ကိုဗစ်(၁၉)(COVID-19 Symptom) ရောဂါလက္ခဏာတွေခံစားလာရရင် ဘာတွေလုပ်ရမလဲ

0

ကိုဗစ်(၁၉)ရောဂါလက္ခဏာတွေခံစားလာရရင် ဘာတွေလုပ်ရမလဲ   ====== Zawygi is below

ဦးစွာကိုဗစ်(၁၉)ရဲ့ရောဂါလက္ခဏာတွေကို ဦးစွာပြောပြပေးလိုပါတယ်။ လက္ခဏာတွေကတော့ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုမဝတာ၊ အသက်ရှုခက်ခဲတာ၊ အားအင်ကုန်ခမ်းတာတွေ ဖြစ်ပါတယ်။ ကနဦးမှာတော့ ကိုယ်အပူချိန်မြင့်တက်လာပြီး ချောင်းခြောက်ဆိုးလာတတ်ပါတယ်။ တစ်ပတ်အကြာမှာတော့ အားအင်ကုန်ခမ်း ပြီးအသက်ရှုကြပ်တာတွေဖြစ်လာမှာပါ။

ကိုဗစ်(၁၉)နဲ့ပတ်သတ်ပြီး ဘာလက္ခဏာမှမပြဘဲလည်း ဖြစ်တတ်တာကိုတော့ သိထားစေလိုပါတယ်။ ကိုဗစ် (၁၉)ကူးစက်ခံရမှုမှာအဆင့်တွေလိုက်ပြီး လက္ခဏာတွေမတူတာကိုသိရပါတယ်။ ရောဂါကူးစက်မှုခံရသူ တစ်ယောက်နဲ့ တစ်ယောက်မှာ အဆင့်တွေမတူကြပါဘူး။ အဆင့်ခွဲမယ်ဆို မပြင်းထန်အဆင့်၊ အတန်အသင့် အဆင့်၊ ပြင်းထန်အဆင့်၊ အပြင်းထန်ဆုံးအဆင့်တွေပါ။

-မပြင်းထန်တဲ့အဆင့်မှာဆို ပုံမှန်အဖျားတက်သလိုဖြစ်မယ်၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာပြဿနာတွေဖြစ် မယ်။ ချောင်းခြောက်ဆိုးမယ်၊နာကျင်ကိုက်ခဲမယ်။ ဒါတွေကသာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။

– အတန်အသင့်အဆင့်မှာဆိုချောင်းဆိုးမယ်၊ အဖျားက ၁၀၀.၄ဒီဂရီဖာရင်ဟိုက်ရှိမယ်။

ချမ်းမယ်၊ အိပ်ယာထဲကမ ထချင်ဖြစ်နေမယ်။

– ပြင်းထန်အဆင့်ကိုရောက်လာတဲ့အခါမှာတော့ အဆုတ်ပါရောင်လာမယ်။

– အပြင်းထန်ဆုံးအဆင့်မှာတော့ အဆုတ်ပါပျက်စီးပြီးအသက်အန္တရာယ်ကို

တောင်ထိခိုက်လာနိုင်ပါပြီ။

ဒါတွေကတော့ ကိုဗစ်(၁၉)နဲ့ပတ်သတ်ပြီး ခံစားရမယ့်လက္ခဏာတွေပါ။ အကယ်၍ကိုယ့်မှာသာ အဲ့လက္ခဏာတစ် ခုခုခံစားလာရပြီဆို  ဘယ်သူ့ကိုမှမကူးအောင် ကိုယ့်ကိုယ့်ကိုယ်တစ်ကိုယ်ရေထိန်းချုပ်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။

ကိုယ့်မှာသာလက္ခဏာတစ်ခုခုခံစားလာရပြီဆို နီးစပ်ရာဆေးရုံကို ဖုန်းခေါ်လိုက်သင့်ပါတယ်။ မိမိဘယ်သွားခဲ့ တယ်၊ဘာတွေလုပ်ခဲ့တယ်ဆိုတာတွေကို ရိုးသားစွာပြောပြလိုက်ဖို့လိုပါတယ်။သင့်ရဲ့ဧရိယာမှာ မိသားစုဝင်တွေ နဲ့နီးကပ်စွာနေခြင်းမပြုစေဘဲ သူတို့ကိုလည်းအခြားအပြင်လူတွေနဲ့ ထိတွေ့ခြင်းမဖြစ်စေအောင် နေထိုင်ခိုင်း သင့်ပါတယ်။

ဒါ့အတူနှာခေါင်းစည်းတပ်ခြင်း၊မျက်နှာဖုံးအကာများတပ်ခြင်း၊နှာချေချောင်းဆိုးလျှင်တစ်သျှူးများ ဖြင့်အုပ်ပြီး နှာချေခြင်းပြုလုပ်သင့်ပါတယ်။ မိမိရဲ့တစ်ကိုယ်ရေစွန့်ပစ် ပစ္စည်းများကို စနစ်တကျစွန့်ပစ်ဖို့လိုပါ တယ်။တစ်ဖက်ကလည်းရောဂါအပေါ် လွန်စွာစိတ်ပူခြင်းမဖြစ်ဖို့လိုပါတယ်။

တကယ်လို့ကိုယ်မဟုတ်ဘဲ အခြားသူဟာကိုဗစ်(၁၉)လက္ခဏာအချို့ခံစားနေရပြီ ဆိုရင်လည်း သံသယရှိလူနာ ဆိုပြီးရန်မူခြင်း၊ ရန်ထောင်ခြင်းကို အထူးရှောင်ကြဉ်ရမယ်။ မိမိတို့သက်ဆိုင်ရာရပ်ကွက်၊မြို့နယ်လူကြီးများ ကိုချက်ချင်းအကြောင်းကြားသင့်ပါတယ်။ လူနာကိုရောဂါအတွက်စိတ်မပူပန်စေဖို့ ဖြောင်းဖျပြောဆိုထား ရမယ်။

လူနာ၏မိသားစုဝင်များကို နောက်ထပ်အပြင်လူများနှင့်ထိတွေ့မှု့နည်းစေဖို့ အိမ်တွင်းမှာသာနေထိုင်ဖို့သတိ ပေးပြောကြားထားသင့်ပါတယ်။သည်အချိန်မှာသက်ဆိုင်ရာကိုသတင်းပေးခြင်းဟာချောက်တွန်းခြင်းမဟုတ်ကြောင်း၊ကယ်တင်ခြင်းသာဖြစ် ကြောင်းသက်ဆိုင်ရာမိသားစုကိုလည်း နားလည်အောင်ပြောထားရပါမယ်။ ယခုရောဂါဟာ အပြင်းထန်ဆုံး အဆင့်သာမဟုတ်ဘူးဆိုရင် ရုတ်တရက်ဆုံးပါးမည့်ရောဂါမဟုတ်ကြောင်းကို သိထားဖို့လိုပါတယ်။ စနစ်တကျ ကုသမှုခံယူမယ်ဆို သက်သာပျောက်ကင်းနိုင်ပါတယ်။

အထူးအားဖြင့်သံသယလူနာကိုဖိအားဖြစ်စေသောဓာတ်ပုံများရိုက်ကူးပြီး လူမှုကွန်ရက်တွင်ဖြန့်ဝေခြင်းကိုဖြင့် အထူးရှောင်ရှားစေလိုပါတယ်။

ယင်းသို့ပြုမူခြင်းဟာလူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ကိုအထူးသတိချပ် စေလိုပါတယ်။ သံသယလူနာတွေ့တယ်ဆိုသောသတင်းကြောင့်လူများအုပ်စုလိုက်၊အုတ်အောင်းသောင်းနင်းမ ဖြစ်စေဖို့အတတ်နိုင်ဆုံးသိုသိုသိပ်သိပ်ဆောင်ရွက်သင့်ပါတယ်။ သိုသိုသိပ်သိပ်ဟူသည် အချက်အလက်များကို ဖယ်ချန်ထားရမယ်လို့ ဆိုလိုခြင်း မဟုတ်ပါ။ သံသယလူနာမှလည်း မိမိအသိစိတ်ဓာတ်ဖြင့် မိမိခရီးသွားခဲ့ သည်ရှိသော ခရီးရာဇဝင်၊ ယခုလောလောဆယ်ဖြတ်သန်းခဲ့သည်များကို တစ်လုံးမကျန်ဖွင့်ဟ ပြောဆိုထားဖို့ လိုအပ်ပါ၏။

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့်ကိုဗစ်(၁၉)သည် လူတစ်ဦးတစ်ယောက်တည်းတွန်းလှန်၍ရသောရောဂါမဟုတ်ပေ။

သို့ဖြစ်ပါ၍အားလုံးညီညွတ်မှတွန်းလှန်နိုင်မည်ဖြစ်ပါသောကြောင့် မိမိကိုယ်တိုင် ဖြစ်ခဲ့သည်ဖြစ်စေ၊အခြား သူမှာခံစားနေရသည်ဖြစ်စေ ကိုယ်ရဲ့ခရီးသွားရာဇဝင်တွေကို မှန်မှန်ကန်ကန်ပြောပြီး အတူတူပူးပေါင်းပါဝင်ဖို့ လိုအပ်လှပါတယ်။

 

Zawgyi version>>>>>

ကိုဗစ္(၁၉)ေရာဂါလကၡဏာေတြခံစားလာရရင္ ဘာေတြလုပ္ရမလဲ

============== Zawygi

ဦးစြာကိုဗစ္(၁၉)ရဲ႕ေရာဂါလကၡဏာေတြကို ဦးစြာေျပာျပေပးလိုပါတယ္။ လကၡဏာေတြကေတာ့အဖ်ားရွိလာတာ၊ ေခ်ာင္းဆိုးတာ၊ အသက္ရႈမဝတာ၊ အသက္ရႈခက္ခဲတာ၊ အားအင္ကုန္ခမ္းတာေတြျဖစ္ပါတယ္။ ကနဦးမွာေတာ့ ကိုယ္အပူခ်ိန္ျမင့္တက္လာၿပီး ေခ်ာင္းေျခာက္ဆိုးလာတတ္ပါတယ္။ တစ္ပတ္အၾကာမွာေတာ့ အားအင္ကုန္ခမ္း ၿပီးအသက္ရႈၾကပ္တာေတြျဖစ္လာမွာပါ။

ကိုဗစ္(၁၉)နဲ႔ပတ္သတ္ၿပီး ဘာလကၡဏာမွမျပဘဲလည္း ျဖစ္တတ္တာကိုေတာ့ သိထားေစလိုပါတယ္။ ကိုဗစ္ (၁၉)ကူးစက္ခံရမႈမွာအဆင့္ေတြလိုက္ၿပီး လကၡဏာေတြမတူတာကိုသိရပါတယ္။ ေရာဂါကူးစက္မႈခံရသူ တစ္ေယာက္နဲ႔ တစ္ေယာက္မွာ အဆင့္ေတြမတူၾကပါဘူး။ အဆင့္ခြဲမယ္ဆို မျပင္းထန္အဆင့္၊ အတန္အသင့္အဆင့္၊ ျပင္းထန္အဆင့္၊ အျပင္းထန္ဆုံးအဆင့္ေတြပါ။

-မျပင္းထန္တဲ့အဆင့္မွာဆို ပုံမွန္အဖ်ားတက္သလိုျဖစ္မယ္၊ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာျပႆနာေတြျဖစ္ မယ္။ ေခ်ာင္းေျခာက္ဆိုးမယ္၊နာက်င္ကိုက္ခဲမယ္။ ဒါေတြကသာမန္လူေတြမွာလည္း ျဖစ္တတ္ပါတယ္။

– အတန္အသင့္အဆင့္မွာဆိုေခ်ာင္းဆိုးမယ္၊ အဖ်ားက ၁၀၀.၄ဒီဂရီဖာရင္ဟိုက္ရွိမယ္။

ခ်မ္းမယ္၊အိပ္ယာထဲကမ ထခ်င္ျဖစ္ေနမယ္။

– ျပင္းထန္အဆင့္ကိုေရာက္လာတဲ့အခါမွာေတာ့ အဆုတ္ပါေရာင္လာမယ္။

– အျပင္းထန္ဆုံးအဆင့္မွာေတာ့ အဆုတ္ပါပ်က္စီးၿပီးအသက္အႏၲရာယ္ကို

ေတာင္ထိခိုက္လာႏိုင္ပါၿပီ။

ဒါေတြကေတာ့ ကိုဗစ္(၁၉)နဲ႔ပတ္သတ္ၿပီး ခံစားရမယ့္လကၡဏာေတြပါ။ အကယ္၍ကိုယ့္မွာသာ အဲ့လကၡဏာတစ္ ခုခုခံစားလာရၿပီဆို  ဘယ္သူ႔ကိုမွမကူးေအာင္ ကိုယ့္ကိုယ့္ကိုယ္တစ္ကိုယ္ေရထိန္းခ်ဳပ္ၿပီး က်န္းမာေရးဌာနက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္အတိုင္းလိုက္နာသင့္ပါတယ္။

ကိုယ့္မွာသာလကၡဏာတစ္ခုခုခံစားလာရၿပီဆို နီးစပ္ရာေဆး႐ုံကို ဖုန္းေခၚလိုက္သင့္ပါတယ္။ မိမိဘယ္သြားခဲ့ တယ္၊ဘာေတြလုပ္ခဲ့တယ္ဆိုတာေတြကို ႐ိုးသားစြာေျပာျပလိုက္ဖို႔လိုပါတယ္။သင့္ရဲ႕ဧရိယာမွာ မိသားစုဝင္ေတြ နဲ႔နီးကပ္စြာေနျခင္းမျပဳေစဘဲ သူတို႔ကိုလည္းအျခားအျပင္လူေတြနဲ႔ ထိေတြ႕ျခင္းမျဖစ္ေစေအာင္ ေနထိုင္ခိုင္း သင့္ပါတယ္။

ဒါ့အတူႏွာေခါင္းစည္းတပ္ျခင္း၊မ်က္ႏွာဖုံးအကာမ်ားတပ္ျခင္း၊ႏွာေခ်ေခ်ာင္းဆိုးလွ်င္တစ္သွ်ဴးမ်ား ျဖင့္အုပ္ၿပီး ႏွာေခ်ျခင္းျပဳလုပ္သင့္ပါတယ္။ မိမိရဲ႕တစ္ကိုယ္ေရစြန္႔ပစ္ ပစၥည္းမ်ားကို စနစ္တက်စြန႔္ပစ္ဖို႔လိုပါ တယ္။တစ္ဖက္ကလည္းေရာဂါအေပၚ လြန္စြာစိတ္ပူျခင္းမျဖစ္ဖို႔လိုပါတယ္။

တကယ္လို႔ကိုယ္မဟုတ္ဘဲ အျခားသူဟာကိုဗစ္(၁၉)လကၡဏာအခ်ိဳ႕ခံစားေနရၿပီ ဆိုရင္လည္း သံသယရွိလူနာ ဆိုၿပီးရန္မူျခင္း၊ ရန္ေထာင္ျခင္းကို အထူးေရွာင္ၾကဥ္ရမယ္။ မိမိတို႔သက္ဆိုင္ရာရပ္ကြက္၊ၿမိဳ႕နယ္လူႀကီးမ်ား ကိုခ်က္ခ်င္းအေၾကာင္းၾကားသင့္ပါတယ္။ လူနာကိုေရာဂါအတြက္စိတ္မပူပန္ေစဖို႔ ေျဖာင္းဖ်ေျပာဆိုထားရမယ္။

လူနာ၏မိသားစုဝင္မ်ားကို ေနာက္ထပ္အျပင္လူမ်ားႏွင့္ထိေတြ႕မႈ႕နည္းေစဖို႔ အိမ္တြင္းမွာသာေနထိုင္ဖို႔သတိ ေပးေျပာၾကားထားသင့္ပါတယ္။

သည္အခ်ိန္မွာသက္ဆိုင္ရာကိုသတင္းေပးျခင္းဟာေခ်ာက္တြန္းျခင္းမဟုတ္ေၾကာင္း၊ကယ္တင္ျခင္းသာျဖစ္ ေၾကာင္းသက္ဆိုင္ရာမိသားစုကိုလည္း နားလည္ေအာင္ေျပာထားရပါမယ္။ ယခုေရာဂါဟာ အျပင္းထန္ဆုံး အဆင့္သာမဟုတ္ဘူးဆိုရင္ ႐ုတ္တရက္ဆုံးပါးမည့္ေရာဂါမဟုတ္ေၾကာင္းကို သိထားဖို႔လိုပါတယ္။ စနစ္တက် ကုသမႈခံယူမယ္ဆို သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။

အထူးအားျဖင့္သံသယလူနာကိုဖိအားျဖစ္ေစေသာဓာတ္ပုံမ်ား႐ိုက္ကူးၿပီး လူမႈကြန္ရက္တြင္ျဖန႔္ေဝျခင္းကိုျဖင့္ အထူးေရွာင္ရွားေစလိုပါတယ္။

ယင္းသို႔ျပဳမူျခင္းဟာလူ႔အခြင့္အေရးခ်ိဳးေဖာက္ျခင္းျဖစ္သည္ကိုအထူးသတိခ်ပ္ ေစလိုပါတယ္။ သံသယလူနာ ေတြ႕တယ္ဆိုေသာသတင္းေၾကာင့္လူမ်ားအုပ္စုလိုက္၊အုတ္ေအာင္းေသာင္းနင္းမ ျဖစ္ေစဖို႔အတတ္ႏိုင္ဆုံး သိုသိုသိပ္သိပ္ေဆာင္႐ြက္သင့္ပါတယ္။

သိုသိုသိပ္သိပ္ဟူသည္အခ်က္အလက္မ်ားကိုဖယ္ခ်န္ထားရမယ္လို႔ ဆိုလိုျခင္း မဟုတ္ပါ။ သံသယလူနာမွ လည္း မိမိအသိစိတ္ဓာတ္ျဖင့္ မိမိခရီးသြားခဲ့ သည္ရွိေသာ ခရီးရာဇဝင္၊ ယခုေလာေလာဆယ္ျဖတ္သန္းခဲ့သည္ မ်ားကို တစ္လုံးမက်န္ဖြင့္ဟ ေျပာဆိုထားဖို႔လိုအပ္ပါ၏။

ကမာၻ႔ကပ္ေရာဂါျဖစ္သည့္ကိုဗစ္(၁၉)သည္ လူတစ္ဦးတစ္ေယာက္တည္း တြန္းလွန္၍ရေသာေရာဂါမဟုတ္ေပ။

သို႔ျဖစ္ပါ၍အားလုံးညီၫြတ္မွတြန္းလွန္ႏိုင္မည္ျဖစ္ပါေသာေၾကာင့္ မိမိကိုယ္တိုင္ ျဖစ္ခဲ့သည္ျဖစ္ေစ၊အျခား သူမွာခံစားေနရသည္ျဖစ္ေစ ကိုယ္ရဲ႕ခရီးသြားရာဇဝင္ေတြကို မွန္မွန္ကန္ကန္ေျပာၿပီး အတူတူပူးေပါင္းပါဝင္ဖို႔ လိုအပ္လွပါတယ္။

Credit – The Voice (PSA)

 

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: