September 20, 2025

တိုင်းရင်းသားများ လက်နက်ကိုင်ရသည့်အကြောင်းရင်း (သို့) ပြည်တွင်း စစ်ပြသာနာ

thangloon

ဆလိုင်းထန်းလွန်း (ချင်းပြည်)

လွန်ခဲ့သော နယ်ချဲ့ကိုလိုနီခေတ် ၁၈၈၅ ခုနှစ်မှစ၍ လွတ်လပ်ရေးရပြီးကာလ ၁၉၄၈ ခုနှစ်အဆုံး မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းဖြစ်စဉ် အဆက်အဆက်ကို ပြန်ကြည့်လျှင် ယနေ့ချိန်ထိ ခေတ်ဆိုး စနစ်ဆိုးများနဲ့သာ နိုင်ငံသားများအားလုံး ရင်ဆိုင်နေကြရ သည်။ မည်သည့်အစိုးရတက်တက် ပြည်တွင်းစစ်မီး တောက်လောင်နေသမျှကာလ ပတ်လုံးစနစ်ဆိုးသာဖြစ်သည်။လွတ်လပ်ရေးရပြီး မကြာသောကာလ ၁၉၄၉ ခုနှစ်တွင် ကရင်အမျိုးသား စောဘဦးကြီး ဦးဆောင်သော ကရင်လက် နက်ကိုင် ယခင်(KNDO) နောင်တွင်(KNU)သည်တောခိုသွားခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်ရဲ့ ပထမဆုံးကာကွယ်ရေးဦးစီးချုပ်အဖြစ် ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်းသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်ကနေ ၁၉၄၉ ခု နှစ်ဦးအထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ ထိုနှစ်အနည်းငယ်ကာလအတောအတွင်း မြန်မာစစ်တပ်နှင့် KNDO နှစ်ဖက် စစ်ရေးတင်းမာလာမှု တွေကြောင့် ကာကွယ်ရေးဦးစီးချုပ်ဘဝကနေ အနား ယူခဲ့ရသည်။

စာရေးသူ- ဆလိုင်းထန်းလွန်း(ချင်းပြည်)

သူသည်ဘယ်လိုလူစားမျိုးလဲဆိုတာ ယနေ့ခေတ် လူငယ်အများစုက သိကြလိမ့်မည်မထင်ပါ။ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဟာအင်မတန်မှ ရိုးသားဖြူစင်သူဖြစ်ပြီး စစ်ရေးနဲ့နိုင်ငံရေးကို ဟန်ချက်ညီညီ ဖြတ်သန်းခဲ့သူတစ်ဦးဆိုရင် သမိုင်းမှတ်တမ်းများ ဖော်ပြချက်အရ မည်သူမျှငြင်းနိုင်ကြမည် မဟုတ် ချေ။ ဒါဆိုဘာ့ကြောင့် ကရင်တွေ တောခိုရသနည်း?။ အထူးသဖြင့် KNDO အဖွဲ့လက်နက်ကိုင် တောခိုသွားရသည့် အဓိက ပြသာနာမှာ နိုင်ငံရေးအရ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်း ချက်များထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ရှမ်း ကချင် ချင်း ခေါင်ဆောင်များ (ပင်လုံ)တွင် မျှော်မှန်းခဲ့ကြသည့် တန်းတူအခွင့်အရေးIဒီမိုကရေစီရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ဖြစ်သည့် အဓိက အချက်များ ပျောက်ဆုံးနေခြင်းတို့မှ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမရတော့ သည့်အဆုံး လက်နက်ကိုင်တောခိုကြခြင်းဖြစ်သည်။ ထို့အတူကျန် တိုင်းရင်းသားများအသီးသီးမှ လည်း နိုင်ငံရေးအရ အခွင့်အရေးများရရှိ ရေးအတွက် တောခိုပြီး လက်နက်ကိုင်လမ်းစဉ်ကို သရွေ့ ရွေ့ဦးတည်လာကြခြင်းသည် ယနေ့ထိတိုင် ဖြစ်သည်။ အထူးသဖြင့်တိုင်းရင်းသားများ လက်နက် ကိုင်ရသည့် အကြောင်းရင်းမှာ  ၁၉၄၈ခုနှစ် နယ်ချဲ့ကိုလိုနီသူ့ကျွန်ဘ၀ကနေ လွတ်မြောက်ခဲ့ကြ သော်လည်း လွတ်လပ်ရေးရပြီး မကြာသောကာလတွင် စစ်အာဏာရှင်အုပ်ချုပ်မှု ဘ၀မှ လွတ်မြောက်လိုသောကြောင့် တိုင်းရင်းသားများသည်လည်း လက်နက်ကိုင် တိုက်ပွဲဝင်နေရ ခြင်းဖြစ်သည်။

၁၉၆၁ခုနှစ်ဖေဖော်ဝါရီလ(၂၅)ရက် တောင်ကြီးညီလာခံတွင် ပင်လုံကတိကဝတ်များနဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူနဲ့ ဗမာပြည်နယ် တစ်ခုဖွဲ့စည်းဖို့ပြည်နယ်များ ညီညွတ်ရေးအဖွဲ့မှ တင်းသွင်းခဲ့ကြသည်။ ထိုအချိန်ကာလတွင် ဘယ်ဗမာလူမျိုးကမှ မထောက်ခံသည့်အပြင် ဦးနေဝင်း ဦးဆောင်သောမြန်မာစစ်တပ်မှလည်း မထောက်ခံခဲ့ ကြသည်ကို သမိုင်းမှတ်တမ်းများအရ ထင်ရှားနေသည်။ ထို့အပြင် တိုင်းရင်းသားတွေကို လုပ်ပိုင်ခွင့် အာဏာနှင့် သဘာဝသယံဇာတ ခွဲဝေမှု (Power & Resources Sharing) မပေးချင်သောကြောင့် ဦးနုက ပင်လုံကို နောက်ကျောခိုင်းပြီး တစ်ပြည်ထောင်စနစ်နဲ့ဆက်သွားခဲ့သည်။ ၁၉၆၂ခုနှစ်ဖေဖော်ဝါရီလ(၂၄)ရက် တွင် ရန်ကုန်မြန်မာ့အသံလွှင့်ရုံခန်းမ အမျိုးသားညီလာခံကျင်းပပြီး ပြည်ထောင်စုဟာ တန်းတူခွင့်ရှိ ရေးလိုအပ်ပါက ခွဲထွက်ခွင့်ရှိရေး စတာတွေနဲ့ပင်လုံအရ ပြည်ထောင်စုပေါ်ပေါက်လာပုံနဲ့ ရှမ်း စပ်ခွန်ချိုမှ ဖက်ဒရယ်မူ တင်ပြပြီး ချင်း၊ ကချင်၊ ရှမ်း ကယား အခြားတိုင်းရင်းသား ကိုယ်စားလှယ် များမှလည်းထောက်ခံ ဆွေးနွေးတင်ပြခဲ့ကြသည်။ ထိုညီလာခံတွင် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ရဲ့ စာတမ်းကို အစိုးရကိုယ်စား ဦးဧမောင်က ကန့်ကွက်ဖို့ စာအုပ်ရိုက်နင့်ပြီးသားဖြစ်သည်။ ထိုချိန်ကာလတွင် ဗမာတစ်ယောက်မှ ဖက်ဒရယ်စနစ် မလိုလားကြမှန်းသိသာထင်ရှားခဲ့သည်။ ဒီလိုနဲ့ ဗမာလူမျိုးကြီးဝါဒကို ၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့တွင် ဗိုလ်နေဝင်းမှ စစ်အာဏာဖြင့် လက်ဆင့်ကမ်းသိမ်းယူပြီး ဒီကနေ့ထိ စစ်တပ်ဟာ အာဏာရဲ့ ဗဟိုဖြစ်နေလေသည်။ ထို့အပြင် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များကိုလည်း ဖမ်းဆီးထောင်ချပြီး ပြစ်ဒဏ်အသီးသီးချမှတ် ပေးခဲ့သည်။

၂၀၀၈ခြေဥကို လွှတ်တော်ထဲ ပြင်မရအောင်ရေးထားတော့ ဒီမိုကရေစီဘယ်လဲဘာလဲ ဆိတ် သုန်းနေသည်ကို ပြည်သူများမေးခွန်းထုတ်စရာဖြစ်လာသည်။ ဖက်ဒရယ်နှင့် ဒီမိုကရေစီဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့် မြန်မာပြည်လိုမျိုးမှာဒင်္ဂါးတစ်ပြားရဲ့ခေါင်းနဲ့  ပန်းလိုခွဲခြားလို့ မရနိုင်ပါဘူး။ ယနေ့မြန်မာပြည်သည် ဖက်ဒရယ်စနစ်ဖြင့် အုပ်ချုပ်ရေး ယန္တယားများကို ပုံဖော်ဖန်တီးမှသာလျှင် ဒီမိုကရေစီကျင့်စဉ်တရားများ အနှစ်သာရရှိမည်ဖြစ်သည်။ လူမျိုးတစ်မျိုးက အခြားလူမျိုးစုတွေကို ဖိနှိပ်အုပ်ချုပ်နေသရွေ့(သို့)ဗမာလူမျိုးကြီးဝါဒမချုပ်ငြိမ်း သရွေ့ ထာဝရတည်တံ့မည့် ငြိမ်းချမ်းရေးဟာ မတွေ့မြင်နိုင်ကြဘူးဆိုတာ အခုစစ်မီးတောက်လောက် နေခြင်းရဲ့ သက်သေပါပဲဖြစ်ပါသည်။နှစ်(၇၀)သော ပြည်တွင်းစစ် မီးတောက်လောင်ခြင်းကြောင့် ပြည်သူများ မြေစာပင်ဖြစ်နေရပြီး တိုင်းရင်းသားဒေသများတွင် လူ့အသက်အိုးအိမ်စည်းစိမ်ကြွေကျ ပျက်စီးနေရသည်။ လူမျိုးကြီးဝါဒဆိုသည်မှာ အာဏာကိုအလွဲသုံးစားပြီး လူမျိုးတစ်မျိုးထဲက လူတစ်စုမှ အာဏာသုံး ဆုပ်ကိုင်နေကြသော ဝါဒ(Ideology)ကို ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှလည်း ထိုလူတစ်စု၏အာဏာအလွဲ သုံးစားသည့် ဝါဒကို ချေဖျက်အဆုံးသတ်နိုင်ရေးအတွက် လက်နက်ကိုင်တော်လှန်နေကြခြင်း တို့ကြောင့် ပြည်တွင်းစစ်ပြသာနာရင်ဆိုင်နေကြခြင်းဖြစ်ပေသည်။ ပြည်တွင်းစစ်မီးအဆုံးသတ် ချုပ်ငြိမ်းဖို့ရန်သည် နိုင်ငံသားများတစ်ရပ်လုံးတွင် တာဝန်အရှိဆုံးဖြစ်သည်။မတရားမှုမှန်သမျှကို တော်လှန်တိုက်ခိုက်ရန်သည် လူသားတိုင်းတွင်တာဝန်ရှိသည်။ယနေ့ မြန်မာပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အထူးအာဏာ(၃)ရပ်များကို ပြည်သူလူထုလက်ထဲသို့ လုံးလုံးလျား လျား အပြည့်အဝပြန် လည်ရောက်ဖို့ အထူးလိုအပ်နေသည်။ ၁၉-ရာစုရဲ့ ရူပဗေဒသိပ္ပံပညာရှင်ကြီး “အိုင်းစ်တိုင်း”ဆိုခဲ့သည်မှာ “ကမ္ဘာကြီးကိုပျက်စီးအောင်လုပ်နေ တဲ့သူတွေမှာ အပြစ်မရှိဘူး! ထိုလုပ်ရပ်ကိုထိုင်ကြည့်နေတဲ့သူတွေမှာအပြစ်ရှိတယ်” ဟု ဘယ်သောအခါမှ မရိုးနိုင်သည့် အဆို အမိန့် ပြောခဲ့ဖူးသည်။ သို့ဖြစ်ပါသောကြောင့် မြန်မာပြည်ကြီး ပြည်တွင်းစစ်မီးအဆုံးသတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးတည်တံ့ဖို့သည် အစိုးရတွင်တာဝန်ကြီးသလို  အလွှာအသီးသီးနှင့်နိုင်ငံသား များအားလုံးတွင်လည်း တာဝန်အရှိဆုံးဖြစ်သည်။

ဆလိုင်းထန်းလွန်းသည် လက်ရှိ ချင်းကျောင်းသားသမဂ္ဂ(မြန်မာ)မှ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုချင်းလူငယ်အဖွဲ့ချုပ်မှ ဒုဥက္ကဌ တာဝန် ထမ်းဆောင်လျက်ရှိသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *