Covid – 19 ရောဂါ ဘယ်လိုကူးဆက်တာလဲ

0

Covid – 19 ရောဂါ ဘယ်လိုကူးဆက်တာလဲ

  • Covid – 19 ရောဂါ သည် လူသား အချင်းချင်း မှ ကူးဆက်သော virus တစ်ခုဖြစ်သည်။
  • အသက်ရှု လမ်းကြောင်း မှ ကူးဆက်သဖြင့် တစ်ဦး နဲ့ တစ်ဦး အနည်း ဆုံး ၅ ပေ အကွာ ခပ်ကွာကွာ နေ ခြင်းဖြင့် ရောဂါပြန့်ပွားနှုန်း ကို ကာကွယ်နိုင်ပါသည်။
  • Covid -19 ရောဂါသည် လေထဲတွင် ၃ ရက်ထိ အသက်ရှင်နိုင်သော ကြောင့် Covid – 19 ရောဂါ သံသယ လူနာများနှင့် ထိတွေ့ခြင်း ၊ နီးကပ်ခြင်း များကို လုံး၀ ရှောင်ကြဥ် ရပါမည်။
  • အိမ်ထဲ ၊ အိမ်ပြင် ၊ ရုံး ၊ လူစု‌ေ၀◌းရာနေရာ များတွင် လျှင်မြန်စွာကူးဆက် နိုင် သဖြင့် သွားလာလှုပ်ရှားရာတွင် အထူးသတိပြုရမည်။
  • တံတွေး ၊ သလိပ် ၊ ဖက်ခြင်း ၊ နမ်းခြင်း များ ဖြင့်လည်းကူးဆက် နိုင်သဖြင့် အထူးသတိပြု နေထိုင်ရမည်။

ဘာ ကြောင့် Mask ကို တပ်ဆင်သင့်တာလဲ

  • Covid – 19 ရောဂါသည် ကျွန်တော်တို့၏ ပါးစပ်၊ နှာခေါင်း မှ ထွက်သော လေ များဖြင့် ကူးဆက် သဖြင့် Mask ကို စနစ်တကျ တပ်ဆင်သင့်ပါသည်။
  • Covid ကာကွယ်ဆေး ထိုးသူများ အနေဖြင့် လည်း ကောင်း ၊ မထိုးသေးသူများ အနေဖြင့်လည်းကောင်း Covid ရောဂါသည် ချက်ချင်း လခက္ဏာ မပြသဖြင့် Mask ကို သေသေချာချာ တပ်ဆင်ခြင်းအားဖြင့် Covid ရောဂါ ကို ကာကွယ်နိုင်ပါသည်။
  • Mask အမျိုးအစား အမျိုးမျိုးရှိပါသည်။ အရေးကြီးတာသည် စနစ်တကျ တပ်ဆင်ဖို့က အလွန်အရေးကြီးပါသည်။

ဘာ ကြောင့် လက်ဆေး သင့်တာလဲ

နှာခေါင်း ၊ ပါးစပ် ပစ္စည်း စသဖြင့် လက်နဲ့ ကိုင်တွယ် နေရသောကြောင့် ရောဂါကို လက်မှ တစ်ဆင့် ရောဂါကို ကူးဆက်နိုင်သောကြောင့် လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာသည်အထိ လက်ကို သေချာစွာဆေးကြော ဖို့လိုအပ်ပါသည်။ ဆပ်ပြာ ရေ သုံးလို့အဆင်မပြေသော နေရာတွင် အနည်းဆုံး ၆၀ %ပါ သော  Hand Gel  နဲ့ လက်ကို ဆေးကြောရပါမည်။

ဘာကြောင့် တစ်ယောက် နဲ့ တစ်ယောက် အနည်းဆုံး ပေ အကွာနဲ့နေသင့်တာလဲ

Covid -19 ရောဂါသည်။ လူသားအချင်းချင်း ကူးဆက် သောရောဂါ ဖြစ်သောကြောင့် တစ်ယောက်နဲ့ တစ်ယောက် အနည်း ဆုံး ၆ ပေ အကွာတွင် နေမှ သာ ရောဂါ ကူးဆက်မှုကို ကာကွယ်နိုင်မှာဖြစ်သည်။ မိသားစု ၊ အပေါင်းအသင်း များ ကြားတွင်လည်း covid -19 ရောဂါကာကွယ်နိုင်ရန် အတွက် စကား  ပြောရာတွင် လည်းကောင်း နီးနီး ကပ်ကပ် စကားပြောဆိုခြင်း များကို ရှောင်ရပါမည်။ covid – 19 ရောဂါသည်။ နီးနီး ကပ်ကပ် တစ်ယောက် နဲ့ တစ် ယောက် စကားပြောဆို ခြင်းအားဖြင့် ရောဂါ ပိုးသည် အယောက် ၁၄ ထိ ကူးဆက် နိုင်သည် ဟု သုတေသန လုပ်သူများမှ တွေ့ရှိထားပါသည်။

Covid ကာကွယ်ဆေး ထိုး ခြင်းဖြင့် covid ရောဂါ အပြည့်အ၀ ကာကွယ်နိုင်လား

Covid ကာကွယ်ဆေးသည် covid ရောဂါ ပြန့်ပွားမှုနှုန်း လျော့ချနိုင်ရန် နှင့် covid ရောဂါ ကို တိုက်ခိုက် နိုင်ရန် အတွက် ထုပ်ဖော် သော ဆေး ဖြစ်သော်လည်း ကာကွယ်နိုင်မှု ရာခိုင်နှုန်း အပြည့် အ၀ မရှိပါ ။ ဆေးထိုးပြီး သားထံတွင် လည်း ရောဂါပိုး ကူးဆက်နိုင်ပါသည်။ ထို့ ပြင် covid -19 ရောဂါသည် အသွင်အမျိုးမျိုး ဖြင့် ပြောင်းတက်သော ရောဂါပိုးဖြစ်သည်။ ကာကွယ်ဆေး သည် ရောဂါ ကူးဆက် ခံရလျှင် ရောဂါကို ခုခံနိုင်သော စွမ်းအား ရှိပြီး ရောဂါ ကူးဆက်ရာတွင် ဆိုးဆိုး ရွားရွား ရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးရုံမျှသာ ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေး ထိုးပြီးရင်လည်း Mask တပ်ဆင်ခြင်း ၊ လက်ဆေးခြင်း ၊ လူစု လူ‌ေ၀◌းများ ရှောင်ကြဥ◌်ခြင်း ၊ တစ်ကိုယ်ရေ သန့်ရှင်း စွာထားခြင်းများကို စနစ်တကျ လုပ်ဆောင်ရပါမည်။

Covid -19 ရောဂါ ကို ခုခံနိုင်ရန် အတွက် ဘာတွေလုပ်ရမလဲ

  • ဆေးလိပ် သောက်ခြင်း ကို ရှောင်ရမည်။
  • သန့် ရှင်း လတ်ဆတ်သော အစားအစာ များကို စားရမည်။
  • Vitamin လိုအပ် သည်ဟု ကိုယ့်ကိုယ်ကို သံသယ ရှိလျင် ဆရာ၀◌န်ထံ သွားပြီး ဆရာ၀◌န် ညွန်းသော vitamin များကို စားသုံးရမည်။
  • စိတ်ဖိစီး မှုများ ကို လျော့ချရမည်။
  • ပတ်၀◌န်းကျင် အခြေအနေကို လေ့လာသုံးသပ်ရမည်။
  • အရက်သောက် သောက်ခြင်းများကို လျော့ချရမည်။
  • အိပ်ရေး ၀ အောင် အိပ်ရမည်။
  • တစ် ကိုယ်ရေ သန့်ရှင်းရေး ကို သေသေချာချာ လုပ်ရမည်။
  • နေ မကောင်း ဖြစ်လျှင် ဆရာ၀◌န်ထံ သို့ ချက်ချင်း ပြရမည်။

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: