April 27, 2025

ဟားခါးျမိဳ႕တြင္ သုံးမႊာပူးကေလး ေအာင္ျမင္စြာ ေမြးဖြား| ဟားခါးမြို့တွင် သုံးမွှာပူးကလေး အောင်မြင်စွာ မွေးဖွား

0
Zai Par Fathum Phiar

Pi Zai Par/ Fathum Phiar

Salai Josephbawi| The Chinland Post 2020 March 5| (unicode is below) ခ်င္းျပည္နယ္ျမိဳ႕ေတာ္ ဟားခါးျမိဳ႕သူျပည္႔ေဆးရုံတြင္ ေဒၚဇဲန္ပါရ္၏ သုံးမႊာပူးကေလး (မိန္းခေလး ၂၊ ေယာကၤ်ား ၁ဦး) ကုိ ျပည္သူ႔ေဆးရုံ ဆရာ၀န္နွင့္ သူနာျပဳမ်ား ခြဲစိတ္မႈအကူအညီျဖင့္ ၂၀၂၀ခုနွစ္ မတ္လ (၅)ရက္ေန႔တြင္ ေအာင္ျမင္စြာ ေမြးဖြားေၾကာင္း သိရွိရသည္။

သုံးမႊာပူးကေလးနာမည္ကုိ သမၼာက်မ္းစာထဲက မိန္းကေလး (၂)ဦးကုိ Merry, Marta နဲ႔ ေယာက်ၤား (၁)ေယာက္ကုိ Lazaru ဟု နာမည္ေပးေၾကာင္းသိရွိရသည္။ ပထမဆုံးေမြး Merry က ၅ေပါင္၊ ဒုတိယ Marta က ၄.၅ေပါင္နဲ႔ တတိယေမြး Lazaru က ၄.၅ေပါင္ အသီးသီးရွိၾကေၾကာင္း သိရသည္။

သုံးမႊာပူးကေလး ေအာင္ျမင္စြာ ေမြးဖြားခြင့္ေပးတဲ့ ဘုရားသခင္ကုိ ေက်းဇူးတင္ပါတယ္။ ခြဲစိတ္မႈနဲ႔ဆုိေတာ့ အဲေလာက္မပင္ပန္းပါဘူး။ ကေလးေတြ က်န္းက်န္းမာမာျဖစ္ဖုိ႔ ဆုေတာင္းေပးၾကပါလုိ႔ ကေလးမိခင္ ေဒၚဇဲန္ပါရ္က ခ်င္းလဲန္ပုိ႔စ္ သတင္းဌာနကုိေျပာသည္။

ေဒၚဇဲန္ပါရ္ဟာ ခ်င္းျပည္နယ္ ထန္တလန္ျမိဳ႕နယ္ ေလတပ္ဇီပီးေက်းရြာက ဦးဗဲန္ဟုပ္နွင့္ ေဒၚတီလ္ဆုန္ရဲ႕ သမီးျဖစ္ျပီး ျပည္နယ္က်န္းမာေရးရုံးတြင္ သန္႔ရွင္းေရး၀န္ထမ္းျဖင့္ ဟားခါးျမိဳ႕တြင္ ေနထုိင္သူျဖစ္သည္။ သူ႔အေမအရင္းက ပီဇဲန္ပါရ္ (၃)ႏွစ္သားအရြယ္တြင္ ကြယ္လြန္တယ္လုိ႔သိရတယ္။ သူ႕ေယာကၤ်ားဦးေရႊအဲရ္နဲ႔ ကေလးနွစ္ေယာက္(မိန္းကေလး ၁၊ ေယာကၤ်ား ၁) ရျပီး သုံးမႊာပူးနဲ႔ဆုိ မိသားစု၀င္ ကေလး (၅)ေယာက္ ရွိသြားျပီးျဖစ္သည္။

Unicode version

ဟားခါးမြို့တွင် သုံးမွှာပူးကလေး အောင်မြင်စွာ မွေးဖွား
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သူပြည့်ဆေးရုံတွင် ဒေါ်ဇဲန်ပါရ်၏ သုံးမွှာပူးကလေး (မိန်းခလေး ၂၊ ယောင်္ကျား ၁ဦး) ကို ပြည်သူ့ဆေးရုံ ဆရာဝန်နှင့် သူနာပြုများ ခွဲစိတ်မှုအကူအညီဖြင့် ၂၀၂ဝခုနှစ် မတ်လ (၅)ရက်နေ့တွင် အောင်မြင်စွာ မွေးဖွားကြောင်း သိရှိရသည်။
သုံးမွှာပူးကလေးနာမည်ကို သမ္မာကျမ်းစာထဲက မိန်းကလေး (၂)ဦးကို Merry, Marta နဲ့ ယောကျင်္ား (၁)ယောက်ကို Lazaru ဟု နာမည်ပေးကြောင်းသိရှိရသည်။ ပထမဆုံးမွေး Merry က ၅ပေါင်၊ ဒုတိယ Marta က ၄.၅ပေါင်နဲ့ တတိယမွေး Lazaru က ၄.၅ပေါင် အသီးသီးရှိကြကြောင်း သိရသည်။
သုံးမွှာပူးကလေး အောင်မြင်စွာ မွေးဖွားခွင့်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ခွဲစိတ်မှုနဲ့ဆိုတော့ အဲလောက်မပင်ပန်းပါဘူး။ ကလေးတွေ ကျန်းကျန်းမာမာဖြစ်ဖို့ ဆုတောင်းပေးကြပါလို့ ကလေးမိခင် ဒေါ်ဇဲန်ပါရ်က ချင်းလဲန်ပို့စ် သတင်းဌာနကိုပြောသည်။
ဒေါ်ဇဲန်ပါရ်ဟာ ချင်းပြည်နယ် ထန်တလန်မြို့နယ် လေတပ်ဇီပီးကျေးရွာက ဦးဗဲန်ဟုပ်နှင့် ဒေါ်နီဆုန်ရဲ့ သမီးဖြစ်ပြီး ပြည်နယ်ကျန်းမာရေးရုံးတွင် သန့်ရှင်းရေးဝန်ထမ်းဖြင့် ဟားခါးမြို့တွင် နေထိုင်သူဖြစ်သည်။ သူ့အမေအရင်းက ပီဇဲန်ပါရ် (၃)နှစ်သားအရွယ်တွင် ကွယ်လွန်တယ်လို့သိရတယ်။ သူ့ယောင်္ကျားဦးရွှေအဲရ်နဲ့ ကလေးနှစ်ယောက်(မိန်းကလေး ၁၊ ယောင်္ကျား ၁) ရပြီး သုံးမွှာပူးနဲ့ဆို မိသားစုဝင် ကလေး (၅)ယောက် ရှိသွားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *