COVID-19 နဲ့တွေ့ဆုံမေးမြန်းခြင်း
0
COVID-19 နဲ့တွေ့ဆုံမေးမြန်းခြင်း
မေးမြန်းသူ – သော့သ်ကမ်း (TK)
တွေ့ဆုံသည့်နေရာ – ဟားခါးမြို့
နေ့ရက် – ၂၀၂၁ခုနှစ်၊ သြဂုတ် (၁၇)
အမေး အဖြေ
TK – ဦး Covid ..မွေးဇာတိ ပြောပေးနိုင်မလား?
COVID – ၂၀၁၉ခုနှစ်၊ တဂုတ်ပြည် ဟူဟန်မြို့မှာ မွေးပါတယ်။
TK – ဘယ်လိုနဲ့ COVID- 19 လို့နာမည်ပေးခဲ့သလဲ၊ ရှင်းပြပါအုံး
COVID – နာမည်အရင်းက Coronavirus Disease ဖြစ်ပါတယ် ကလောင်နာမည်က COVID- 19၊ 19 ကတော့ ငါ့မွေးနေ့ကို အောက်မေ့တဲ့အနေနဲ့ ပေးကြတာပါ။
TK – ဘာလုပ်ငန်းတွေ အဓိကလုပ်ပြီးနာမည်ကြီးနေတာလဲ၊ ပြောပေးပါအုံး?
COVID – လူတွေရဲ့ ခန္ဒာကိုယ်အတွင်းပိုင်း ၀င်ပြီးတော့ အဆုတ်တွေ၊ အသည်းတွေ ကျက်စားရင်း လူ့အသက်တွေ ယူနေတဲ့အလုပ်တွေ လုပ်လို့ပါခင်ဗျ။
TK – လူစုလူဝေးလုပ်နေတဲ့အချိန် ဘယ်တွေလုပ်သလဲ?
COVID – လူတွေ စုဝေးစျေးဝယ်နေတဲ့ အချိန်မှာ သူတို့ပိုက်ဆံပေါ်မှ ကပ်လိုက်၊ ဟိုကပ်လိုက်ဒီကပ်လိုက်နဲ့ နောက်ဆုံးတော့ သူတို့ ခန္ဒာကိုယ်အတွင်းပိုင်း ၀င်ရောက်နေတာ။
TK – ကိုယ့်ပိုင်ပစ္စည်းတွေကနေတဆင့် ဘာတွေလုပ်သေးလဲ၊ ရှင်းပြပါအုံး?
COVID – ဟုတ်ကဲ့၊ အပြင်ရောက်တိုင်း သူတို့က လက်တွေတော့ Hand Gel နဲ့ လိမ်းကြလက်ဆေးကြပေမယ့် သူတို့ပိုင်တဲ့ ဖုန်းတွေ၊ လက်ကိုင်ပစ္စည်းတွေကိုတော့ မဆေးကြဘူးဘဲ။ အဲ့ဒါနဲ့ ကျနော်လည်း အလုပ်ဖြစ်နေတာ။
TK – လူသေ အသုဘအိမ်မှာ တကယ်အလုပ်လုပ်နိုင်တယ်၊ အဆင်ပြေနေတယ်ဆို။ ပြောပြပါအုံး?
COVID – ကျနော့် Covid ကြောင့် သေဆုံးကြတော့ သတိတော့ထားရှာကြတယ်။ ကျနော့မဟုတ်ဘဲ အခြားအကြောင်းကြောင်းကြောင့် သေကြရင် လွတ်လွတ်လပ်လပ်ဖြစ်ကုန်ကြရော၊ ကျနော်ကတော့ အလုပ်ဖြစ်နေအုံးမှာပဲပေါ့နော်။ အဆင်ပြေနေအုံးမယ်။
TK – ခုတလော သင်းအုပ်ဆရာ ပါစတာတော သေဆုံးတာများတာ ဘာကြောင့်များလဲ၊ ပြောပေးလို့ရမလာ?
COVID – ဟုတ်ကဲ့… တကယ့်မေးသင့်တဲ့ မေးခွန်းပဲ။ ပါစတာတွေသေတာ ဘုရားရဲ့ အစီရင်ပါလို့ပြောကြတယ်။ ဖစ်ဘုတ်တွေမှာလဲရေးကြတယ်လို့ တစ်ဆင့်ပြောကြတာပဲ။ အဲ့လိုပြောတဲ့သူတွေကလည်း လူကောင်းတွေ မဟုတ်ကြဘူး။ ပါစတာဆိုတာ ဘုရားတရား၊ အသင်းသူအသင်းသားတွေပေါ်ထားတဲ့ စေတနာကြောင့်ဖြစ်တာနဲ့ပါ။ ကျနော်ဝင်စီးတဲ့လူနာတွေ အောက်စီဂျင်ပေးလိုက်၊ သေဆုံးကြရင်လည်း သူတို့ပဲ သေခံလုပ်ကြတာ။ မေတ္တာစေတနာကြောင့် သူတို့ပါ ထိသွားတာပါ။
TK – ဘာမှာချင်သေးလဲ?
COVID – ခဗျားတို့က လူမှူရေး တအားကောင်းနေတာကိုး။ Lockdown ဆိုလည်း ခဗျားတို့က လွတ်လွတ်လပ်လပ်ပဲ။ ဒီအခြေအနေနဲ့တော့ ခဗျားတို့ဆီမှာ ဆက်နေအုံးမှာ၊ ပျော်နေအုံးမှာပဲလို့။
TK – အလုပ်များတဲ့ကြားက ဖြေပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
COVID – ကျနော်လည်း ကျေးဇူးတယ်ပါတယ်။
Editor Note – မေးမြန်းသူသည် COVID-19 ရောဂါ ခံစားဖူးသူဖြစ်ပြီး အများပြည်သူစေတနာဖြင့် မေးမြန်းခြင်းအသွင်ဖြင့် ပညာပေးရေးသားဖြင်းဖြစ်သည်။
Zawgyi Version
=========================
အမေး အဖြေ
COVID – လူတွေ စုဝေးဈေးဝယ်နေတဲ့ အချိန်မှာ သူတို့ပိုက်ဆံပေါ်မှ ကပ်လိုက်၊ ဟိုကပ်လိုက်ဒီကပ်လိုက်နဲ့ နောက်ဆုံးတော့ သူတို့ ခန္ဒာကိုယ်အတွင်းပိုင်း ၀င်ရောက်နေတာ။
TK – ဘာမှာချင်သေးလဲ?
About The Author
Na ruahning rak langhter ve.. (Leave a comment)
%d bloggers like this: