June 24, 2025

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ ဟားခါးမြို့တွင် အဆိုတော် နီလဲန်နှင့် အာထန်း ဖျော်ဖြေသီဆိုမည်

Nilen

ဖေဖော်ဝါရီ ၇၊ ၂၀၁၉| Tawk Tling Thang| အစိုးရအစီအစဉ်ဖြင့် ဟားခါးမြို့တွင် ကျင်းပမည့်(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ ညတွင် ချင်းအဆိုတော် နီလဲန်ပါရ်မွေး၊ အာထန်း နှင့် ဟားခါးအဆိုတော်များ ဖျော်ဖြေသီဆိုမည်ဟု သိရသည်။

ချင်းပြည်နယ်အစိုးရက Fiakfairock တီးဝိုင်းအဖွဲ့ကို တာဝန်ပေးထားပြီး အထူးဖိတ်ကြား အဆိုတော်အနေနဲ့ နီလဲန်ပါရ်မွေးနှင့် အာထန်းအပါအ၀င် ဟားခါးအဆိုတော် သောခ့်မဲန်း၊ ဗျက်ထာကြွယ်၊ မာစီ၊ ဗန်ရှန်မာန်း၊ ကျုံးလှဲလျန်နှင့် Fiakfairock အဖွဲ့များ သီဆိုဖျော်ဖြေသွားမည်ဟု Fiakfairock တီဝိုင်းဥက္ကဌ အလျန်းက The Chinland Post သတင်းဌာနသို့ ပြောသည်။

တီးဝိုင်းကိရိယာနှင့် အတီးသမားများနှင့် ရန်ကုန်ရှိ အဆိုတော်များကိုလည်း ဖိတ်ကြားချင်သော်လည်း ငွေကြေး ခက်ခဲမှုကြောင့် ချင်းဒေသအခြေအနေနဲ့သာ စီစဉ်ရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

အဆိုတော် နီလဲန်းက ဒီနှစ်မှာပဲ အမေရိကမှာ ကျင်းပမည့် ချင်းအမျိုးသားနေ့အတွက် ဖိတ်ကြားခံရပေမယ့် အမဆုန်သင်းပါရ် ဗီဇာမရတဲ့နောက်ပိုင်း ကျမလည်းမလျှောက်ဖြစ်တော့ဘူး။ ချင်းပြည်နယ် နယ်အသီးသီး ဘက်မှာလည်း ဖိတ်ရပေမယ့် မသွားဖြစ်။ အခု ဟားခါးမြို့ကျင်းပမည့် ချင်းအမျိုးသားနေ့ကိုတော့ Fiakfairock Band က ဖိတ်လို့ သွားဖို့စီစဉ်နေတယ်။ မွေးရပ်မြေ ဟားခါးကိုတော့ သွားကို သွားချင်တာ။ ဖေဖော်ဝါရီ (၁၉)မှာ ဟားခါးရောက်ဖြစ်အောင် လာမည်ဟု  ပြောသည်။

နာမည်ကြီး ချင်းအဆိုတော်သည်လည်း ဖိတ်ချင်မိပါတယ်။ ငွေကြေးအခက်အခဲကြောင့် မဖိတ်နိုင်တာ ဖြစ်ပါတယ်။ တီးဝိုင်းနှင့် တီးခတ်သူများအတွက်တောင် များများကုန်နေပါပြီ။ ဒီနှစ်အတွက် သိန်း (၁၀၀) လျာထားတာဖြစ်ပြီး အဆင်ပြေအောင်တော့ ကြိုးစားပေးရမှာပေါ့လို့ အစိုးရတာဝန်ရှိသူတစ်ဦးက The Chinland Post ကို ပြောသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *