အထိန်းအကွပ်မဲ့နေသော ဂလိုဘယ်လိုင်ဇေးရှင်းနှင့် နောက်ဆက်တွဲ စိန်ခေါ်မှုများ

|By Rual Lian Thang| – (Unicode) မျက်မှောက်ခေတ်ကာလ၌ “ဂလိုဘယ်လိုင်ဇေးရှင်း (Globalization)” ဆိုသည့် ဝေါဟာရ မှာ နေ့စဉ်နှင့်အမျှ လူတိုင်း ထိတွေ့ရင်းနှီးကျွမ်းဝင်နေသည့် အသုံးအနှုန်းတစ်ရပ် ဖြစ်နေသော်လည်း ၁၉၈၀−၁၉၉၀ နှောင်ပိုင်း သီအိုဒိုလဲဗစ် (Theodore Levitt) ကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပေါ်ထွန်းလာမှုကြောင့် ပညာရှင်အသိုင်းအဝိုင်းအကြား စတင် ရေပန်းစားခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ပညာရှင်များအကြား “Globalization” နှင့်ပတ်သက်၍ အယူအဆ သဘောထား အမြင်များ ကွဲလွဲမှုများလည်း ရှိသည်။ အဓိကအနေဖြင့် “Globalization” ရဲ့ အကျိုး ဆက်က သက်ရှိလူသားများအတွက် အကျိုးဖြစ်ထွန်းကြောင်း ယူဆချက် နှင့် စနစ်တကျ စီမံခန့်ခွဲမှု မရှိပါက သက်ရှိလူသားများနှင့် ကမ္ဘာမြေကြီးအတွက် ကောင်းကျိုးထက် ဘေးဒုက္ခအန္တရာယ်ဖြစ် စေနိုင်ကြောင်း ယူဆချက် တို့အပေါ် အားပေးထောက်ခံကြသည့် အဖွဲ့ (၂) ဖွဲ့ ပေါ်ထွန်းလာခဲ့ပါသည်။

လေ့လာသုံးသပ်ကြည့်ရမည်ဆိုလျှင် Globalization ကို အားပေးထောက်ခံသူအများစုသည် နယူလီဗရယ်စနစ်အယူဝါဒ (Neoliberalism) ကို လက်ခံအားပေးသူများဖြစ်ပြီး “Globalization” က စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုရေးကဏ္ဍ အသီးသီး၌ အောင်မြင်မှု ရရှိနိုင်ရေး အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည်ဟုလည်း လက်ခံယုံကြည်ကြသူများ ဖြစ်ကြသည်။ သာဓကတစ်ရပ်အနေဖြင့် နာမည်ကြီး စာရေးဆရာ နှင့် နိုင်ငံရေးသုံးသပ် ဝေဖန်သူ သောမတ်ဖရီးမဲင်း (Thomas Friedman) က “Globalization” ဖြစ်ပေါ်လာရခြင်းမှာ လူအများစုက “Neoliberalism” စနစ်ကို လက်ခံ ကျင့်သုံးလာသောကြောင့်ဖြစ်ပြီး အဆိုပါ စနစ်က ကုန်သွယ်ရေးလွတ်လပ်ခွင့် နှင့် ဈေးကွက် စီးပွားရေးစနစ် တို့၌ ကြုံတွေ့ရတဲ့ အဟန့်အတားများကို ဖယ်ရှားပေးနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများ ဖန်တီးပေးသည်ဟု သုံးသပ်ထောက်ပြခဲ့ပါသည်။ သဓကအားဖြင့် “Neoliberalism” စနစ်က အစိုးရများအနေဖြင့် စီးပွားရေး ဆိုင်ရာ မူဝါဒများ ဖြေလျှော့ပေးသွားရန် တွန်းအားပေးပြီးနှင့် ၎င်းတို့ ပါဝင်မှု ကဏ္ဍကိုလည်း ကန့်သတ်သွားခြင်းဖြင့် ဈေးကွက်စီးပွားရေးအောင်မြင်မှု အတွက် လိုအပ်သည့်ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်ဟု ရှုမြင်သုံးသပ် ကြခပါသည်။
ကုန်သွယ်ရေးစနစ် လွယ်ကူချောမွေ့လာခြင်း ၊ ဈေးကွက်စီးပွားရေးစနစ် အားကောင်းလာ ခြင်း နှင့် ကမ္ဘာတစ်ဝှမ်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်း တို့ရဲ့ အကျိုးဆက်ဖြစ်တဲ့ ဆင်းရဲမွဲတွေမှု လျှော့ချနိုင်လာခြင်းသည်လည်း “Globalization” ၏ အကျိုးကျေးဇူးကြောင့် ဖြစ်သည်ဟု ဆိုကြ ပါသည်။ ဒါ့အပြင် “Globalization” က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အင်အားကို ပိုမိုခိုင်မာ အားကောင်းစေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများဖြစ်တဲ့ သတင်း နှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဖလှယ်ခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးခြင်း၊ အရေးပေါ်ကယ်ဆယ်ရေး နှင့် အကြမ်း ဖက်မှု အန္တရာယ် ကာကွယ်နှိမ်နှင်းခြင်းတို့ကို လျင်မြန်ထိရောက်စွာ ဖြေရှင်းပေးနိုင်သည် ဟုလည်း သုံးသပ်ကြပါသည်။

ထိုမျှမက လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည့် ဒီမိုကရေစီစနစ် ပျံ့နှံ့စိမ့်ဝင်လာခြင်း၊ လူ့အခွင့်ရေး လှုပ်ရှားမှု အားကောင်းလာခြင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာ လူမျိုးရေး ခွဲခြားမှုလျော့နည်းလာခြင်း တို့မှာလည်း “Globalization” မှ သယ်ဆောင် လာသော အကျိုးကျေးဇူးများ ဖြစ်သည်ဟုလည်း ဖွင့်ဟကြပါသည်။ နာမည်ကြီး စီးပွားရေးပညာရှင် ဘတ်ဝါသီ (Jagdish N. Bhagwati) က “Globalization” သည် စီးပွားချမ်းသာကြွယ်ဝမှုများစွာ ဖန်တီးပေးနိုင်သည်သာမက အမျိုးသမီး နှင့် ကလေးသူငယ် အခွင့်အရေးများကို မြှင့်တင်ပေးပြီး လူတန်းစားအားလုံးအတွက် တန်းတူအခွင့်အရေး ဖန်တီးပေးနိုင်သောကြောင့် ကမ္ဘာကြီးအတွက် ပြဿနာတစ်ရပ်မဟုတ်ဘဲ ပြဿာနာများ၏ အဖြေသာ ဖြစ်သည် ဟု ထပ်လောင်းထောက်ပြသွား ပါသည်။

သို့ရာတွင် အချို့ပညာရှင်များကမှု “Globalization” ကို ထောက်ခံအားပေးမှု မပြုကြပါ။ အထက်ပါ ကောင်းကျိုးများကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သော်လည်း ဆိုးကျိုးဖြစ်ထွန်း စေမှုမှာ ပိုမိုအလေးသာသည်ဟု လက်ခံယူဆကြပါသည်။ အထူးသဖြင့် အာထာ-ဂလိုဘယ်လိုင် ဇေးရှင်း (alter-globalization) ခေါ် အရင်းရှင်စီးပွားရေးစနစ် ဆင့်ကျင်ရေး လှုပ်ရှားသူများက အရင်းရှင်ကြီးများ (သို့) နိုင်ငံတကာ စီးပွာရေးကော်ပိုရေးရှင်းများမှ ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဆင်းရဲသားလူတန်းစားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ ပိုမို ဆောင်ရွက်လာခြင်း နှင့် အားနည်းသည့်နိုင်ငံငယ်များ၏ အချုပ်အခြာအာဏာ တည်တံ့ရေးကိုပါ ထိပါးခြိမ်းခြောက်လာမှုများ ဖြစ်ပေါ်ရခြင်း ၏ အဓိကအကြောင်းရင်းမှာ “Globalization” ကြောင့် ဖြစ်သည်ဟုယူဆ၍ ဆန့်ကျင်မှုများပြုလုပ် လာကြပါသည်။ ခရစ်တိုဖာလာချ် (Christopher Lasch) က “Globalization” သည် ဆင်းရဲသား နှင့် လူချမ်းသာ တို့အကြား လူတန်းစား ကွာဟမှု ပိုမိုကြီးထွားလာစေပြီး အစိုးရ နှင့် အုပ်ချုပ်ရေး ယန္တရားများကလည်း လူချမ်းသာ အုပ်စုကိုသာ အကာအကွယ်ပေးသည်ဟု ရှုမြင်ခဲ့ကြပါသည်။
အလားတူ ဒီ့အီကောလောဂျီ (Deep-ecology movement) ခေါ် သဘာပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာ လှုပ်ရှားသူများကလည်း သဘာပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရခြင်း၏ အဓိက တရားခံမှာ “Globalization” ဖြစ်သည်ဟု ထောက်ပြပြီး ဆန့်ကျင်လှုပ်ရှားမှုများ ပိုမို လုပ်ဆောင်လာ ခဲ့ကြပါသည်။ သာဓကအားဖြင့် ကုန်ပစ္စည်းများ လိုအပ်သည်ထက်ပို၍ အလွန်အကျွံ ထုတ်လုပ်ခြင်း (over-production) နှင့် သုံးစွဲခြင်း (consumerism) တို့ကို အားပေးအားမြှောက်ပြုသည့် “Globalization” ကြောင့် သဘာဝသယံဇာတအရင်းအမြစ်များအပေါ် ပိုမိုမှီခိုလာစေပြီး ဂေဟစနစ် ပျက်စီးဆုံးရှုံးခြင်း နှင့် အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်လာရခြင်း ဖြစ်စေသည်ဟု ဆိုပါသည်။

ဒါ့အပြင် လွယ်ကူလျင်မြန်လာသော ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စနစ်များ၏ နောက်ဆက်တွဲ ဘေးထွက်အကျိုးဆက်များဖြစ်သော အကြမ်းဖက်မှု၊ ဓါတုလက်နက် နှင့် ကူးစက်ရောဂါပြန့်ပွားမှု အန္တရာယ်များလည်း ပိုမိုကြီးထွားလာသည်ဟု ဆိုကြသည်။ အချို့သော ဌာနေ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းစဉ်လာများ ကိုလည်း အဝါးမျိုခံ နေရသည်ဟု ထောက်ပြကြသည်။

မည်သို့ပင်ဆိုစေကာမှု “Globalization” သည် လူသားမျိုးနွယ်စုအတွက် ကောင်းကျိုးများ စွာ ဆောင်ကျဉ်းပေးသည်မှာလည်း ငြင်းဆိုဖွယ်ရာမရှိပါ။ တစ်နည်းအားဖြင့် ဆိုရလျှင် “Globalization” သည် လူသားမျိုးနွယ်စု၏ “အကြီးမားဆုံး အောင်မြင်မှု” တစ်ရပ် ဟုဆိုနိုင်ပါသည်။

သို့သော် အထိန်းအကွပ်လိုအပ်နေသော “Globalization” သည် အနာဂတ်ကာလ၌ ကောင်းကျိုးထက် ဆိုးကျိုးများ ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်မိပါသည်။

ယနေ့ ကမ္ဘာကြီးကိုကြည့်လျင် “Globalization” ၏ အသီးအပွင့်များဖြစ်သည့် နည်းပညာ တိုးတက်လာမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မြန်ဆန်လာမှု နှင့် ချမ်းသာကြွယ်ဝလာမှု တို့ကို မြင့်တွေ့နေရသော်လည်း ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် ဘေးဥပါဒ်အန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်မှုမှာ အလွန်အားနည်းနေဟု ယူဆမိပါသည်။ ကမ္ဘာ့ပညာရှင်အချို့ကလည်း ကြိုတင် ကာကွယ်မှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း အကြိမ်ကြိမ် သတိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။
ပညာရှင် အိုရမ်ရောင်း (Oran R. Young) က “Globalization” နှင့် ယှဉ်တွဲဖြစ်ပေါ်လာသည့် ကူးစက်ရောဂါ (HIV, Dengue fever, Lyme disease) များ၏ ခြိမ်းခြောက်မှု၊ ကျူးကျော် မျိုးစေ့ (invasive species) များ ပြန့်ပွားမှု၊ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းများ ရံဖန်ရံခါဖြစ်ပေါ်မှု နှင့် လက်ရှိကြုံတွေ့နေရသော အကြမ်းဖက်မှု အစရှိသည့် အန္တရာယ်များ ဖြေရှင်းကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှု အလွန်အားနည်းနေသဖြင့် ဒီထက်မက အဆများစွာ ပိုမိုလုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ စာရေးဆရာ ဂျာရက်ဒိုင်မွန်း (Jared Diamond, 2005) ကလည်း ပြင်ဆင်မှု အားနည်း ချက်ကြောင့် ရှောင်ရှားနိုင်သည့် အချို့ဘေးအန္တရာယ်များကို မကျော်လွှားနိုင်ဘဲ သမိုင်းဝင် အဖြစ် အပျက်ဆိုးများ အဖြစ် မှတ်တမ်းဝင်သွားကြသည့် သာဓကများစွာရှိသည်ကိုလည်း ထောက်ပြသွား ပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ အထိန်းအကွပ်မဲ့ ရှိနေခဲ့သည်မှာလည်း ငြင်းဆိုဖွယ်ရာမရှိပါ။ အထိန်းအကွပ်မဲ့မှုကြောင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများမှာလည်း များပြားလှချေပြီ။ ယခင် ပညာရှင်များ ထောက်ပြခဲ့သည့်အတိုင်း HIV ရောဂါပြန့်ပွားမှု၊ လေထု နှင် ရေထု ညစ်ညမ်းမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှံးမှု၊ အကြမ်းဖက်မှုစသည့် ဆယ်စုနှစ် တစ်လျှောက်လုံး ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများမှာ “Globalization” က ပေးသော အမွေဆိုးများ ဖြစ်ပါသည်။

ယခုလက်ရှိ ကမ္ဘာတစ်ဝှမ်း ကြုံတွေ့ အဖြေရှာနေရသော ကမ္ဘာ့ကပ်ဆိုး “ကိုရိုနာရောဂါ” ပြန့်ပွားမှု ပြဿနာသည်လည်း “Globalization” က ဆောင်းနှင်းအပ်သော နောက်ထပ် ဒဏ်ရာ တစ်ရပ်ဟု သုံးသပ်နိုင်ပါသည်။ သို့သော် “Globalization” က ဆောင်းကျဉ်းပေးနိုင်သော ကောင်းကျိုး များစွာရှိသည့်အတွက် ကြောက်မက်ဖွယ် ဘီလူကြီးတစ်ရပ် ဟုလည်း ကောက်ချက် မချနိုင်ပါ။ အနာဂတ်ကာလများ၌ “Globalization” က ကောင်းကျိုး သို့မဟုတ် ဆိုးကျိုး ပေးနိုင်မှုမှာ မိမိတို့၏ ဆောင်ရွက်ချက်များ နှင့် ကြိုတင်ပြင်ဆင်ထားမှုများ အပေါ် များစွာ မူတည်နေပါသည်။ သို့ပါ၍ ဒီမိုဂရီစီစနစ် အားကောင်းစေခြင်း နှင့် လူ့အခွင့်အရေး ပိုမို ထည့်သွင်း စဉ်းစားခြင်း၊ လူတန်းစား အဆင့်အတန်း ကွာဟမှုကို ထိန်းညှိခြင်း ၊ နည်းပညာ နှင့် သတင်းအချက်လက် ဖလှယ်မှု ပိုမိုအားကောင်းစေခြင်း ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်မြှင့်တင်ခြင်း နှင့် လူသား တိုင်းအတွက် စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေး တန်းတူအခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားလိုပါသည်။

Rual Lian Thang သည် သြစတြေးလျ (Australia) နိုင်ငံ Canberra မြို့ရှိ Australian National University တွင် Master of Environmental Management and Development ဘာသာဖြင့် ပညာဆည်းပူးလျှက်ရှိသည်။

______________

(Zawgyi) အထိန္းအကြပ္မဲ့ေနေသာ ဂလိုဘယ္လိုင္ေဇးရွင္းႏွင့္ ေနာက္ဆက္တြဲ စိန္ေခၚမႈမ်ား

မ်က္ေမွာက္ေခတ္ကာလ၌ “ဂလိုဘယ္လိုင္ေဇးရွင္း (Globalization)” ဆိုသည့္ ေဝါဟာရ မွာ ေန႔စဥ္ႏွင့္အမွ် လူတိုင္း ထိေတြ႕ရင္းႏွီးကြၽမ္းဝင္ေနသည့္ အသုံးအႏႈန္းတစ္ရပ္ ျဖစ္ေနေသာ္လည္း ၁၉၈၀−၁၉၉၀ ေႏွာင္ပိုင္း သီအိုဒိုလဲဗစ္ (Theodore Levitt) ကဲ့သို႔ စီးပြားေရး လုပ္ငန္းရွင္ႀကီးမ်ား ေပၚထြန္းလာမႈေၾကာင့္ ပညာရွင္အသိုင္းအဝိုင္းအၾကား စတင္ ေရပန္းစားခဲ့ျခင္း ျဖစ္ပါသည္။ သို႔ေသာ္ ပညာရွင္မ်ားအၾကား “Globalization” ႏွင့္ပတ္သက္၍ အယူအဆ သေဘာထား အျမင္မ်ား ကြဲလြဲမႈမ်ားလည္း ရွိသည္။ အဓိကအေနျဖင့္ “Globalization” ရဲ႕ အက်ိဳး ဆက္က သက္ရွိလူသားမ်ားအတြက္ အက်ိဳးျဖစ္ထြန္းေၾကာင္း ယူဆခ်က္ ႏွင့္ စနစ္တက် စီမံခန႔္ခြဲမႈ မရွိပါက သက္ရွိလူသားမ်ားႏွင့္ ကမာၻေျမႀကီးအတြက္ ေကာင္းက်ိဳးထက္ ေဘးဒုကၡအႏၲရာယ္ျဖစ္ ေစႏိုင္ေၾကာင္း ယူဆခ်က္ တို႔အေပၚ အားေပးေထာက္ခံၾကသည့္ အဖြဲ႕ (၂) ဖြဲ႕ ေပၚထြန္းလာခဲ့ပါသည္။

ေလ့လာသုံးသပ္ၾကည့္ရမည္ဆိုလွ်င္ Globalization ကို အားေပးေထာက္ခံသူအမ်ားစုသည္ နယူလီဗရယ္စနစ္အယူဝါဒ (Neoliberalism) ကို လက္ခံအားေပးသူမ်ားျဖစ္ၿပီး “Globalization” က စီးပြားေရး၊ ႏိုင္ငံေရး ႏွင့္ လူမႈေရးက႑ အသီးသီး၌ ေအာင္ျမင္မႈ ရရွိႏိုင္ေရး အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးႏိုင္သည္ဟုလည္း လက္ခံယုံၾကည္ၾကသူမ်ား ျဖစ္ၾကသည္။ သာဓကတစ္ရပ္အေနျဖင့္ နာမည္ႀကီး စာေရးဆရာ ႏွင့္ ႏိုင္ငံေရးသုံးသပ္ ေဝဖန္သူ ေသာမတ္ဖရီးမဲင္း (Thomas Friedman) က “Globalization” ျဖစ္ေပၚလာရျခင္းမွာ လူအမ်ားစုက “Neoliberalism” စနစ္ကို လက္ခံ က်င့္သုံးလာေသာေၾကာင့္ျဖစ္ၿပီး အဆိုပါ စနစ္က ကုန္သြယ္ေရးလြတ္လပ္ခြင့္ ႏွင့္ ေဈးကြက္ စီးပြားေရးစနစ္ တို႔၌ ႀကဳံေတြ႕ရတဲ့ အဟန္႔အတားမ်ားကို ဖယ္ရွားေပးႏိုင္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရး လမ္းေၾကာင္းမ်ား ဖန္တီးေပးသည္ဟု သုံးသပ္ေထာက္ျပခဲ့ပါသည္။ သဓကအားျဖင့္ “Neoliberalism” စနစ္က အစိုးရမ်ားအေနျဖင့္ စီးပြားေရး ဆိုင္ရာ မူဝါဒမ်ား ေျဖေလွ်ာ့ေပးသြားရန္ တြန္းအားေပးၿပီးႏွင့္ ၎တို႔ ပါဝင္မႈ က႑ကိုလည္း ကန႔္သတ္သြားျခင္းျဖင့္ ေဈးကြက္စီးပြားေရးေအာင္ျမင္မႈ အတြက္ လိုအပ္သည့္ပတ္၀န္းက်င္ကို ဖန္တီးေပးသည္ဟု ရႈျမင္သုံးသပ္ ၾကခပါသည္။

ကုန္သြယ္ေရးစနစ္ လြယ္ကူေခ်ာေမြ႕လာျခင္း ၊ ေစ်းကြက္စီးပြားေရးစနစ္ အားေကာင္းလာ ျခင္း ႏွင့္ ကမာၻတစ္ဝွမ္း စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္လာျခင္း တို႔ရဲ႕ အက်ိဳးဆက္ျဖစ္တဲ့ ဆင္းရဲမြဲေတြမႈ ေလွ်ာ့ခ်ႏိုင္လာျခင္းသည္လည္း “Globalization” ၏ အက်ိဳးေက်းဇူးေၾကာင့္ ျဖစ္သည္ဟု ဆိုၾက ပါသည္။ ဒါ့အျပင္ “Globalization” က ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈ အင္အားကို ပိုမိုခိုင္မာ အားေကာင္းေစၿပီး ကမာၻလုံးဆိုင္ရာ စိန္ေခၚမႈမ်ားျဖစ္တဲ့ သတင္း ႏွင့္ နည္းပညာဆိုင္ရာ ပူးေပါင္း ဖလွယ္ျခင္း၊ သဘာဝေဘးအႏၲရာယ္ ကာကြယ္တားဆီးျခင္း၊ အေရးေပၚကယ္ဆယ္ေရး ႏွင့္ အၾကမ္း ဖက္မႈ အႏၲရာယ္ ကာကြယ္ႏွိမ္ႏွင္းျခင္းတို႔ကို လ်င္ျမန္ထိေရာက္စြာ ေျဖရွင္းေပးႏိုင္သည္ ဟုလည္း သုံးသပ္ၾကပါသည္။

ထိုမွ်မက လူမႈေရးႏွင့္ ႏိုင္ငံေရးဆိုင္ရာ ေကာင္းမြန္ေသာ ျပဳျပင္ေျပာင္းလဲမႈမ်ား ျဖစ္သည့္ ဒီမိုကေရစီစနစ္ ပ်ံ႕ႏွံ႔စိမ့္ဝင္လာျခင္း၊ လူ႔အခြင့္ေရး လႈပ္ရွားမႈ အားေကာင္းလာျခင္း၊ တစ္ကမာၻလုံး အတိုင္းအတာ လူမ်ိဳးေရး ခြဲျခားမႈေလ်ာ့နည္းလာျခင္း တို႔မွာလည္း “Globalization” မွ သယ္ေဆာင္ လာေသာ အက်ိဳးေက်းဇူးမ်ား ျဖစ္သည္ဟုလည္း ဖြင့္ဟၾကပါသည္။ နာမည္ႀကီး စီးပြားေရးပညာရွင္ ဘတ္ဝါသီ (Jagdish N. Bhagwati) က “Globalization” သည္ စီးပြားခ်မ္းသာႂကြယ္ဝမႈမ်ားစြာ ဖန္တီးေပးႏိုင္သည္သာမက အမ်ိဳးသမီး ႏွင့္ ကေလးသူငယ္ အခြင့္အေရးမ်ားကို ျမႇင့္တင္ေပးၿပီး လူတန္းစားအားလုံးအတြက္ တန္းတူအခြင့္အေရး ဖန္တီးေပးႏိုင္ေသာေၾကာင့္ ကမာၻႀကီးအတြက္ ျပႆနာတစ္ရပ္မဟုတ္ဘဲ ျပႆာနာမ်ား၏ အေျဖသာ ျဖစ္သည္ ဟု ထပ္ေလာင္းေထာက္ျပသြား ပါသည္။

သို႔ရာတြင္ အခ်ိဳ႕ပညာရွင္မ်ားကမႈ “Globalization” ကို ေထာက္ခံအားေပးမႈ မျပဳၾကပါ။ အထက္ပါ ေကာင္းက်ိဳးမ်ားကို အမွန္တကယ္ ေဖာ္ေဆာင္ေပးႏိုင္ေသာ္လည္း ဆိုးက်ိဳးျဖစ္ထြန္း ေစမႈမွာ ပိုမိုအေလးသာသည္ဟု လက္ခံယူဆၾကပါသည္။ အထူးသျဖင့္ အာထာ-ဂလိုဘယ္လိုင္ ေဇးရွင္း (alter-globalization) ေခၚ အရင္းရွင္စီးပြားေရးစနစ္ ဆင့္က်င္ေရး လႈပ္ရွားသူမ်ားက အရင္းရွင္ႀကီးမ်ား (သို႔) ႏိုင္ငံတကာ စီးပြာေရးေကာ္ပိုေရးရွင္းမ်ားမွ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား ႏွင့္ ဆင္းရဲသားလူတန္းစားမ်ားအေပၚ ေခါင္းပုံျဖတ္ အျမတ္ထုတ္မႈမ်ား ပိုမို ေဆာင္႐ြက္လာျခင္း ႏွင့္ အားနည္းသည့္ႏိုင္ငံငယ္မ်ား၏ အခ်ဳပ္အျခာအာဏာ တည္တံ့ေရးကိုပါ ထိပါးၿခိမ္းေျခာက္လာမႈမ်ား ျဖစ္ေပၚရျခင္း ၏ အဓိကအေၾကာင္းရင္းမွာ “Globalization” ေၾကာင့္ ျဖစ္သည္ဟုယူဆ၍ ဆန္႔က်င္မႈမ်ားျပဳလုပ္ လာၾကပါသည္။ ခရစ္တိုဖာလာခ်္ (Christopher Lasch) က “Globalization” သည္ ဆင္းရဲသား ႏွင့္ လူခ်မ္းသာ တို႔အၾကား လူတန္းစား ကြာဟမႈ ပိုမိုႀကီးထြားလာေစၿပီး အစိုးရ ႏွင့္ အုပ္ခ်ဳပ္ေရး ယႏၲရားမ်ားကလည္း လူခ်မ္းသာ အုပ္စုကိုသာ အကာအကြယ္ေပးသည္ဟု ရႈျမင္ခဲ့ၾကပါသည္။

အလားတူ ဒီ့အီေကာေလာဂ်ီ (Deep-ecology movement) ေခၚ သဘာပတ္ဝန္းက်င္ႏွင့္ ေဂဟစနစ္ဆိုင္ရာ လႈပ္ရွားသူမ်ားကလည္း သဘာပတ္ဝန္းက်င္ ပ်က္စီးဆုံးရႈံးရျခင္း၏ အဓိက တရားခံမွာ “Globalization” ျဖစ္သည္ဟု ေထာက္ျပၿပီး ဆန္႔က်င္လႈပ္ရွားမႈမ်ား ပိုမို လုပ္ေဆာင္လာ ခဲ့ၾကပါသည္။ သာဓကအားျဖင့္ ကုန္ပစၥည္းမ်ား လိုအပ္သည္ထက္ပို၍ အလြန္အကြၽံ ထုတ္လုပ္ျခင္း (over-production) ႏွင့္ သုံးစြဲျခင္း (consumerism) တို႔ကို အားေပးအားေျမႇာက္ျပဳသည့္ “Globalization” ေၾကာင့္ သဘာဝသယံဇာတအရင္းအျမစ္မ်ားအေပၚ ပိုမိုမွီခိုလာေစၿပီး ေဂဟစနစ္ ပ်က္စီးဆုံးရႈံးျခင္း ႏွင့္ အျခားသဘာဝပတ္ဝန္းက်င္ဆိုင္ရာ စိန္ေခၚမႈမ်ားကိုလည္း ရင္ဆိုင္လာရျခင္း ျဖစ္ေစသည္ဟု ဆိုပါသည္။

ဒါ့အျပင္ လြယ္ကူလ်င္ျမန္လာေသာ ဆက္သြယ္ေရး၊ ကုန္သြယ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရး စနစ္မ်ား၏ ေနာက္ဆက္တြဲ ေဘးထြက္အက်ိဳးဆက္မ်ားျဖစ္ေသာ အၾကမ္းဖက္မႈ၊ ဓါတုလက္နက္ ႏွင့္ ကူးစက္ေရာဂါျပန္႔ပြားမႈ အႏၲရာယ္မ်ားလည္း ပိုမိုႀကီးထြားလာသည္ဟု ဆိုၾကသည္။ အခ်ိဳ႕ေသာ ဌာေန တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ ယဥ္ေက်းမႈ ႏွင့္ ဓေလ့ထုံးတမ္းစဥ္လာမ်ား ကိုလည္း အ၀ါးမ်ိဳခံ ေနရသည္ဟု ေထာက္ျပၾကသည္။

မည္သို႔ပင္ဆိုေစကာမႈ “Globalization” သည္ လူသားမ်ိဳးႏြယ္စုအတြက္ ေကာင္းက်ိဳးမ်ား စြာ ေဆာင္က်ဥ္းေပးသည္မွာလည္း ျငင္းဆိုဖြယ္ရာမရွိပါ။ တစ္နည္းအားျဖင့္ ဆိုရလွ်င္ “Globalization” သည္ လူသားမ်ိဳးႏြယ္စု၏ “အႀကီးမားဆုံး ေအာင္ျမင္မႈ” တစ္ရပ္ ဟုဆိုႏိုင္ပါသည္။

သို႔ေသာ္ အထိန္းအကြပ္လိုအပ္ေနေသာ “Globalization” သည္ အနာဂတ္ကာလ၌ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးမ်ား ပိုမိုျဖစ္ေပၚေစႏိုင္သည္ဟု သုံးသပ္မိပါသည္။

ယေန႔ ကမာၻႀကီးကိုၾကည့္လ်င္ “Globalization” ၏ အသီးအပြင့္မ်ားျဖစ္သည့္ နည္းပညာ တိုးတက္လာမႈ၊ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ျမန္ဆန္လာမႈ ႏွင့္ ခ်မ္းသာႂကြယ္၀လာမႈ တို႔ကို ျမင့္ေတြ႕ေနရေသာ္လည္း ဆက္စပ္ျဖစ္ေပၚလာႏိုင္သည့္ ေဘးဥပါဒ္အႏၲရာယ္မ်ားအတြက္ ႀကိဳတင္ ျပင္ဆင္မႈမွာ အလြန္အားနည္းေနဟု ယူဆမိပါသည္။ ကမာၻ႔ပညာရွင္အခ်ိဳ႕ကလည္း ႀကိဳတင္ ကာကြယ္မႈမ်ား ျပဳလုပ္သြားရန္ လိုအပ္ေၾကာင္း အႀကိမ္ႀကိမ္ သတိေပးႏႈိးေဆာ္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ျဖစ္ပါသည္။

ပညာရွင္ အိုရမ္ေရာင္း (Oran R. Young) က “Globalization” ႏွင့္ ယွဥ္တြဲျဖစ္ေပၚလာသည့္ ကူးစက္ေရာဂါ (HIV, Dengue fever, Lyme disease) မ်ား၏ ၿခိမ္းေျခာက္မႈ၊ က်ဴးေက်ာ္ မ်ိဳးေစ့ (invasive species) မ်ား ျပန္႔ပြားမႈ၊ ကမာၻ႔ဘ႑ာေရး အက်ပ္အတည္းမ်ား ရံဖန္ရံခါျဖစ္ေပၚမႈ ႏွင့္ လက္ရွိႀကဳံေတြ႕ေနရေသာ အၾကမ္းဖက္မႈ အစရွိသည့္ အႏၲရာယ္မ်ား ေျဖရွင္းကာကြယ္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္မႈ အလြန္အားနည္းေနသျဖင့္ ဒီထက္မက အဆမ်ားစြာ ပိုမိုလုပ္ေဆာင္ၾကရန္ တိုက္တြန္းႏႈိးေဆာ္ထားပါသည္။ စာေရးဆရာ ဂ်ာရက္ဒိုင္မြန္း (Jared Diamond, 2005) ကလည္း ျပင္ဆင္မႈ အားနည္း ခ်က္ေၾကာင့္ ေရွာင္ရွားႏိုင္သည့္ အခ်ိဳ႕ေဘးအႏၲရာယ္မ်ားကို မေက်ာ္လႊားႏိုင္ဘဲ သမိုင္းဝင္ အျဖစ္ အပ်က္ဆိုးမ်ား အျဖစ္ မွတ္တမ္း၀င္သြားၾကသည့္ သာဓကမ်ားစြာရွိသည္ကိုလည္း ေထာက္ျပသြား ပါသည္။
ဆယ္စုႏွစ္ေပါင္းမ်ားစြာ အထိန္းအကြပ္မဲ့ ရွိေနခဲ့သည္မွာလည္း ျငင္းဆိုဖြယ္ရာမရွိပါ။ အထိန္းအကြပ္မဲ့မႈေၾကာင့္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသည့္ စိန္ေခၚမႈမ်ားမွာလည္း မ်ားျပားလွေခ်ၿပီ။ ယခင္ ပညာရွင္မ်ား ေထာက္ျပခဲ့သည့္အတိုင္း HIV ေရာဂါျပန္႔ပြားမႈ၊ ေလထု ႏွင္ ေရထု ညစ္ညမ္းမႈ၊ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးဆုံးရွံးမႈ၊ အၾကမ္းဖက္မႈစသည့္ ဆယ္စုႏွစ္ တစ္ေလွ်ာက္လုံး ႀကဳံေတြ႕ ေနရသည့္ စိန္ေခၚမႈမ်ားမွာ “Globalization” က ေပးေသာ အေမြဆိုးမ်ား ျဖစ္ပါသည္။

ယခုလက္ရွိ ကမာၻတစ္ဝွမ္း ႀကဳံေတြ႕ အေျဖရွာေနရေသာ ကမာၻ႔ကပ္ဆိုး “ကို႐ိုနာေရာဂါ” ျပန္႔ပြားမႈ ျပႆနာသည္လည္း “Globalization” က ေဆာင္းႏွင္းအပ္ေသာ ေနာက္ထပ္ ဒဏ္ရာ တစ္ရပ္ဟု သုံးသပ္ႏိုင္ပါသည္။ သို႔ေသာ္ “Globalization” က ေဆာင္းက်ဥ္းေပးႏိုင္ေသာ ေကာင္းက်ိဳး မ်ားစြာရွိသည့္အတြက္ ေၾကာက္မက္ဖြယ္ ဘီလူႀကီးတစ္ရပ္ ဟုလည္း ေကာက္ခ်က္ မခ်ႏိုင္ပါ။ အနာဂတ္ကာလမ်ား၌ “Globalization” က ေကာင္းက်ိဳး သို႔မဟုတ္ ဆိုးက်ိဳး ေပးႏိုင္မႈမွာ မိမိတို႔၏ ေဆာင္႐ြက္ခ်က္မ်ား ႏွင့္ ႀကိဳတင္ျပင္ဆင္ထားမႈမ်ား အေပၚ မ်ားစြာ မူတည္ေနပါသည္။ သို႔ပါ၍ ဒီမိုဂရီစီစနစ္ အားေကာင္းေစျခင္း ႏွင့္ လူ႔အခြင့္အေရး ပိုမို ထည့္သြင္း စဥ္းစားျခင္း၊ လူတန္းစား အဆင့္အတန္း ကြာဟမႈကို ထိန္းညႇိျခင္း ၊ နည္းပညာ ႏွင့္ သတင္းအခ်က္လက္ ဖလွယ္မႈ ပိုမိုအားေကာင္းေစျခင္း ၊ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈအရွိန္အဟုန္ျမႇင့္တင္ျခင္း ႏွင့္ လူသား တိုင္းအတြက္ စီးပြားေရး၊ လူမႈေရး ႏွင့္ ႏိုင္ငံေရး တန္းတူအခြင့္အလမ္းမ်ား ဖန္တီးေပးျခင္းတို႔ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း သုံးသပ္ေျပာၾကားလိုပါသည္။

Rual Lian Thang သည္ ၾသစေၾတးလ် (Australia) ႏိုင္ငံ Canberra ၿမိဳ႕ရွိ Australian National University တြင္ Master of Environmental Management and Development ဘာသာျဖင့္ ပညာဆည္းပူးလွ်က္ရွိသည္။

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: