ဗုိလ္မွဴးၾကီးေစာ္လမုန္နဲ႔ ေတြ႔ဆုံေမးျမန္းျခင္း| ဗိုလ်မှူးကြီးစော်လမုန်နဲ့ တွေ့ဆုံမေးမြန်းခြင်း။

0

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ချင်းအမျိုးသားတပ်ဦး ကာကွယ်ရေးအတွင်းရေးမှူး ဗိုလ်မှူးကြီးစော်လမုန်နဲ့ The Chinland Post တွေ့ဆုံမေးမြန်းခြင်း။
Salai Josephbawi| 2020 March 11| Youtube Link https://youtu.be/N2dRcGVq6Ss

၁။ အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ချင်းအမျိုးသားဦး (CNF)နှင့် တပ်မတော်(CNA)ကို ဘယ်လိုပုံစံဖွဲ့စည်းပြီးတော့ အဲ့မှာ ဘာတာဝန်ယူထားသလဲဆိုတာ ပြောပေးနိုင်မလား၊
ဗိုလ်မှူးကြီးစော်လမုန်- ကျတော်လည်းကျေးဇူးတင်ပါတယ်။ ကျတော်တို့ CNF ဆိုတာဟာ ၈၈ အရေးခင်း တစ်နိုင်ငံလုံး အာဏာရှင်စနစ်ကိုမကြိုက်လို့ ကျတော်တို့ကျောင်းသားတွေက ဦးဆောင်ပြီးတော့ အမြို့မြို့အနယ်နယ်ကနေ ကျေးရွာအထိ ကျတော်တို့ ဒီမိုကရေစီလိုချင်တာကို အဲ့မှာဆန္ဒပြတယ် ဆန္ဒပြတဲ့ခါကျတော့ စစ်တပ်ကအာဏာပြန်သိမ်းတယ် အာဏာသိမ်းတော့ ဆန္ဒပြတဲ့လူတွေ အထူးသဖြင့် အမြို့မြို့အနယ်နယ်ကခေါင်းဆောင်တွေဖမ်းတော့ ကျတော်တို့လည်း ပါကြတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်ထွက်ပြေးရင်းနဲ့ ကျတော်တို့ ကျောင်းသားခေါင်းဆောင်တွေ လူကြီးတွေပါသွားတဲ့လူတွေက အဲဒီတုန်းက CNF ကရှိပြီးသား သူတို့နဲ့ ဆက်စပ်ပြီတော့ သူတို့တွေနဲ့ CNF ပါဝင်ပြီးတော့ လက်နက်ကိုင်စမယ်ဆိုပြီး သဘောတူချက်တွေရလို့ ကျတော်တို့တွေလည်း ဟို လိုင်ဇာ KIO မှာ စစ်ပညာသင်တန်းသွားတက်ပြီး အဲကနေပြန်လာတော့ CNA က အဲ့ကနေ စလာတယ်။ တစ်နည်းအားဖြင့် ပြန်ပြောလိုက်မယ်ဆိုရင် CNF ဟာ ကျတော်တို့ ပါတီရဲ့ ချင်းလူထုနှင့်ချင်းလူမျိုးတွေနဲ့ ချင်းလဲန်းအတွက် ပေါ်လစီချတဲ့ပါတီဖြစ်တယ်။ အဲဒီပေါ်လစီကို ပံ့ပိုးနိုင်အောင်၊ ပေါ်လစီကို အကောင်အထည်ဖော်နိုင်ဖို့က CNA က ကူညီတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် CNF နဲ့ CNA က ပိုက်ဆံ ခေါင်းနဲ့ပန်းလိုပါပဲ။

၂။ ချင်းအမျိုးသားတပ်မတော် ရဲမေအမျိုးသမီးအခြေအနေသိချင်ပါတယ်။
ဗိုလ်မှူးကြီးစော်လမုန်- ကျတော်တို့ချင်းအမျိုးသားတပ်ဦးတမ်မတော်မှာ ဘယ်သူမဆို အမျိုးသားအမျိုးသမီးဆိုပြီးခွဲခြားတာတော့မရှိဘူး။ အမျိုးသမီတွေလည်းဝင်နိုင်တယ်။ အမျိုးသားသည်လည်းဝင်နိုင်တယ်။

၃။ ရဲမေတွေပါဝင်ခြင်းအားဖြင့် ဘာများ အားသာချက်ရှိနိုင်သလဲ။
ဗိုလ်မှူးကြီးစော်လမုန်- အလုပ်လုပ်ရတာလည်း ပြိုင်တူဝိုင်းတူဆိုတော့နော် တော်တော်လေးကို အားပြန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ကျတော်တို့သည်က ဒီအမျိုးသမီးရဲမေလေးသည်ကိုလည်း ကျတော်တို့တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ပြီးတော့ သူတို့ရဲ့ဝါသနာပါရာပါရာ သင်တန်းလေးသည် အထူးသဖြင့် ရဲမေတွေကို ဒီလိုပဲသင်ပေးတယ်၊ လုပ်ပေးတယ်။

၄။ ချင်းအမျိုးသားတပ်မတော် စစ်ဥပဒေအရ ရဲမေအမျိုးသမီးတွေ အမျိုးသမီးမို့လို့ ကန့်သတ်ထားတာတွေရှိသလား။ ဥပမာ- ရာထူးပိုင်းမှာပေါ့။
ဗိုလ်မှူးကြီးစော်လမုန်- ကျတော်တို့မှာ မရှိဘူး။ အမျိုးသမီးမို့လို့ ရဲမေမို့လို့ ဒီရာထူးကိုမပေးရဆိုတာ ကျတော်တို့မှာ လုံး၀ မရှိဘူး။ သူတို့ဟာသူ ကြိုးစားရင်ကြိုးစားသလို သူတို့တွေ ရာထူးတက်နေတာပဲ။ ရဲဘော်သည်နဲ့အတူတူပါပဲ။ ဥပမာ ရာထူးရှိတဲ့ရဲမေကို ရာထူးမရှိတဲ့ ရဲဘော်ကအလေးပြုရတာပဲ။ ယောင်္ကျားနဲ့ယောင်္ကျားထဲ အလေးပြုရမှာတို့မရှိဘူးကျတော့်မှာ။ အမျိုးသမီးသည်လည်း အဲ့လိုပဲ။ ဒီစစ်ဓလေ့ထုံးတမ်းစဉ်လာအလိုက် အတူတူပဲ။ ယောင်္ကျားနဲ့မိန်းမဆိုတာမျိုး၊ အမျိုးသမီးနဲ့အမျိုးသားခွဲခြားတာမရှိပါဘူးလို့။

၅။ ချင်းအမျိုးသားတပ်မတော်ရဲမေတွေပါဝင်ခြင်းအားဖြင့် ဘာများ အားနည်းချက်တွေရှိနိုင်လဲ။
ဗိုလ်မှူးကြီးစော်လမုန်- ကျတော်တို့ ဒီအမျိုးသမီးသည်ပါလို့ အားနည်းချက်ဆိုတာမတွေ့သေးဘူး အခုချိန်ထိတော့နော်။ သူတို့ကရုံးမှာသည်မှာပဲဖြစ်ဖြစ်၊ ဒါမျိုးကျောင်းသည်မှာပဲဖြစ်ဖြစ်၊ ဒါမျိုးကျန်းမာရေးဆေးခန်းသည်မှာပဲဖြစ်ဖြစ် အမျိုးသမီးသည်ပါခြင်းအားဖြင့် ကျတော်တို့ တော်တော်လေးမြန်တာပေါ့။ ဒီအမျိုးသမီးတွေရှိလို့အားနည်းချက်မတွေ့ဘူး။ ဒီအမျိုးသမီးတွေရှိလို့သာ ကျတော်တို့သည်ဟာ ပြန်ပြီးတက်ကြွတာပေါ့နော်၊ နွေးနွေးထွေးထွေးရှိတာပေါ့။

၆။ ချင်းဓလေ့ထုံးတမ်းအရ ချင်းအမျိုးသမီးများ ခွဲခြားဆက်ခံမှုတွေ ရှိတယ်လို့ပြောကြတယ်။ ဘာများမှတ်ချက်ပေးချင်ပါသလဲ။
ဗိုလ်မှူးကြီးစော်လမုန်- အဲဒီတုန်းက ကျတော်တို့မှာ အတွေ့အကြုံ၊ အသိပညာတွေမမြင်ခဲ့လို့ အဲဒီမျိုးက ဘိုးဘွားခေတ်ကရှိတယ်။ ဒီခေတ်မှာ အဲဒီမျိုးကတော့ ကျတော်က သိပ်ပြီးမကြိုက်တော့ဘူး။ လူပဲလေ၊ လူလူပဲမိသားစုမှာလည်း ပြည့်ပြည့်၀၀ ဒီအမျိုးသမီးတွေလည်းရစေချင်ပါတယ်။

၇။ တကယ်လို့များ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လုပ်ငန်းတွေမှာ အမျိုးသမီးတွေက ထိပ်ပိုင်းက တာဝန်ယူ ရင်ပိုမြန်ဆန်မယ်လို့ ထင်သလား။ တာဝန်ယူနိုင်တဲ့အမျိုးသမီးတွေကော ရှိရင်သိချင်ပါတယ်။
ဗိုလ်မှူးကြီးစော်လမုန်- ရှိတယ် ကျတော်တို့မှာ။ ခုဆိုရင် ဗဟိုကော်မီတီထိတော်မှ အမျိုးသမီးတွေရှိလာပြီလေ။ ဒီအမျိုးသမီးသည်ကတစ်ခါတလေကျတော့ သူတို့လုပ်ကိုင်တဲ့နေရာမှာ ဆက်ဆံတဲ့နေရာမှာ အရမ်းအလုပ်လုပ်နိုင်တယ်။ တစ်ချို့ယောင်္ကျားတွေကို တအားနိုင်တာသူတို့က။ အလုပ်ပိုင်းဆိုင်ရာနော်နောက် အခြားတခြားညှိနှ်ိုုင်းဆက်ဆံမှုတွေမှာ အမျိုးသမီးသည်ကပိုပြီးတော့ လူတွေက သူတို့ရဲ့အသံကို ပိုပြီးတော့ လေးစားတယ်။ အဲဒါကြောင့် အမျိုးသမီးတွေ အရမ်းအလုပ်လုပ်နိုင်တယ်။ ကျတော့အမြင်မှာတော့။ အဲဒါကြောင့် ကျတော်တို့အမျိုးသမီးသည်ဟာ ဗဟိုကော်မီတီအထိလည်းရှိတယ် ရာထူးကြီးကြီးသည်လည်း ရှိတယ်။

၈။ နောက်ဆုံးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်နိုင်အောင်ဘာများမှာချင်ပါသလဲ။
ဗိုလ်မှူးကြီးစော်လမုန်- ဟုတ်တယ်။ ဒီငြိမ်းချမ်းရေးဆိုတာ ကျတော်တို့တစ်ဖွဲ့ထဲနဲ့လုပ်လို့မရဘူး။ နှစ်ဖွဲ့သုံးဖွဲ့နဲ့လည်းမရဘူး။ လူတစ်ဦးချင်း အားလုံးပါဝင်မှရတဲ့အလုပ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးမှာ ပိုပြီးတော့ ပြောဆိုနိုင်တာအမျိုးသမီးသည်။ အမျိုးသမီးတွေရဲ့အသံကို အမျိုးသားသည်က နားထောင်နိုင်တယ်။ အဲဒါကြောင့် အမျိုးသမီးသည် ဒါထက်ပိုပြီးပါဝင်နိုင်ရင် သိပ်ကောင်းမှာပဲ။ ကျတော်တို့ ချင်းအမျိုးသမီးသည်လည်း တက်တက်ကြွကြွပါဝင်ကြဖို့ကိုလည်း ကျတော်ဖိတ်ခေါ်ချင်ပါတယ်။

Zawgyi

ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးပါ၀င္မႈအခန္းက႑ျမွင့္တင္ျခင္းေခါင္းစဥ္ျဖင့္ ခ်င္းအမ်ဳိးသားတပ္ဦး ကာကြယ္ေရးအတြင္းေရးမွဴး ဗုိလ္မွဴးၾကီးေစာ္လမုန္နဲ႔ The Chinland Post ေတြ႔ဆုံေမးျမန္းျခင္း။
Salai Josephbawi| 2020 March 11|
၁။ အခုလုိအခ်ိန္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ပထမဦးဆုံးအေနနဲ႔ ခ်င္းအမ်ဳိးသားဦး (CNF)နွင့္ တပ္မေတာ္(CNA)ကုိ ဘယ္လုိပုံစံဖြဲ႔စည္းျပီးေတာ့ အဲ့မွာ ဘာတာ၀န္ယူထားသလဲဆုိတာ ေျပာေပးနုိင္မလား၊
ဗုိလ္မွဴးၾကီးေစာ္လမုန္- က်ေတာ္လည္းေက်းဇူးတင္ပါတယ္။ က်ေတာ္တုိ႔ CNF ဆုိတာဟာ ၈၈ အေရးခင္း တစ္နုိင္ငံလုံး အာဏာရွင္စနစ္ကုိမၾကိဳက္လုိ႔ က်ေတာ္တုိ႔ေက်ာင္းသားေတြက ဦးေဆာင္ျပီးေတာ့ အျမိဳ႕ျမိဳ႕အနယ္နယ္ကေန ေက်းရြာအထိ က်ေတာ္တုိ႔ ဒီမုိကေရစီလုိခ်င္တာကုိ အဲ့မွာဆႏၵျပတယ္ ဆႏၵျပတဲ့ခါက်ေတာ့ စစ္တပ္ကအာဏာျပန္သိမ္းတယ္ အာဏာသိမ္းေတာ့ ဆႏၵျပတဲ့လူေတြ အထူးသျဖင့္ အျမိဳ႕ျမိဳ႕အနယ္နယ္ကေခါင္းေဆာင္ေတြဖမ္းေတာ့ က်ေတာ္တုိ႔လည္း ပါၾကေတာ့ အိႏိၵယနုိင္ငံ မီဇုိရမ္ျပည္ထြက္ေျပးရင္းနဲ႔ က်ေတာ္တုိ႔ ေက်ာင္းသားေခါင္းေဆာင္ေတြ လူၾကီးေတြပါသြားတဲ့လူေတြက အဲဒီတုန္းက CNF ကရွိျပီးသား သူတုိ႔နဲ႔ ဆက္စပ္ျပီေတာ့ သူတုိ႔ေတြနဲ႔ CNF ပါ၀င္ျပီးေတာ့ လက္နက္ကုိင္စမယ္ဆုိျပီး သေဘာတူခ်က္ေတြရလုိ႔ က်ေတာ္တုိ႔ေတြလည္း ဟုိ လုိင္ဇာ KIO မွာ စစ္ပညာသင္တန္းသြားတက္ျပီး အဲကေနျပန္လာေတာ့ CNA က အဲ့ကေန စလာတယ္။ တစ္နည္းအားျဖင့္ ျပန္ေျပာလုိက္မယ္ဆုိရင္ CNF ဟာ က်ေတာ္တုိ႔ ပါတီရဲ႕ ခ်င္းလူထုနွင့္ခ်င္းလူမ်ဳိးေတြနဲ႔ ခ်င္းလဲန္းအတြက္ ေပၚလစီခ်တဲ့ပါတီျဖစ္တယ္။ အဲဒီေပၚလစီကုိ ပံ့ပုိးနုိင္ေအာင္၊ ေပၚလစီကုိ အေကာင္အထည္ေဖာ္နုိင္ဖုိ႔က CNA က ကူညီတယ္။ တစ္နည္းအားျဖင့္ ေျပာမယ္ဆုိရင္ CNF နဲ႔ CNA က ပုိက္ဆံ ေခါင္းနဲ႔ပန္းလိုပါပဲ။

၂။ ခ်င္းအမ်ဳိးသားတပ္မေတာ္ ရဲေမအမ်ဳိးသမီးအေျခအေနသိခ်င္ပါတယ္။
ဗုိလ္မွဴးၾကီးေစာ္လမုန္- က်ေတာ္တုိ႔ခ်င္းအမ်ဳိးသားတပ္ဦးတမ္မေတာ္မွာ ဘယ္သူမဆုိ အမ်ဳိးသားအမ်ဳိးသမီးဆုိျပီးခြဲျခားတာေတာ့မရိွဘူး။ အမ်ဳိးသမီေတြလည္း၀င္နုိင္တယ္။ အမ်ဳိးသားသည္လည္း၀င္နုိင္တယ္။

၃။ ရဲေမေတြပါ၀င္ျခင္းအားျဖင့္ ဘာမ်ား အားသာခ်က္ရွိနုိင္သလဲ။
ဗုိလ္မွဴးၾကီးေစာ္လမုန္- အလုပ္လုပ္ရတာလည္း ျပဳိင္တူ၀ုိင္းတူဆုိေတာ့ေနာ္ ေတာ္ေတာ္ေလးကုိ အားျပန္ရွိတယ္။ အဲဒါေၾကာင့္မုိ႔လုိ႔ က်ေတာ္တုိ႔သည္က ဒီအမ်ဳိးသမီးရဲေမေလးသည္ကုိလည္း က်ေတာ္တုိ႔တတ္နုိင္သေလာက္ ျပဳစုေစာင့္ေရွာက္ျပီးေတာ့ သူတို႔ရဲ႕၀ါသနာပါရာပါရာ သင္တန္းေလးသည္ အထူးသျဖင့္ ရဲေမေတြကုိ ဒီလုိပဲသင္ေပးတယ္၊ လုပ္ေပးတယ္။

၄။ ခ်င္းအမ်ဳိးသားတပ္မေတာ္ စစ္္ဥပေဒအရ ရဲေမအမ်ဳိးသမီးေတြ အမ်ဳိးသမီးမုိ႔လုိ႔ ကန္႔သတ္ထားတာေတြရွိသလား။ ဥပမာ- ရာထူးပုိင္းမွာေပါ့။
ဗုိလ္မွဴးၾကီးေစာ္လမုန္- က်ေတာ္တုိ႔မွာ မရိွဘူး။ အမ်ဳိးသမီးမို႔လုိ႔ ရဲေမမုိ႔လုိ႔ ဒီရာထူးကုိမေပးရဆုိတာ က်ေတာ္တုိ႔မွာ လုံး၀ မရွိဘူး။ သူတုိ႔ဟာသူ ၾကိဳးစားရင္ၾကိဳးစားသလုိ သူတုိ႔ေတြ ရာထူးတက္ေနတာပဲ။ ရဲေဘာ္သည္နဲ႔အတူတူပါပဲ။ ဥပမာ ရာထူးရွိတဲ့ရဲေမကုိ ရာထူးမရိွတဲ့ ရဲေဘာ္ကအေလးျပဳရတာပဲ။ ေယာက်ၤားနဲ႔ေယာက်ၤားထဲ အေလးျပဳရမွာတုိ႔မရွိဘူးက်ေတာ့္မွာ။ အမ်ဳိးသမီးသည္လည္း အဲ့လုိပဲ။ ဒီစစ္ဓေလ့ထုံးတမ္းစဥ္လာအလုိက္ အတူတူပဲ။ ေယာက်ၤားနဲ႔မိန္းမဆုိတာမ်ဳိး၊ အမ်ဳိးသမီးနဲ႔အမ်ဳိးသားခြဲျခားတာမရွိပါဘူးလုိ႔။

၅။ ခ်င္းအမ်ဳိးသားတပ္မေတာ္ရဲေမေတြပါ၀င္ျခင္းအားျဖင့္ ဘာမ်ား အားနည္းခ်က္ေတြရွိနုိင္လဲ။
ဗုိလ္မွဴးၾကီးေစာ္လမုန္- က်ေတာ္တုိ႔ ဒီအမ်ဳိးသမီးသည္ပါလုိ႔ အားနည္းခ်က္ဆုိတာမေတြ႔ေသးဘူး အခုခ်ိန္ထိေတာ့ေနာ္။ သူတုိ႔ကရုံးမွာသည္မွာပဲျဖစ္ျဖစ္၊ ဒါမ်ဳိးေက်ာင္းသည္မွာပဲျဖစ္ျဖစ္၊ ဒါမ်ဳိးက်န္းမာေရးေဆးခန္းသည္မွာပဲျဖစ္ျဖစ္ အမ်ဳိးသမီးသည္ပါျခင္းအားျဖင့္ က်ေတာ္တုိ႔ ေတာ္ေတာ္ေလးျမန္တာေပါ့။ ဒီအမ်ဳိးသမီးေတြရွိလုိ႔အားနည္းခ်က္မေတြ႔ဘူး။ ဒီအမ်ဳိးသမီးေတြရွိလုိ႔သာ က်ေတာ္တုိ႔သည္ဟာ ျပန္ျပီးတက္ၾကြတာေပါ့ေနာ္၊ ေႏြးေႏြးေထြးေထြးရွိတာေပါ့။

၆။ ခ်င္းဓေလ့ထုံးတမ္းအရ ခ်င္းအမ်ဳိးသမီးမ်ား ခြဲျခားဆက္ခံမႈေတြ ရွိတယ္လုိ႔ေျပာၾကတယ္။ ဘာမ်ားမွတ္ခ်က္ေပးခ်င္ပါသလဲ။
ဗုိလ္မွဴးၾကီးေစာ္လမုန္- အဲဒီတုန္းက က်ေတာ္တုိ႔မွာ အေတြ႔အၾကဳံ၊ အသိပညာေတြမျမင္ခဲ့လုိ႔ အဲဒီမ်ဳိးက ဘုိးဘြားေခတ္ကရွိတယ္။ ဒီေခတ္မွာ အဲဒီမ်ဳိးကေတာ့ က်ေတာ္က သိပ္ျပီးမၾကိဳက္ေတာ့ဘူး။ လူပဲေလ၊ လူလူပဲမိသားစုမွာလည္း ျပည့္ျပည့္၀၀ ဒီအမ်ဳိးသမီးေတြလည္းရေစခ်င္ပါတယ္။

၇။ တကယ္လုိ႔မ်ား ျငိမ္းခ်မ္းေရးျဖစ္စဥ္နွင့္ လုပ္ငန္းေတြမွာ အမ်ဳိးသမီးေတြက ထိပ္ပုိင္းက တာ၀န္ယူ ရင္ပုိျမန္ဆန္မယ္လုိ႔ ထင္သလား။ တာ၀န္ယူနုိင္တဲ့အမ်ဳိးသမီးေတြေကာ ရွိရင္သိခ်င္ပါတယ္။
ဗုိလ္မွဴးၾကီးေစာ္လမုန္- ရွိတယ္ က်ေတာ္တုိ႔မွာ။ ခုဆုိရင္ ဗဟုိေကာ္မီတီထိေတာ္မွ အမ်ဳိးသမီးေတြရွိလာျပီေလ။ ဒီအမ်ဳိးသမီးသည္ကတစ္ခါတေလက်ေတာ့ သူတုိ႔လုပ္ကုိင္တဲ့ေနရာမွာ ဆက္ဆံတဲ့ေနရာမွာ အရမ္းအလုပ္လုပ္နုိင္တယ္။ တစ္ခ်ဳိ႕ေယာက်ၤားေတြကုိ တအားနုိင္တာသူတုိ႔က။ အလုပ္ပုိင္းဆုိင္ရာေနာ္ေနာက္ အျခားတျခားညွိနႈို္င္းဆက္ဆံမႈေတြမွာ အမ်ဳိးသမီးသည္ကပုိျပီးေတာ့ လူေတြက သူတုိ႔ရဲ႕အသံကုိ ပုိျပီးေတာ့ ေလးစားတယ္။ အဲဒါေၾကာင့္ အမ်ဳိးသမီးေတြ အရမ္းအလုပ္လုပ္နုိင္တယ္။ က်ေတာ့အျမင္မွာေတာ့။ အဲဒါေၾကာင့္ က်ေတာ္တုိ႔အမ်ဳိးသမီးသည္ဟာ ဗဟုိေကာ္မီတီအထိလည္းရွိတယ္ ရာထူးၾကီးၾကီးသည္လည္း ရွိတယ္။

၈။ ေနာက္ဆုံးအေနနဲ႔ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးပါ၀င္နုိင္ေအာင္ဘာမ်ားမွာခ်င္ပါသလဲ။
ဗုိလ္မွဴးၾကီးေစာ္လမုန္- ဟုတ္တယ္။ ဒီျငိမ္းခ်မ္းေရးဆုိတာ က်ေတာ္တုိ႔တစ္ဖြဲ႔ထဲနဲ႔လုပ္လုိ႔မရဘူး။ နွစ္ဖြဲ႔သုံးဖြဲ႔နဲ႔လည္းမရဘူး။ လူတစ္ဦးခ်င္း အားလုံးပါ၀င္မွရတဲ့အလုပ္။ အဲဒါေၾကာင့္ ဒီျငိမ္းခ်မ္းေရးမွာ ပုိျပီးေတာ့ ေျပာဆုိနုိင္တာအမ်ဳိးသမိီးသည္။ အမ်ဳိးသမီးေတြရဲ႕အသံကုိ အမ်ဳိးသားသည္က နားေထာင္နုိင္တယ္။ အဲဒါေၾကာင့္ အမ်ဳိးသမီးသည္ ဒါထက္ပုိျပီးပါ၀င္နုိင္ရင္ သိပ္ေကာင္းမွာပဲ။ က်ေတာ္တုိ႔ ခ်င္းအမ်ဳိးသမီးသည္လည္း တက္တက္ၾကြၾကြပါ၀င္ၾကဖုိ႔ကုိလည္း က်ေတာ္ဖိတ္ေခၚခ်င္ပါတယ္။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: