0
Sergeant Major Ca Bor/The Chinland Post
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ချင်းအမျိုးသားတပ်မတော် ရဲမေအမျိုးသမီး Sergeant Major Ca Bor နဲ့တွေ့ဆုံမေးမြန်းခြင်း။
Unicode
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ချင်းအမျိုးသားတပ်ဦး၊ ရဲမေအမျိုးသမီး Sergeant Major Ca Bor နဲ့တွေ့ဆုံမေးမြန်းခြင်း။
(The Chinland Post မှ မိတ်ဆက်နည်းနည်းဝင်ရန်။ )
ချင်းလို တွေ့ဆုံမေးမြန်းမှုကို ဘာသာပြန်တင်ဆက်သည်။
၁။ မင်္ဂလာပါ။ အရင်ဆုံးပြန်မိတ်ဆက်ပေးနိုင်မလား။ ချင်းအမျိုးသားတပ်မတော်မှာ ဘယ်လိုပုံစံနှင့် ဝင်လာခဲ့ သလဲ သိချင်ပါတယ်။
ကျမနာမည်က မိုင်ဂျာဘောရ်က ဖြစ်ပါတယ်။ အခု ဒုအရာခံဗိုလ်ရာထူးဖြင့် ချင်းအမျိုးသားတပ်မတော်ရဲမဲမှာ အကြီးဆုံးတာဝန် ခေါင်းဆောင်လုပ်နေပါတယ်။
ဘယ်လိုနဲ့ CNF/A ဝင်လာလဲဆိုတော့ ကျမကျောင်းတက်တုန်း ငယ်ငယ်တုန်းက CNF/A လို့ မသိဘဲ ကျောင်းသားအဖွဲ့ လို့သိရပါတယ်။ ကျောင်းသားအဖွဲ့လည်းလာတယ်၊ မြန်မာ့တပ်မတော်လည်းကျမတို့ ရွာတွေမှာ ဝင်လာတတ်ပါတယ်။ ကျမတို့အိမ်မှာ မြန်မာ့တပ်မတော်တည်းလေ့ရှိတယ်။ သိတဲ့အတိုင်းဘဲ ကျောင်းသားအဖွဲ့က လူထူကပံ့ပိုးမှအသက်ရှင်နိုင်ကြတယ်။ ရွာဘက်မှာ ငွေကောက်ခံ ကောက်လေ့ရှိတယ်။ ကျမတို့မှာ ပိုက်ဆံမရှိလို့ ရွာလူကြီးတွေက ကျမတို့ရဲ့အကောင်းဆုံး အိုး တစ်လုံး ယူသွားပါတယ်။ ကျမအမေက အရမ်းနမျှောလို့ နောက်မှပိုက်ဆံပြန်ပေးမယ်ဆိုပြီးပြောပေမယ့်လည်းမရဘဲဖြစ်ခဲ့တယ်။ ကျမစဉ်းစားတာက ယောင်္ကျားသာဖြစ်ခဲ့ရင် ကိုယ်တိုင်လုပ်မယ်ဆိုပြီး စဉ်းစားခဲ့တယ်။ ပြီးရင် သူတို့ နိုင်ငံအတွက် ဘာလုပ်ခဲ့လဲဆိုပြီး စုံစမ်းတဲ့အခါမှာ လုပ်ဖို့တန်တယ်ဆိုပြီး အမြဲစွဲ ကြီးပြင်းလာခဲ့တယ်။ ကျမဘဝမှာ အမျိုးသားရေးတပ်ထဲမဝင်ရင် ကျမ်းစာတက်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ကြီးလာရင် အမျိုးသားနှင့် နိုင်ငံတော်အတွက် လုပ်မယ်ဆိုပြီးဆုံး ဖြတ်တဲ့အတိုင်း အခုချိန်မှာ ဘုရားသခင်ရဲ့ လမ်းပြပို့ဆောင်မှုဖြင့် လုပ်နိုင်တာလုပ်မယ်ဆိုပြီး ဝင်သွားတာ ဖြစ်ပါတယ်။ ကျမမျှော်မှန်းချက်အတိုင်း ဝင်လုပ်နေတာဖြစ်ပါတယ်။
၂။ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ချင်းအမျိုးသားတပ်မတော်အခန်းကဏ္ဍနှင့် ချင်းအမျိုးသမီးတွေရဲ့အခန်း ကဏ္ဍပြောပေးနိုင်မလား။
ဟုတ်ပါတယ်။ ကျမတို့ရှိခြင်းအားဖြင့် ကျမတို့လူကြီးတွေ ငြိမ်းချမ်းရေးစားပွဲပေါ်မှာ ထိုင်နိုင်ကြတာဖြစ်ပါတယ်။ ကျမတို့လူကြီးတွေ အစိုးရနှင့် တွေ့ဆုံဆွေးနွေးနိုင်တာကလည်း ကျမတို့လုပ်ငန်းအသီးအပွင့်လို့ဆိုလို့ရပါတယ်။ သူတို့ရဲ့လုပ်ငန်းတွေကိုလည်း ရဲမေအမျိုးသမီးများအနေနဲ့ အများကြီးပံ့ပိုးကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်ကြတယ်ဆိုတာကလည်း ပါဝင်သည့်ကဏ္ဍမတူကြဘူး၊ အရည်အချင်းပေါ်မူတည်ပြီးတော့ အထက်လူကြီးတွေက တာဝန်ခွဲဝေမှုလုပ်ပေးပါတယ်။ အရည်အချင်း ပေါ်မူတည်ပြီးတော့ တစ်ချို့က စစ်ရုံးချုပ်မှာထိုင်တယ်၊ တစ်ချို့က မူကြိုဆရာမ၊ တစ်ချို့က စက်ချုပ်၊ တစ်ချို့က မူကြိုဆရာမ၊ တစ်ချို့က ဆေးဆရာမနှင့် ဆိုင်တွေပွင့်တယ်။ တစ်ဖက်တလမ်းကနေ အများကြီးလုပ် ဆောင်နိုင်ကြပါတယ်။
၃။ ချင်းအမျိုးသမီးတပ်မတော်မှာ ငြိမ်းချမ်းရေးအတွက်ပါဝင်နေသည့် အမျိုးသမီးအင်အားနည်း တယ်လို့ သိရတယ်။ ဘာအရာက အမျိုးသမီးပါဝင်မှုနည်းစေသလဲလို့ထင်ပါသလဲ။
ကျမတို့ချင်းအမျိုးသားတပ်ဦးရဲမေတွေက အခြားတိုင်းရင်းသားထက်တော့ နည်းနိုင်တယ်။ ဘယ်လို့လဲဆိုတော့ အရင်စစ်အစိုးရခေတ်အဆက်ဆက်က လှုပ်ရှားလို့မရအောငနှင့် ကြောက်စိတ်ဝင်အောင် ရက်စက်ကြမ်းခဲ့ကြလို့ မိဘတွေက မပါဝင်ခိုင်း တာလည်းဖြစ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မိဘပြည်သူတွေက သိပ်နားမလည်လို့ လည်းဖြစ်နိုင်တယ်။ ကျမတို့ မိဘတွေကလည်း တားပါတယ်။ အရေးကြီးလို့လုပ်တာဖြစ်ပါတယ်။ ပညာရှိ အမျိုးသမီးတွေသာများမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက ပိုမြန်ဆန်လိမ့်မယ်။ တစ်ချို့လူတွေက ယောင်္ကျားလိုချင်လို့ တပ်ထဲဝင်သွားတယ်ဆိုတာ စွပ်စွဲဖူးပါတယ်။ ကျမတို့က ဂရုမစိုက်ပါဘူး။ ဒီအမျိုးသားရေးနှင့် ငြိမ်းချမ်းရေးက အရေးကြီးလို့ မိဘတွေကလည်း အားပေးသင့် တယ်လို့ ပြောချင်ပါတယ်။
၄။ အမျိုးသမီးရဲမေအနေနဲ့ တပ်ထဲမှာနေရလို့ အခက်အခဲများရှိနေသလား သိချင်ပါတယ်။
အများကြီးတော့ရှိပေမယ့် ကိုယ့်ဆုံးဖြတ်တဲ့လမ်းသွားနေတယ်ဆိုတော့ အခက်အခဲကို ပြောရန်မစဉ်းစားပါဘူး။
၅။ CNA ရဲမေအမျိုးသမီးထဲမှာ အကြီးဆုံးတာဝန်ယူထားသည့် အမျိုးသမီးလိုိ့့သိရတယ်။ အမျိုးသမီးရဲမေမို့လို့ ရာထူး၊ တာဝန်အရ ခွဲခြားမှုတွေရှိတယ်လို့ ထင်မိတာတွေ ရှိသလား။
မရှိဘူး။ ကျမတို့က အထက်လူကြီးတွေရဲ့ အရည်အချင်းအလိုက် တာဝန်ပေးထားတာဆိုတော့ ခွဲခြားမှုတစုံတရာ မရှိပါဘူး။
၆။ CNA ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်အတိုင်းအတာအထိပါဝင်ဖို့ဆုံးဖြစ်ခဲ့သလဲ။ ပြောပြလို့ရမလား။
လူဆိုတာကိုယ့်အကြောင်းသိကြတာမဟုတ်ပါဘူး။ မနေ့ဖြန်လည်းဖျားနိုင်တယ်။ လူကိုယ်နားမနေ့ဖြန်နားနိုင် တယ်။ ဒါပေမယ့် ချင်းအမျိုးသားတပ်ဦးမှာတော့ အမြဲတိုင်းပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ လူကိုယ်တိုင်မလုပ်နိုင် တော့တဲ့ အခြေအနေဖြစ်ရင်လည်း တတ်နိုင်တဲ့ဖက်က ပါဝင်အုံးမှာပါ။
၇။ တကယ်လို့များ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လုပ်ငန်းတွေမှာ အမျိုးသမီးတွေက ထိပ်ပိုင်းက တာဝန်ယူ ရင်ပိုမြန်ဆန်မယ်လို့ ထင်သလား။
ကျမတို့လူကြီးတွေက လူငယ်ကတည်းက ပါဝင်ပြီး ထဲထဲဝင်ဝင်လုပ်နေတဲ့လူတွေဖြစ်တော့ သူတို့ထက်တော့ အခုချိန်မှာတော့ အမျိုးသမီးနေနဲ့မမှီလောက်သေးပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေကလည်း လုပ်ငန်းအတွေ့ အကြုံများ လာရင် သူတို့လိုလုပ်နိုင်ပါတယ်လို့ပြောချင်တယ်။
၈။ အမျိုးသမီးအနေနဲ့ ကျားမတန်းတူရေးအခြေနေဘယ်လို သုံးသပ်ချင်ပါသလဲ။
ကျားမတန်းတူရေးဆိုတာ အရင်ခေတ်တွေမှာဆိုရင် မိန်းကလေးဆိုတာ ပိုနှိမ်ခံရပါတယ်။ အစည်းအဝေး တွေမှာဆိုရင်လည်း အမျိုးသမီးတွေ စကားပြောလာပြီးဆိုရင် မိန်းကလေးစကားနဲ့ မဆုံးဖြတ်ရ ဆိုတာမျိုး၊ ကျောင်းတက်ရင်လည်း မိန်းကလေးတွေက ယောင်္ကျားယူမှာပဲ မိဘလုပ်ကျွေးနိုင်မယ့်လူတွေမ ဟုတ်ဘူးဆိုပြီး ယောင်္ကျားတွေကိုပဲ ဦးစားပေးခံခဲ့ကြတယ်။ ခွဲခြားခံခဲ့ရပါတယ်။ ဒီလိုများ ခွဲခြားမှုမရှိအကောင်း ဆုံးလို့မြင်တယ်။ ယောင်္ကျားဖြစ်လို့ ကျားမဆိုတာ အင်အားတော့မမျှပါဘူး။ ယောင်္ကျားတွေ မနိုင်တဲ့အရာက မိန်းကလေးတွေအတွက် အန္တရယ်ဖြစ်နိုင်တာတွေရှိတယ်။ ယောင်္ကျားတွေက နားလည်ပေးဖို့လိုတယ်။ မိန်း ကလေးတွေကလည်း ဒါဟာယောင်္ကျားအလုပ်ဆိုတာမျိုးမထားဘဲ တစ်ဦးနဲ့တစ်ဦးနားလည်မှုနဲ့ဖြင့်သာ ကိုင်တွယ်ရင် ငြိမ်းချမ်းရေးပိုရှိမယ်။ ခွဲခြားမှုဆိုတာ မိသားစုကော၊ လုပ်ငန်းခွင်မှာပါ မကောင်းတဲ့အတွက် ကျားမ ခွဲခြားမှုဆိုတာ မဖြစ်စေချင်ဘူး။
၉။ နောက်ဆုံးအနေနဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးပါဝင်နိုင်အောင်ဘာများမှာချင်ပါသလဲ။
ကျမတို့လုပ်နေတဲ့ လုပ်ငန်းစဉ်က မှာချင်တာကတော့ ကျမတို့မိသားစုနှင့် တစ်ဦးတယောက်အတွက်မဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ရရှိပြီး ချင်းတစ်ပြည်နယ်လုံး၊ တစ်တိုင်းပြည်လုံးငြိမ်းချမ်းရေးအတွက် လုပ်နေတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပရှိပြည်သူလူထုမှ ပူးပေါင်းပါဝင်ဖို့လိုတယ်။
About The Author
Na ruahning rak langhter ve.. (Leave a comment)
%d bloggers like this: