2026-03-28

၂၀၁၈ ခုနှစ်အတွင်း ဟားခါးပြည်သူ့ဆေးရုံးတွင် လူနာ (၄၉)ဦး သေဆုံး

Hakha sii-inn

The Chinland Post| 2019 February 7| ၂၀၁၈ ခုနှစ်အတွင်း ဟားခါးပြည်သူ့ဆေးရုံးတွင် လူနာ (၄၉)ဦး သေဆုံးကြောင်း တာဝန်ရှိသူထံမှ သတင်းရရှိသည်။

“၂၀၁၈ ခုနှစ်အတွင်း ဟားခါးပြည်သူ့ဆေးရုံးတွင် အတွင်း လူနာဆေးကုသမှု ခံယူသူအားလုံး (၇၁၄၃) အနက် ဆေးရုံး၌ လူနာ (၄၉)ဦးသေဆုံးကြောင်း၊ ဟားခါးပြည်သူ့ဆေးရုံး၌ ပြင်ပလူနာ ဆေးကုသမှုခံယူသူ အားလုံး (၂၄၀၁၆)ဦး ရှိကြောင်း” ဟားခါးပြည်သူ့ဆေးရုံးမှ ဒေါက်တာ မန်ဗျက်ကုန်းက The Chinland Post သတင်းမီဒီယာသို့ ပြောသည်။

“ဟားခါးပြည်သူ့ဆေးရုံးတွင် ရောက်ရှိသော လူနာများသည် အူအတက်ရောင်ခြင်း (appendicitis) ရောဂါရှိသူ အများဆုံးဖြစ်ပြီး၊ ဒုတိယတွင် ၀မ်းလျှော်နှင့် တုပ်ကွေးရောဂါ၊ တတိယမှာ Namunia နှင့် စတုတ္ထမှာ မတော်တဆထိခိုက်မှုဒဏ်ရာ (accident) ဖြစ်ကြောင်း” ဒေါက်တာ မန်ဗျက်ကုန်းက ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *