September 21, 2025

မတူပီခရိုင်ရုံးကို မတူပီမြို့နှင့် ဖနိုင်ကျေးရွာအကြားတွင် တည်ဆောက်ပေးပါ

matupi-1

Salai An No Bik| 2019 January 19| မတူပီခရိုင်ရုံးနှင့်ပတ်သက်ပြီး ခေါ်နုသုမ်မီဒီယာမှ လျှပ်စစ်၊ စက်မှုနှင့်စည်ပင်ဝန်ကြီးဦးစိုးထက် အား မေးမြန်၊ဖြေကြားမူအပေါ် သုံးသပ်မည်ဆိုပါကဖနိုင်နှင့်ငလိုင်ကြားခရိုင်ရုံး တည်ဆောက်ရန် အလာအလာရှိသည်။ ဖနိုင်နှင့်ငလိုင် အကြားသည် အလွန်ကောင်းပါသည်။ ဒါပေမယ့် စိန်ခေါ်မူများနှင့်ရင်ဆိုင်ရအုံးမည်။

၁။ ပြသနာ အစပဲရှိသေးတယ် မတူပီခရိုင်ကိစ္စကြောင့် မတူပီပြည်သူများအကြား သဘောထားကွဲလွဲမူ၊ ဆန္ဒအပြန်အလှန်ပြမူများ ကြားက ချင်းပြည်နယ်အစိုးရမှ နှစ်ဦး၊နှစ်ဖက် ညှိနှိုင်းတိုင်ပင်မူ မလုပ်ဘဲ တစ်နေရာရာတွင် အပေါ်စီး ခရိုင်ရုံး အတည်ပြုပါက ပြသနာစဲနိုင်မည်မဟုတ်ပါ။ နှစ်ဦး၊နှစ် ဘက် သဘောထား တီးခေါက်ကြည့်တော့ မီးမငြိမ်းသေးပါ အစပဲ ရှိသေးတယ်တဲ့။

၂။ တစ်လက်မမှ အထိမခံ စစ်တပ်နယ်မြေ မတူပီမြို့ ကနဲ့ ဖနိုင်ကျေးရွာအထိ စစ်ဗျူ ဟာအခြေစိုက်၊၁၀၄တပ်ရင်းအခိုင်အမာ တပ်စွဲထားပြီး စစ်ဘက်ဆိုင်ရာအဆောက်အဦးများ၊ စစ်တန်းလျှားများနှင့် ဝေလောင်းကျေးရွာဟောင်း စစ်ဗျူ ဟာလမ်းနှင့် ဟားခါးလမ်း တည့်တည့်မှာ တင် စစ်ရေးလေးကျင့်သည့်ကွင်းပြင်များနှင့်ဝိုင်းရံထားပါသည်။ ယခုစစ်တပ်နယ်မြေဖြစ်သော မတူပီမြို့ မှ ဝေလောင်းကျေးရွာဟောင်း ယခုစစ်တပ်တည်းဆောက်ထားသည့် စစ်တပ်ပိုင် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်သည့်နေရာအထိ မတူပီမြို့ ဒေသခံ ဗတူးမျိုးနွယ်စုများ၏ ဘိုးဘွားပိုင်မြေ ရွေ့ပြောင်းတောင်ယာများဖြစ်ပြီး၊ ဝေလောင်းကျေးရွာအဆုံးမှ ဖနိုင်ကျေးရွာအထိမှာမူ ဖနိုင်ကျေးရွာ သားမျာ ပိုင်ဆိုင်သော ရွေ့ ပြောင်းတောင်ယာ ဘိုးဘွားပိုင်မြေများ ဖြစ်ပါသည်။ ၂၀၀၂ကတည်းက စစ်ဗျူဟာမှူးဦးဆန်အောင်မှ သတ်မှတ်သိမ်းယူထားသော နယ်နိမိတ်အတွင်းကျရောက်သည့် စစ်တပ်အသုံးမပြုသည့် တောင်ယာများကို နားလည်မူဖြင့် တောင်သူဦးကြီးများမှခုတ်ထွင် လုပ်ကိုင်နိုင်သော်လည်းစစ်ဦးစီချူပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် မတူပီခရီးစဉ်အပြီးတောင်ယာခုတ်ပြီးသားတောင် မီးမရှို့ရန် ဗျူ ဟာမှူးမှတားဆီးပိတ်ပင်ပြီး ဖနိုင်နှင့် မတူပီ တောင်သူဦးကြီးများ ချင်းလူငယ်အဖွဲ့အစည်း{မတူပီ}တို့ နှင့် ပူးပေါင်းပြီး {၁}နှစ်အတွင်းသာလုပ်ခွင့်ပြုနိုင်ရန်တင်ပြတောင်း ဆိုခဲ့သော်လည်း မရခဲ့ပေ။

၃။ မတူပီနှင့်ဖနိုင်ကြား လမ်းပန်းဆက်သွယ်ရေး မတူပီမြို့ ၏ အဓိကလမ်း ဖြစ်သော ဗိုလ်ချူပ်လမ်း၊ဦးဂျေဆန်နိမ်းလမ်း၊ ဗိုလ်တိုက်ချွှန်လမ်းရှိတာတောင်ယာဉ်သွား၊ ယာဉ်လာခက်ခဲမူရှိသေးသည်။ မတူပီမြို့မှဖနိုင်ကျေးရွာဘက်သွားသည့်လမ်းသည် ဟားခါးလမ်း၊ စစ်ဗျူဟာလမ်း နှစ်လမ်းရှိသော်လည်း ဟားခါးလမ်း တစ်လမ်းသာ အများပြည်သူ သွားလာလို့ရသည်။ စစ်ဗျူ ဟားလမ်းသည် အများပြည်သူဝင်၊ထွက်ခွင့်မရပါ။ ဖနိုင်၊ငလိုင်မှာ ခရိုင်ရုံးတည်ဆောက်ပါက တစ်လမ်းတည်းဖြင့် အဆင်မပြေသေးပါ။ မတူပီခရိုင်သည် ဖနိုင်နှင့်ငလိုင်ကြားတည်ဆောက်လျှင် မတူပီမြို့ တွင်း နေထိုင်သည့် ပြည်သူများ၊ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများအတွက် ၀န်ဆောင်မှု၊ ဆက်သွယ်မှုနှင့် ရုံးဆင်း၊ရုံးတက် သွားလာမှုများတွင် အဆင်မပြေမူများဖြစ်နိုင်သည်။

၎။ လုံခြုံရေး ချင်းပြည်နယ်သည် ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်လျှက်တည်ရှိပါသည်။ Arakan Army {ခေါ်}AA အဖွဲ့သည် ပလက်ဝမြို့ နယ် မြောက်ပိုင်းခြမ်းအတွင်း ခြေကုတ်ယူနေသည်ကို အားလုံးအသိပဲ ဖြစ်ပါတယ်။ မတူပီမြို့ နယ်နှင့် ပလက်ဝသည် အိမ်နီးချင်းဖြစ်ပါသည်။ မတူပီမြို့ နယ်အတွင်း AAအဖွဲ့၏ဂယက်မရိုက်သေးပေမဲ့ ရိုဟင်ဂျာနှင့် Arakan Libration Army တစ်ယောက်တလေ ရံဖန်ရံခါရောက်ရှိသည့် မြို့ နယ်ဖြစ်သည်။ AA စစ်ဦးစီးချူပ်ဦးထွန်း မြတ်နိုင် ကြေညာထားသလိုပဲ `ဝ´ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရသကဲ့သို့ Confederate ပိုလိုလားကြောင်း ပြောဆိုမူကို သုံးသပ်ကြည့်ပါက ပလက်ဝမြို့ နယ်အတွင်း စစ်ရှိန်မြင့် လာဖွယ်ရှိသည်။ ပလက်ဝနယ်စပ်ဖြစ်သော မတူပီမြို့ နယ်အတွက်လည်း စိုးရိမ်မကင်း၊ရင်မအေးရပေ။ အခုမဖြစ်သေးရင်တောင် နောင်တွင် အကယ်၍ မတူပီမြို့ နယ်အတွင်း AAအဖွဲ့များ ဝင်၊ထွက်သွား လာမူများရှိပါက မတူပီမြို့ နှင့် ဖနိုင်ကျေးရွာအကြား စစ်တပ်မှ စစ်ဆေးရေးဂိတ်ပြန်ထားရတော့မည်။ ထိုအချိန်မှာ ဝန်ထမ်းများအတွက် အနှောက်အယှက်ဖြစ်သလို သွား၊လာရေးမှာလည်း အဆင်မပြေ မူများရှိလာမည်ဖြစ်သည်။ ထိုအကြောင်းကြောင့်ချင်းပြည်နယ်အစိုးရမှအမှန်တကယ်မတူပီ ခရိုင်အတွက် စေတနာ၊မုဒိတာပွားကြပါက ခရိုင်ရုံးတည်ဆောက်ရန် မြို့ ပေါ်ထောက်ခံပြည်သူများနှင့် ဖနိုင်၊ငလိုင်အကြားထောက်ခံပြည်သူများ အမျိုးမျိုးကန့်ကွက် ဆန္ဒပြ၊ ပြသနာဖြစ်မည့်အစား မတူပီမြို့ နှင့် ဖနိုင်ကြားမှာ တပ်စွဲနေသည့် စစ်ဗျူဟာနှင့်(၁၀၄)တပ်ရင်းကိုပြောင်းရွေ့ နိုင်ရန် ချင်းပြည်နယ်အစိုးရမှ စစ်ဦးစီးချူ ပ် မင်းအောင်လှိုင်နှင့် ဦးစွာ ညှိနှိုင်းတိုင်ပင်မူပြုလုပ်ပြီး မတူပီခရိုင်ရုံးကို မတူပြီမို့  နှင့် ဖနိုင်ကျေးရွာအကြား တည်ဆောက်ပါက ကန့်ကွက်သူ တစ်ဦး၊တစ်ယောက်မှ ရှိမည်မဟုတ်ပါ။

မတူပီမြို့ နှင့် ဖနိုင်းကျေးရွာအကြား အားသာချက်{၇}ချက်
၁။ မတူပီဂေါက်ကွင်းမှ ဖနိုင်အထိ မြေဧက ၁၀၀၀ကျော်ရှိသည် မြေနေရာကုန်မြင့်လွင်ပြင်ဖြစ်သည်။ ၂။ဆန္ဒပြအဖွဲ့နှစ်ဖွဲ့၏ ပိုင်ဆိုင်မူ ဗဟိုစည်းမျည်းနယ်နိမိတ်ဖြစ်သည်။
၃။ မတူပီပြည်သူများအားလုံး ခရိုင်ရုံအတွက် အများသဘောတူနိုင်မည့် နေရာဖြစ်သည်။

၎။ မတူပီမြို့  ငလားရပ်ကွက်မှ လုံလှော်ကျေးရွာအထိ တိုင်းကြည့်ပါက အလယ်ဗဟိုဖြစ်သည်။
၅။ အလွန်သာယာသောနေရာဖြစ်သည်။
၆။ ပထမအဖွဲ့ ဆန္ဒပြကြသည့် ၅ရက်နှင့် ဒုတိယအဖွဲ့ဆန္ဒပြကြသည့် ၁၂ရက် အကြား မတူပီမှာ မကြုံဖူးသည့် ထန်းလျှက်ခဲလုံးလောက်ရှိသည့် ပြင်းထန်လှသော မိုးသီးများကျ၍ သစ်ပင်များပေါ်အရွက်တစ်ရွက်မှမကျန်အောင်ခြွေခဲ့သည့်နေရာဖြစ်သည်။
၇။ ဘုရားသခင် အလိုရှိသည့် နေရာဖြစ်သည်

ဆလိုင်း မတူပီနိုဘိခ်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *