ပလက်ဝမြို့မရဲစခန်းအချုပ်အတွင်း ချင်းအမျိုးသမီးမုဒိမ်းကျင့်စဉ် မျက်မြင်တွေ့သူ ရဲတပ်ကြပ်အား မတူပီ ရဲစခန်းပို့

0

Paletwa, Chin State

Salai Josephbawi| TCP-Hakha| 2020 December 2| ချင်းပြည်နယ် ပလက်ဝမြို့မရဲစခန်းတွင် အချုပ်ကျနေသည့်ချင်းအမျိုးသမီးတစ်ဦး(၃၀)ခန့်အား ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ(၂၈)ည ၄း၃၀နာရီခွဲတွင် ရဲကင်းစောင့် တပ်ကြပ်တစ်ဦး(၅၀)ဝန်းကျင်မှ မုဒိမ်း ပြုကျင့်စဉ် မျက်မြင်ကိုယ်တွေ့ မြင်သူ ရဲတပ်ကြပ်တစ်ဦးအား အကြောင်းပြချက်မရှိဘဲ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်တွင် နုတ်မိန့်ဖြင့် မတူပီရဲစခန်းသို့ပြောင်းရွေ့လိုက်သည်ဟု သိရသည်။

“ကျနော် ၄း၀၀နာရီကနေ နိုးနေပြီ အိပ်လို့မရဘူး။ သူတို့အသံကြားတာနဲ့သွားကြည့်တော့ အဲ့လူပဲ ဖြစ်နေတယ်။ ဖြစ်စဉ်ကို မနေ့ပိုင်းမှာ အချင်းချင်းပြောပြတော့ ပြုကျင့်ခံရသူနဲ့တော်စပ်သူ ခူမီးရဲ တစ်ဦးလဲပါတော့ မခံနိုင်ပဲပြောဆိုကြတော့တာပေါ့။ စခန်းမှူးကလဲ အကုန်စစ်တယ် မြင်တဲ့အတိုင်း ပြောပါတယ်။ ဘယ်လိုနဲ့ အပြင်သတင်းရောက်လဲတိုတာ မသိတော့ဘူး။ ကျတော့်ကိုလည်း အကြောင်းမရှိဘဲ ဒီဇင်ဘာ (၁)ရက်မှာ ဆမီးကနေမတူပီရဲစခန်းပို့ဖို့ စီစဉ်နေကြောင်း၊ မိသားစုအတွက် စိတ်ပူရကြောင်း”ဟု မျက်မြင်တွေ့ရှိသူနဲ့တိုက်ရိုက်ပြောဆိုချက်ကို အမည်မဖော်လိုသူ တစ်ယောက်က ချင်းလဲန်းပို့စ်ကို ပြောသည်။

“သူ့ကို ဘာကြောင့် မတူပီရဲစခန်းပို့လည်းမသိရဘူး။ တရားဝင်ပြောင်းရွေ့စာလည်း မရှိဘူး။ ပြုကျင့်သူ ရဲတပ်ကြပ်က ရခိုင်သားဖြစ်တော့ တစ်ခုခုဖြစ်မှာ စိုးရိမ်ပုံရတယ်။ ဒါမှမဟုတ် အမှန်တရားကို ဖုံးကွယ်ချင်တဲ့ သဘောလားလို့ ဒေသခံမှာ ပြောကြတာပဲ။ “ အမည်မဖော်လိုပလက်ဝဒေသခံတစ် ယောက်ကပြောသည်။

“ကျမတို့ချင်းအမျိုးသမီးအဖွဲ့ (ပလက်ဝ)တွေကလည်း လှုပ်ရှားနေကြပါတယ်။ တိတိကျကျဆုံးဖြတ် ထားတာတော့မရှိသေးပေမယ့် တရားဥပဒေလမ်းကြောင်းအရ ဖော်ထုတ်ပြီး အရေးယူပေးဖို့ကိုတော့ လိုလားကြပါတယ်”လို့  Chin Women Organization (Paletwa) Secretary Daw Aung Mah Phyu က ချင်းလဲန်းပို့စ်သတင်းဌာနကို ပြောသည်။

“သူမက ဦးနှောက်အာရုံကြောချို့ယွင်းသူ မသန်စွမ်းအမျိုးသမီးပါ။ ဆရာဝန်က (၆)လတစ်ကြိမ်ဆေးထိုးဖို့ ညွန်ကြားထားတာဖြစ်ပြီး ဆေးပြလတ်တာရယ် လုံခြုံရေးအရ ဆေးထိုးဖို့ ပလက်ဝသွားလို့မရသည့်အချိန်မှာ သူ့ကလေးကို ထိုးကြိတ်မိပြီး သေဆုံးစေမှုဖြင့် ပလက်ဝမြို့မရဲစခန်းမှာ ထောင်ကျနေ တာဖြစ်ကြောင်း” ဆက်ပြောသည်။

ပြုကျင့်ခံရသူအမျိုးသမီး(၃၀)ခန့်သည် ပလက်ဝမြို့နယ်၊ အောက်ဖလိုင်သူဖြစ်ပြီး ၂၀၂၀ခုနှစ်၊ သြဂုတ်လ (၇)ရက်တွင် ဦးနှောက်ရောဂါဝေဒနာ ဖောက်ပြန်ပြီး သူ့ကလေး (၂)နှစ်သားအရွယ်ကို သတ်ဖြတ်မှုဖြင့် ပလက်ဝမြို့မရဲစခန်းတွင် ထိန်းသိမ်းခံရသူဖြစ်သည်။

ဒီကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝရဲစခန်းဒုရဲစခန်းမှူးမှ မဟုတ်မမှန်သတင်းအဖြစ် ငြင်းဆိုကြောင်း သိရှိရပေမယ့် ချင်းလဲန်းပို့စ်မှ တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းမရှိသေးပါ။

ယင်းဖြစ်စဉ်လိုမျိုးကိုလည်း နိုင်ဝင်ဘာ (၁ရ)ရက်နေ့ ဆမီးစစ်ဘေးရှောင်စခန်းနေထိုင်သူ အောက်သဲမဝကျေးရွာသူ မသန်စွမ်းအမျိုးသမီး(၂၃)နှစ်ကိုလည်း စစ်ဘေးရှောင်စခန်းအတူနေထိုင်သူ ရခိုင်အမျိုးသား(၄၀)နှစ်က မုဒိမ်းပြုကျင့်ခြင်းခံရပြီး တရားဥပဒေအရ အမှုမဖွင့်သေးဘဲ ရှိနေသည်ဟု သိရှိရသည်။

 

 

Zawygi

ပလက္၀ျမိဳ႕မရဲစခန္းအခ်ဳပ္အတြင္း ခ်င္းအမ်ဳိးသမီးမုဒိမ္းက်င့္စဥ္ မ်က္ျမင္ေတြ႔သူ ရဲတပ္ၾကပ္အား မတူပီ ရဲစခန္းပုိ႔

ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕မရဲစခန္းတြင္ အခ်ဳပ္က်ေနသည့္ခ်င္းအမ်ဳိးသမီးတစ္ဦး(၃၀)ခန္႔အား ၂၀၂၀ခုနွစ္၊ နုိ၀င္ဘာ(၂၈)ည ၄း၃၀နာရီခြဲတြင္ ရဲကင္းေစာင့္ တပ္ၾကပ္တစ္ဦး(၅၀)၀န္းက်င္မွ မုဒိမ္း ျပဳက်င့္စဥ္ မ်က္ျမင္ကုိယ္ေတြ႔ ျမင္သူ ရဲတပ္ၾကပ္တစ္ဦးအား အေၾကာင္းျပခ်က္မရွိဘဲ ၂၀၂၀ခုနွစ္၊ ဒီဇင္ဘာလ (၁)ရက္တြင္ နုတ္မိန္႔ျဖင့္ မတူပီရဲစခန္းေျပာင္းေရြ႕လုိက္သည္ဟု သိရသည္။

“က်ေနာ္ ၄း၀၀နာရီကေန နုိးေနျပီ အိပ္လုိ႔မရဘူး။ သူတုိ႔အသံၾကားတာနဲ႔သြားၾကည့္ေတာ့ အဲ့လူပဲ ျဖစ္ေနတယ္။ ျဖစ္စဥ္ကုိ မေန႔ပုိင္းမွာ အခ်င္းခ်င္းေျပာျပေတာ့ ျပဳက်င့္ခံရသူနဲ႔ေတာ္စပ္သူ ခူမီးရဲ တစ္ဦးလဲပါေတာ့ မခံနုိင္ပဲေျပာဆုိၾကေတာ့တာေပါ့။ စခန္းမွဴးကလဲ အကုန္စစ္တယ္ ျမင္တဲ့အတုိင္း ေျပာပါတယ္။ ဘယ္လုိနဲ႔ အျပင္သတင္းေရာက္လဲတုိတာ မသိေတာ့ဘူး။ က်ေတာ့္ကုိလည္း အေၾကာင္းမရွိဘဲ ဒီဇင္ဘာ (၁)ရက္မွာ ဆမီးကေနမတူပီရဲစခန္းပုိ႔ဖုိ႔ စီစဥ္ေနေၾကာင္း၊ မိသားစုအတြက္ စိတ္ပူရေၾကာင္း”ဟု မ်က္ျမင္ေတြ႔ရွိသူနဲ႔တုိက္ရုိက္ေျပာဆုိခ်က္ကုိ အမည္မေဖာ္လုိသူ တစ္ေယာက္က ခ်င္းလဲန္းပုိ႔စ္ကုိ ေျပာသည္။

“သူ႔ကုိ ဘာေၾကာင့္ မတူပီရဲစခန္းပုိ႔လည္းမသိရဘူး။ တရား၀င္ေျပာင္းေရြ႕စာလည္း မရွိဘူး။ ျပဳက်င့္သူ ရဲတပ္ၾကပ္က ရခုိင္သားျဖစ္ေတာ့ တစ္ခုခုျဖစ္မွာ စိုးရိမ္ပုံရတယ္။ ဒါမွမဟုတ္ အမွန္တရားကုိ ဖုံးကြယ္ခ်င္တဲ့ သေဘာလားလုိ႔ ေဒသခံမွာ ေျပာၾကတာပဲ။ “ အမည္မေဖာ္လုိပလက္၀ေဒသခံတစ္ ေယာက္ကေျပာသည္။

“က်မတုိ႔ခ်င္းအမ်ဳိးသမီးအဖြဲ႔ (ပလက္၀)ေတြကလည္း လွဳပ္ရွားေနၾကပါတယ္။ တိတိက်က်ဆုံးျဖတ္ ထားတာေတာ့မရွိေသးေပမယ့္ တရားဥပေဒလမ္းေၾကာင္းအရ ေဖာ္ထုတ္ျပီး အေရးယူေပးဖုိ႔ကုိေတာ့ လုိလားၾကပါတယ္”လုိ႔ Chin Women Organization (Paletwa) Secretary Daw Aung Mah Phyu က ခ်င္းလဲန္းပို႔စ္သတင္းဌာနကုိ ေျပာသည္။

“သူမက ဦးေနွာက္အာရုံေၾကာခ်ဳိ႕ယြင္းသူ မသန္စြမ္းအမ်ဳိးသမီးပါ။ ဆရာ၀န္က (၆)လတစ္ၾကိမ္ေဆး ထုိးဖုိ႔ ညြန္ၾကားထားတာျဖစ္ျပီး ေဆးျပလတ္တာရယ္ လုံျခဳံေရးအရ ေဆးထုိးဖုိ႔ ပလက္၀သြားလုိ႔မရ သည့္အခ်ိန္မွာ သူ႔ကေလးကုိ ထုိးၾကိတ္မိျပီး ေသဆုံးေစမွုျဖင့္ ပလက္၀ျမိဳ႕မရဲစခန္းမွာ ေထာင္က်ေန တာျဖစ္ေၾကာင္း” ဆက္ေျပာသည္။

ျပဳက်င့္ခံရသူအမ်ဳိးသမီး(၃၀)ခန္႔သည္ ပလက္၀ျမိဳ႕နယ္၊ ေအာက္ဖလုိင္သူျဖစ္ျပီး ၂၀၂၀ခုနွစ္၊ ၾသဂုတ္လ (၇)ရက္တြင္ ဦးေနွာက္ေရာဂါေ၀ဒနာ ေဖာက္ျပန္ျပီး သူ႔ကေလး (၂)နွစ္သားအရြယ္ကုိ သတ္ျဖတ္မွုျဖင့္ ပလက္၀ျမိဳ႕မရဲစခန္းတြင္ ထိန္းသိမ္းခံရသူျဖစ္သည္။

ဒီကိစၥနွင့္ပတ္သက္ျပီး ပလက္၀ရဲစခန္းဒုရဲစခန္းမွဴးမွ မဟုတ္မမွန္သတင္းအျဖစ္ ျငင္းဆုိေၾကာင္း သိရွိရေပမယ့္ ခ်င္းလဲန္းပုိ႔စ္မွ တုိက္ရုိက္ဆက္သြယ္နုိင္ျခင္းမရွိေသးပါ။

ယင္းျဖစ္စဥ္လုိမ်ဳိးကုိလည္း နုိင္၀င္ဘာ (၁ရ)ရက္ေန႔ ဆမီးစစ္ေဘးေရွာင္စခန္းေနထုိင္သူ ေအာက္သဲမ၀ေက်းရြာသူ မသန္စြမ္းအမ်ဳိးသမီး(၂၃)နွစ္ကုိလည္း စစ္ေဘးေရွာင္စခန္းအတူေနထုိင္သူ ရခုိင္အမ်ဳိးသား(၄၀)နွစ္က မုဒိမ္းျပဳက်င့္ျခင္းခံရျပီး တရားဥပေဒအရ အမွဳမဖြင့္ေသးဘဲ ရွိေနသည္ဟု သိရွိရသည္။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: