Pi Lalhmangaihzuali Interview on Women Participation in Peace Process

0

Pi Lalhmangaihzuali@Pi Teii/facebook

ချင်းအမျိုးသားတပ်ဦး ဗဟိုကော်မီတီဝင်၊ ချင်းအမျိုးသားတပ်ဦးအမျိုးသမီးကော်မတီဥက္ကဌ ပီးလားမှားနေ့ရွာလ်အီးနှင့် The Chinland Post တွေ့ဆုံ မြေးမန်းခြင်း။

၁။ မင်္ဂလာပါ။ မထမဆုံး ကိုယ့်ဟာကိုယ်ပြန်မိတ်ဆက်ပေးလို့ရမလား။
ပီးလားမှနေရွာလ်အီး- ကျမက ပီးလားမှနေရွားအီး၊ ပီးသေအီးလို့ခေါ်တာများပါတယ်။ လက်ရှိကတော့ ဗဟိုကော်မတီဝင်တယောက်အနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

၂။ ချင်းအမျိုးသားတပ်ဦးမှာ ဘယ်လိုပုံစံနှင့် ဝင်လာခဲ့သလဲ။ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ CNF အခန်းကဏ္ဍနှင့် ချင်းအမျိုးသမီးတွေရဲ့အခန်းဏ္ဍပြောပေးနိုင်မလား။
ပီးလားမှနေရွာလ်အီး – ကျမကဘယ်လိုနဲ့ CNF ဝင်လာလဲဆိုတော့ CNF member မဝင်ခင်ကတည်းက ကိုယ့်ရဲ့တတ်နိုင်တဲ့ နည်းလမ်းကနေ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်လူမျိုးအတွက် နေရာဒေသကနေ တတ်နိုင်သလောက်တော့ ကိုယ်လည်းပါဝင်ခဲ့တယ်ပေါ့။ နောက်ပိုင်းကျတော့ ကျမတို့အနေနဲ့ CNF ကလွဲလို့ရှိရင် ဒီလုပ်ငန်းဟာ ဆက်လုပ်လို့ကအဆင်မပြေလို့လည်း ဖြစ်တယ် CNFနဲ့ဆိုရင် member မဖြစ်ခင်ကတည်းက အတူတူလက်တွဲပြီးတော့ အလုပ်လုပ်လာတယ်ဖြစ်ခဲ့တယ် ဆိုတော့ ကျမတို့ဟာ CNFမှ ထဲထဲဝင်ဝင်ပါဝင်နိုင်မှသာလျင် ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) သွားနိုင်မှာ ဖြစ်တာအတွက်လည်းပါဝင်တယ်။

၃။ ငြိမ်းချမ်းရေးဖော်ဆောင်သည့်အခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့အခြေအနေဘယ်အဆင့်ရောက် နေပြီးလဲ။ နိုင်ငံတကာအတွေ့အကြုံ၊ သင်တန်း၊ လေ့လာရေးခရီးတွေလည်းထွက်နေကြတယ်ဆိုတော့ ဘာတွေသင်ယူတိုးတက်နေတာလဲ သိချင်ပါတယ်။
ပီးလားမှနေရွာလ်အီး- ဟုတ်ကဲ့ကျမတို့ CNFအမျိုးသမီးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီး ပါဝင်မှု နည်းပါးတာက အမှန်ပါပဲ။ အဲဒါထဲမှာမှ ဘာဖြစ်လို့ အမျိုးသမီးတွေနည်းပါးတယ်လို့ ပြောရ မယ်ဆိုရင်တော့ ကျမတို့ အမျိုးသားသည်ကို အပြစ်တင်ပြောတာတော့မဟုတ်ဘူး ကျမတို့ အမျိုးသမီး ကိုယ်တိုင်ကလည်း ပေးဆပ်မှုနည်းတာ လည်းဖြစ်နိုင်တယ်။ တစ်ဖက်တလမ်းကနေ ကျမတို့ရဲ့ ခေါင်း ဆောင်လို့ပြောရမလား ကျမတို့ CNFလူကြီးများ ကလည်း လက်တွဲမခေါ်နိုင်သေးတာလည်းဖြစ်မယ်။ အခြေအနေအမျိုးအမျိုးကြောင့်လည်းဖြစ်နိုင်တာပေါ့။ ဆိုတော့ ကျမတို့အမျိုးသမီးတွေမှာ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ ပါဝင်တာတော့ နည်းလှပါတယ်လို့ ကျမခံယူတယ်။

Pi Teii le Pi Lengkee nih CNF Camp Nu pawl Cawnpiak/Pi Leng Kee

၄။ ချင်းအမျိုးသမီးတွေက ငြိမ်းချမ်းရေးမှာပါဝင်တဲ့အင်အားနည်းတယ်လို့သိရတယ်။ ဘာအရာက အမျိုး သမီးပါဝင်မှုနည်းစေသလဲလို့ထင်ပါသလဲ။
ပီးလားမှနေရွာလ်အီး- အဲဒါက ကျမအနေနဲ့တော့ အမျိုးသားတွေက အမျိုးသမီးတွေကို လုပ်တတ်မှ ညှိမှ ဝင်ရမယ်ဆိုတာမျိုးဆိုရင်တော့ နည်းမယ်။ သူတို့က မတတ်ရင်လည်း သူတို့ လက်တွဲခေါ် သွားမယ် အမျိုးသမီးအင်အားစုလိုနေတယ်။ အမျိုးသမီးစွမ်းဆောင်မှုလိုအပ်တယ်ဆိုရင် အမျိုးသား သည်က တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ သူတို့က သင်ပေးပြီးတော့ လက်တွဲခေါ်သွား မယ်ဆိုရင်တော့ သူတို့ များများ ပါလာမယ်လို့ ထင်တယ်။ လောလောဆယ်တော့ သိပ်ပြီးတော့ အမျိုးသမီးများကို လက်တွဲမခေါ်တာတွေရှိတယ်လို့ ကျမခံယူတယ်။

၅။ တချို့ပြောနေတာက အမျိုးသမီးတွေမှာ နိုင်ငံရေးနဲ့ အမျိုးသားရေးစတဲ့ နိုင်ငံရေးအသိတရား မြှင့်တင်ရေးအားနည်းလို့ပြောကြတယ်။ ဒါတွေဟာကော ဖြစ်နိုင်သလား။
ပီးလားမှနေရွာလ်အီး- ကျမတို့ ချင်းသည်ဆိုလို့ရှိရင် ချင်းသည်မှာလည်းပဲ မြို့ပေါ်ရောက်သွားသည့် လူတော်တော်များများပါတယ်။ ရန်ကုန်တို့ ဘာတို့ပေါ့။အဲ့ဒီမှာလည်း အမျိုးသမီးများများကတော့ မသိတာ တော်တော်များ အုံးမယ်လို့ ကျမထင်တယ်။ ပြီးတော့ ချင်းပြည်နယ်မှာတော့ ပိုဆိုးအုံး မယ်လို့ထင်တယ်ပေါ့။ ကျမတို့ဘာလုပ်သင့်လဲ အမျိုးသားသည်ဘာလုပ်သင့်သလဲဆိုရင် အမျိုးသမီးတွေကို များများ အဲဒီ တော်လှန်ရေးပိုင်းတို့ နိုင်ငံရေးပိုင်းတို့ များများလည်း awareness ဘာလေးတော့ လုပ်ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ ကိုယ့်ကိုယ်တိုင်မှ မသိဘူးဆိုရင် ကျမဘာလုပ်မလဲဆိုတာ သူတို့စိတ်ထဲမှာ ရှိချင်မှရှိမှာပေါ့၊ နားလည်မှသာလျှင် သူတို့နိုင်ငံရေး အရေးကြီးတဲ့အကြောင်း၊ ငြိမ်းချမ်းရေးအရေးကြီးဆိုတဲ့အကြောင်း များများပြောနိုင်မှ အမျိုးသမီး တွေက များများ ပါဝင်နိုင်မယ်လို့ပဲ ကျမထင်တယ်။

၆။ တကယ်လို့များ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လုပ်ငန်းတွေမှာ အမျိုးသမီးတွေက ထိပ်ပိုင်းက တာဝန်ယူ ရင်ပိုမြန်ဆန်မလား
ပီးလားမှနေရွာလ်အီး-ကျမထင်တာကတော့ အမျိုးသမီးပေါ့နော်ပါဝင်နိုင်မယ်ဆိုရင်တော့ အမျိုးသမီး တွေမှာ ပါဝါအများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့မှာပေါ့ အားလုံးတော့မဆိုလိုဘူး ထက်မြတ်တဲ့အမျိုးသမီးအများကြီးရှိတယ်၊ ကျမတို့ချင်းမှာ။ ဆိုတော့ အမျိုးသမီးတွေပြောတာဆိုတာ အစစအရာရာပေါ့နော် အရေးပါတယ်လို့ကျမထင်တယ်။ ထိပ်တန်းမှာရှိခဲရင်လည်း ပိုအဆင် ပြေမလားလို့လဲ။

၇။ ဆရာမကအိန္ဒိယနိုင်ငံမှာ ကြီးပင်းခဲ့တယ်လို့သိရတယ်။ သူတို့ မီဇိုရမ်မှာ အရပ်ဖက်အဖွဲ့အစည်းတွေ အရမ်းအားကောင်းခဲ့တယ်။ မြန်မာနိုင်ငံအခြေအနေ ကကော ဘာကြောင့် အခုထိအားမကောင်း နိုင်ခဲ့သလဲ။
ပီးလားမှနေရွာလ်အီး – ကျမတို့ လူမှုအဖွဲ့အစည်းကနေပြောမယ်ဆိုရင်ပေါ့နော် မိဇိုရမ်ကို အရင် ပြောလိုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ မကြီးပြင်းခဲ့တယ်လို့တော့ မဟုတ်ဘူး နှစ်ပေါင်း (၂၀)ကျော်တော့ မီဇိုရမ်မှာနေခဲ့တယ်ပေါ့ သူတို့ရဲ့လုပ်ရပ်တွေကြည့်တော့ တော်တော့ အားရ စရာကောင်းတယ်။ သဘောမှာ Young Mizo Association (YMA) ရှိမယ်။ Mizo Zirlai Pawl (MZP), Mizo Student Union (MSU) တွေလည်းရှိတယ်။ တစ်ခုခုဖြစ်ပြီဟေ့ဆိုရင် လူငယ်တွေဟာ တစ်ယောက်မှမကျန် ပါဝင်ကြတယ်။ ဆိုတော့ နိုင်ငံရေးအနေနဲ့ သူတို့လုပ်နိုင်တာကလည်း အမှန်က သူတို့ ပြည်နယ်အုပ်ချုပ်ရေးကကောင်းလာပြီဆိုတော့ လွတ်လပ်မှုရှိလို့လာ၊ ထိန်းချုပ်မယ့်သူမရှိလို့လာ ဒါကြောင့်များ ကောင်းသလား ကျမလည်းမပြောတတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ စိတ်ရင်းကိုယ်က ကိုယ့်လူမျိုးကို ကာကွယ်ချင်တဲ့စိတ်ဓါတ်ပေါ့နော် မီဇိုလာမထိနဲ့ ဆိုတဲ့သဘောမျိုး ကိုယ့်မီဇိုဆိုရင် တစ်ခုခုဖြစ်ပြီဟေ့ဆိုရင် ဒီမီဇိုတစ်ယောက်ကို ဒုက္ခရောက်ပြီးဆိုရင် သူတို့လူငယ်တွေ မနေတတ်ကြဘူး တစ်ယောက်မှ လက်ပိုက်မကြည့်ကြဘူး။ သူတို့ဟာ စည်းရုံးရေးကောင်းတယ်၊ unity တအားကောင်း တယ် ကျမအမြင်ပေါ့။ ဘာဘဲဖြစ်နေနေ YMA အလုပ်လုပ်မယ်ဟေ့ဆိုရင် တစ်ယောက်မကျန်ပါဝင်ကြ တယ်။ ကိုယ့်အလုပ်တောင်မှထားခဲ့ပြီးတော့ သူတို့အဖွဲ့မှာ အလုပ်လုပ်ကြတယ်ထင်တယ်။ ကျမတို့ အနေနဲ့လည်း အဲဒါကိုသင်စေချင်တယ်တာပေါ့။ အခုလူငယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေဖြစ် ဖြစ်ပေါ့နော်။ ပြည်တွင်းဖက်ကျတော့ ကျမပြောရင်မှားမလားမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ကိုယ်တိုင်မြို့နယ်တိုင်းလည်းမသွားနိုင်ဘူးပေါ့နော်။ ကျမပြောလို့လည်း သူများစိတ်ထိခိုက်မ လားဆိုတာလည်းရှိတာပေါ့။ ဒါပေမယ့် ကျမမြင်တာကတော့ နည်းနည်းကတော့လိုသေးတယ်။ ဘာလို့လည်းဆိုတော့ လူငယ်ဆိုတာ အနာဂတ်ခေါင်းဆောင်တွေဖြစ်နေတယ်။ လူငယ်ဖြစ် နေတဲ့အချိန်မှာ အရပ်ဘက်အဖွဲ့ပဲဖြစ်ဖြစ် ကျောင်းသားလူငယ်ပဲဖြစ်ဖြစ် ကိုယ့်စိတ်ဓါတ်မှာ ကိုယ့်ရဲ့တိုင်းပြည်အတွက်၊ ကိုယ့်လူမျိုးဆိုတာတွေကို မြဲမြဲမှတ်နိုင်မှ ကိုယ်သင်ယူတဲ့ပညာကို ဒီတိုင်းပြည်အတွက် ဒီလူမျိုးအတွက် ဆိုတဲ့စိတ်ဓါတ်နဲ့ ကျမတို့ ချင်းလူမျိုးတွေဟာ စိတ်အကြွင်း မဲ့လုပ်ကြရင် တော်တော်အောင်မြင်သွားမယ်လို့ထင်တယ်။ တစ်ခုနည်းနည်းတော့ အားနည်းတယ်လို့မြင်တယ်။ တစ်ခါတစ်ခါတော့ ချီးကျုးပါတယ် ကိုယ့်လူငယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ သို့သော်လည်း သူများနဲ့နှုိုင်းကြည့်ရင် ဘယ်ခေါ်မလဲ နည်းနည်းနောက်ကောက်ကျသေးတယ်လို့ထင်တယ်။

၈။ မြန်မာနိုင်ငံမှာရှိနေသည့် အရပ်ဖက်ချင်းအမျိုးသမီးတွေရဲ့အသံက ငြိမ်နေတယ်ဆိုတော့ UPC or Panlong ညီလာခံလိုမျိုးမှာ ဘယ်လိုပါဝင်ခွင့်ပေးသင့်လဲ။ အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံသိချင်ပါတယ်။
ပီးလားမှနေရွာလ်အီး- ဘာခေါ်မလဲ ကျမလည်း ပြည်တွင်းမှာ များများမနေတော့ အမျိုးသမီးအဖွဲ့ သည်ဘယ်ထိရောက်နေသလဲ လူလဲသိပ်ပြီးတော့မသိဘူးပေါ့၊ နားမလည် မသိရင်မသိသလိုပေါ့။ ပြီးတော့ကျမတို့ကလည်း အခုလုပ်ကိုင်နေတဲ့ CNF တစ်ခုလုံးမှာ ကိုယ်တတ်နိုင်တဲ့နည်းလမ်း ကနေပါဝင်နေတယ်ဆိုတော့ အဲဒီဘက်အားမသန်တာတော့ ကျမရဲ့အားနည်းချက်ပေါ့။ ပြီးရင်အမျိုးသမီးတွေ အဖွဲ့အစည်းနဲ့ဝင်နိုင်မယ်ဆိုရင်တော့ ဝင်နိုင်မည့်လမ်းကြောင်းရှိရင် ကောင်းတာပေါ့။ သို့သော်ဝင်နိုင်မည့်လမ်းကြောင်း မရှိဘူးသူတို့မှာ ဒီ peace process မှာ ဒီအမျိုးသမီးအဖွဲ့အစည်းအနေဖြင့် ဝင်နိုင်မည့်လမ်းကြောင်းမရှိဘူးဆိုလို့ရှိရင်တော့ဖြင့် ကျမတို့မှာ အမျိုးသမီးဖြစ်လို့ ပါဝင်ဝင်မဖြစ်ရဘူးလို့ မရှိဘူးလေနော်။ ချင်းပါတီ NLD မှာလည်းရှိတာပဲ။ ဘယ်ပါတီဖြစ်ဖြစ် ကျမမပြောလိုဘူး။ ဆိုတော့ ပါတီထဲမှာ များများဝင်လာမယ်ဆိုရင်တော့ တော်တော်လည်းအခွင့်အလမ်းရှိလိမ့်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ မီဇိုရမ်ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် မီဇိုရမ်မှာ Mizo National Front (MNF) တို့၊ Congress တို့မှာ သူတို့အမျိုးသမီးအဖွဲ့ MNF မှာ Women Front Congress မှာ Mahila စသည်အားဖြင့်အမျိုးသမီးကို သပ်သပ်ဖွဲ့စည်းထားတာရှိတယ်။ ဆိုတော့ အဲသည်ကနေသွားရင်းသွားရင်းနဲ့ MLA လွတ်တော်အထိ Candidate ဝင်ပြိုင်လုပ်လို့ရတယ်။ Candidate လုပ်တဲ့အချိန်မှာ သူတို့ကောင်းကောင်းဝင်ပြိုင်နိုင်တဲ့ နည်းလမ်းအများကြီးရှိတယ်။ အဲဒီပါတီထဲမှာ အဲဒီပါတီတစ်ခုရဲ့အမျိုးသမီးအဖွဲ့ ဖြစ်တဲ့အတွက် သူတို့အသံ အများကြီးပါတယ်။ ဆိုတော့ ကျမတို့မှာလည်းပဲ ပါတီထဲမှာဝင်လို့ ပါတီထဲမှာ အမျိုးသမီးများများပါဝင်မယ်ဆိုရင် သဘောမှာက ဥပမာ ချင်းပါတီထားအုံး သဘောအားဖြင့် ချင်းပါတီမှာဝင်မယ်ဆိုရင် အဲဒီမှာ ပါတီအမျိုးသမီးသီးသန့် ပါတီထဲမှာရှိရမယ်။ အမျိုးသမီးအသံက အဲဒီပါတီအသံဖြစ်သွားမယ်။ များများဒီလိုမျိုးပါမှ ကျမတို့အမျိုးသမီးတွေရဲ့အသံများများ ထွက်လိမ့်မယ်လို့ထင်တယ်။

၉။ နောက်ဆုံးအနေနဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးပါဝင်နိုင်အောင်ဘာများမှာချင်ပါသလဲ။
ပီးလားမှနေရွာလ်အီး- မှာချင်တာက အမျိုးသမီးများများပါဝင်ဖို့လိုတယ်။ အမျိုးသမီးတွေ များများပါဝင်နိုင်မှ ငြိမ်းချမ်းရေးဟာလည်း မြန်မြန်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးတွေက ငြိမ်းချမ်းရေးလုပ်တတ်တယ်လေ။ အမျိုးသမီးကိုယ်တိုင်က ငြိမ်းချမ်းရေးဖြစ်နေတယ်ပေါ့နော်။ အိမ်ထောင်တစ်ခုမှာ အမျိုးသမီးကောင်းကောင်းရှိလို့ရှိရင် အိမ်ထောင်သာယာတယ်။ ဆိုတော့ တိုင်းပြည်တစ်ခုလည်း အမျိုးသမီးကြောင့် သာယာနိုင်တယ်။ ငြိမ်းချမ်းနိုင်တယ်လို့ကျမယူဆတယ်။ အဲဒါကြောင့် အမျိုးသမီးများ ကျမပြည်တွင်းပြည်ပမှာ ရှိတဲ့အမျိုးသမီးများ အားအင်စိုက်ပြီးတော့ ဒီတိုင်းပြည်အတွက် လူမျိုးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အင်တိုက်အားတိုက်ပါဝင်ဖို့ ကျမ မှာချင်ပါတယ်လို့။

Zawgyi

ခ်င္းအမ်ဳိးသားတပ္ဦး ဗဟုိေကာ္မီတီ၀င္၊ ခ်င္းအမ်ဳိးသားတပ္ဦးအမ်ဳိးသမီးေကာ္မတီဥကၠဌ ပီးလားမွားေန႔ရြာလ္အီးနွင့္ The Chinland Post ေတြ႔ဆုံ ေျမးမန္းျခင္း။

၁။ မဂၤလာပါ။ မထမဆုံး ကုိယ့္ဟာကုိယ္ျပန္မိတ္ဆက္ေပးလုိ႔ရမလား။
ပီးလားမွေနရြာလ္အီး- က်မက ပီးလားမွေနရြားအီး၊ ပီးေသအီးလုိ႔ေခၚတာမ်ားပါတယ္။ လက္ရွိကေတာ့ ဗဟုိေကာ္မတီ၀င္တေယာက္အေနနဲ႔တာ၀န္ထမ္းေဆာင္ေနတာျဖစ္ပါတယ္။

၂။ ခ်င္းအမ်ဳိးသားတပ္ဦးမွာ ဘယ္လုိပုံစံနွင့္ ၀င္လာခဲ့သလဲ။ ျငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ CNF အခန္းက႑နွင့္ ခ်င္းအမ်ဳိးသမီးေတြရဲ႕အခန္း႑ေျပာေပးနုိင္မလား။
ပီးလားမွေနရြာလ္အီး – က်မကဘယ္လုိနဲ႔ CNF ၀င္လာလဲဆုိေတာ့ CNF member မ၀င္ခင္ကတည္းက ကုိယ့္ရဲ႕တတ္နုိင္တဲ့ နည္းလမ္းကေန ကုိယ့္တုိင္းျပည္အတြက္ ကုိယ့္လူမ်ဳိးအတြက္ ေနရာေဒသကေန တတ္နုိင္သေလာက္ေတာ့ ကုိယ္လည္းပါ၀င္ခဲ့တယ္ေပါ့။ ေနာက္ပုိင္းက်ေတာ့ က်မတုိ႔အေနနဲ႔ CNF ကလြဲလုိ႔ရွိရင္ ဒီလုပ္ငန္းဟာ ဆက္လုပ္လုိ႔ကအဆင္မေျပလုိ႔လည္း ျဖစ္တယ္ CNFနဲ႔ဆုိရင္ member မျဖစ္ခင္ကတည္းက အတူတူလက္တြဲျပီးေတာ့ အလုပ္လုပ္လာတယ္ျဖစ္ခဲ့တယ္ ဆုိေတာ့ က်မတုိ႔ဟာ CNFမွ ထဲထဲ၀င္၀င္ပါ၀င္နုိင္မွသာလ်င္ ျငိမ္းခ်မ္းေရးျဖစ္စဥ္ (Peace Process) သြားနုိင္မွာ ျဖစ္တာအတြက္လည္းပါ၀င္တယ္။

၃။ ျငိမ္းခ်မ္းေရးေဖာ္ေဆာင္သည့္အခန္းက႑မွာ အမ်ဳိးသမီးေတြရဲ႕အေျခအေနဘယ္အဆင့္ေရာက္ ေနျပီးလဲ။ နုိင္ငံတကာအေတြ႔အၾကဳံ၊ သင္တန္း၊ ေလ့လာေရးခရီးေတြလည္းထြက္ေနၾကတယ္ဆုိေတာ့ ဘာေတြသင္ယူတုိးတက္ေနတာလဲ သိခ်င္ပါတယ္။
ပီးလားမွေနရြာလ္အီး- ဟုတ္ကဲ့က်မတုိ႔ CNFအမ်ဳိးသမီးအေနနဲ႔ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီး ပါ၀င္မႈ နည္းပါးတာက အမွန္ပါပဲ။ အဲဒါထဲမွာမွ ဘာျဖစ္လုိ႔ အမ်ဳိးသမီးေတြနည္းပါးတယ္လုိ႔ ေျပာရ မယ္ဆုိရင္ေတာ့ က်မတုိ႔ အမ်ဳိးသားသည္ကုိ အျပစ္တင္ေျပာတာေတာ့မဟုတ္ဘူး က်မတုိ႔ အမ်ဳိးသမီး ကုိယ္တုိင္ကလည္း ေပးဆပ္မႈနည္းတာ လည္းျဖစ္နုိင္တယ္။ တစ္ဖက္တလမ္းကေန က်မတုိ႔ရဲ႕ ေခါင္း ေဆာင္လုိ႔ေျပာရမလား က်မတုိ႔ CNFလူၾကီးမ်ား ကလည္း လက္တြဲမေခၚနုိင္ေသးတာလည္းျဖစ္မယ္။ အေျခအေနအမ်ဳိးအမ်ဳိးေၾကာင့္လည္းျဖစ္နုိင္တာေပါ့။ ဆုိေတာ့ က်မတုိ႔အမ်ဳိးသမီးေတြမွာ ျငိမ္းခ်မ္း ေရးျဖစ္စဥ္မွာ ပါ၀င္တာေတာ့ နည္းလွပါတယ္လုိ႔ က်မခံယူတယ္။

၄။ ခ်င္းအမ်ဳိးသမီးေတြက ျငိမ္းခ်မ္းေရးမွာပါ၀င္တဲ့အင္အားနည္းတယ္လုိ႔သိရတယ္။ ဘာအရာက အမ်ဳိး သမီးပါ၀င္မႈနည္းေစသလဲလုိ႔ထင္ပါသလဲ။
ပီးလားမွေနရြာလ္အီး- အဲဒါက က်မအေနနဲ႔ေတာ့ အမ်ဳိးသားေတြက အမ်ဳိးသမီးေတြကုိ လုပ္တတ္မွ ညွိမွ ၀င္ရမယ္ဆုိတာမ်ဳိးဆုိရင္ေတာ့ နည္းမယ္။ သူတုိ႔က မတတ္ရင္လည္း သူတုိ႔ လက္တြဲေခၚ သြားမယ္ အမ်ဳိးသမီးအင္အားစုလုိေနတယ္။ အမ်ဳိးသမီးစြမ္းေဆာင္မႈလုိအပ္တယ္ဆုိရင္ အမ်ဳိးသား သည္က တတ္သည္ျဖစ္ေစ မတတ္သည္ျဖစ္ေစ သူတုိ႔က သင္ေပးျပီးေတာ့ လက္တြဲေခၚသြား မယ္ဆုိရင္ေတာ့ သူတုိ႔ မ်ားမ်ား ပါလာမယ္လုိ႔ ထင္တယ္။ ေလာေလာဆယ္ေတာ့ သိပ္ျပီးေတာ့ အမ်ဳိးသမီးမ်ားကုိ လက္တြဲမေခၚတာေတြရွိတယ္လုိ႔ က်မခံယူတယ္။

၅။ တခ်ဳိ႕ေျပာေနတာက အမ်ဳိးသမီးေတြမွာ နုိင္ငံေရးနဲ႔ အမ်ဳိးသားေရးစတဲ့ နုိင္ငံေရးအသိတရား ျမွင့္တင္ေရးအားနည္းလုိ႔ေျပာၾကတယ္။ ဒါေတြဟာေကာ ျဖစ္နုိင္သလား။
ပီးလားမွေနရြာလ္အီး- က်မတုိ႔ ခ်င္းသည္ဆုိလုိ႔ရွိရင္ ခ်င္းသည္မွာလည္းပဲ ျမိဳ႕ေပၚေရာက္သြားသည့္ လူေတာ္ေတာ္မ်ားမ်ားပါတယ္။ ရန္ကုန္တုိ႔ ဘာတုိ႔ေပါ့။အဲ့ဒီမွာလည္း အမ်ဳိးသမီးမ်ားမ်ားကေတာ့ မသိတာ ေတာ္ေတာ္မ်ား အုံးမယ္လုိ႔ က်မထင္တယ္။ ျပီးေတာ့ ခ်င္းျပည္နယ္မွာေတာ့ ပုိဆုိးအုံး မယ္လုိ႔ထင္တယ္ေပါ့။ က်မတုိ႔ဘာလုပ္သင့္လဲ အမ်ဳိးသားသည္ဘာလုပ္သင့္သလဲဆုိရင္ အမ်ဳိးသမီးေတြကုိ မ်ားမ်ား အဲဒီ ေတာ္လွန္ေရးပုိင္းတုိ႔ နုိင္ငံေရးပုိင္းတုိ႔ မ်ားမ်ားလည္း awareness ဘာေလးေတာ့ လုပ္ေပးမယ္ဆုိရင္ ပုိေကာင္းတာေပါ့။ ကုိယ့္ကုိယ္တုိင္မွ မသိဘူးဆုိရင္ က်မဘာလုပ္မလဲဆုိတာ သူတုိ႔စိတ္ထဲမွာ ရွိခ်င္မွရွိမွာေပါ့၊ နားလည္မွသာလွ်င္ သူတုိ႔နုိင္ငံေရး အေရးၾကီးတဲ့အေၾကာင္း၊ ျငိမ္းခ်မ္းေရးအေရးၾကီးဆုိတဲ့အေၾကာင္း မ်ားမ်ားေျပာနုိင္မွ အမ်ဳိးသမီး ေတြက မ်ားမ်ား ပါ၀င္နုိင္မယ္လုိ႔ပဲ က်မထင္တယ္။

၆။ တကယ္လုိ႔မ်ား ျငိမ္းခ်မ္းေရးျဖစ္စဥ္နွင့္ လုပ္ငန္းေတြမွာ အမ်ဳိးသမီးေတြက ထိပ္ပုိင္းက တာ၀န္ယူ ရင္ပုိျမန္ဆန္မလား
ပီးလားမွေနရြာလ္အီး-က်မထင္တာကေတာ့ အမ်ဳိးသမီးေပါ့ေနာ္ပါ၀င္နုိင္မယ္ဆုိရင္ေတာ့ အမ်ဳိးသမီး ေတြမွာ ပါ၀ါအမ်ားၾကီးရွိတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ တစ္ခ်ဳိ႕မွာေပါ့ အားလုံးေတာ့မဆုိလုိဘူး ထက္ျမတ္တဲ့အမ်ဳိးသမီးအမ်ားၾကီးရွိတယ္၊ က်မတို႔ခ်င္းမွာ။ ဆုိေတာ့ အမ်ဳိးသမီးေတြေျပာတာဆုိတာ အစစအရာရာေပါ့ေနာ္ အေရးပါတယ္လုိ႔က်မထင္တယ္။ ထိပ္တန္းမွာရွိခဲရင္လည္း ပုိအဆင္ ေျပမလားလုိ႔လဲ။

၇။ ဆရာမကအိႏိၵယနုိင္ငံမွာ ၾကီးပင္းခဲ့တယ္လုိ႔သိရတယ္။ သူတုိ႔ မီဇုိရမ္မွာ အရပ္ဖက္အဖြဲ႔အစည္းေတြ အရမ္းအားေကာင္းခဲ့တယ္။ ျမန္မာနုိင္ငံအေျခအေန ကေကာ ဘာေၾကာင့္ အခုထိအားမေကာင္း နုိင္ခဲ့သလဲ။
ပီးလားမွေနရြာလ္အီး – က်မတုိ႔ လူမႈအဖြဲ႔အစည္းကေနေျပာမယ္ဆုိရင္ေပါ့ေနာ္ မိဇုိရမ္ကုိ အရင္ ေျပာလုိပ္မယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ က်မ မၾကီးျပင္းခဲ့တယ္လုိ႔ေတာ့ မဟုတ္ဘူး နွစ္ေပါင္း (၂၀)ေက်ာ္ေတာ့ မီဇုိရမ္မွာေနခဲ့တယ္ေပါ့ သူတုိ႔ရဲ႕လုပ္ရပ္ေတြၾကည့္ေတာ့ ေတာ္ေတာ့ အားရ စရာေကာင္းတယ္။ သေဘာမွာ Young Mizo Association (YMA) ရွိမယ္။ Mizo Zirlai Pawl (MZP), Mizo Student Union (MSU) ေတြလည္းရွိတယ္။ တစ္ခုခုျဖစ္ျပီေဟ့ဆုိရင္ လူငယ္ေတြဟာ တစ္ေယာက္မွမက်န္ ပါ၀င္ၾကတယ္။ ဆုိေတာ့ နုိင္ငံေရးအေနနဲ႔ သူတုိ႔လုပ္နုိင္တာကလည္း အမွန္က သူတုိ႔ ျပည္နယ္အုပ္ခ်ဳပ္ေရးကေကာင္းလာျပီဆုိေတာ့ လြတ္လပ္မႈရိွလုိ႔လာ၊ ထိန္းခ်ဳပ္မယ့္သူမရွိလုိ႔လာ ဒါေၾကာင့္မ်ား ေကာင္းသလား က်မလည္းမေျပာတတ္ဘူး။ ဒါေပမယ့္ သူတုိ႔ရဲ႕ စိတ္ရင္းကုိယ္က ကုိယ့္လူမ်ဳိးကုိ ကာကြယ္ခ်င္တဲ့စိတ္ဓါတ္ေပါ့ေနာ္ မီဇုိလာမထိနဲ႔ ဆုိတဲ့သေဘာမ်ဳိး ကုိယ့္မီဇုိဆုိရင္ တစ္ခုခုျဖစ္ျပီေဟ့ဆုိရင္ ဒီမီဇုိတစ္ေယာက္ကုိ ဒုကၡေရာက္ျပီးဆုိရင္ သူတုိ႔လူငယ္ေတြ မေနတတ္ၾကဘူး တစ္ေယာက္မွ လက္ပုိက္မၾကည့္ၾကဘူး။ သူတုိ႔ဟာ စည္းရုံးေရးေကာင္းတယ္၊ unity တအားေကာင္း တယ္ က်မအျမင္ေပါ့။ ဘာဘဲျဖစ္ေနေန YMA အလုပ္လုပ္မယ္ေဟ့ဆုိရင္ တစ္ေယာက္မက်န္ပါ၀င္ၾက တယ္။ ကုိယ့္အလုပ္ေတာင္မွထားခဲ့ျပီးေတာ့ သူတုိ႔အဖြဲ႔မွာ အလုပ္လုပ္ၾကတယ္ထင္တယ္။ က်မတုိ႔ အေနနဲ႔လည္း အဲဒါကုိသင္ေစခ်င္တယ္တာေပါ့။ အခုလူငယ္၊ အရပ္ဘက္အဖြဲ႔အစည္းေတြျဖစ္ ျဖစ္ေပါ့ေနာ္။ ျပည္တြင္းဖက္က်ေတာ့ က်မေျပာရင္မွားမလားမသိဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ က်မ ကုိယ္တုိင္ျမိဳ႕နယ္တုိင္းလည္းမသြားနုိင္ဘူးေပါ့ေနာ္။ က်မေျပာလုိ႔လည္း သူမ်ားစိတ္ထိခုိက္မ လားဆုိတာလည္းရွိတာေပါ့။ ဒါေပမယ့္ က်မျမင္တာကေတာ့ နည္းနည္းကေတာ့လုိေသးတယ္။ ဘာလုိ႔လည္းဆုိေတာ့ လူငယ္ဆုိတာ အနာဂတ္ေခါင္းေဆာင္ေတြျဖစ္ေနတယ္။ လူငယ္ျဖစ္ ေနတဲ့အခ်ိန္မွာ အရပ္ဘက္အဖြဲ႔ပဲျဖစ္ျဖစ္ ေက်ာင္းသားလူငယ္ပဲျဖစ္ျဖစ္ ကုိယ့္စိတ္ဓါတ္မွာ ကုိယ့္ရဲ႕တုိင္းျပည္အတြက္၊ ကုိယ့္လူမ်ဳိးဆုိတာေတြကုိ ျမဲျမဲမွတ္နုိင္မွ ကုိယ္သင္ယူတဲ့ပညာကုိ ဒီတုိင္းျပည္အတြက္ ဒီလူမ်ဳိးအတြက္ ဆုိတဲ့စိတ္ဓါတ္နဲ႔ က်မတုိ႔ ခ်င္းလူမ်ဳိးေတြဟာ စိတ္အၾကြင္း မဲ့လုပ္ၾကရင္ ေတာ္ေတာ္ေအာင္ျမင္သြားမယ္လုိ႔ထင္တယ္။ တစ္ခုနည္းနည္းေတာ့ အားနည္းတယ္လုိ႔ျမင္တယ္။ တစ္ခါတစ္ခါေတာ့ ခ်ီးက်ဳးပါတယ္ ကုိယ့္လူငယ္ေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြ သုိ႔ေသာ္လည္း သူမ်ားနဲ႔နႈုိင္းၾကည့္ရင္ ဘယ္ေခၚမလဲ နည္းနည္းေနာက္ေကာက္က်ေသးတယ္လုိ႔ထင္တယ္။

၈။ ျမန္မာနုိင္ငံမွာရွိေနသည့္ အရပ္ဖက္ခ်င္းအမ်ဳိးသမီးေတြရဲ႕အသံက ျငိမ္ေနတယ္ဆုိေတာ့ UPC or Panlong ညီလာခံလုိမ်ဳိးမွာ ဘယ္လုိပါ၀င္ခြင့္ေပးသင့္လဲ။ အျခားနုိင္ငံေတြရဲ႕ အေတြ႔အၾကဳံသိခ်င္ပါတယ္။
ပီးလားမွေနရြာလ္အီး- ဘာေခၚမလဲ က်မလည္း ျပည္တြင္းမွာ မ်ားမ်ားမေနေတာ့ အမ်ဳိးသမီးအဖြဲ႔ သည္ဘယ္ထိေရာက္ေနသလဲ လူလဲသိပ္ျပီးေတာ့မသိဘူးေပါ့၊ နားမလည္ မသိရင္မသိသလုိေပါ့။ ျပီးေတာ့က်မတုိ႔ကလည္း အခုလုပ္ကုိင္ေနတဲ့ CNF တစ္ခုလုံးမွာ ကုိယ္တတ္နုိင္တဲ့နည္းလမ္း ကေနပါ၀င္ေနတယ္ဆုိေတာ့ အဲဒီဘက္အားမသန္တာေတာ့ က်မရဲ႕အားနည္းခ်က္ေပါ့။ ျပီးရင္အမ်ဳိးသမီးေတြ အဖြဲ႔အစည္းနဲ႔၀င္နုိင္မယ္ဆုိရင္ေတာ့ ၀င္နုိင္မည့္လမ္းေၾကာင္းရွိရင္ ေကာင္းတာေပါ့။ သုိ႔ေသာ္၀င္နုိင္မည့္လမ္းေၾကာင္း မရိွဘူးသူတုိ႔မွာ ဒီ peace process မွာ ဒီအမ်ဳိးသမီးအဖြဲ႔အစည္းအေနျဖင့္ ၀င္နုိင္မည့္လမ္းေၾကာင္းမရိွဘူးဆုိလုိ႔ရွိရင္ေတာ့ျဖင့္ က်မတုိ႔မွာ အမ်ဳိးသမီးျဖစ္လုိ႔ ပါ၀င္၀င္မျဖစ္ရဘူးလုိ႔ မရွိဘူးေလေနာ္။ ခ်င္းပါတီ NLD မွာလည္းရွိတာပဲ။ ဘယ္ပါတီျဖစ္ျဖစ္ က်မမေျပာလုိဘူး။ ဆုိေတာ့ ပါတီထဲမွာ မ်ားမ်ား၀င္လာမယ္ဆုိရင္ေတာ့ ေတာ္ေတာ္လည္းအခြင့္အလမ္းရွိလိမ့္မယ္လုိ႔ထင္တယ္။ ဘာလုိ႔လဲဆုိေတာ့ မီဇုိရမ္ကုိ ၾကည့္လုိက္မယ္ဆုိလုိ႔ရွိရင္ မီဇု ိရမ္မွာ Mizo National Front (MNF) တုိ႔၊ Congress တုိ႔မွာ သူတုိ႔အမ်ိဳးသမီးအဖြဲ႔ MNF မွာ Women Front Congress မွာ Mahila စသည္အားျဖင့္အမ်ဳိးသမီးကုိ သပ္သပ္ဖြဲ႔စည္းထားတာရွိတယ္။ ဆုိေတာ့ အဲသည္ကေနသြားရင္းသြားရင္းနဲ႔ MLA လြတ္ေတာ္အထိ Candidate ၀င္ျပဳိင္လုပ္လုိ႔ရတယ္။ Candidate လုပ္တဲ့အခ်ိန္မွာ သူတုိ႔ေကာင္းေကာင္း၀င္ျပဳိင္နုိင္တဲ့ နည္းလမ္းအမ်ားၾကီးရွိတယ္။ အဲဒီပါတီထဲမွာ အဲဒီပါတီတစ္ခုရဲ႕အမ်ဳိးသမီးအဖြဲ႔ ျဖစ္တဲ့အတြက္ သူတို႕အသံ အမ်ားၾကီးပါတယ္။ ဆုိေတာ့ က်မတုိ႔မွာလည္းပဲ ပါတီထဲမွာ၀င္လုိ႔ ပါတီထဲမွာ အမ်ဳိးသမီးမ်ားမ်ားပါ၀င္မယ္ဆုိရင္ သေဘာမွာက ဥပမာ ခ်င္းပါတီထားအုံး သေဘာအားျဖင့္ ခ်င္းပါတီမွာ၀င္မယ္ဆုိရင္ အဲဒီမွာ ပါတီအမ်ဳိးသမီးသီးသန္႔ ပါတီထဲမွာရွိရမယ္။ အမ်ဳိးသမီးအသံက အဲဒီပါတီအသံျဖစ္သြားမယ္။ မ်ားမ်ားဒီလုိမ်ဳိးပါမွ က်မတုိ႔အမ်ဳိးသမီးေတြရဲ႕အသံမ်ားမ်ား ထြက္လိမ့္မယ္လုိ႔ထင္တယ္။

၉။ ေနာက္ဆုံးအေနနဲ႔ ျငိမ္းခ်မ္းေရးမွာ အမ်ဳိးသမီးပါ၀င္နုိင္ေအာင္ဘာမ်ားမွာခ်င္ပါသလဲ။
ပီးလားမွေနရြာလ္အီး- မွာခ်င္တာက အမ်ဳိးသမီးမ်ားမ်ားပါ၀င္ဖုိ႔လုိတယ္။ အမ်ဳိးသမီးေတြ မ်ားမ်ားပါ၀င္နုိင္မွ ျငိမ္းခ်မ္းေရးဟာလည္း ျမန္ျမန္မယ္။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ အမ်ဳိးသမီးေတြက ျငိမ္းခ်မ္းေရးလုပ္တတ္တယ္ေလ။ အမ်ဳိးသမီးကုိယ္တုိင္က ျငိမ္းခ်မ္းေရးျဖစ္ေနတယ္ေပါ့ေနာ္။ အိမ္ေထာင္တစ္ခုမွာ အမ်ဳိးသမီးေကာင္းေကာင္းရွိလုိ႔ရွိရင္ အိမ္ေထာင္သာယာတယ္။ ဆုိေတာ့ တုိင္းျပည္တစ္ခုလည္း အမ်ဳိးသမီးေၾကာင့္ သာယာနုိင္တယ္။ ျငိမ္းခ်မ္းနုိင္တယ္လုိ႔က်မယူဆတယ္။ အဲဒါေၾကာင့္ အမ်ဳိးသမီးမ်ား က်မျပည္တြင္းျပည္ပမွာ ရွိတဲ့အမ်ဳိးသမီးမ်ား အားအင္စုိက္ျပီးေတာ့ ဒီတုိင္းျပည္အတြက္ လူမ်ဳိးအတြက္ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အင္တုိက္အားတုိက္ပါ၀င္ဖုိ႔ က်မ မွာခ်င္ပါတယ္လုိ႔။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: