June 24, 2025

Hniarlawn ကျေားရွာ ဟားခါးစည်ပင်ဧရိယာအတွင်း ထည်သွင်းမှုအပေါ် ဒေသခံပြည်သူများ ကန့်ကွက်ဆန္ဒထုတ်ဖော်မည်

50560298_2329876937243306_1399552292113350656_n

The Chinland Post| 2019 January 27| ဟားခါးခရိုင် နှီယာလောန် (Hniarlwan) ကျေးရွာကို အသိပေးခြင်းမရှိပဲ စည်ပင်ဧရိယာအတွင်း ထည့်သွန်းရန် လုပ်ဆောင်ချက်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

NLD အစိုးရတက်လာပြီးနောက် နှီယာလောန် ကျေးရွာကို စည်ပင်ဧရိယာအဖြစ် တာဝန်ရှိသူများမှ ညို့နိုင်မှုလုပ်သော်လည်း ဒေသခံများက လက်ခံခြင်းမရှိပေ။ သို့သော် အစိုးရဘက်မှ သဘောတူညီမှုမရသည့် နှီယာလောန် ကျေးရွာကို မြေနေရာတစ်ချို့ စည်ပင်ဧရိယာအဖြစ် သက်မှတ်ရန် ကြိုးစားမှုကြောင့် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။

“နှီယာလောန်ရွာ၏ ဧရိယာ ၃ ပုံ ၁ ပုံသည် စည်ပင်ဧရိယာအဖြစ် သတ်မှတ်တယ်၊ ကျွန်ဆော်တို့ ခေါင်းဆောင်မရှိသလို ခံစားတယ်၊ အဲဒီအတွက် သက်ဆိုင်ရာဌာနကို ကျွန်တော်တို့ စာပို့ပေးပြီ၊ Tiphul ရွာဘက်မှ ဥပဒေမဲ့ လယ်ယာလုပ်ပြီး နေကြတယ်၊ အဲ့ဒီအတွက် ကျွန်တော်တို့ ၄ ကြိမ် သက်ဆိုင်ရာကို စာပို့ထားပေမယ့် တာဝန်ရှိသူဘက်မှ စာပြန်တာလည်းမရှိဘူး။ အဲဒါကြောင့် အခုလို ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေခြင်းဖြစ်တယ်။ အဲဒါကြောင့် ၀န်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဌ အနေနဲ့ အခုကျွန်တော် တင်ပြသမျှကို ဖြေရှင်းပေးရန် ခရစ်တော်နာမနဲ့ ပြောဆိုခြင်းဖြစ်သည်”ဟု နှီယာလောန် အုပ်ချုပ်ရေးမှုး ဦး Phir Mawng က The Chinland Post သတင်းဌာနသို့ ပြောသည်။

ဆက်ပြီး ဦး Phir Mawng က “ရွာတစ်ခုတည်းဘဲချန်ထားပြီးတော့ ရွာရဲ့အထက်ပိုင်းအားလုံးကို ဟားခါးမြို့၏ စည်ပင် ဧရိယာထဲတွင်ထည့်သွင်းသည်။ အဲဒါကြောင့် ကန့်ကွက်ရန် ပြင်ဆင်ခြင်းဖြစ်တယ်၊ ဘယ်ချိန်ဆန္ဒထုတ်ဖော်မယ်ဆိုတာတော့ မသိရသေးဘူး၊ ပြည်သူသိအောင် မီဒီယာများမှ တစ်ဆင့် အသိပေးမယ်။ အစိုးရကိုလည်း အသိမပေးရသေးဘူး၊ နှီယာလောန် ကျေးရွာသည် အိမ်ခြေ ၁၈၀ နှင့် လူဦးရေ ၇၀၀ ကျော်နေထိုင်သည့် ရွာဖြစ်ပြီး ကျူးကျော်နေထိုင်သူနှင့် ခြံ၊ မြေယာ လုပ်သူ အားလုံး ၉၀ ရှိကြောင်းသိရသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *