် (classified letter) ဖြစ်တယ်။ ပြည်ထဲရေးမှာတော့ လျှို့ဝှက်လို့ပါပေမယ့် ဆောက်လုပ်ရေးဝန်ကြီးဌာစာမှာ ဘာမှမပါ၊ စာအမှတ်တွေကလည်း အောက်ဆုံးမှာရေးနေတာကိုက မူမမှန်တော့ဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေနှင့် နီးနီးကပ်ကပ်တွေ့ဆုံ ဆွေးနွေးနေကြတာပဲ တကယ်ဖြစ်တယ်ဆိုရင် ပြောသင့်ပြီပေါ့၊ ဒီဟာကတော့ CNF ဂုဏ်သိက္ခာကျဆင်း သွားအောင်  တမင်တကာလုပ်တယ်လို့ပဲမြင်တယ်လို့ CNF တွဲဖက်အတွင်းရင်းမှူး ဒေါက်တာရွှေခါးက The Chinland Post သတင်းဌာနကို ပြောပါတယ်။

NRPC နှင့်တွေ့ပြီးမှပဲ သတင်းမှန်ထွက်လာမှာပါ။ ပြောချင်တာက ဒီလိုမျိုးကိစ္စရှိရင် အသိပေးသင့်တယ်။ ပြီးရင် တကယ်စာထုတ်တာရှိရင်လည်း သတင်းလုံခြုံမှုကို အစိုးရမှ ထိန်းထိန်းသိမ်းသိမ်းဖြစ်ရမည်။ အခုတော့ social media တွေမှ အပေါ်တင်ပြန့်နေတာက အစိုးရရဲ့လျှို့ဝှက်ဥပဒေအဆင့်အတန်းကို ပြသနေတာ။  အစိုးရရဲ့ လျှို့ဝှက်ဥပဒေမူကို သေသေချာချာမထုတ်ပြန်တာ ပြသနာလို့ ဆက်ပြောသည်။

ချင်းအမျိုးသားတပ်ဦးသည် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်သောဒီမိုကရေစီရရှိရေးနှင့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအတွက် ၁၉၈၈ခုနှစ်၊ မတ်လ (၂၀)တွင် တည်ထောင်ခဲ့သည်။ ၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ ၂၀၁၂တွင် ပြည်နယ်အဆင့်၊ ဗဟိုအဆင့်နှင့် နိုင်ငံတော် အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော ချင်းအမျိုးသား တပ်ဦးဖြစ်ပါတယ်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: