သတၱမၾကိမ္ေျမာက္ခ်င္းအမ်ဳိးသားတပ္ဦး ပါတီညီလာခံနွင့္ ေရြးေကာက္ပြဲက်င္းပ

0

The Chinland Post-Hakha| 2020 March 21| ချင်းအမျိုးသားတပ်ဦး၏ သတ္တမကြိမ်မြောက် ပါတီညီလာခံနှင့် ပါတီရွေးကောက်ပွဲကို ၂၀၂ဝခုနှစ်၊ မတ်လ ၁၆-၁၉ အထိ ချင်းအမျိုးသားတပ်ဦး၏ ပါတီဌာနချုပ်ဖြစ်သော Camp Victoria တွင် ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုး သားတပ်ဦး/တပ်မတော် ကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း လူဦးရေ (၁၅၀)ကျော်ဖြင့် ကျင်းပကြောင်း သိရှိရသည်။ ညီလာခံတွင် ဆဋ္ဌမအကြိမ် ညီလာခံသက်တမ်းမှ လုပ်ငန်းအစီရင်ခံစာများအပေါ် တင်ပြအတည် ပြုခြင်း၊ အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် နိုင်ငံတကာ နိုင်ငံရေးအခင်းအကျင်းတို့အပေါ် သုံးသပ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ ကြသည်။ ၂၀၁၆-၂၀၂၀ အထိ ဥက္ကဌအဖြစ်တာဝန်ယူထားသော ပူးဇင်ကျုံးက ပြိုင်ဖက်မရှိ ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ကြသည်။

ပါတီဥက္ကဌခေါင်းဆောင်များအဖြစ် ဥက္ကဌ- ပူးဇင်ကျုံး၊ ဒု ဥက္ကဌ(၁) – ပူးထန်းနိန်းကီး၊ ဒု ဥက္ကဌ(၂)- ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်း၊ ဒု ဥက္ကဌ(၃) -ဒေါက်တာ ရွှေခါးရ်၊ အတွင်းရေးမှူးများအဖြစ် အထွေထွေအတွင်းရေး မှူး- ဆလိုင်းထလာဟေး၊ လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) – ဆလိုင်းရမ်ကုလ်ကျုံး၊ လက်ထောက် အထွေထွေအတွင်းရေးမှူး (၂)- ဆလိုင်းထက်နီ၊ လက်ထောက်အထွေထွေအတွင်းရေးမှူး (၃) ပူးအိပ်ချ်စီ ရာလ်နှင်းနှင့် ဗဟိုကော်မီတီဝင်များအဖြစ် ဗိုလ်မှူးကြီး စော်လမုန်၊ ပူးရိုခေါမ်အာ၊ ဆလိုင်းဘွဲလျန်မာန်၊ ဆလိုင်း ဗျက်ပုမ်၊ ပီးလိုင်းကီး၊ ပူးဘီလ်ကျုံးနှင့် ချင်းအမျိုးသားတပ်မတော်စစ်ဦးစီးချုပ် (မရွေးသေး)ဖြင့် ဖွဲ့စည်းခဲ့ကြ သည်။

ဗဟိုတရားသူကြီးဥက္ကဌအဖြစ် ပူး Thomas Thangnou၊ အဖွဲ့ဝင်များတွင် ပူးထန်းယဲန်း၊ ဗိုလ်ကြီးစော်လမုန်နှင့် အမျိုးသမီးကော်မီတီ (၅)ဦး၊ ဒေသကိုယ်စားလှယ် (၁၂)ဦးနှင့် ဗဟိုကော်မီတီဝင် (၂၈)ဦးတို့ အသီးသီးရွေး ကောက်ဖွဲ့စည်းခဲ့ကြသည်။

သတ္တမအကြိမ် ချင်းအမျိုးသားတပ်ဦးညီလာခံ၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာ့တပ်မတော်နှင့် Arakan Army (AA) အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခသည် ချင်းအမျိုးသားများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှု များ ရှိနေခြင်းကြောင့် ချင်းအမျိုးသားများအတွက် အရေးပေါ်အခြေအနေ ရောက်နေပြီဟု မှတ်ယူသည်။ ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် AA အနေဖြင့် ချင်းအမျိုးသားပိုင်နက်နယ်မြေ အတွင်း တိုက်ပွဲများ ချက်ချင်း ရပ်တန့်ရန်နှင့် AA အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ နေထိုင်ရာဒေသများ တွင် စစ်ရေးအရ အခြေချ လှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုရန် အလေးအနက် တောင်းဆိုပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည် နယ်အတွင်းရှိ ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် တိုက်ပွဲများ ကြောင့် လူမှုဒုက္ခအတိ ခံစားနေကြရသော ဒေသခံချင်းပြည်သူများအတွက် လိုအပ်သော လူမှုကူညီထောက်ပ့ံ မှုများပေးရေးနှင့် ပြန်လည်နေရာချထား နိုင်ရေးကို ပြည်တွင်းပြည်ပရှိ ချင်းအမျိုးသားများ၊ ချင်းပြည်နယ်အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆက်လက်တာဝန်ယူဆောင်ရွက်ပေးကြရန်နှင့် ဖော်ပြပါလုပ်ငန်းစဉ်များကို ချင်းအမျိုး သားတပ်ဦးမှ နည်းလမ်း ပေါင်းစုံအသုံးပြုပြီး ကမကထပြု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination) ပြန်လည်ရရှိရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိပြီး နိုင်ငံရေး တန်းတူမှုရှိသော အမျိုးသားပြည်နယ်များနှင့် ပထဝီအခြေခံပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ပြည် ထောင်စု ထူထောင်ရေးနှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေး စသည့်ရည်ရွယ်ချက်ဖြင့် ၁၉၈၈ မတ်လ (၂၀)တွင် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖိတ်ကြား ချက်အရ ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုထားသော အဖွဲ့လည်းဖြစ်သည်။

Zawgyi

 

သတၱမၾကိမ္ေျမာက္ခ်င္းအမ်ဳိးသားတပ္ဦး ပါတီညီလာခံနွင့္ ေရြးေကာက္ပြဲက်င္းပ

ခ်င္းအမ်ဳိးသားတပ္ဦး၏ သတၱမၾကိမ္ေျမာက္ ပါတီညီလာခံနွင့္ ပါတီေရြးေကာက္ပြဲကုိ ၂၀၂၀ခုနွစ္၊ မတ္လ ၁၆-၁၉ အထိ ခ်င္းအမ်ဳိးသားတပ္ဦး၏ ပါတီဌာနခ်ဳပ္ျဖစ္ေသာ Camp Victoria တြင္ ျပည္တြင္း၊ ျပည္ပမွ ခ်င္းအမ်ဳိး သားတပ္ဦး/တပ္မေတာ္ ကုိယ္စားလွယ္ႏွင့္ ေလ့လာသူ စုစုေပါင္း လူဦးေရ (၁၅၀)ေက်ာ္ျဖင့္ က်င္းပေၾကာင္း သိရွိရသည္။ ညီလာခံတြင္ ဆ႒မအႀကိမ္ ညီလာခံသက္တမ္းမွ လုပ္ငန္းအစီရင္ခံစာမ်ားအေပၚ တင္ျပအတည္ ျပဳျခင္း၊ အစုိးရ၊ ႏုိင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖဲြ႔အစည္းမ်ား၊ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ႏွင့္ ႏုိင္ငံတကာ ႏုိင္ငံေရးအခင္းအက်င္းတုိ႔အေပၚ သုံးသပ္ျခင္းႏွင့္ မွတ္တမ္းတင္ျခင္းမ်ား ျပဳလုပ္ခဲ့ ၾကသည္။ ၂၀၁၆-၂၀၂၀ အထိ ဥကၠဌအျဖစ္တာ၀န္ယူထားေသာ ပူးဇင္က်ဳံးက ျပဳိင္ဖက္မရွိ ဥကၠဌအျဖစ္ ျပန္လည္ေရြးခ်ယ္ခံခဲ့ၾကသည္။

ပါတီဥကၠဌေခါင္းေဆာင္မ်ားအျဖစ္ ဥကၠဌ- ပူးဇင္က်ဳံး၊ ဒု ဥကၠဌ(၁) – ပူးထန္းနိန္းကီး၊ ဒု ဥကၠဌ(၂)- ေဒါက္တာ ဆလုိင္းလ်န္မႈန္ဆာေခါင္း၊ ဒု ဥကၠဌ(၃) -ေဒါက္တာ ေရႊခါးရ္၊ အတြင္းေရးမွဴးမ်ားအျဖစ္ အေထြေထြအတြင္းေရး မွဴး- ဆလုိင္းထလာေဟး၊ လက္ေထာက္အေထြေထြအတြင္းေရးမွဴး (၁) – ဆလုိင္းရမ္ကုလ္က်ဳံး၊  လက္ေထာက္ အေထြေထြအတြင္းေရးမွဴး (၂)- ဆလုိင္းထက္နီ၊ လက္ေထာက္အေထြေထြအတြင္းေရးမွဴး (၃) ပူးအိပ္ခ်္စီ ရာလ္နွင္းနွင့္ ဗဟုိေကာ္မီတီ၀င္မ်ားအျဖစ္ ဗုိလ္မွဴးၾကီး ေစာ္လမုန္၊ ပူးရုိေခါမ္အာ၊ ဆလုိင္းဘြဲလ်န္မာန္၊ ဆလုိင္း ဗ်က္ပုမ္၊ ပီးလုိင္းကီး၊ ပူးဘီလ္က်ဳံးနွင့္ ခ်င္းအမ်ဳိးသားတပ္မေတာ္စစ္ဦးစီးခ်ဳပ္ (မေရြးေသး)ျဖင့္ ဖြဲ႔စည္းခဲ့ၾက သည္။

ဗဟုိတရားသူၾကီးဥကၠဌအျဖစ္ ပူး Thomas Thangnou၊ အဖြဲ႔၀င္မ်ားတြင္ ပူးထန္းယဲန္း၊ ဗုိလ္ၾကီးေစာ္လမုန္နွင့္ အမ်ဳိးသမီးေကာ္မီတီ (၅)ဦး၊ ေဒသကုိယ္စားလွယ္ (၁၂)ဦးနွင့္ ဗဟုိေကာ္မီတီ၀င္ (၂၈)ဦးတုိ႔ အသီးသီးေရြး ေကာက္ဖြဲ႔စည္းခဲ့ၾကသည္။

သတၱမအႀကိမ္ ခ်င္းအမ်ဳိးသားတပ္ဦးညီလာခံ၏  ထုတ္ျပန္ေၾကညာခ်က္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ Arakan Army (AA) အၾကား ျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡသည္ ခ်င္းအမ်ဳိးသားမ်ားအေပၚ စစ္ရာဇဝတ္မႈ က်ဴးလြန္မႈ မ်ား ရွိေနျခင္းေၾကာင့္ ခ်င္းအမ်ဳိးသားမ်ားအတြက္ အေရးေပၚအေျခအေန ေရာက္ေနၿပီဟု မွတ္ယူသည္။ ထုိ႔ေၾကာင့္ ျမန္မာ့တပ္မေတာ္ႏွင့္ AA အေနျဖင့္ ခ်င္းအမ်ဳိးသားပုိင္နက္နယ္ေျမ အတြင္း တုိက္ပြဲမ်ား ခ်က္ခ်င္း ရပ္တန္႔ရန္ႏွင့္ AA အေနျဖင့္ ခ်င္းျပည္နယ္ႏွင့္ ခ်င္းလူမ်ိဳးမ်ား ေနထိုင္ရာေဒသမ်ား တြင္ စစ္ေရးအရ အေျခခ် လႈပ္ရွားေနထုိင္ျခင္း လုံးဝမျပဳရန္ အေလးအနက္ ေတာင္းဆုိျပီး ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခုိင္ျပည္ နယ္အတြင္းရွိ ခ်င္းလူမ်ိဳးမ်ား ေနထိုင္ရာေဒသမ်ားတြင္ တုိက္ပြဲမ်ား ေၾကာင့္ လူမႈဒုကၡအတိ ခံစားေနၾကရေသာ ေဒသခံခ်င္းျပည္သူမ်ားအတြက္ လုိအပ္ေသာ လူမႈကူညီေထာက္ပ့ံ မႈမ်ားေပးေရးႏွင့္ ျပန္လည္ေနရာခ်ထား ႏုိင္ေရးကို ျပည္တြင္းျပည္ပရွိ ခ်င္းအမ်ဳိးသားမ်ား၊ ခ်င္းျပည္နယ္အစုိးရ၊ အစုိးရမဟုတ္ေသာ အဖြဲ႔အစည္းမ်ား၊ လူမႈအဖြဲ႔အစည္းမ်ား၊ ဘာသာေရးအသင္းအဖဲြ႔မ်ားအေနျဖင့္ အမ်ဳိးသားေရး တာဝန္တစ္ရပ္အေနျဖင့္ ဆက္လက္တာ၀န္ယူေဆာင္ရြက္ေပးၾကရန္ႏွင့္ ေဖာ္ျပပါလုပ္ငန္းစဥ္မ်ားကုိ ခ်င္းအမ်ဳိး သားတပ္ဦးမွ နည္းလမ္း ေပါင္းစုံအသုံးျပဳၿပီး ကမကထျပဳ အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားမည္ျဖစ္သည္ဟု ေဖာ္ျပပါရွိသည္။

ခ်င္းအမ်ဳိးသားတပ္ဦးသည္ ခ်င္းအမ်ဳိးသားတုိ႔၏ ကုိယ္ပုိင္ျပ႒ာန္းခြင့္ (Self-determination) ျပန္လည္ရရွိေရး၊ ဒီမုိကေရစီေရး၊ အမ်ဳိးသားတန္းတူေရးႏွင့္ ကုိယ္ပုိင္ျပဌာန္းခြင့္ အခြင့္အေရးမ်ား အျပည့္အဝရွိၿပီး ႏုိင္ငံေရး တန္းတူမႈရွိေသာ အမ်ဳိးသားျပည္နယ္မ်ားႏွင့္ ပထဝီအေျခခံျပည္နယ္မ်ားျဖင့္ စုဖြဲ႔ထားသည့္ ဖက္ဒရယ္ျပည္ ေထာင္စု ထူေထာင္ေရးနွင့္ ဒီမုိကေရစီစနစ္တည္ေဆာက္ေရး စသည့္ရည္ရြယ္ခ်က္ျဖင့္ ၁၉၈၈ မတ္လ (၂၀)တြင္ ဖြဲ႔စည္းတည္ေထာင္ထားေသာ အဖြဲ႔ျဖစ္ျပီး ၂၀၁၁ ခုနွစ္ သမၼတဦးသိန္းစိန္၏ ျငိမ္းခ်မ္းေရးဖိတ္ၾကား ခ်က္အရ ၂၀၁၂ ခုနွစ္တြင္ ျပည္ေထာင္စုျမန္မာနုိင္ငံအစုိးရနွင့္ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး သေဘာတူညီခ်က္ ခ်ဳပ္ဆုိထားေသာ အဖြဲ႔လည္းျဖစ္သည္။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: