KYA သေဘာထားထုတ္ျပန္ခ်က္

KYA Statement January 24 on U Hawitin/KYA
သေဘာထားထုတ္ျပန္ခ်က္| ၂၀၂၀ခုႏွစ္၊ဇႏၷဝါရီလ(၂၄)ရက္| ခ်င္းျပည္နယ္၊ပလက္ဝၿမိဳ႕နယ္ အမွတ္(၁၁) အမ်ဳိးသားလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္းအား(AA) အဖြဲ႔မွ ၂၀၁၉ခုႏွစ္၊ႏိုဝင္ဘာလ(၃)ရက္ေန႔တြင္ မတရားဖမ္းဆီးျခင္းကို ခံခဲ့ရၿပီး၊ ဖမ္းဆီးထိန္းသိမ္းခ်ိန္ (၂)လႏွင့္(၁၇)ရက္ၾကာခဲ့သည္။ ၂၀၂၀ခုႏွစ္၊ဇႏၷဝါရီလ(၂၁)ရက္ အဂၤါေန႔တြင္ လြတ္ေပးခဲ့ၿပီး ညေန (၅း၃၀)အခ်ိန္ ပလက္ဝၿမိဳ႕ မိမိေနအိမ္သို႔ ေရာက္ရွိေနၿပီျဖစ္သည္ကို ခူမီးလူငယ္မ်ားအသင္းမွ ဝမ္းသာ ႀကိဳဆိုခဲ့သည္။
ဦးေဝွ႔တင္း လြတ္ေပးေရးႏွင့္ပါတ္သက္၍ အဖြဲ႔အစည္းႏွင့္လူပုဂၢိဳလ္ အသီးသီးတို႔၏ ဝုိင္းဝန္းကူ ညီေဆာင္ေပးသည့္အေပၚ အထူးေက်းဇူးတင္ရွိေၾကာင္း မွတ္တမ္းတင္အပ္ပါသည္။
AA အဖြဲ႔၏ ၂၀၂၀ခုႏွစ္၊ဇႏၷဝါရီလ(၂၁)ရက္စြဲ႔ျဖင့္ ထုတ္ျပန္သည့္ အမ်ဳိးသားျပန္လည္သင့္ျမတ္ ေရးကို လိုလားေသာေၾကာင့္ NLD လႊတ္ေတာ္အမတ္ ခူမီးအမ်ဳိးသား ဦးေဝွ႔တင္းအား ျပန္လည္လြတ္ေပး လိုက္ၿပီျဖစ္ေၾကာင္း အသိေပးရွင္းလင္းခ်က္ဟူေသာ အခ်က္မ်ားထဲမွ တစ္ခ်ဳိ႕ စကားလံုးအေရးအသား သည္ အမ်ဳိးဂုဏ္သိကၡာကိုထိခိုက္ေစသည့္ အေရးအသားအသံုးအႏႈန္းမ်ား ပါဝင္ေနျခင္းသည္ ခူမီး(ခ်င္း)လူမ်ဳိးမ်ား အေနျဖင့္ အလြန္ပင္ ဝမ္းနည္းရပါသည္။
ခူမီး(ခ်င္း)လူမ်ဳိးမ်ားအား ရခိုင္မ်ဳိးႏြယ္စုဟု ရည္ရြယ္ခ်က္ရွိရွိ ထည့္သြင္းေဖာ္ျပျခင္းႏွင့္ရခိုင္ျပည္ လြတ္ေျမာက္ေရးတိုက္ပြဲဆင္ႏြဲ႕ေနသည့္လမ္းစဥ္တြင္ ပူးေပါင္းပါဝင္ေစသည့္ ထည့္သြင္းေဖာ္ျပျခင္း သည္ အမ်ဳိးဂုဏ္သိကၡာကို ထိခိုက္ေစသလို၊အထင္အျမင္လြဲမွားမႈတို႔ကို ျဖစ္ေစႏိုင္ေသာေၾကာင္း(လံုးဝ) မသင့္ေတာ္ေၾကာင္း အသိေပးသလို၊ ၎ေဖာ္ျပခ်က္တို႔ကို ခူမီးလူငယ္မ်ားအသင္း(Khumi Youth Association-KYA)မွ ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း ထုတ္ျပန္လိုက္သည္။
ခူမီးလူငယ္မ်ားအသင္း(KYA)
ပလက္ဝၿမိဳ႕နယ္၊ခ်င္းျပည္နယ္
သဘောထားထုတ်ပြန်ချက်
၂၀၂ဝခုနှစ်၊ဇန္နဝါရီလ(၂၄)ရက်
ချင်းပြည်နယ်၊ပလက်ဝမြို့နယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအား(AA) အဖွဲ့မှ ၂၀၁၉ခုနှစ်၊နိုဝင်ဘာလ(၃)ရက်နေ့တွင် မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ ဖမ်းဆီးထိန်းသိမ်းချိန် (၂)လနှင့်(၁၇)ရက်ကြာခဲ့သည်။ ၂၀၂ဝခုနှစ်၊ဇန္နဝါရီလ(၂၁)ရက် အင်္ဂါနေ့တွင် လွတ်ပေးခဲ့ပြီး ညနေ (၅း၃၀)အချိန် ပလက်ဝမြို့ မိမိနေအိမ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို ခူမီးလူငယ်များအသင်းမှ ဝမ်းသာ ကြိုဆိုခဲ့သည်။
ဦးဝှေ့တင်း လွတ်ပေးရေးနှင့်ပါတ်သက်၍ အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ် အသီးသီးတို့၏ ဝိုင်းဝန်းကူ ညီဆောင်ပေးသည့်အပေါ် အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
AA အဖွဲ့၏ ၂၀၂ဝခုနှစ်၊ဇန္နဝါရီလ(၂၁)ရက်စွဲ့ဖြင့် ထုတ်ပြန်သည့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို လိုလားသောကြောင့် NLD လွှတ်တော်အမတ် ခူမီးအမျိုးသား ဦးဝှေ့တင်းအား ပြန်လည်လွတ်ပေး လိုက်ပြီဖြစ်ကြောင်း အသိပေးရှင်းလင်းချက်ဟူသော အချက်များထဲမှ တစ်ချို့ စကားလုံးအရေးအသား သည် အမျိုးဂုဏ်သိက္ခာကိုထိခိုက်စေသည့် အရေးအသားအသုံးအနှုန်းများ ပါဝင်နေခြင်းသည် ခူမီး(ချင်း)လူမျိုးများ အနေဖြင့် အလွန်ပင် ဝမ်းနည်းရပါသည်။
ခူမီး(ချင်း)လူမျိုးများအား ရခိုင်မျိုးနွယ်စုဟု ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းဖော်ပြခြင်းနှင့်ရခိုင်ပြည် လွတ်မြောက်ရေးတိုက်ပွဲဆင်နွဲ့နေသည့်လမ်းစဉ်တွင် ပူးပေါင်းပါဝင်စေသည့် ထည့်သွင်းဖော်ပြခြင်း သည် အမျိုးဂုဏ်သိက္ခာကို ထိခိုက်စေသလို၊အထင်အမြင်လွဲမှားမှုတို့ကို ဖြစ်စေနိုင်သောကြောင်း(လုံးဝ) မသင့်တော်ကြောင်း အသိပေးသလို၊ ၎င်းဖော်ပြချက်တို့ကို ခူမီးလူငယ်များအသင်း(Khumi Youth Association-KYA)မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။
ခူမီးလူငယ်များအသင်း(KYA)
ပလက်ဝမြို့နယ်၊ချင်းပြည်နယ်