ချင်းပြည်နယ် လူငယ်ရေးရာကော်မီတီမှ လူငယ်ရေးရာမူဝါဒဆိုင်ရာ ဦးစားပေးဖြေရှင်းရန် မဟာဗျူဟာစီမံချက်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

0

Chin State Youth Affairs Committee Workshop

Salai Josephbawi| 2019 January 16 မြန်မာနိုင်ငံအစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဦးစီးဦးဆောင်ကာ အတည်ပြုပြဌာန်းထားသော မြန်မာ နိုင်ငံလူငယ်ရေးရာမူဝါဒ (၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ)မှ လူငယ်ဖွံ့ဖြိုးရေးမူ (၁၆)ချက်ကို ထိရောက်စွာ အကောင်အ ထည်ဖော်နိုင်ရေးအတွက် ချင်းပြည်နယ် လူငယ်ရေးရာကော်မီတီမှ လူငယ်ရေးရာမူဝါဒဆိုင်ရာ ဦးစားပေးဖြေရှင်းရန် မဟာဗျူဟာစီမံချက်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ခုနှစ်၊ ဇန်န၀ါရီလ (၁၆)ရက်နေ့ ချင်းပြည် နယ်ဟားခါးမြို့ အစိုးရမူကြိုကျောင်းခန်းမတွင် ချင်းပြည်နယ် လူငယ်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန၀န်ထမ်းများနှင့် NGO များနဲ့ ကျင်းပပြုလုပ်ကြဟုသိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်လူငယ်ရေးရာကော်မီတီဥက္ကဌ ချင်းပြည်နယ်အစိုးရလူမှုရေးဝန်ကြီး ဦးပေါလွန်မင်းထန် တက်ရောက်ကာအဖွင့် အမှာစကားပြောကြားရာတွင် လူငယ်မူဝါဒစာအုပ်သည်ကို လူငယ်တိုင်းဖတ်နိုင်အောင် ဖြန့်ဝေသင့်ကြောင်း၊ လူငယ်ရေးရာမူထွက်ရှိလာပြီးဖြစ်သည့် ချင်းပြည်နယ်အတွက် လက်တွေ့အကောင်အထည်နိုင်ဖို့ လူငယ်များအားလုံးနဲ့စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှု နားလည်းမှုရှိ စွာဖြင့် ဦးစားပေးဖြေရှင်း ရန်များဖော်ထုတ်ကြရန်နှင့် ၎င်းလုပ်ငန်းဖော်ဆောင်ရာတွင်လည်း တာဝန်ယူမှု၊ ခံမှုနှင့် လူငယ်ဆိုင်ရာကိစ္စရပ်သည်အများ အကျိုးဖြစ်သည့်အတွက် ပရဟိတလုပ်ငန်းတရပ်ကဲ့သို့ဆောင်ရွက် စေလိုကြောင်း၊ လုပ်ငန်းအောင်မြင်ရေးကိုလည်း  ကူညီးပံ့ပိုးမည်ဖြစ်ပါကြောင်းပြော ကြားသွားသည်။

CSYAC Workshop Hakha January 16

ချင်းပြည်နယ်အဆင့်လူငယ်မူဝါဒရေးရာကော်မီတီကို ဒုတိယအကြိမ်အစည်းအဝေးခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုကတော့တတိယအကြိမ် အစည်းအဝေးလုပ်ဖို့ဖြစ်ပေမယ့်အလုပ်ရုံဆွေးနွေးပွဲအဆင့်ဖြင့် ဦးစားပေးလုပ်ငန်း များဖော်ထုတ်ဖို့လုပ်နေတာဖြစ်ပါတယ်။ မြို့နယ်အဆင့်လူငယ်အဖွဲ့ကိုလည်း လက်ရှိလူငယ်အဖွဲ့သည်မဟုတ်ဘဲ အရပ်ဖက်အဖွဲ့သည်အားလုံးပြန်ခေါ်ပြီးတော့ အသစ်လုပ်ဖို့ရှိတယ်။ မြို့နယ်ဥက္ကဌသည်ကိုတော့ သက်ဆိုင်ရာဌာဘက်ကပဲ တာဝန်ယူမှာဖြစ်ပါတယ်။ အခက်အခဲကတော့ ငွေရေးကြေးရေး၊ UNFPA ကလည်းလိုသလောက်မပေးနိုင် ဘူး၊ အစည်းဝေးခန်းမကိစ္စသည်လည်း ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကြောင့်အခက်အခဲရှိတယ်လို့ ချင်းပြည်နယ်လူငယ်ရေးရာကော်မီတီ အတွင်းရေးမှူး ဆလိုင်းဖိလိမှုန်က The Chinland Post သတင်းဌာနကို ပြောပါတယ်။

ဒီလူငယ်မူဝါဒအကောင်အထည်ဖော်ရာတွင် အစိုးရ၏ငွေရေးကြေးရေးအားဖြင့်သော်လည်းကောင်း၊ လူဦးရေအားဖြင့်သော်လည်းကောင်း၊ လိုအပ်သည့်အတွေ့ အကြုံ၊ ဌာနဆိုင်ရာမှလိုအပ်သည် ပစ္စည်းသည်အားကောင်းနေမှ ရှေ့ရောက်နိုင်မယ်။ ပြီးတော့ စီမံချက်အတိုင်းမသွားနိုင်တာတွေ လုပ်ငန်းနှောင့်နှေးကျန့်ကြာ မှုတွေဟာ အစည်းအဝေးလုပ်မယ်ဆိုတဲ့အခါမှ အစိုးရဘက်ကမအားတာ၊ ရက်ရွှေ့တာ၊ အစိုးရမှငွေရေးကြေ ရေး ထောက်ပံ့မှုမချပြနိုင်တာကြောင့်ဖြစ်ပါတယ်။ အခုဘာမှ အကောင်အထည်ဖော်မှုမရှိသေးပေမယ့် လူငယ်မူဝါဒထွက်ရှိလာတာ၊ မဟာဗျူဟာ (၁၆)ခုထွက်လာတာ၊ တိုင်းနှင့်ပြည်နယ်အလိုက် ဦးစားပေးဖော် ထုတ်မှုသည် အကောင်အထည်ဖော်မည့်ဟာသည် အစိုးရလုပ်ငန်းဖော်ဆောင်တဲ့အခါမှ ပူးပေါင်းပါဝင်မှုနှင့် လူ ငယ်ရသင့်ရထိုက်သည့်အခွင့်အရေးသည် လုပ်ဆောင်လာမည့်ဖြစ်စဉ်သည်ဟာ အောင်မြင်မှုကြီးလို့ပဲမြင်တယ်လို့ ပြည်ထောင်စုအဆင့် လူငယ်ရေးရာကော်မီတီဝင် (ချင်းပြည်နယ်ကိုယ်စား) ဆလိုင်းထန်းနိုင်းက The Chinland Post ကို ပြောသည်။

ပြည်ထောင်စုအဆင့် လူငယ်ရေးရာကော်မီတီဝင် (ချင်းပြည်နယ်ကိုယ်စား) ဆလိုင်းထန်းနိုင်းက လှုပ်ရှားမှုများ တင်ပြရာတွင် လူငယ်စင်တာ(Youth Center)တည်ဆောက်နိုင်ရေးအတွက် ဟားခါးမြို့တွင် ၅ဧက တောင်းဆိုခဲ့ကြောင်း၊ လူငယ်ရေးရာကော်မီတီဝင်များအတွက် ကဒ်ပြားထုတ်ပေးရန်နှင့်မြို့နယ်အဆင့် လူငယ်ရေးရာကော် မီတီဖွဲ့စည်းနိုင်ရေးလိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင်  မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများပေါ်ပေါက် ရေး၊ ချင်းပြည်နယ်အတွင်းရှိ လူငယ်များအတွက် အရေးကြီးသော လိုအပ်ချက်းများနှင့် အဖြစ်များသော ပြသနာများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ရွေးချယ်ထားသော ဦးစားပေးပြသနာများ၏ လိုအပ်ချက်များကို ဖြေရှင်းရန် လူငယ်ရေးရာမူဝါဒပါဏ္ဍ ၁၆ရပ်အခြေခံ၍မဟာဗျူဟာများရှာဖွေခြင်းများပြုလုပ်ရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားထားသည်။

မြန်မာနိုင်ငံလူငယ်ရေးရာကော်မီတီပေါ်ပေါက်ရေးအတွက် ဦးသိန်းစိန်အစိုးရခေတ်တွင်ကြိုးပမ်းမှုများရှိခဲ့သော်လည်း ၂၀၁၅ NLD အစိုးရတက်ပြီးနောက်ပိုင်း စတင်အကောင်အထည်ဖော်နိုင်အောင်စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မဟာဗျူဟာစီမံကိန်းအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားသောဘေးဖြစ်စေ မည့်အန္တရာယ်များ၊ အားကစားနှင့်အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ အနုပညာနှင့်ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့်နိုင်ငံသားကောင်းဖြစ်မှု၊ သဃံဇာတ သုံးစွဲမှုနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊  ငြိမ်းချမ်းရေး/ဘ၀လုံခြုံရေး၊ ကျားမညီမျှမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတာဆက်ဆံရေးတို့ပါဝင်သည်။ မြန်မာနိုင်ငံလူငယ်ရေးရာကော်မီတီကို အစိုးရကိုယ်စားလှယ်(၄၀%)နှင့် လူငယ်(၆၀%)ဖြင့်ဖွဲ့ စည်းကာ လူငယ်အသက် သတ်မှတ်ချက်အဖြစ် ၁၅-၃၅နှစ် ဖြစ်သည်။ ချင်းပြည်နယ် လူငယ်ရေးရာကော်မီတီ သည်ကို လူငယ်ကိုယ်စားလှယ်ပုဂ္ဂိုလ်(၁၄)၊ အစိုးရ (၉)ဦး စုစုပေါင်း (၂၃)စတင်ဖွဲ့စည်း ခဲ့သော်လည်း ယခုအချိန်မှ ကော်မီတီဝင်း (၂၅)ဦးဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်ဟုသိရသည်။

 

 

 

 

 

 

 

 

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: