အပိုင်း (၉) ဒီမိုကရေစီ ရဲ့ ပထမအခြေခံတရား – တန်းတူရေး

0

Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3| ၉။ ဒီမိုကရေစီ ရဲ့ ပထမအခြေခံတရား – တန်းတူရေး

ဒီမိုကရေစီရဲ့ ပထမ အခြေခံ သဘောတရားအရ ပြည်သူအားလုံး တန်းတူညီမျှမှုရမယ်။ အဲဒီ တန်းတူညီမျှမှုရမယ် ဆိုတဲ့နေရာမှာ အုပ်စိုးသူ အစိုးရကနေ ပြည်သူအားလုံးကို တခါတည်း အိမ်တလုံးစီ ကားတစီးစီ ပေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

စီးပွားရေးအပိုင်းမှာ ဥပဒေတွေရှိတယ်၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေ ၊ အဲဒီဥပဒေတွေ အောက် မှာ အားလုံး တန်းတူညီမျှ ခံစားကြရမယ်။ တကယ် လုပ်သွားတဲ့အခါကျတော့ တော်တဲ့သူက တော်သလို ၊ ကျွမ်းကျင်တဲ့သူက ကျွမ်းကျင် သလို ပေါ့၊တချို့ကလည်း ချမ်းသာသွားမယ် တချို့ကလည်း ပိုပြီး ဆင်းရဲသွားမယ်။ ဒီအချက်မှာတော့ လူတန်းစားအရ တန်းတူညီမျှ ဖြစ်သွားရမယ်လို့ ဒီမိုကရေစီက အာမ မခံဘူး။

ဒီမိုကရေစီက အာမခံတာက အားလုံးဟာ တရားဥပဒေရဲ့ အောက်မှာ တန်းတူညီမျှမှုရရမယ်။ ဒါပေမဲ့ ဒီမိုကရေစီ နိုင်ငံတခုမှာ အများစု ပြည်သူတွေ ဆင်းရဲတွင်းနက်နေကြရင်လည်း တရားဥပဒေရဲ့ အောက်မှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ တန်းတူညီမျှမှုရမယ်ဆိုတဲ့ ဒီမိုကရေစီသဘောတရား ကို လက်တွေ့ ကျင့်သုံးရာမှာ အားနည်းနေတဲ့ သဘောတွေရှိနေတယ်ဆိုတာကို ယေဘုယျအားဖြင့် တွေ့ရှိရမှာဖြစ်တယ်။

ပြည်သူတွေအတွက် တန်းတူရည်တူ ပညာစည်းပူးခွင့်၊ ကျမ်းမာရေး ဝန်ဆောင်မှုကို တန်းတူရည်တူခံစားခွင့်၊ သမာအာဇီဝ စည်းပွားရှာဖွေခွင့်တွေမှာ အဟန့်အတား တွေရှိ နေရင်တော့ ပြည်သူအများစုဟာ ဆင်းရဲမွဲတေမှု ကနေလွတ်မြောက်နိူင်ကြမှာမဟုတ်ဘူး။

ဒီမိုကရေစီစနစ်အောက်မှာ အားလုံးဟာ တရားဥပဒေရဲ့ အောက်မှာ တန်းတူညီမျှမှုရရမယ် ဆိုတဲ့ စကားလုံးက ဘယ်ကနေ ပေါ်လာသလဲဆိုတော့ ဒါက လူသားအားလုံးရဲ့ မွေးရာပါ အခွင့်အရေးလို့ ဆိုတယ်။ လူသားအားလုံးဟာ မွေးကတည်းကတန်းတူညီမျှစွာ မွေးလာတယ်။ အမေရိကန် မှာတော့ All man are created as equal ဆိုတာရှိတယ်။

အဲဒီတော့ ဘုရားသခင်ဟာ လူသားတွေကို တန်းတူညီမျှစွာ ဖန်ဆင်းခဲ့တယ်လို့အယူအဆရှိတယ်။ ဒီဟာက ဘယ်ကနေ လာသလဲဆိုတော့ အရင်တုန်းက ဘုရင်စနစ်၊ပဒေသရာဇ်စံနစ် ၊ သက်ဦးဆံပိုင် စံနစ်တုန်းက ဘုရင်ဖြစ်လာမယ့်သူက မွေးလာကတည်းက မင်းမျိုးမင်းနွယ်၊ ဆွေကြီး မျိုးကြီး၊ မင်းသွေးတွေ ပါလာတဲ့ အတွက် သူက မွေးရာပါ အခွင့်အရေးကိုက ဘုရင်ဖြစ်ဖို့ အခွင့်အရေးဖြစ် နေတာကိုး။

ကျန်တဲ့သူ တွေက မွေးကတည်းက ကျွန်ဖြစ်ဖို့ ၊ အုပ်ချုပ်ခံဖို့ ဖြစ်နေတယ်။ အဲဒီဘုရင်စံနစ်ကို တော်လှန်တဲ့ အခါမှာ လူသားတိုင်းဟာ တန်းတူညီမျှတယ်၊ လူသားတိုင်းဟာ မွေးရာပါ အခွင့်အရေးအရ တန်းတူညီမျှဖို့ သူတို့မှာ အခွင့်အရေး ရှိတယ်လို့ တွေးခေါ်လာကြတာ ဖြစ်တယ်။ အဲဒါကြောင့် ပြည်သူအားလုံး တန်းတူညီမျှ မှုရရမယ် ဆိုတာ ကျား၊ မ မရွေး ဆင်းရဲချမ်းသာ မရွေး ၊ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံတော်ရဲ့ ဥပဒေ
အောက်မှာ တန်းတူ ညီမျှမှု ရှိရမယ်။ တရားမျှတမှု လည်း ရှိရမယ်လို့ ဆိုလိုတာ ဖြစ်တယ်၊

အဲဒီ တန်းတူညီမျှမှု ရှိရမယ် ဆိုတာနဲ့ တရားမျှတမှု ရှိရမယ် ဆိုတာက သဘောချင်းတော့ အတူတူပဲ။ ဒီဥစ္စာက အကျယ်ချဲ့ ဆွေးနွေးမယ်ဆိုရင် အများကြီးရှိတယ်။ အခုအဆင့်မှာ ဒီ အထိတော့ အသေးစိပ် ကျွန်တော်တို့ မဆွေးနွေးသေးဘူး။

အခြေခံ သဘောတရားတွေကို နားလည်အောင် သွားတာ ဖြစ်တဲ့အတွက်ဒီအပိုင်းကတော့ ဒီလောက်နဲ့ပဲ လုံလောက်ပြီလို့ ထင်ပါတယ်။ ဒီအချိန်မှာ ခင်ဗျားတို့ရဲ့ ခေါင်းထဲမှာ၊အတွေးခေါ်ထဲမှာ ဒီအခြေခံတရားတွေ စိမ့်ဝင်သွားဖို့ အရေး ကြီးတယ်။

နောင် သင်တန်းဆက်ပေးတဲ့ အခါမှာလည်း ဒီလိုပဲ သင်တန်းသားတွေရဲ့ အသိ စိတ်ထဲမှာ ၊ ခေါင်းထဲမှာ ၊ အသိပညာထဲမှာ ဒီလိုပဲ စိမ့်ဝင် သွား အောင် ဆက်လက်ပို့ချဖို့ အရေးကြီးတယ်။ ဒါမှလည်း ဒီမိုကရေစီဟာ အခိုင်အမာအမြစ်တွယ်လာပြီး နောင်ကို အာဏာရှင်စနစ်ပြန်လည်ခေါင်း မထောင်နိုင်အောင် ပြည်သူတွေကိုယ်တိုင်က ကာကွယ်လာနိုင်မှာ ဖြစ်တယ်။

ဆက်ရန်။
အခန်း၁ဝ။ ဒီမိုကရေစီ ရဲ့ ဒုတိယ အခြေခံတရား – လွတ်လပ်ရေး

 

Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3|
၉။ ဒီမိုကေရစီ ရဲ႕ ပထမအေျခခံတရား – တန္းတူေရး

ဒီမိုကေရစီရဲ႕ ပထမ အေျခခံ သေဘာတရားအရ ျပည္သူအားလုံး တန္းတူညီမွ်မႈရမယ္။ အဲဒီ တန္းတူညီမွ်မႈရမယ္ ဆိုတဲ့ေနရာမွာ အုပ္စိုးသူ အစိုးရကေန ျပည္သူအားလုံးကို တခါတည္း အိမ္တလုံးစီ ကားတစီးစီ ေပးရမယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။

စီးပြားေရးအပိုင္းမွာ ဥပေဒေတြရွိတယ္၊ စီးပြားေရးနဲ႔ ပတ္သက္တဲ့ လုပ္ပိုင္ခြင့္ေတြ ၊ အဲဒီဥပေဒေတြ ေအာက္ မွာ အားလုံး တန္းတူညီမွ် ခံစားၾကရမယ္။ တကယ္ လုပ္သြားတဲ့အခါက်ေတာ့ ေတာ္တဲ့သူက ေတာ္သလို ၊ ကြၽမ္းက်င္တဲ့သူက ကြၽမ္းက်င္ သလို ေပါ့၊တခ်ိဳ႕ကလည္း ခ်မ္းသာသြားမယ္ တခ်ိဳ႕ကလည္း ပိုၿပီး ဆင္းရဲသြားမယ္။ ဒီအခ်က္မွာေတာ့ လူတန္းစားအရ တန္းတူညီမွ် ျဖစ္သြားရမယ္လို႔ ဒီမိုကေရစီက အာမ မခံဘူး။

ဒီမိုကေရစီက အာမခံတာက အားလုံးဟာ တရားဥပေဒရဲ႕ ေအာက္မွာ တန္းတူညီမွ်မႈရရမယ္။ ဒါေပမဲ့ ဒီမိုကေရစီ ႏိုင္ငံတခုမွာ အမ်ားစု ျပည္သူေတြ ဆင္းရဲတြင္းနက္ေနၾကရင္လည္း တရားဥပေဒရဲ႕ ေအာက္မွာ ျပည္သူေတြရဲ႕ အခြင့္အေရးေတြ တန္းတူညီမွ်မႈရမယ္ဆိုတဲ့ ဒီမိုကေရစီသေဘာတရား ကို လက္ေတြ႕ က်င့္သုံးရာမွာ အားနည္းေနတဲ့ သေဘာေတြရွိေနတယ္ဆိုတာကို ေယဘုယ်အားျဖင့္ ေတြ႕ရွိရမွာျဖစ္တယ္။

ျပည္သူေတြအတြက္ တန္းတူရည္တူ ပညာစည္းပူးခြင့္၊ က်မ္းမာေရး ဝန္ေဆာင္မႈကို တန္းတူရည္တူခံစားခြင့္၊ သမာအာဇီဝ စည္းပြားရွာေဖြခြင့္ေတြမွာ အဟန႔္အတား ေတြရွိ ေနရင္ေတာ့ ျပည္သူအမ်ားစုဟာ ဆင္းရဲမြဲေတမႈ ကေနလြတ္ေျမာက္ႏိူင္ၾကမွာမဟုတ္ဘူး။

ဒီမိုကေရစီစနစ္ေအာက္မွာ အားလုံးဟာ တရားဥပေဒရဲ႕ ေအာက္မွာ တန္းတူညီမွ်မႈရရမယ္ ဆိုတဲ့ စကားလုံးက ဘယ္ကေန ေပၚလာသလဲဆိုေတာ့ ဒါက လူသားအားလုံးရဲ႕ ေမြးရာပါ အခြင့္အေရးလို႔ ဆိုတယ္။ လူသားအားလုံးဟာ ေမြးကတည္းကတန္းတူညီမွ်စြာ ေမြးလာတယ္။ အေမရိကန္ မွာေတာ့ All man are created as equal ဆိုတာရွိတယ္။

အဲဒီေတာ့ ဘုရားသခင္ဟာ လူသားေတြကို တန္းတူညီမွ်စြာ ဖန္ဆင္းခဲ့တယ္လို႔အယူအဆရွိတယ္။ ဒီဟာက ဘယ္ကေန လာသလဲဆိုေတာ့ အရင္တုန္းက ဘုရင္စနစ္၊ပေဒသရာဇ္စံနစ္ ၊ သက္ဦးဆံပိုင္ စံနစ္တုန္းက ဘုရင္ျဖစ္လာမယ့္သူက ေမြးလာကတည္းက မင္းမ်ိဳးမင္းႏြယ္၊ ေဆြႀကီး မ်ိဳးႀကီး၊ မင္းေသြးေတြ ပါလာတဲ့ အတြက္ သူက ေမြးရာပါ အခြင့္အေရးကိုက ဘုရင္ျဖစ္ဖို႔ အခြင့္အေရးျဖစ္ ေနတာကိုး။

က်န္တဲ့သူ ေတြက ေမြးကတည္းက ကြၽန္ျဖစ္ဖို႔ ၊ အုပ္ခ်ဳပ္ခံဖို႔ ျဖစ္ေနတယ္။ အဲဒီဘုရင္စံနစ္ကို ေတာ္လွန္တဲ့ အခါမွာ လူသားတိုင္းဟာ တန္းတူညီမွ်တယ္၊ လူသားတိုင္းဟာ ေမြးရာပါ အခြင့္အေရးအရ တန္းတူညီမွ်ဖို႔ သူတို႔မွာ အခြင့္အေရး ရွိတယ္လို႔ ေတြးေခၚလာၾကတာ ျဖစ္တယ္။ အဲဒါေၾကာင့္ ျပည္သူအားလုံး တန္းတူညီမွ် မႈရရမယ္ ဆိုတာ က်ား၊ မ မေ႐ြး ဆင္းရဲခ်မ္းသာ မေ႐ြး ၊ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး ႏိုင္ငံေတာ္ရဲ႕ ဥပေဒ
ေအာက္မွာ တန္းတူ ညီမွ်မႈ ရွိရမယ္။ တရားမွ်တမႈ လည္း ရွိရမယ္လို႔ ဆိုလိုတာ ျဖစ္တယ္၊

အဲဒီ တန္းတူညီမွ်မႈ ရွိရမယ္ ဆိုတာနဲ႔ တရားမွ်တမႈ ရွိရမယ္ ဆိုတာက သေဘာခ်င္းေတာ့ အတူတူပဲ။ ဒီဥစၥာက အက်ယ္ခ်ဲ႕ ေဆြးေႏြးမယ္ဆိုရင္ အမ်ားႀကီးရွိတယ္။ အခုအဆင့္မွာ ဒီ အထိေတာ့ အေသးစိပ္ ကြၽန္ေတာ္တို႔ မေဆြးေႏြးေသးဘူး။

အေျခခံ သေဘာတရားေတြကို နားလည္ေအာင္ သြားတာ ျဖစ္တဲ့အတြက္ဒီအပိုင္းကေတာ့ ဒီေလာက္နဲ႔ပဲ လုံေလာက္ၿပီလို႔ ထင္ပါတယ္။ ဒီအခ်ိန္မွာ ခင္ဗ်ားတို႔ရဲ႕ ေခါင္းထဲမွာ၊အေတြးေခၚထဲမွာ ဒီအေျခခံတရားေတြ စိမ့္ဝင္သြားဖို႔ အေရး ႀကီးတယ္။

ေနာင္ သင္တန္းဆက္ေပးတဲ့ အခါမွာလည္း ဒီလိုပဲ သင္တန္းသားေတြရဲ႕ အသိ စိတ္ထဲမွာ ၊ ေခါင္းထဲမွာ ၊ အသိပညာထဲမွာ ဒီလိုပဲ စိမ့္ဝင္ သြား ေအာင္ ဆက္လက္ပို႔ခ်ဖို႔ အေရးႀကီးတယ္။ ဒါမွလည္း ဒီမိုကေရစီဟာ အခိုင္အမာအျမစ္တြယ္လာၿပီး ေနာင္ကို အာဏာရွင္စနစ္ျပန္လည္ေခါင္း မေထာင္ႏိုင္ေအာင္ ျပည္သူေတြကိုယ္တိုင္က ကာကြယ္လာႏိုင္မွာ ျဖစ္တယ္။

ဆက္ရန္။
အခန္း၁ဝ။ ဒီမိုကေရစီ ရဲ႕ ဒုတိယ အေျခခံတရား – လြတ္လပ္ေရး

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: