The 7th CNF Party Conference Statement ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ် ညီလာခံ ထုတ်ပြန်ကြေညာချက်

0

7th CNF Party Conference/The Chinland Post

unicode ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ် ညီလာခံ ထုတ်ပြန်ကြေညာချက်

၁။ ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ် ညီလာခံကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်မှ (၁၉) ရက်အထိ ဝိတိုရိယ ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုးသားတပ်ဦး/တပ်မတော် ကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း (၁၅၁) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

၂။ ညီလာခံတွင် ဆဋ္ဌမအကြိမ် ညီလာခံသက်တမ်းမှ လုပ်ငန်းအစီရင်ခံစာများအပေါ် တင်ပြအတည်ပြုခြင်း၊ အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတကာ နိုင်ငံရေးအခင်းအကျင်းတို့အပေါ် သုံးသပ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

၃။ သတ္တမအကြိမ် ညီလာခံက တပ်ဦး၏ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်အဖြစ် –
(က) ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination) ပြန်လည်ရရှိရေး၊
(ခ) ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိပြီး နိုင်ငံရေး တန်းတူမှုရှိသော အမျိုးသားပြည်နယ်များနှင့် ပထဝီအခြေခံပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ပြည် ထောင်စု ထူထောင်ရေး၊
(ဂ) ဒီမိုကရေစီစနစ်တည်ဆောက်ရေး ဟူ၍ ချမှတ်သည်။

၄။ ချင်းအမျိုးသားတပ်ဦး၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်အဖြစ်-
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံအစည်းအဝေးများ၏ အစုအဖွဲ့အသီးသီးတွင် ပါဝင်ကြသော ချင်းအမျိုးသားများအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ၂၁ ရာစု ပင်လုံအစည်းအဝေး များသို့ တင်သွင်းမည့်အဆိုပြုလွှာများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားများ၏နိုင်ငံရေး ဘုံသဘောထားရရှိနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြည်သူလူထုထံသို့ အချိန်နှင့် တပြေးညီ တင်ပြနိုင်ရေးနှင့် အဆိုပြုချက်များ ရယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

၅။ မြန်မာ့တပ်မတော်နှင့် Arakan Army (AA) အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခသည် ချင်းအမျိုးသားများ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်မှုများ ရှိနေခြင်းကြောင့် ချင်းအမျိုးသားများအတွက် အရေးပေါ်အခြေအနေ ရောက်နေပြီဟု မှတ်ယူသည်။ ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် AA အနေဖြင့် ချင်းအမျိုးသားပိုင်နက်နယ်မြေ အတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် AA အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ နေထိုင်ရာဒေသများ တွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုရန် အလေးအနက် တောင်းဆိုသည်။

၆။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးများ နေထိုင်ရာဒေသများတွင် တိုက်ပွဲများ ကြောင့် လူမှုဒုက္ခအတိ ခံစားနေကြရသော ဒေသခံချင်းပြည်သူများအတွက် လိုအပ်သော လူမှုကူညီထောက်ပ့ံ မှုများပေးရေးနှင့် ပြန်လည်နေရာချထားနိုင်ရေးကို ပြည်တွင်းပြည်ပရှိ ချင်းအမျိုးသားများ၊ ချင်းပြည်နယ်အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆက်လက်တာဝန်ယူဆောင်ရွက်ပေးကြရန်နှင့် ဖော်ပြပါလုပ်ငန်းစဉ်များကို ချင်းအမျိုး သားတပ်ဦးမှ နည်းလမ်း ပေါင်းစုံအသုံးပြုပြီး ကမကထပြု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

၇။ ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ်ညီလာခံသက်တမ်းအတွင်း တပ်ဦးကို ဦးဆောင်မည့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များ၊ အထွေထွေအတွင်းရေးမှူးနှင့် လက်ထောက်အထွေထွေအတွင်းရေးမှူးများကို အောက်ပါအတိုင်း ရွေးချယ် ဖွဲ့စည်းသည်။

(၁) Pu Zing Cung – ဥက္ကဋ္ဌ
(၂) Pu Thang Ning Kee – ဒုတိယဥက္ကဋ္ဌ ၁
(၃) Dr. Lian Hmung Sakhong – ဒုတိယဥက္ကဋ္ဌ ၂
(၄) Dr. Sui Khar – ဒုတိယဥက္ကဋ္ဌ ၃
(၅) Salai Thla Hei – အထွေထွေအတွင်းရေးမှူး
(၆) Salai Ram Kulh Cung – လက်ထောက်အထွေထွေအတွင်းရေးမှူး ၁
(၇) Salai Htet Ni – လက်ထောက်အထွေထွေအတွင်းရေးမှူး ၂
(၈) Pu HC. Ral Hnin – လက်ထောက်အထွေထွေအတွင်းရေးမှူး ၃

သတ္တမအကြိမ်ညီလာခံ
၂၀၂၀ ခုနှစ်၊ မတ်လ (၁၉) ရက်

ဆက်သွယ်ရန်-

Salai Thla Hei
အထွေထွေအတွင်းရေးမှူး၊ ချင်းအမျိုးသားတပ်ဦး
ဖုန်း +၉၅ ၉၇၉ ၅၇၅ ၄၄၃၅
+၉၅ ၉၄၅ ၂၀၅ ၄၄၈၈

Zawgyi

ခ်င္းအမ်ဳိးသားတပ္ဦး၏ သတၱမအႀကိမ္ ညီလာခံ ထုတ္ျပန္ေၾကညာခ်က္

၁။ ခ်င္းအမ်ဳိးသားတပ္ဦး၏ သတၱမအႀကိမ္ ညီလာခံကုိ ၂၀၂၀ ခုႏွစ္၊ မတ္လ (၁၆) ရက္မွ (၁၉) ရက္အထိ ဝိတုိရိယ ဗဟုိဌာနခ်ဳပ္တြင္ က်င္းပျပဳလုပ္ခဲ့ရာ ျပည္တြင္း၊ ျပည္ပမွ ခ်င္းအမ်ဳိးသားတပ္ဦး/တပ္မေတာ္ ကုိယ္စားလွယ္ႏွင့္ ေလ့လာသူ စုစုေပါင္း (၁၅၁) ဦး ပါဝင္တက္ေရာက္ခဲ့ၾကသည္။

၂။ ညီလာခံတြင္ ဆ႒မအႀကိမ္ ညီလာခံသက္တမ္းမွ လုပ္ငန္းအစီရင္ခံစာမ်ားအေပၚ တင္ျပအတည္ျပဳျခင္း၊ အစုိးရ၊ ႏုိင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖဲြ႔အစည္းမ်ား၊ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ ႏုိင္ငံတကာ ႏုိင္ငံေရးအခင္းအက်င္းတုိ႔အေပၚ သုံးသပ္ျခင္းႏွင့္ မွတ္တမ္းတင္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

၃။ သတၱမအႀကိမ္ ညီလာခံက တပ္ဦး၏ ႏုိင္ငံေရး ရည္မွန္းခ်က္ပန္းတုိင္အျဖစ္ –

(က) ခ်င္းအမ်ဳိးသားတုိ႔၏ ကုိယ္ပုိင္ျပ႒ာန္းခြင့္ (Self-determination) ျပန္လည္ရရွိေရး၊

(ခ)   ဒီမုိကေရစီေရး၊ အမ်ဳိးသားတန္းတူေရးႏွင့္ ကုိယ္ပုိင္ျပဌာန္းခြင့္ အခြင့္အေရးမ်ား အျပည့္အဝရွိၿပီး ႏုိင္ငံေရး တန္းတူမႈရွိေသာ အမ်ဳိးသားျပည္နယ္မ်ားႏွင့္ ပထဝီအေျခခံျပည္နယ္မ်ားျဖင့္ စုဖြဲ႔ထားသည့္ ဖက္ဒရယ္ျပည္ ေထာင္စု ထူေထာင္ေရး၊

(ဂ)   ဒီမုိကေရစီစနစ္တည္ေဆာက္ေရး ဟူ၍ ခ်မွတ္သည္။

၄။ ခ်င္းအမ်ဳိးသားတပ္ဦး၏ ၿငိမ္းခ်မ္းေရးဆုိင္ရာ လုပ္ငန္းစဥ္အျဖစ္-

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ – ၂၁ ရာစု ပင္လုံအစည္းအေဝးမ်ား၏ အစုအဖြဲ႔အသီးသီးတြင္ ပါဝင္ၾကေသာ ခ်င္းအမ်ဳိးသားမ်ားအေနျဖင့္ အမ်ဳိးသားအဆင့္ ႏုိင္ငံေရးေဆြးေႏြးပြဲမ်ားမွတဆင့္ ၂၁ ရာစု ပင္လုံအစည္းအေဝး မ်ားသုိ႔ တင္သြင္းမည့္အဆုိျပဳလႊာမ်ားႏွင့္ပတ္သက္ၿပီး ခ်င္းအမ်ဳိးသားမ်ား၏ႏုိင္ငံေရး ဘုံသေဘာထားရရွိႏုိင္ေရး အတြက္ ႀကိဳးပမ္းေဆာင္ရြက္သြားရန္၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ပတ္သက္ၿပီး ျပည္သူလူထုထံသုိ႔ အခ်ိန္ႏွင့္ တေျပးညီ တင္ျပႏုိင္ေရးႏွင့္ အဆုိျပဳခ်က္မ်ား ရယူႏုိင္ေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္သည္။

၅။ ျမန္မာ့တပ္မေတာ္ႏွင့္ Arakan Army (AA) အၾကား ျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡသည္ ခ်င္းအမ်ဳိးသားမ်ား အေပၚ စစ္ရာဇဝတ္မႈ က်ဴးလြန္မႈမ်ား ရွိေနျခင္းေၾကာင့္ ခ်င္းအမ်ဳိးသားမ်ားအတြက္ အေရးေပၚအေျခအေန ေရာက္ေနၿပီဟု မွတ္ယူသည္။ ထုိ႔ေၾကာင့္ ျမန္မာ့တပ္မေတာ္ႏွင့္ AA အေနျဖင့္ ခ်င္းအမ်ဳိးသားပုိင္နက္နယ္ေျမ အတြင္း တုိက္ပြဲမ်ား ခ်က္ခ်င္းရပ္တန္႔ရန္ႏွင့္ AA အေနျဖင့္ ခ်င္းျပည္နယ္ႏွင့္ ခ်င္းလူမ်ိဳးမ်ား ေနထိုင္ရာေဒသမ်ား တြင္ စစ္ေရးအရ အေျခခ်လႈပ္ရွားေနထုိင္ျခင္း လုံးဝမျပဳရန္ အေလးအနက္ ေတာင္းဆုိသည္။

၆။ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခုိင္ျပည္နယ္အတြင္းရွိ ခ်င္းလူမ်ိဳးမ်ား ေနထိုင္ရာေဒသမ်ားတြင္ တုိက္ပြဲမ်ား ေၾကာင့္ လူမႈဒုကၡအတိ ခံစားေနၾကရေသာ ေဒသခံခ်င္းျပည္သူမ်ားအတြက္ လုိအပ္ေသာ လူမႈကူညီေထာက္ပ့ံ မႈမ်ားေပးေရးႏွင့္ ျပန္လည္ေနရာခ်ထားႏုိင္ေရးကို ျပည္တြင္းျပည္ပရွိ ခ်င္းအမ်ဳိးသားမ်ား၊ ခ်င္းျပည္နယ္အစုိးရ၊ အစုိးရမဟုတ္ေသာ အဖြဲ႔အစည္းမ်ား၊ လူမႈအဖြဲ႔အစည္းမ်ား၊ ဘာသာေရးအသင္းအဖဲြ႔မ်ားအေနျဖင့္ အမ်ဳိးသားေရး တာဝန္တစ္ရပ္အေနျဖင့္ ဆက္လက္တာ၀န္ယူေဆာင္ရြက္ေပးၾကရန္ႏွင့္ ေဖာ္ျပပါလုပ္ငန္းစဥ္မ်ားကုိ ခ်င္းအမ်ဳိး သားတပ္ဦးမွ နည္းလမ္း ေပါင္းစုံအသုံးျပဳၿပီး ကမကထျပဳ အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားမည္ျဖစ္သည္။

၇။ ခ်င္းအမ်ဳိးသားတပ္ဦး၏ သတၱမအႀကိမ္ညီလာခံသက္တမ္းအတြင္း တပ္ဦးကုိ ဦးေဆာင္မည့္ ဥကၠ႒၊ ဒုတိယဥကၠ႒ မ်ား၊ အေထြေထြအတြင္းေရးမွဴးႏွင့္ လက္ေထာက္အေထြေထြအတြင္းေရးမွဴးမ်ားကုိ  ေအာက္ပါအတုိင္း ေရြးခ်ယ္ ဖြဲ႔စည္းသည္။

 

(၁) Pu Zing Cung                 –           ဥကၠ႒

(၂) Pu Thang Ning Kee         –           ဒုတိယဥကၠ႒ ၁

(၃) Dr. Lian Hmung Sakhong            –           ဒုတိယဥကၠ႒ ၂

(၄) Dr. Sui Khar                   –           ဒုတိယဥကၠ႒ ၃

(၅) Salai Thla Hei                 –           အေထြေထြအတြင္းေရးမွဴး

(၆) Salai Ram Kulh Cung      –           လက္ေထာက္အေထြေထြအတြင္းေရးမွဴး ၁

(၇) Salai Htet Ni                   –           လက္ေထာက္အေထြေထြအတြင္းေရးမွဴး ၂

(၈) Pu HC. Ral Hnin             –           လက္ေထာက္အေထြေထြအတြင္းေရးမွဴး ၃

 

 

သတၱမအႀကိမ္ညီလာခံ

၂၀၂၀ ခုႏွစ္၊ မတ္လ (၁၉) ရက္

 

 

 

ဆက္သြယ္ရန္-

 

Salai Thla Hei

အေထြေထြအတြင္းေရးမွဴး၊ ခ်င္းအမ်ိဳးသားတပ္ဦး

ဖုန္း  +၉၅ ၉၇၉ ၅၇၅ ၄၄၃၅

+၉၅ ၉၄၅ ၂၀၅ ၄၄၈၈

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: