အမေရိကတွင် ဖျော်ဖြေရန်ချင်းလူမှုအဖွဲ့ဖိတ်ခေါ်သည့် အဆိုတော် ဆုန်သင်းပါရ် ဗီဇာရှုံးနိမ့်

0

Tawk Tling Thang| 2019 February 8| ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ အမေရိကနိုင်ငံ၊ Indianapolis မြို့တွင် ပြုလုပ်မယ့် ချင်းအမျိုးသားနေ့တွင် သီချင်းဖျော်ဖြေ သီဆိုပေးရန် Chin Community of Indiana (CCI) က ဖိတ်ခေါ်သည့် နိုင်ငံကျော် တေးသံစဉ် အဆိုတော် ဆုန်သင်းပါရ်သည် အမေရိကန်သံရုံး၊ ရန်ကုန်တွင် ဗီဇာလျှောက်ရာတွင် ရှုံးနိမ့်ကြောင်း သတင်းရရှိသည်။

Chin Community of Indiana (CCI) က ဖိတ်ခေါ်တဲ့ မြန်မာပြည်က အဆိုတော်များတွင် Sung Tin Par နှင့် Chaw Suh Khin အပြင် နာမည်ကျော် ချင်းအဆိုတော်များဖြစ်သည့် Nilen Par Mawi, Thang Paa နှင့် Fred HlimPuia ပါဝင်ကြောင်း သိရသည်။

အဆိုတော် ဆုန်သင်းပါရ်က “ဒီနှစ် အမေရိကန်နိုင်ငံ Indiana State မှာ ကျင်းပမယ့်ပြုလုပ်မယ့် ချင်းအမျိုးသားနေ့တွင် သီချင်းဖျော်ဖြေ သီဆိုပေးဖို့ရန်အတွက် ကျမ အပါအ၀င် မြန်မာပြည်က အဆိုတော် အချို့ကို CCI အဖွဲ့က ဖိတ်ခေါ်ပါတယ်။ ကျမတို့သွားဖို့ ပြင်ဆင်ပေမယ့် ကျမဗီဇာဝင်တော့ မရဘူး၊ ရှုံးတယ်။ ကျမတောင်ဗီဇာရှုံးလို့ ကျန်တဲ့အားလုံးကိုလည်း မျှော်လင့်ချက်မရှိလို့ ဗီဇာမလျှောက်ကြတော့ဘူး။ ဒါကြောင့် ကျမတို့အားလုံး ဘယ်သူမှသွားဖြစ်မှာ မဟုတ်တော့ဘူး” ဟု The Chinland Post မီဒီယာသို့ပြောသည်။

အခုလက်ရှိမှာ ဆုန်သင်းပါရ်နှင့် အဆိုတော် နောနော်သည် မလေးရှားနိုင်ငံမှာ သီချင်းဖျော်ဖြေတင်ဆက်နေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုတော် Nilen Parmawi က “အမေရိကလာဖို့ ICC အဖွဲ့က ကျမလည်းအဖိတ်ခံပါတယ်။ ဒါပေမယ့် အမေရိက အကြိမ်ကြိမ် သွားဖူးတဲ့ အမ ဆုန်သင်းတောင် ဗီဇာမရဘူးဆိုတော့ မသွားဖူးတဲ့ သူကတော့ ဗီဇာရဖို့မလွယ်ဘူး။ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ဗီဇာဝင်ဖို့ဖြစ်ပေမယ့် မျှော်လင့်ချက် မရှိလို့ ကျမဗီဇာ မ၀င်တော့ဘူး။ ဒီနှစ် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် မြို့တော်လည်းဖြစ်၊ ကျမမွေးရာဇာတိလည်းဖြစ်တဲ့ ဟားခါးမြို့မှာ ဖျော်ဖြေသီဆိုမယ်” ဟု The Chinland Post သို့ပြောသည်။

အဆိုတော် ဆုန်သင်းပါရ် ဗီဇာမလျှေုက်ခင် အဆိုတော် ထန်းပါးကိုလည်း ဗီဇာငြင်းပယ် ခံရကြောင်း သတင်းရရှိသည်။  အမေရိကနိုင်ငံရေး အပြောင်းအလဲ၊ သမ္မတ Donald Trump လက်ထက်တွင် နိုင်ငံရေးအကျပ်အတည်းကြောင့် အမေရိကန် ဗီဇာတင်းကျပ်လာကြောင်း နိုင်ငံရေးသမားတချို့က ထင်မြင်သုံးသပ်ကြသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: