ဟားခါးမြို့ မြေကွက်(၇၀၀)ဧက နှင့် မြို့ပြဧရိယာ (၂၈၀၀၀)ဧက တို့ချဲ့နေမှုအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်မည်

0

Tawk Tling Thang | 2019 January 24|  ဟားခါး မြို့မြေကွက် (၇၀၀)ဧက နှင့် မြို့ပြဧရိယာ (၂၈၀၀၀)ဧက တို့ချဲ့နေမှုအပေါ် ဒေသခံတောင်သူများအဖွဲ့မှ ကန့်ကွက်စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ရန် ဇန်န၀ါရီ ၂၁ ရက်နေ့တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် ပွင့်လင်းမြင်သာမှုမရှိသော မြို့ပြစီမံကိန်းများအား အလိုမရှိ၊ တရားဥပဒေ စိုးမိုရေး၊ တိုင်းရင်းသားတောင်သူလယ်သမားအခွင့်အရေး တောင်သူလယ်သမားများ ဘ၀မြှင့်တင်ရေး၊ ချင်းပြည်နယ်အစိုးရက နိုင်ငံတော်မှ ချမှတ်သော မြေမြယာ မှုဝါဒလမ်းညွန်းချက်ကို အပြည့်အ၀ကျင့်းသုံးရေး၊ ဘိုးဘွားပိုင် မြေများနှင့် တောင်သူများအားလုံး ပိုင်မြေကာကွယ်ရေး အဆိုပြု ပိုစတာ များကိုင်ဆောင်သွားမည်ဖြစ်သည်။

Photo: TCP

ယင်း စီတန်းလှည်လည် ကြွေးကြော်မှုကို Former MP Pi Za Tlem အပါအ၀င် ဦးဆောင်သူ ၉ ဦးဖြင့် ဟားခါးမြို့သစ်ရပ်ကွက် ထန်တလန်လမ်းဆုံတွင် ၂၅.၂၂.၂၀၂၉ နံနက် ၉း၀၀ နာရီမှ စတင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက်  ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအရှေ့ဘက် ကားလမ်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ဦးဝမ်းသူမ္မောင်း အားကစားကွင်းအထိ လှည့်လည်သွားမည် ဖြစ်ကြောင်း သိရသည်။

Photo: TCP

“ဟားခါးမြို့ကတော့ ချင်းပြည်နယ် မြို့တော်ဖြစ်တယ်၊ အိမ်ဌားတဲ့သူနှင့် အိမ်မရှိတဲ့သူအတွက် နောက်ထပ် ၆၇၆ ဧက ချဲ့မယ်၊ လက်ရှိ Caw Buk ရပ်ကွက်နှင့် CCU ကျောင်း အနီးတစ်ဝုက်ကို မြို့သစ်စီမံကိန်းအတွက် ပညာရှင်တွေစစ်ဆေးနေတယ်၊ လက်ရှိစီမံကိန်းတွေကို ဘယ်လိုအကောင်အထည်သွားမည်ဆိုတာတော့ မသိရသေးဘူး၊ ခြံမြေတွေကို အနည်းဆုံး ၅ သိန်းမှ ၁၀ သိန်း အချက်ချတဲ့နေရာကို သိန်း ၅၀ အထိရောင်းချသွားနိုင်မည်” ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ဟားခါးမြို့မြို့သစ်စီမံကိန်းအတွက် ၁၀၀ ဧက သော်လည်းကောင်း ယခုနှစ် မြို့သစ်စီမီကိန်းအတွက် ၆၇၆ဧက ကျော်တို့တွင် ဘိုးဘွားပိုင်နယ်မြေ ပါဝင်ကြောင်း သိရသည်။

Photo: TCP

“အခုချင်းပြည်နယ်အစိုးရလုပ်ဆောင်တဲ့ မြို့သစ်စီမီကိန်း ၆၀၀ဧက ကျော်ကတော့ ချင်းပြည်သူများအတွက်သာ မဟုတ်ပဲ တစ်ခြားလူမျိုးနှင့် သူဌေးတွေကို ရောင်းဖို့ ကြံစည်တယ်၊ Federal မရခင် ကျတော်တို့ မြေယာတွေ တစ်ခြားလူမျိုးပိုင်ဆိုင်မယ်ဆိုရင်တော့ ဒီအတိုင်း လက်ပိုက်မကြည့်ဘဲ အပြင်းအထန် ကန့်ကွက်မယ်” ဟု လွှတ်တော်အမတ်ဟောင်း Pi Za Tlem က ဇန်န၀ါရီလ (၁၇)ရက်နေ့တွင်ပြောကြားသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: