Hakha ah Cycle (8) Fir Minung (4) An Tlaih Hna

0

Hakha Cycle Fir Minung/ Hakha Palek Sakhan/IPRD

The Chinland Post-Hakha| 2020 May 11| Chin ramkulh Hakha khua chungah cycle a firmi minung (4) cu May 1, 2020 chun 11:am ah Hakha Palek zung nething doh yeoke Aung Phu Woe hruaimi palek pawl nih khuachung humhimnak an vah lio ah lunghrinh in minung (2) an tlaih hma sa hna hnu in cycle he an tlaih hna.

An tlaih hnaning cu Hakha khuathar Timothy sinah FZ a hmailei number aa tellomi, ahmai mei umlo in sticker benhmi siseh, Fung Kuih Thang sinah FZ a nakmi a hnu lei number aa tellomi, cover a umlomi  an si i a ngeitu sinak license pakhat hmanh a um lo caah  Hakha palek sakhan nih (p) 96/2020, zualnak upda pohmah 380/54 in minung (2) cu sualpuh le chekchlai an tuah hna.

Chin ramkulh Palek bawi nawlthanhnak in Hakha pengkomh palek zung, Hakha sakhan hmu hna nih an hlat hlai than tikah an firmi a sinak le Cycle firnak ah a dang minung pahnih zong an itelnak kong le Timothy inn ah FZ cycle pakhat siseh, Kenbo 125 pa (5) a um rihnak kong an chim caah cycle pawl le aa tel vemi minung (2) zong an tlaih chih hna.

Hi kong he pehtlai in Hakha Sakhanhmu nih Cycle a tlau mi paoh nih an License cauk he Sakhan ah ra hna sehlaw a dik ahcun kan pek than hna lai tiah The Chinland  Post ah a chim.

Ref: IPRD Hakha

ချင်းပြည်နယ်၊ဟားခါးမြို့၌ ဆိုင်ကယ်ခိုးသူ လူငယ်(၄)ဦးအား ဖမ်းဆီးရမိ
ဟားခါး မေ ၁၁
***************************************************************************
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးသူ လူငယ်(၄)ဦးအား မေလ ၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်က ဟားခါးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဖြိုးဝေဦးဆောင်သည့် တပ်ဖွဲ့ဝင်များ မြို့သစ်ရပ်ကွက်၊ဂေါက်ကွင်းအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ လူငယ်(၂)ဦးကို တွေ့ရှိရသဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူသူ လူငယ်(၄)ဦးကို သက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ဟားခါးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ဖြိုးဝေဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့၊မြို့သစ်ရပ်ကွက်၊ဂေါက်ကွင်းအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မြို့သစ်ရပ်ကွက်နေ တီမောသဲအား ရှေ့နောက်နံပါတ်ပြားမပါ ၊ရှေ့မီးသီးခေါင်းမပါ၊ စတေကာများကပ်ထားသည့် မရမ်းစေ့ရောင် FZဆိုင်ကယ်ဖြင့် လည်းကောင်း၊ ဖွန်ကွေ့ထန်အား ရှေ့နောက်နံပါတ်ပြားမပါ၊ ကာဘာများဖြုတ်ထားသည့် အနက်ရောင် FZဆိုင်ကယ်ဖြင့် လည်းကောင်း တွေ့ရှိခဲ့ပြီး သက်သေများရှေ့ စစ်ဆေးမေးမြန်းရာ ဆိုင်ကယ်(၂)စီးနှင့်ပတ်သက်၍ ၄င်းတို့(၂)ဦးမှာ ပိုင်ဆိုင်ကြောင်း လုံလောက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ဆိုင်ကယ်များအား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး ရဲစခန်းပိုင် နယ်မြေအတွင်း တနေရာရာမှ ခိုးယူလာခြင်းဖြစ်ကြောင်း မသင်္ကာသဖြင့် အမှုဖွင့်တိုင်တန်းခဲ့ရာ ဟားခါးမြို့မရဲစခန်း (ပ)၆၉/၂၀၂၀၊ ရာဇသတ်ကြီးဉပဒေပုဒ်မ-၃၈၀/ကျင့် ၅၄ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။

 

ဆက်လက်၍ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဟားခါးမြို့မရဲစခန်းမှူးတို့၏ အနီးကပ် ကြီးကြပ်ကွပ်ကဲ စစ်ဆေး ဖော်ထုတ်ချက်များအရ ၄င်းတို့နှင့်အတူ အခြားလူငယ်(၂)ဦးလည်း ဆိုင်ကယ်များ ခိုးယူခဲ့ရာတွင် ပါဝင်ခဲ့ကြောင်းနှင့် ခိုးယူရရှိခဲ့သော ဆိုင်ကယ်များအနက် ဆိုင်ကယ်ခိုးယူသူ တီမောသဲ၏နေအိမ်တွင် FZဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ KENBO 125 ဆိုင်ကယ် အနက်ရောင်(၅)စီးအား လည်းကောင်း ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့၍ သက်သေခံပစ္စည်းKENBO 125 ဆိုင်ကယ် အနက်ရောင် (၅)စီးအား လိုက်လံသိမ်းဆည်းခဲ့ပြီး ခိုးယူခဲ့ရာတွင်ပါဝင်သူ လူငယ်(၂)ဦးနှင့်အတူ ဆိုင်ကယ်ခိုးယူသူ စုစုပေါင်း လူငယ်(၄)ဦးအား ဖမ်းဆီး အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: