Arakan Army (AA) ဟု ယူဆရသော (၅)ဦး ချင်းပြည်နယ် တီးတိန်ရဲတပ်ဖွဲ့မှ ဖမ်းဆီး
Arakan Army (AA) ဟု ယူဆရသော မောင် အေးမောင် သ/တတန(နိုင်) ၁၄၅၇၃၅၊ မောင် သန်းစိုးဝင်း ၄/ပလ၀ (နိုင်) ၀၇၃၇၀၂ ၊ မောင် ခိုင်မောင်စိုး သ/ကတန(နိုင်)၁၈၁၈၃၂၊ မောင် မျိုးမင်းလှိုင် သ/စတန(နိုင်) ၁၀၈၈၆၃နှင့် မောင် ရွေဝင်း သ/ကတန(နိုင်) ၁၇၈၉၀၃ (၅)ဦးတို့သည် ရခိုင်မှ ရန်ကုန်၊ ရန်ကုန်မှ ကလေးမြို့၊ ကလေးမြို့မှ ရိဒ်နယ်စပ်ဂိတ်၊ နယ်စပ်ဂိတ်မှ ဗုဒ္ဒဂရာသွားမည်ဟု ထုတ်ဖော်ပြောဆိုသူတို့ကို ရခိုင့်တပ်မတော်နှင့် ပတ်သက်မှုရှိမရှိ ချင်းပြည်နယ် တီးတိန်မြို့ရဲစခန်းမှ စက်တင်ဘာ ၂၂၊ ၂၀၁၈ နေ့လည်တွင် ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း တီးတိန်ဒေသခံတဦးမှ သတင်းရရှိသည်။