Cozah Thawngthanh; Kawlram COVID-19 Zawtnak A Ngeimi Minung (63)

TCP-Hakha, 2020 April 14 – COVID-19 Dohnak le Runvennak Kongah Kawlram Ramkomh Cozah Thawngthanh April 14, 2020 8:00pm
- Kawlram Ngandamnak le Lentecelhnak Vuanci Zung nih Ramkulh-Ramthen cio ah COVID-19 zawtnak dohnak le runvennak rian cu mah le uktu hna, rianngeitu zung hna he pehtlai in rian tuan cuahmah lio a si.
- April 13, 2020 zanlei 6:00pm in April 14, 2020 zanlei 6:00pm kar zohkhenhmi miza thar minung (123) an um.
- Yangon um National Health Labotary Dept i April 14, 2020 zan 7:00pm thawngthanh ningin COVID-19 zawtnak runvennak le tlunkalnak khammi Home Quarantine minung (91) an tuahmi chungin hrik a ngeimi minung (1) hmuh chap a si. A dang minung (90) ah zawtnak hmuh a si rih lo.
- Atutiang ah Kawlram chungin COVID-19 hrik a ngei cangmi mi minung (63) an si cang. Cu hna umnak cu
- Chin ramkulh Tedim Siizung ah minung (3)
- Yangon Webaki Special Siizung ah minung (49)
- Shan ram (chaklei), Lashio Siizungah minung (1)
- Mawlamyine Siizungah minung (1)
- Sisanthun Siizung ah minung (1)
- Magwe Siizung ah minung (1)
- Nihin hmuhtharmi minung (1) an zapi minung (57) an si. An ngandamnak zong anmah kel in an um lio a si.
COVID-19 hrik a ngei vemi ah minung (2) hi an dam cang nain tlunkal le mi sin thlah dingin sianh rihlo (Quarantine) in an um rih. Minung (4) hi COVID-19 ruangah a thi cangmi an si.
(Note: An zapi minung (63))
5. Kawlram ngandamnak le Lentecelhnak Zung (Ministry of Health & Sport, Myanmar) nih COVID-10 kong he pehtlai in April 15, 2020 zing sml 9:00-10:00 ah voikhat, zan sml 8:00-9:00 kar ah voikhat tiin thawngthanhnak an tuah than lai.
UNICODE
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တိုင်းဒေသကြီး- ပြည်နယ်အသီးသီးတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါသည်။
၂။ (၁၃-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆)နာရီမှ (၁၄-၄-၂၀၂၀)ရက်နေ့၊ ညနေ (၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၂၃) ဦး ရှိပါသည်။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ (၁၄-၄-၂၀၂၀)ရက်နေ့၊ ည (၇)နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း- တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၉၁)ဦးအား ပထမအသုတ်အနေဖြင့် စစ်ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ၎င်း အားသက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်၍ ကုသမှုပေးရန် ဆက်လက်စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပြီး ကျန် (၉၀)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါကြောင်း သိရှိရပါသည်။
၄။ ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃)ဦး တွေ့ရှိပြီးဖြစ်ကာ ၎င်းတို့အနက် –
- ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃) ဦး၊
- ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၄၉) ဦး၊
- ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊
- မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊
- စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့်
- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့တွင် (၁)ဦး၊
- ယခုသတင်းတွင် ဖော်ပြထားသည့် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁)ဦး၊ စုစုပေါင်း (၅၇)ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။
- COVID-19 ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း တားမြစ်ခြင်း (Quarantine) ဆက်လက် ဆောင်ရွက် ထားရှိသူ (၂)ဦးနှင့် သေဆုံးသူ (၄)ဦးတို့ ဖြစ်ပါသည်။
၅။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုအား (၁၅-၄-၂၀၂၀) ရက်နေ့မှစ၍ နံနက် (၉)နာရီမှ (၁၀) နာရီအကြားတွင် တစ်ကြိမ်နှင့် ည (၈)နာရီမှ (၉) နာရီအကြားတွင် တစ်ကြိမ်တို့ဖြင့် ထုတ်ပြန်သွားမည်ဖြစ်ပါသည်
Zawgyi version
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္႐ႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၁၄-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ
၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တိုင္းေဒသႀကီး- ျပည္နယ္အသီးသီးတြင္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ျခင္းႏွင့္ ေစာင့္ၾကပ္ၾကည့္႐ႈျခင္းလုပ္ငန္းမ်ားကို သက္ဆိုင္ရာ ေဒသအာဏာပိုင္အဖြဲ႕မ်ား၊ အျခားဌာနဆိုင္ရာမ်ားႏွင့္ ခ်ိတ္ဆက္၍ အ႐ွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ လ်က္႐ွိပါသည္။
၂။ (၁၃-၄-၂၀၂၀) ရက္ေန႔၊ ညေန (၆)နာရီမွ (၁၄-၄-၂၀၂၀)ရက္ေန႔၊ ညေန (၆)နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၁၂၃) ဦး ႐ွိပါသည္။
၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)၏ (၁၄-၄-၂၀၂၀)ရက္ေန႔၊ ည (၇)နာရီအခ်ိန္ ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန္႔ သတ္ျခင္- တားျမစ္ျခင္း ေဆာင္႐ြက္ထား႐ွိသူ စုစုေပါင္း (၉၁)ဦးအား ပထမအသုတ္အေနျဖင့္ စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ ေဖာ္ျပထားသူ (၁)ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕႐ွိရသျဖင့္ ၎ အားသက္ဆိုင္ရာေဆး႐ုံသို႔ ပို႔ေဆာင္၍ ကုသမႈေပးရန္ ဆက္လက္စီစဥ္ေဆာင္႐ြက္သြား မည္ျဖစ္ၿပီး က်န္ (၉၀)ဦးတြင္ COVID-19 ေရာဂါပိုး မေတြ႕႐ွိပါေၾကာင္း သိ႐ွိရပါသည္။
၄။ ယခုအခ်ိန္အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၆၃)ဦး ေတြ႕႐ွိၿပီးျဖစ္ကာ ၎တို႔အနက္ –
- ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႕ေဆး႐ုံတြင္ (၃) ဦး၊
- ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၄၉) ဦး၊
- ႐ွမ္း ျပည္နယ္ (ေျမာက္ပိုင္း)၊ လား႐ိႈးျပည္သူ႕ေဆး႐ုံႀကီးတြင္ (၁)ဦး၊
- ေမာ္လၿမိဳင္ျပည္သူ႕ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊
- စဝ္စံထြန္းျပည္သူ႕ေဆး႐ုံႀကီးတြင္ လူနာ (၁)ဦးႏွင့္
- ျပည္သူ႕ေဆး႐ုံႀကီး၊ မေကြးၿမိဳ႕တြင္ (၁)ဦး၊
- ယခုသတင္းတြင္ ေဖာ္ျပထားသည့္ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၁)ဦး၊ စုစုေပါင္း (၅၇)ဦး၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္႐ွိပါသည္။
- COVID-19 ေရာဂါပိုးကင္းစင္၍ ေဆး႐ုံဆင္းခြင့္ျပဳခဲ့ၿပီး ေရာဂါေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန္႔ သတ္ျခင္း တားျမစ္ျခင္း (Quarantine) ဆက္လက္ ေဆာင္႐ြက္ ထား႐ွိသူ (၂)ဦးႏွင့္ ေသဆုံးသူ (၄)ဦးတို႔ ျဖစ္ပါသည္။
၅။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအေနျဖင့္ COVID-19 ေရာဂါႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္မႈအား (၁၅-၄-၂၀၂၀) ရက္ေန႔မွစ၍ နံနက္ (၉)နာရီမွ (၁၀) နာရီအၾကားတြင္ တစ္ႀကိမ္ႏွင့္ ည (၈)နာရီမွ (၉) နာရီအၾကားတြင္ တစ္ႀကိမ္တို႔ျဖင့္ ထုတ္ျပန္သြားမည္ျဖစ္ပါသည္