MMA ပြိုင်ပွဲတွင် ချင်းကစားသမားသစ် Tial Cung Thang နှင့် ကမ္ဘောဒီးယား နိုင်ငံသား ယှဉ်ပြိုင်ထိုးသတ်မည်

0

The Chinland Post| 2019 February 9| ၂၀၁၉ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင် ကျင်းပမည့် ဘက်စုံသုံးကိုယ်ခံပညာ ခေါ် MAA ပြိုင်ပွဲတွင် ချင်းကစားသမားသစ် Tial Cung Thang (တီာလ်ထန်) နှင့် ကမ္ဘောဒီးယား နိုင်ငံသား Rin Saroth တို့ ယှဉ်ပြိုင်ထိုးသတ်ရန် One Championship က အတည်ပြုလိုက်ပြီးဟု  သိရသည်။

Tial Cung Thang သည် MMA ခေါ် ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲတွင် ပထမဦးဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည့် ချင်းလူမျိုး ကစားသမား ဖြစ်လာမည်ဖြစ်သည်။

“လာမယ့် ၂၀၁၉ ခုနှစ် မတ်လ (၈)ရက်နေ့မှာ ကျွန်တော် အပါဝင် ဖိုးသော်ရယ်,  အန်တိုနီယာ တို့က မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ သုဝဏ္ဏ အားကစားကွင်းမှာ ပါဝင်ထိုးသတ်မှာ ဖြစ်ပါတယ်။ မြန်​မာ​ပြည်​ရောက်​ဖို့ (၂၈)ရက်​ နဲ့ (၁၀)နာရီ ဘဲလို့ပါ​တော့တယ်​။ ကျွန်​​တော်​ မြန်​မာပြည်​က ပရိသတ်​ ​တွေနဲ့ ​တွေ့ရဖို့လ​ည်း ​​အရမ်းစိတ်​လှုပ်​ရှား​ နေပါပြီ။ မြန်မာပရိသတ်တွေ ဂုဏ်ယူစေနိုင်လောက်တဲ့ ရလာဒ်မျိုး ပေါ်ထွက်လာဖို့ ကြိုးစားနေကြတာမို့ အားပေးကြဖို့ မျော်လင့်ပါတယ်” ဟု Tial Cung Thang က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖေဖော်ဝါရီ (၈) နေ့တွင် ရေးသားထားသည်။

 

 “MMA မှာ ၀င်တာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာဖို့ရည်မှန်းထားပါတယ်။ MMA မှာ ကျွန်တော့အနေနဲ့ အနိုင်ရရှိမှု မှတ်တမ်း တစုံတခုမှ ပြောစရာမရှိသေးပါဘူး။ အခုပြင်ဆင်မှုက ကောင်းပါတယ်။ မိသားစုနဲ့ ခွဲပြီး တခြားနေရာမှာ လေ့ကျင့် မှုလုပ်နေပါတယ်။ ကျွန်တော်လေ့ကျင့်ဖော်တွေက တော်တော် တောင့်တဲ့သူတွေဖြစ်တယ်။ သူတို့နဲ့လေ့ကျင့်ရတာ အများကြီး ယုံကြည်စိတ်ချမှုရှိတယ်။ ဘုရားသခင် လမ်းပြမှုကြောင့် ဒီတခါပွဲမှာ အနိုင်ရလိမ့် မယ်လို့ ယုံကြည်တယ်။ ဒီပွဲဟာ ကျွန်တော့အတွက် ပွဲဦးထွက် ပွဲစဉ်ဖြစ်နေတော့ အားလုံး ဆုတောင်းပေးမှု၊ အားပေးမှု လိုချင်တယ်” ဟု Tial Cung Thang က The Chinland Post သတင်းဌာနသို့ ပြောသည်။

Tial Cung Thang နှင့် ယဉ်ပြိုင်မည့် ကမ္ဘောဒီးယားနိုင်ငံသား Rin Saroth သည် MMA ပြိုင်ပွဲတွင် ၅ ကြိမ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးသူဖြစ်ရာ ၂ ကြိမ်အနိုင်ယူကာ ၃ ကြိမ်ရှူံးနိမ့်ထားသည်။ Rin Saroth သည် အသက် ၂၅နှစ်၊ အရပ် ၅ပေ၊ ၆လက်မမြင့်ပြီး ကိုယ်အလေးချိန်  ၁၄၃ပေါင် ရှိကြောင်း သိရသည်။

Tial Cung Thang သည် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ဒုတိယပတ်တွင် MMA ပြိုင်ပွဲကျင်းပသူ Singapore အခြေစိုက် One Championshipနှင့် နှစ်ဖက်သဘောတူ စာချူပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Tial Cung Thang သည် Bantamweight မှာ ယှဉ်ပြိုင်ထိုးသတ်ပြီးတော့ တနေ့နေ့၊ တချိန်ချိန်တွင် ကမ္ဘာ့ချန်ပီယံဖြစ်လာမည် ဟု ယုံကြည်ကြေင်း MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း ကမှတ်ချက်ပေးခဲ့သည်။

Tial Cung Thang သည် ယခုလက်ရှိတွင် အမေရိကန်ပြည်ထောင်စု ဖလော်ရိဒါပြည်နယ်တွင် မိသားစုနှင့်အတူနေထိုင်လျက်ရှိပြီး USA နပန်းပွဲတွင် New York State ချန်ပီယံနှစ်ကြိမ် ရရှိဖူးသည်။

ထို့အပြင် BJJ Brazilian Jujitsu မှာလည်း Blue ခါးပတ်ရရှိဖူးကြောင်း သိရှိရပြီး ချင်း နပန်းပြိုင်ပွဲ (Chin Wrestling ခေါ် Laipaih) တွင်လည်း ၅ကြိမ် ချန်ပီယံ ရရှိသူဖြစ်သည်။

Tial Cung Thang သည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နေ ဦးသောခ့်ကျဲမ်နှင့် ဒေါ်မန်စီးမှ ၁၉၉၄ ခုနှစ်တွင် မွေးဖွားပြီး၂၀၀၅ခုနှစ်တွင် မလေးရှားနိုင်ငံရောက်ရှိကာ ၂၀၀၇ခုနှစ်တွင် Syracuse, New York, USA သို့ရောက်ရှိကြောင်း သိရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: