ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ခ်င္းအမ်ဳိးသမီးပါ၀င္မႈ ဘယ္ေလာက္ထိ ခရီးေပါက္ေနျပီလဲ| ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ချင်းအမျိုးသမီးပါဝင်မှု ဘယ်လောက်ထိ ခရီးပေါက်နေပြီလဲ

0

Pi Teii le Pi Lengkee nih CNF Camp Nu pawl Cawnpiak/Pi Leng Kee

Salai Josephbawi| The Chinland Post| 2020 March 14| (zawgyi is below) ၂၀၁၁ခုနှစ် သြဂုတ် (၁၈)ရက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖိတ်ကြားချက်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထဲက (၁၀)ဖွဲ့ဟာဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ချုပ်နိုင်ခဲ့ကာ ငြိမ်းချမ်းရေးအတွက် အဖက်ဖက်က ကြိုးပမ်းနေကြပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ နှစ်ပေါင်း (၇၀)ကျော် ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ ဒုက္ခအခံရဆုံးလို့ဆိုရင် အမျိုးသမီးတွေနဲ့ကလေးတွေပဲဖြစ် တယ်ဆိုရင် မမှားပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်မှုကောဘယ်လောက်ရှိနေပြီးလဲ လို့ မေးခွန်းထုတ်လိုက်ရင် ဆင်ခြေမှုတွေနဲ့ ဖြေစရာမရှိသလောက်ပဲဖြစ်နိုင်တယ်။ အမျိုးသမီးအများစုဟာ ကိုယ့်ရိုးရာယဉ်ကျေးမှုအလိုက်၊ ဘာသာရေးအယူအဆအလိုက် ခွဲခြားဆက်ဆံခံ နေကြရတာ ငြင်းလို့မရပေမယ့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကိုတော့ ရှေ့တန်းတင်ဖို့ တွန့်နေကြတတ်ပါတယ်။ ဒီဆောင်းပါးမှာ ချင်းအမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေမှုအခြေအနေလေ့လာ သလောက်ကို တင်ပြလိုက်ပါတယ်။

အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှုနည်းတာကို ပီးလိုင်းကီးက ကျမတို့ရဲ့ ဒီပြည်တွင်းမငြိမ်း ချမ်းခြင်းရဲ့ အသီးအပွင့်၊ ဆင်းရဲတာ၊ လူမှုဘဝမဖူလုံတာကြောင့် လိုအပ်ချက်တွေ အရမ်းများပြီး စားဝတ် နေရေးဖူလှုံရေးမျိုးမှာပဲ အရမ်းအာရုံစိုက်တဲ့အခါကြတော့ နိုင်ငံရေးပိုင်းမှာရုံမစိုက်နိုင်ဘူး၊ ပြီးရင် အမျိုးသမီး မို့လို့ ဒီအဖွဲ့အစည်းနဲ့ဆိုလို့ရှိရင် ဥပဒေနဲ့ မကင်းဘူးလားစသဖြင့် စိုးရင်စိတ် ကြောက်စိတ်၊ ဝေဖန်တာတွေက စိန်ခေါ်မှုကြီးဖြစ်တယ်။ ငြိမ်းချမ်းရေးဖိုရမ်၊ အလုပ်ရုံဆွေး နွေးပွဲ၊ တွေ့ဆုံပွဲတွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အချိတ်အ ဆက်ကတော့ မိလာကြပါပြီ အရင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထဲကဆိုရင် သူတို့ရဲ့အမြင်က တစ်မျိုးကြီးဖြစ်သွားပြီးကြောက်တာပေါ့လို့ ချင်းအမျိုးသားတပ်ဦး၏ဗဟို ကော်မတီဝင် ပီးလိုင်းကီးက သုံးသပ်ပါတယ်။အမျိုးသမီးတွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သိပ်မပါဝင်ရဲကြတာဟာ အရင်စစ်အစိုးရခေတ်အဆက်ဆက်က လှုပ်ရှားလို့မရအောင်နှင့် ကြောက်စိတ်ဝင်အောင် ရက်စက်ကြမ်းခဲ့ကြလို့ မိဘတွေက မပါဝင်ခိုင်းတာလည်း ဖြစ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မိဘပြည်သူတွေက သိပ်နားမလည်လို့ တားလို့လည်းဖြစ်နိုင်တယ်။ ကျမတို့ မိဘတွေကလည်း တားပါတယ်။ အရေးကြီးလို့လုပ်တာဖြစ်ပါတယ်။ ပညာရှိ အမျိုးသမီးတွေသာများမယ်ဆိုရင် ဒီငြိမ်းချမ်းရေးက ပိုမြန်ဆန်လိမ့်မယ်လို့ ချင်းအမျိုးသားတပ်မတော် ဒုအရာခံဗိုလ် မိုင်ဂျာဘောရ်ကပြောပါတယ်။

အမျိုးသမီး ကိုယ်တိုင်ကလည်း ပေးဆပ်မှုနည်းတာလည်းဖြစ်နိုင်တယ်။
တစ်ဖက်တလမ်းကနေ ကျမတို့ရဲ့ ခေါင်းဆောင်လူကြီးများကလည်း လက်တွဲမခေါ်နိုင်သေးတာလည်းဖြစ်မယ်၊ အမျိုးသမီးစွမ်း ဆောင်မှုလို အပ်တယ်ဆိုရင် အမျိုးသားသည်က တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ သူတို့က သင်ပေးပြီးတော့ လက်တွဲခေါ်သွားမယ်ဆိုရင်တော့ သူတို့များများပါလာမယ်လို့ ထင်တယ်။ လောလောဆယ်တော့ သိပ်ပြီးတော့ အမျိုးသမီးများကို လက်တွဲမခေါ်တာတွေရှိတယ်လို့ ကျမခံယူတယ်။ တော်လှန်ရေးပိုင်းတို့ နိုင်ငံရေးပိုင်းတို့ များများလည်း awareness ဘာလေးတော့ လုပ်ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ ကိုယ့်ကိုယ်တိုင်မှ မသိဘူးဆိုရင် ကျမဘာလုပ်မလဲဆိုတာ သူတို့စိတ်ထဲမှာ ရှိချင်မှရှိမှာပေါ့၊ နားလည်မှသာလျှင် သူတို့နိုင်ငံရေး အရေးကြီးတဲ့အကြောင်း၊ ငြိမ်းချမ်းရေးအရေးကြီးဆိုတဲ့အကြောင်းများများပြောနိုင်မှ အမျိုးသမီးတွေက များများ ပါဝင်နိုင်မယ်လို့ပဲ ကျမထင်တယ်လို့ ချင်းအမျိုးသားတပ်ဦး၏ဗဟိုကော်မတီဝင် ပီးသယ်အီး ကပြောသည်။

ချင်းဓလေ့ထုံးတမ်းစဉ်လာအရ ခွဲခြားဆက်ဆံမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပြီး ချင်းအမျိုးသားတပ်မတော် ဒုအရာခံဗိုလ် မိုင်ဂျာဘောရ်ကထောက်ပြတယ်။ ကျားမတန်းတူရေးဆိုတာ အရင်ခေတ်တွေမှာဆိုရင် မိန်းကလေးဆိုတာ ပိုနှိမ်ခံရပါတယ်။ အစည်းအဝေးတွေမှာဆိုရင်လည်း အမျိုးသမီးတွေ စကားပြောလာပြီးဆိုရင် မိန်းကလေးစကားနဲ့ မဆုံးဖြတ်ရ ဆိုတာမျိုး၊ ကျောင်းတက်ရင်လည်း မိန်းကလေးတွေက ယောင်္ကျားယူမှာပဲ မိဘလုပ်ကျွေးနိုင်မယ့်လူတွေမ ဟုတ်ဘူးဆိုပြီး ယောင်္ကျားတွေကိုပဲ ဦးစားပေးခံခဲ့ကြတယ်။ ခွဲခြားခံခဲ့ရပါတယ်။ ဒီလိုများ ခွဲခြားမှုမရှိရင် အကောင်းဆုံးလို့မြင်တယ်။ ယောင်္ကျားဖြစ်လို့ ကျားမဆိုတာ အင်အားတော့ မမျှပါဘူး။ ယောင်္ကျားတွေ မနိုင်တဲ့အရာက မိန်းကလေးတွေအတွက် အန္တရယ်ဖြစ်နိုင်တာတွေရှိတယ်။ ယောင်္ကျားတွေက နားလည်ပေးဖို့လိုတယ်။ မိန်းကလေးတွေကလည်း ဒါဟာယောင်္ကျားအလုပ်ဆိုတာမျိုးမထားဘဲ တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့ဖြင့်သာ ကိုင်တွယ်ရင် ငြိမ်းချမ်းရေးပိုရှိမယ်။ ခွဲခြားမှုဆိုတာ မိသားစုကော၊ လုပ်ငန်းခွင်မှာပါ မကောင်းတဲ့အတွက် ကျားမ ခွဲခြားမှုဆိုတာ မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

အဲဒီတုန်းက ကျတော်တို့မှာ အတွေ့အကြုံ၊ အသိပညာတွေမမြင်ခဲ့လို့ အဲဒီမျိုးက ဘိုးဘွားခေတ်ကရှိတယ်။ ဒီခေတ်မှာ အဲဒီမျိုးကတော့ ကျတော်က သိပ်ပြီးမကြိုက်တော့ဘူး။ လူပဲလေ၊ လူလူပဲမိသားစုမှာလည်း ပြည့်ပြည့်၀၀ ဒီအမျိုးသမီးတွေလည်းရစေချင်ပါတယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးအတွင်းရေးမှူး ဗိုလ်မှူးကြီးစော်လမုန်က ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်အရ အမျိုးသမီး (၃၀%)ပါဝင်စေရမယ် ဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှုဟာလည်း အားရစရာတော့မတွေ့သေးပါဘူး။ အဲဒီထဲက ချင်းအမျိုးသားတပ်ဦးဟာ အမျိုးသမီးကော်မတီ (၅)ဦးဖြင့်ဖွဲ့စည်းထားရုံမကဘဲ ဗဟိုကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီမှာတော်ပြီး အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အကောင်းဆုံးကြိုးစားနေတယ်လို့ သိရတယ်။ အမျိုးသမီးအများစုဟာ ပါဝင်သင့်သလောက် မပါကြတာကိုလည်း ထောက်ပြကြပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးမှုတွေရဲ့ ပါဝင်မှုရတဲ့အပိုင်းဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားနေပေမယ့် ကျမတို့မျှော်လင့်သလိုတော့ အများကြီးတော့ ခရီးတော့မရောက်သေးပါဘူး။ ကျမတို့အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍကတော်တော်လည်း အရေးကြီးပါတယ်။ ကျမတို့အမျိုးသမီးတွေက တကယ့်တကယ် ပြည်တွင်းစစ်မှာ အခက်အခဲကြုံတဲ့အခါမှာ ဘယ်မှာမဆို အမျိုးသမီးသည်က နစ်နာသူနဲ့ခံစား သူက အရမ်းများပါတယ်။ အဲတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်လို့ ကျမတို့ပြောတဲ့အခါမှာ အမျိုးသမီးထုကလည်း ကျမတို့ အားပေးဖို့ ကူညီဖို့ လိုအပ်ပါ တယ်။ တစ်ခါတလေ ငြိမ်းချမ်းရေးဖြစ်စဉ်လို့ ပြောတဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်နှင့် အစိုးရနှင့် တပ်မတော်နဲ့ညှိနှိုင်းဆွေးနွေးတာသည်ရှိပါတယ်။ သူတို့မှာပဲတာဝန်ရှိတာမဟုတ်ဘဲနဲ့ ကျမတို့ပြည်သူလူထုကလည်း ပူးပေါင်းပြီးတော့မှ ဒီငြိမ်းချမ်းရေးအောင်မြင်ဖို့အတွက်က အရမ်းအရေးကြီးပါတယ်။ ချင်းအမျိုးသမီးတွေက အများကြီး ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့လိုအပ်တယ်။ ချင်းအမျိုးသားတပ်ဦးကပဲ တာဝန်ရှိ တယ်လို့မယူဆဘဲနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ အလုပ်ရုံဆွေနွေးပွဲတို့ ကော်မတီတွေမှာ အမျိုးသမီးပါဝင်မှု များလာရင် ကျမတို့ အမျိုးသမီးထုရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက်က ပိုပြီး အားကောင်းမှာဖြစ်တဲ့အတွက် ချင်းအမျိုးသမီး ထုအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ်တတ်နိုင်တဲ့ ဖက်ကနေ အားလုံးပါဝင်ပေးဖို့မေတ္တာ ရပ်ခံလိုပါတယ်လို့ ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်ညီညွတ်ရေးအတွက် စွမ်းစွမ်းတမံအကျိုးဆောင်နေဆရာမ ချင်းချင်း ပက်ထန်းက ပြောပါတယ်။

အမျိုးသမီးအခွင့် အရေးကတော့ပြောနေကြတယ်၊ လုပ်နေကြတယ်၊ အော်နေကြတယ်၊ ကြိုးစားနေကြတယ်၊ အခွင့်အရေးချိုးဖောက်ခံရတယ် နည်းမျိုးစုံပေါ့ လူမှုရေးကိုလုပ်နေကြသော်ငြားလည်းပဲ တကယ့်် decision maker ရောက်မယ့် အနေအထားလိုမျိုးမှာ ကျမတို့အမျိုးသမီးတွေက ထွက်မလာဘူး။ ဘာကခက်ခဲ နေလည်းဆိုတော့ အဓိကကိုယ့်ကိုယ်ကို အရင်ပြောင်းလဲပါလို့။ အဲဒါပဲ။ ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲဖို့၊ သတ္တိရှိဖို့ အဲဒါကိုပဲ အဲဒါကြောင့်မလို့ဆိုပြီး ကျမတော့ ပြောချင်တယ် ပီးလိုင်းကီက ပြောသည်။

အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်နှင့် အမျိုးသမီးအားသာချက်နဲ့ပတ်သက်ပြီး ကျမတို့ရှိခြင်းအားဖြင့် ကျမတို့လူကြီးတွေ ငြိမ်းချမ်းရေးစား ပွဲပေါ်မှာ ထိုင်နိုင်ကြတာဖြစ်ပါတယ်။ ကျမတို့လူကြီးတွေ အစိုးရနှင့် တွေ့ဆုံဆွေးနွေးနိုင်တာကလည်း ကျမတို့ လုပ်ငန်းအသီးအပွင့်လို့ဆိုလို့ရပါတယ်။ သူတို့ရဲ့လုပ်ငန်းတွေကိုလည်း ရဲမေအမျိုးသမီးများအနေနဲ့ အများကြီးပံ့ပိုးကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်ကြတယ်ဆိုတာကလည်း ပါဝင်သည့်ကဏ္ဍမတူကြဘူး၊ အရည်အချင်းပေါ်မူတည်ပြီးတော့ တစ်ချို့က စစ်ရုံးချုပ်မှာထိုင်တယ်၊ တစ်ချို့က မူကြိုဆရာမ၊ တစ်ချို့က စက်ချုပ်၊ တစ်ချို့က မူကြိုဆရာမ၊ တစ်ချို့က ဆေးဆရာမနှင့် ဆိုင်တွေပွင့်တယ်။ တစ်ဖက်တလမ်းကနေ အများကြီးလုပ် ဆောင်နိုင်ကြပါတယ်လို့ ချင်းအမျိုးသားတပ်မတော် ဒုအရာခံဗိုလ် မိုင်ဂျာဘောရ်ကပြောပါတယ်။

ဒီအမျိုးသမီးသည်ကတစ်ခါတလေကျတော့ သူတို့လုပ်ကိုင်တဲ့နေရာမှာ ဆက်ဆံတဲ့နေရာမှာ အရမ်းအ လုပ်လုပ်နိုင်တယ်။ အလုပ်ပိုင်းဆိုင်ရာနော်နောက် အခြားတခြားညှိနှ်ိုုင်းဆက်ဆံမှုတွေမှာ အမျိုးသမီးသည်က ပိုပြီးတော့ လူတွေက သူတို့ရဲ့အသံကို ပိုပြီးတော့ လေးစားတယ်။ အဲဒါကြောင့် အမျိုးသမီးတွေ အရမ်းအ လုပ်လုပ်နိုင်တယ်။ ဒီငြိမ်းချမ်းရေးဆိုတာ လူတစ်ဦးချင်း အားလုံးပါဝင်မှရတဲ့အလုပ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးမှာ ပိုပြီးတော့ ပြောဆိုနိုင်တာအမျိုးသမီးသည်။ အမျိုးသမီးတွေရဲ့အသံကို အမျိုးသားသည်က နားထောင်နိုင်တယ်။ အဲဒါကြောင့် အမျိုးသမီးသည် ဒါထက်ပိုပြီးပါဝင်နိုင်ရင် သိပ်ကောင်းမှာပဲ။ ကျတော်တို့ ချင်းအမျိုးသမီးသည်လည်း တက်တက်ကြွကြွပါဝင်ကြဖို့ကိုလည်း ကျတော်ဖိတ်ခေါ်ချင်ပါတယ်။ ယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးအတွင်းရေးမှူး ဗိုလ်မှူးကြီးစော်လမုန်က ပြောပါတယ်။

ကျမထင်တာကတော့ အမျိုးသမီးပေါ့နော်ပါဝင်နိုင်မယ်ဆိုရင်တော့ အမျိုးသမီး တွေမှာ ပါဝါအများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့မှာပေါ့ အားလုံးတော့မဆိုလိုဘူး ထက်မြတ်တဲ့အမျိုးသမီးအများကြီးရှိတယ်၊ ကျမတို့ချင်းမှာ။ ဆိုတော့ အမျိုးသမီးတွေပြောတာဆိုတာ အစစအရာရာပေါ့နော် အရေးပါတယ်လို့ကျမထင်တယ်။ ထိပ်တန်းမှာရှိခဲရင်လည်း ပိုအဆင် ပြေမလားလို့လဲ။ အမျိုးသမီးများများ ပါဝင်ဖို့လိုတယ်။ အမျိုးသမီးတွေ များများပါဝင်နိုင်မှ ငြိမ်းချမ်းရေးဟာလည်း မြန်မြန်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အမျိုးသမီးတွေက ငြိမ်းချမ်းရေးလုပ်တတ်တယ်လေ။ အမျိုးသမီးကိုယ်တိုင်က ငြိမ်းချမ်းရေး ဖြစ်နေတယ်ပေါ့နော်။ အိမ်ထောင်တစ်ခုမှာ အမျိုးသမီးကောင်းကောင်းရှိလို့ရှိရင် အိမ်ထောင်သာယာတယ်။ ဆိုတော့ တိုင်းပြည်တစ်ခုလည်း အမျိုးသမီးကြောင့် သာယာနိုင်တယ်။ ငြိမ်းချမ်းနိုင်တယ်လို့ကျမယူဆတယ်။ အဲဒါကြောင့် အမျိုးသမီးများ ကျမပြည်တွင်းပြည်ပမှာ ရှိတဲ့အမျိုးသမီးများ အားအင်စိုက်ပြီးတော့ ဒီတိုင်းပြည်အတွက် လူမျိုးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အင်တိုက်အားတိုက်ပါဝင်ဖို့ ကျမ မှာချင်ပါတယ်လိုိ့့ ပီးသယ်အီး ကပြောသည်။

အမျိုးသမီးများများကြီးပါဝင်နိုင်ရေးကိုတော့ ပါတီထဲမှာ များများဝင်လာမယ်ဆိုရင်တော့ တော်တော်လည်းအခွင့်အ လမ်းရှိလိမ့်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ မီဇိုရမ်ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် မီဇိုရမ်မှာ Mizo National Front (MNF) တို့၊ Congress တို့မှာ သူတို့အမျိုးသမီးအဖွဲ့ MNF မှာ Women Front Congress မှာ Mahila စသည်အားဖြင့်အမျိုးသမီးကို သပ်သပ်ဖွဲ့စည်းထားတာရှိတယ်။ ဆိုတော့ အဲသည်ကနေသွားရင်း သွားရင်းနဲ့ MLA လွတ်တော်အထိ Candidate ဝင်ပြိုင်လုပ်လို့ရတယ်။ Candidate လုပ်တဲ့အချိန်မှာ သူတို့ ကောင်းကောင်းဝင်ပြိုင်နိုင်တဲ့ နည်းလမ်းအများကြီးရှိတယ်။ အဲဒီပါတီထဲမှာ အဲဒီပါတီတစ်ခုရဲ့အမျိုးသမီးအဖွဲ့ ဖြစ်တဲ့အတွက် သူတို့အသံ အများကြီးပါတယ်။ ဆိုတော့ ကျမတို့မှာလည်းပဲ ပါတီထဲမှာဝင်လို့ ပါတီထဲမှာ အမျိုးသမီးများများပါဝင်မယ်ဆိုရင် သဘောမှာက ဥပမာ ချင်းပါတီထားအုံး သဘောအားဖြင့် ချင်းပါတီမှာ ဝင်မယ်ဆိုရင် အဲဒီမှာ ပါတီအမျိုးသမီးသီးသန့် ပါတီထဲမှာရှိရမယ်။ အမျိုးသမီးအသံက အဲဒီပါတီအသံဖြစ်သွား မယ်။ များများဒီလိုမျိုးပါမှ ကျမတို့အမျိုးသမီးတွေရဲ့အသံများများ ထွက်လိမ့်မယ်လို့ထင်တယ်လို့ ဆက်ပြောသည်။ ချင်းအမျိုးသားတပ်ဦး၏ဗဟိုကော်မတီဝင် ပီးသယ်အီးက သုံးသပ်ပါတယ်။

 

Zawgyi

၂၀၁၁ခုနွစ္ ၾသဂုတ္ (၁၈)ရက္ နုိင္ငံေတာ္သမၼတဦးသိန္းစိန္၏ ျငိမ္းခ်မ္းေရးဖိတ္ၾကားခ်က္အရ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းမ်ားထဲက (၁၀)ဖြဲ႔ဟာဆုိရင္ တစ္နုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ခ်ဳပ္နုိင္ခဲ့ကာ ျငိမ္းခ်မ္းေရးအတြက္ အဖက္ဖက္က ၾကိဳးပမ္းေနၾကျပီးျဖစ္သည္။ ျမန္မာနုိင္ငံ၏ နွစ္ေပါင္း (၇၀)ေက်ာ္ ျပည္တြင္းစစ္နဲ႔ ရင္ဆုိင္ေနတဲ့အခ်ိန္မွာ ဒုကၡအခံရဆုံးလုိ႔ဆုိရင္ အမ်ဳိးသမီးေတြနဲ႔ကေလးေတြပဲျဖစ္ တယ္ဆုိရင္ မမွားပါဘူး။ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးေတြပါ၀င္မႈေကာဘယ္ေလာက္ရွိေနျပီးလဲ လုိ႔ ေမးခြန္းထုတ္လုိက္ရင္ ဆင္ေျခမႈေတြနဲ႔ ေျဖစရာမရွိသေလာက္ပဲျဖစ္နုိင္တယ္။ အမ်ဳိးသမီးအမ်ားစုဟာ ကုိယ့္ရုိးရာယဥ္ေက်းမႈအလုိက္၊ ဘာသာေရးအယူအဆအလုိက္ ခြဲျခားဆက္ဆံခံ ေနၾကရတာ ျငင္းလုိ႔မရေပမယ့္ အမ်ဳိးသမီးေတြရဲ႕ စြမ္းေဆာင္ရည္ကုိေတာ့ ေရွ႕တန္းတင္ဖုိ႔ တြန္႔ေနၾကတတ္ပါတယ္။ ဒီေဆာင္းပါးမွာ ခ်င္းအမ်ဳိးသမီးေတြရဲ႕ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္ေနမႈအေျခအေနေလ့လာ သေလာက္ကုိ တင္ျပလုိက္ပါတယ္။

အမ်ဳိးသမီးေတြရဲ႕ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္မႈနည္းတာကုိ ပီးလုိင္းကီးက က်မတုိ႔ရဲ႕ ဒီျပည္တြင္းမျငိမ္း ခ်မ္းျခင္းရဲ႕ အသီးအပြင့္၊ ဆင္းရဲတာ၊ လူမႈဘ၀မဖူလုံတာေၾကာင့္ လုိအပ္ခ်က္ေတြ အရမ္းမ်ားျပီး စား၀တ္ ေနေရးဖူလႈံေရးမ်ဳိးမွာပဲ အရမ္းအာရုံစုိက္တဲ့အခါၾကေတာ့ နုိင္ငံေရးပုိင္းမွာရုံမစုိက္နုိင္ဘူး၊ ျပီးရင္ အမ်ဳိးသမီး မုိ႔လုိ႔ ဒီအဖြဲ႔အစည္းနဲ႔ဆုိလုိ႔ရွိရင္ ဥပေဒနဲ႔ မကင္းဘူးလားစသျဖင့္ စုိးရင္စိတ္ ေၾကာက္စိတ္၊ ေ၀ဖန္တာေတြက စိန္ေခၚမႈၾကီးျဖစ္တယ္။ ျငိမ္းခ်မ္းေရးဖုိရမ္၊ အလုပ္ရုံေဆြး ေႏြးပြဲ၊ ေတြ႔ဆုံပြဲေတြမွာ အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ အခ်ိတ္အ ဆက္ကေတာ့ မိလာၾကပါျပီ အရင္ကေတာ့ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းထဲကဆုိရင္ သူတုိ႔ရဲ႕အျမင္က တစ္မ်ဳိးၾကီးျဖစ္သြားျပီးေၾကာက္တာေပါ့လုိ႔ ခ်င္းအမ်ဳိးသားတပ္ဦး၏ဗဟုိ ေကာ္မတီ၀င္ ပီးလုိင္းကီးက သုံးသပ္ပါတယ္။အမ်ဳိးသမီးေတြက ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ သိပ္မပါ၀င္ရဲၾကတာဟာ အရင္စစ္အစုိးရေခတ္အဆက္ဆက္က လႈပ္ရွားလုိ႔မရေအာင္နွင့္ ေၾကာက္စိတ္၀င္ေအာင္ ရက္စက္ၾကမ္းခဲ့ၾကလုိ႔ မိဘေတြက မပါ၀င္ခုိင္းတာလည္း ျဖစ္တယ္။ ျငိမ္းခ်မ္းေရးျဖစ္စဥ္ကုိ မိဘျပည္သူေတြက သိပ္နားမလည္လုိ႔ တားလုိ႔လည္းျဖစ္နုိင္တယ္။ က်မတုိ႔ မိဘေတြကလည္း တားပါတယ္။ အေရးၾကီးလုိ႔လုပ္တာျဖစ္ပါတယ္။ ပညာရွိ အမ်ဳိးသမီးေတြသာမ်ားမယ္ဆုိရင္ ဒီျငိမ္းခ်မ္းေရးက ပိုျမန္ဆန္လိမ့္မယ္လုိ႔ ခ်င္းအမ်ဳိးသားတပ္မေတာ္ ဒုအရာခံဗုိလ္ မုိင္ဂ်ာေဘာရ္ကေျပာပါတယ္။

အမ်ဳိးသမီး ကုိယ္တုိင္ကလည္း ေပးဆပ္မႈနည္းတာလည္းျဖစ္နုိင္တယ္။
တစ္ဖက္တလမ္းကေန က်မတုိ႔ရဲ႕ ေခါင္းေဆာင္လူၾကီးမ်ားကလည္း လက္တြဲမေခၚနုိင္ေသးတာလည္းျဖစ္မယ္၊ အမ်ဳိးသမီးစြမ္း ေဆာင္မႈလုိ အပ္တယ္ဆုိရင္ အမ်ဳိးသားသည္က တတ္သည္ျဖစ္ေစ မတတ္သည္ျဖစ္ေစ သူတုိ႔က သင္ေပးျပီးေတာ့ လက္တြဲေခၚသြားမယ္ဆုိရင္ေတာ့ သူတုိ႔မ်ားမ်ားပါလာမယ္လုိ႔ ထင္တယ္။ ေလာေလာဆယ္ေတာ့ သိပ္ျပီးေတာ့ အမ်ဳိးသမီးမ်ားကုိ လက္တြဲမေခၚတာေတြရွိတယ္လုိ႔ က်မခံယူတယ္။ ေတာ္လွန္ေရးပုိင္းတုိ႔ နုိင္ငံေရးပုိင္းတုိ႔ မ်ားမ်ားလည္း awareness ဘာေလးေတာ့ လုပ္ေပးမယ္ဆုိရင္ ပုိေကာင္းတာေပါ့။ ကုိယ့္ကုိယ္တုိင္မွ မသိဘူးဆုိရင္ က်မဘာလုပ္မလဲဆုိတာ သူတုိ႔စိတ္ထဲမွာ ရွိခ်င္မွရွိမွာေပါ့၊ နားလည္မွသာလွ်င္ သူတုိ႔နုိင္ငံေရး အေရးၾကီးတဲ့အေၾကာင္း၊ ျငိမ္းခ်မ္းေရးအေရးၾကီးဆုိတဲ့အေၾကာင္းမ်ားမ်ားေျပာနုိင္မွ အမ်ဳိးသမီးေတြက မ်ားမ်ား ပါ၀င္နုိင္မယ္လုိ႔ပဲ က်မထင္တယ္လုိ႔ ခ်င္းအမ်ဳိးသားတပ္ဦး၏ဗဟုိေကာ္မတီ၀င္ ပီးသယ္အီး ကေျပာသည္။

ခ်င္းဓေလ့ထုံးတမ္းစဥ္လာအရ ခြဲျခားဆက္ဆံမႈေတြေၾကာင့္လည္း ျဖစ္နုိင္တယ္ဆုိျပီး ခ်င္းအမ်ဳိးသားတပ္မေတာ္ ဒုအရာခံဗုိလ္ မုိင္ဂ်ာေဘာရ္ကေထာက္ျပတယ္။ က်ားမတန္းတူေရးဆုိတာ အရင္ေခတ္ေတြမွာဆုိရင္ မိန္းကေလးဆုိတာ ပုိနွိမ္ခံရပါတယ္။ အစည္းအေ၀းေတြမွာဆုိရင္လည္း အမ်ဳိးသမီးေတြ စကားေျပာလာျပီးဆုိရင္ မိန္းကေလးစကားနဲ႔ မဆုံးျဖတ္ရ ဆုိတာမ်ဳိး၊ ေက်ာင္းတက္ရင္လည္း မိန္းကေလးေတြက ေယာက်ၤားယူမွာပဲ မိဘလုပ္ေကြ်းနုိင္မယ့္လူေတြမ ဟုတ္ဘူးဆုိျပီး ေယာက်ၤားေတြကုိပဲ ဦးစားေပးခံခဲ့ၾကတယ္။ ခြဲျခားခံခဲ့ရပါတယ္။ ဒီလုိမ်ား ခြဲျခားမႈမရွိရင္ အေကာင္းဆုံးလုိ႔ျမင္တယ္။ ေယာက်ၤားျဖစ္လုိ႔ က်ားမဆုိတာ အင္အားေတာ့ မမ်ွပါဘူး။ ေယာက်ၤားေတြ မနုိင္တဲ့အရာက မိန္းကေလးေတြအတြက္ အႏၱရယ္ျဖစ္နုိင္တာေတြရွိတယ္။ ေယာက်ၤားေတြက နားလည္ေပးဖုိ႔လုိတယ္။ မိန္းကေလးေတြကလည္း ဒါဟာေယာက်ၤားအလုပ္ဆုိတာမ်ဳိးမထားဘဲ တစ္ဦးနဲ႔တစ္ဦး နားလည္မႈနဲ႔ျဖင့္သာ ကုိင္တြယ္ရင္ ျငိမ္းခ်မ္းေရးပုိရွိမယ္။ ခြဲျခားမႈဆုိတာ မိသားစုေကာ၊ လုပ္ငန္းခြင္မွာပါ မေကာင္းတဲ့အတြက္ က်ားမ ခြဲျခားမႈဆုိတာ မျဖစ္ေစခ်င္ဘူးလုိ႔ ေျပာပါတယ္။

အဲဒီတုန္းက က်ေတာ္တုိ႔မွာ အေတြ႔အၾကဳံ၊ အသိပညာေတြမျမင္ခဲ့လုိ႔ အဲဒီမ်ဳိးက ဘုိးဘြားေခတ္ကရွိတယ္။ ဒီေခတ္မွာ အဲဒီမ်ဳိးကေတာ့ က်ေတာ္က သိပ္ျပီးမၾကိဳက္ေတာ့ဘူး။ လူပဲေလ၊ လူလူပဲမိသားစုမွာလည္း ျပည့္ျပည့္၀၀ ဒီအမ်ဳိးသမီးေတြလည္းရေစခ်င္ပါတယ္လုိ႔ ခ်င္းအမ်ဳိးသားတပ္ဦးရဲ႕ ကာကြယ္ေရးနွင့္ လုံျခဳံေရးအတြင္းေရးမွဴး ဗုိလ္မွဴးၾကီးေစာ္လမုန္က ေျပာပါတယ္။

တစ္နုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္အရ အမ်ဳိးသမီး (၃၀%)ပါ၀င္ေစရမယ္ ဆုိေပမယ့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းမ်ား၏ အမ်ဳိးသမီးေတြရဲ႕ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္မႈဟာလည္း အားရစရာေတာ့မေတြ႔ေသးပါဘူး။ အဲဒီထဲက ခ်င္းအမ်ဳိးသားတပ္ဦးဟာ အမ်ဳိးသမီးေကာ္မတီ (၅)ဦးျဖင့္ဖြဲ႔စည္းထားရုံမကဘဲ ဗဟုိေကာ္မတီနွင့္ အလုပ္အမႈေဆာင္ေကာ္မတီမွာေတာ္ျပီး အမ်ဳိးသမီးေတြရဲ႕ ပါ၀င္မႈကုိ အေကာင္းဆုံးၾကိဳးစားေနတယ္လုိ႔ သိရတယ္။ အမ်ဳိးသမီးအမ်ားစုဟာ ပါ၀င္သင့္သေလာက္ မပါၾကတာကုိလည္း ေထာက္ျပၾကပါတယ္။

ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးမႈေတြရဲ့ ပါ၀င္မႈရတဲ့အပိုင္းဟာ ျငိမ္းခ်မ္းေရးျဖစ္စဥ္ကုိ သြားေနေပမယ့္ က်မတုိ႔ေမွ်ာ္လင့္သလုိေတာ့ အမ်ားၾကီးေတာ့ ခရီးေတာ့မေရာက္ေသးပါဘူး။ က်မတုိ႔အမ်ဳိးသမီးေတြရဲ႕ အခန္း က႑ကေတာ္ေတာ္လည္း အေရးၾကီးပါတယ္။ က်မတုိ႔အမ်ဳိးသမီးေတြက တကယ့္တကယ္ ျပည္တြင္းစစ္မွာ အခက္အခဲၾကဳံတဲ့အခါမွာ ဘယ္မွာမဆုိ အမ်ဳိးသမီးသည္က နစ္နာသူနဲ႔ခံစား သူက အရမ္းမ်ားပါတယ္။ အဲေတာ့ ဒီျငိမ္းခ်မ္းေရးျဖစ္စဥ္လုိ႔ က်မတုိ႔ေျပာတဲ့အခါမွာ အမ်ဳိးသမီးထုကလည္း က်မတုိ႔ အားေပးဖုိ႔ ကူညီဖုိ႔ လုိအပ္ပါ တယ္။ တစ္ခါတေလ ျငိမ္းခ်မ္းေရးျဖစ္စဥ္လုိ႔ ေျပာတဲ့အခါမွာ တုိင္းရင္းသား လက္နက္ကုိင္နွင့္ အစုိးရနွင့္ တပ္မေတာ္နဲ႔ညွိနႈိင္းေဆြးေႏြးတာသည္ရွိပါတယ္။ သူတို႔မွာပဲတာ၀န္ရွိတာမဟုတ္ဘဲနဲ႔ က်မတုိ႔ျပည္သူလူထုကလည္း ပူးေပါင္းျပီးေတာ့မွ ဒီျငိမ္းခ်မ္းေရးေအာင္ျမင္ဖုိ႔အတြက္က အရမ္းအေရးၾကီးပါတယ္။ ခ်င္းအမ်ဳိးသမီးေတြက အမ်ားၾကီး ဒီျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္ဖုိ႔လုိအပ္တယ္။ ခ်င္းအမ်ဳိးသားတပ္ဦးကပဲ တာ၀န္ရွိ တယ္လုိ႔မယူဆဘဲနဲ႔ ပူးေပါင္းပါ၀င္ဖုိ႔ လုိအပ္ပါတယ္။ အလုပ္ရုံေဆြေႏြးပြဲတုိ႔ ေကာ္မတီေတြမွာ အမ်ဳိးသမီးပါ၀င္မႈ မ်ားလာရင္ က်မတုိ႔ အမ်ဳိးသမီးထုရဲ႕ လုံျခဳံေရး၊ ျငိမ္းခ်မ္းေရးအတြက္က ပုိျပီး အားေကာင္းမွာျဖစ္တဲ့အတြက္ ခ်င္းအမ်ဳိးသမီး ထုအေနနဲ႔ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ကုိယ္တတ္နုိင္တဲ့ ဖက္ကေန အားလုံးပါ၀င္ေပးဖုိ႔ေမတၱာ ရပ္ခံလုိပါတယ္လုိ႔ ခ်င္းျငိမ္းခ်မ္းေရးနွင့္ ျပန္လည္ညီညြတ္ေရးအတြက္ စြမ္းစြမ္းတမံအက်ဳိးေဆာင္ေနဆရာမ ခ်င္းခ်င္း ပက္ထန္းက ေျပာပါတယ္။

အမ်ဳိးသမီးအခြင့္ အေရးကေတာ့ေျပာေနၾကတယ္၊ လုပ္ေနၾကတယ္၊ ေအာ္ေနၾကတယ္၊ ၾကိဳးစားေနၾကတယ္၊ အခြင့္အေရးခ်ဳိးေဖာက္ခံရတယ္ နည္းမ်ဳိးစုံေပါ့ လူမႈေရးကုိလုပ္ေနၾကေသာ္ျငားလည္းပဲ တကယ့္္ decision maker ေရာက္မယ့္ အေနအထားလုိမ်ဳိးမွာ က်မတုိ႔အမ်ဳိးသမီးေတြက ထြက္မလာဘူး။ ဘာကခက္ခဲ ေနလည္းဆုိေတာ့ အဓိကကုိယ့္ကုိယ္ကုိ အရင္ေျပာင္းလဲပါလုိ႔။ အဲဒါပဲ။ ကုိယ့္ကုိယ္ကုိ အရင္ေျပာင္းလဲဖုိ႔၊ သတၱိရွိဖုိ႔ အဲဒါကုိပဲ အဲဒါေၾကာင့္မလုိ႔ဆုိျပီး က်မေတာ့ ေျပာခ်င္တယ္ ပီးလုိင္းကီက ေျပာသည္။

အမ်ဳိးသမီးေတြရဲ႕စြမ္းေဆာင္ရည္နွင့္ အမ်ဳိးသမီးအားသာခ်က္နဲ႔ပတ္သက္ျပီး က်မတုိ႔ရွိျခင္းအားျဖင့္ က်မတုိ႔လူၾကီးေတြ ျငိမ္းခ်မ္းေရးစား ပြဲေပၚမွာ ထုိင္နုိင္ၾကတာျဖစ္ပါတယ္။ က်မတုိ႔လူၾကီးေတြ အစုိးရနွင့္ ေတြ႔ဆုံေဆြးေႏြးနုိင္တာကလည္း က်မတုိ႔ လုပ္ငန္းအသီးအပြင့္လုိ႔ဆုိလုိ႔ရပါတယ္။ သူတုိ႔ရဲ႕လုပ္ငန္းေတြကုိလည္း ရဲေမအမ်ဳိးသမီးမ်ားအေနနဲ႔ အမ်ားၾကီးပံ့ပုိးကူညီနုိင္လိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္။ က်မတုိ႔ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးေတြ ပါ၀င္ၾကတယ္ဆုိတာကလည္း ပါ၀င္သည့္က႑မတူၾကဘူး၊ အရည္အခ်င္းေပၚမူတည္ျပီးေတာ့ တစ္ခ်ဳိ႕က စစ္ရုံးခ်ဳပ္မွာထုိင္တယ္၊ တစ္ခ်ဳိ႕က မူၾကိဳဆရာမ၊ တစ္ခ်ဳိ႕က စက္ခ်ဳပ္၊ တစ္ခ်ဳိ႕က မူၾကိဳဆရာမ၊ တစ္ခ်ဳိ႕က ေဆးဆရာမနွင့္ ဆုိင္ေတြပြင့္တယ္။ တစ္ဖက္တလမ္းကေန အမ်ားၾကီးလုပ္ ေဆာင္နုိင္ၾကပါတယ္လုိ႔ ခ်င္းအမ်ဳိးသားတပ္မေတာ္ ဒုအရာခံဗုိလ္ မုိင္ဂ်ာေဘာရ္ကေျပာပါတယ္။

ဒီအမ်ဳိးသမီးသည္ကတစ္ခါတေလက်ေတာ့ သူတုိ႔လုပ္ကုိင္တဲ့ေနရာမွာ ဆက္ဆံတဲ့ေနရာမွာ အရမ္းအ လုပ္လုပ္နုိင္တယ္။ အလုပ္ပုိင္းဆုိင္ရာေနာ္ေနာက္ အျခားတျခားညွိနႈို္င္းဆက္ဆံမႈေတြမွာ အမ်ဳိးသမီးသည္က ပုိျပီးေတာ့ လူေတြက သူတုိ႔ရဲ႕အသံကုိ ပုိျပီးေတာ့ ေလးစားတယ္။ အဲဒါေၾကာင့္ အမ်ဳိးသမီးေတြ အရမ္းအ လုပ္လုပ္နုိင္တယ္။ ဒီျငိမ္းခ်မ္းေရးဆုိတာ လူတစ္ဦးခ်င္း အားလုံးပါ၀င္မွရတဲ့အလုပ္။ အဲဒါေၾကာင့္ ဒီျငိမ္းခ်မ္းေရးမွာ ပုိျပီးေတာ့ ေျပာဆုိနုိင္တာအမ်ဳိးသမိီးသည္။ အမ်ဳိးသမီးေတြရဲ႕အသံကုိ အမ်ဳိးသားသည္က နားေထာင္နုိင္တယ္။ အဲဒါေၾကာင့္ အမ်ဳိးသမီးသည္ ဒါထက္ပုိျပီးပါ၀င္နုိင္ရင္ သိပ္ေကာင္းမွာပဲ။ က်ေတာ္တုိ႔ ခ်င္းအမ်ဳိးသမီးသည္လည္း တက္တက္ၾကြၾကြပါ၀င္ၾကဖုိ႔ကုိလည္း က်ေတာ္ဖိတ္ေခၚခ်င္ပါတယ္။ ယ္လုိ႔ ခ်င္းအမ်ဳိးသားတပ္ဦးရဲ႕ ကာကြယ္ေရးနွင့္ လုံျခဳံေရးအတြင္းေရးမွဴး ဗုိလ္မွဴးၾကီးေစာ္လမုန္က ေျပာပါတယ္။

က်မထင္တာကေတာ့ အမ်ဳိးသမီးေပါ့ေနာ္ပါ၀င္နုိင္မယ္ဆုိရင္ေတာ့ အမ်ဳိးသမီး ေတြမွာ ပါ၀ါအမ်ားၾကီးရွိတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ တစ္ခ်ဳိ႕မွာေပါ့ အားလုံးေတာ့မဆုိလုိဘူး ထက္ျမတ္တဲ့အမ်ဳိးသမီးအမ်ားၾကီးရွိတယ္၊ က်မတို႔ခ်င္းမွာ။ ဆုိေတာ့ အမ်ဳိးသမီးေတြေျပာတာဆုိတာ အစစအရာရာေပါ့ေနာ္ အေရးပါတယ္လုိ႔က်မထင္တယ္။ ထိပ္တန္းမွာရွိခဲရင္လည္း ပုိအဆင္ ေျပမလားလုိ႔လဲ။ အမ်ဳိးသမီးမ်ားမ်ား ပါ၀င္ဖုိ႔လုိတယ္။ အမ်ဳိးသမီးေတြ မ်ားမ်ားပါ၀င္နုိင္မွ ျငိမ္းခ်မ္းေရးဟာလည္း ျမန္ျမန္မယ္။ ဘာျဖစ္လုိ႔လည္း ဆုိေတာ့ အမ်ဳိးသမီးေတြက ျငိမ္းခ်မ္းေရးလုပ္တတ္တယ္ေလ။ အမ်ဳိးသမီးကုိယ္တုိင္က ျငိမ္းခ်မ္းေရး ျဖစ္ေနတယ္ေပါ့ေနာ္။ အိမ္ေထာင္တစ္ခုမွာ အမ်ဳိးသမီးေကာင္းေကာင္းရွိလုိ႔ရွိရင္ အိမ္ေထာင္သာယာတယ္။ ဆုိေတာ့ တုိင္းျပည္တစ္ခုလည္း အမ်ဳိးသမီးေၾကာင့္ သာယာနုိင္တယ္။ ျငိမ္းခ်မ္းနုိင္တယ္လုိ႔က်မယူဆတယ္။ အဲဒါေၾကာင့္ အမ်ဳိးသမီးမ်ား က်မျပည္တြင္းျပည္ပမွာ ရွိတဲ့အမ်ဳိးသမီးမ်ား အားအင္စုိက္ျပီးေတာ့ ဒီတုိင္းျပည္အတြက္ လူမ်ဳိးအတြက္ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အင္တုိက္အားတုိက္ပါ၀င္ဖုိ႔ က်မ မွာခ်င္ပါတယ္လုိ႔ိ႔ ပီးသယ္အီး ကေျပာသည္။

အမ်ဳိးသမီးမ်ားမ်ားၾကီးပါ၀င္နုိင္ေရးကုိေတာ့ ပါတီထဲမွာ မ်ားမ်ား၀င္လာမယ္ဆုိရင္ေတာ့ ေတာ္ေတာ္လည္းအခြင့္အ လမ္းရွိလိမ့္မယ္လုိ႔ထင္တယ္။ ဘာလုိ႔လဲဆုိေတာ့ မီဇုိရမ္ကုိ ၾကည့္လုိက္မယ္ဆုိလုိ႔ရွိရင္ မီဇု ိရမ္မွာ Mizo National Front (MNF) တုိ႔၊ Congress တုိ႔မွာ သူတုိ႔အမ်ိဳးသမီးအဖြဲ႔ MNF မွာ Women Front Congress မွာ Mahila စသည္အားျဖင့္အမ်ဳိးသမီးကုိ သပ္သပ္ဖြဲ႔စည္းထားတာရွိတယ္။ ဆုိေတာ့ အဲသည္ကေနသြားရင္း သြားရင္းနဲ႔ MLA လြတ္ေတာ္အထိ Candidate ၀င္ျပဳိင္လုပ္လုိ႔ရတယ္။ Candidate လုပ္တဲ့အခ်ိန္မွာ သူတုိ ႔ ေကာင္းေကာင္း၀င္ျပဳိင္နုိင္တဲ့ နည္းလမ္းအမ်ားၾကီးရွိတယ္။ အဲဒီပါတီထဲမွာ အဲဒီပါတီတစ္ခုရဲ႕အမ်ဳိးသမီးအဖြဲ႔ ျဖစ္တဲ့အတြက္ သူတို႕အသံ အမ်ားၾကီးပါတယ္။ ဆုိေတာ့ က်မတုိ႔မွာလည္းပဲ ပါတီထဲမွာ၀င္လုိ႔ ပါတီထဲမွာ အမ်ဳိးသမီးမ်ားမ်ားပါ၀င္မယ္ဆုိရင္ သေဘာမွာက ဥပမာ ခ်င္းပါတီထားအုံး သေဘာအားျဖင့္ ခ်င္းပါတီမွာ ၀င္မယ္ဆုိရင္ အဲဒီမွာ ပါတီအမ်ဳိးသမီးသီးသန္႔ ပါတီထဲမွာရွိရမယ္။ အမ်ဳိးသမီးအသံက အဲဒီပါတီအသံျဖစ္သြား မယ္။ မ်ားမ်ားဒီလုိမ်ဳိးပါမွ က်မတုိ႔အမ်ဳိးသမီးေတြရဲ႕အသံမ်ားမ်ား ထြက္လိမ့္မယ္လုိ႔ထင္တယ္လုိ႔ ဆက္ေျပာသည္။ ခ်င္းအမ်ဳိးသားတပ္ဦး၏ဗဟုိေကာ္မတီ၀င္ ပီးသယ္အီးက သုံးသပ္ပါတယ္။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: