June 20, 2025

လိုင်စင်မဲ့အရက်ဆိုင်နှင့် အရက်ရောင်းချဖွင့်လှစ်သူများ ချင်းအက်ဥပဒေဖြင့် အရေးယူ

0
Tita Zu Tlaihmi

Hakha Palek nih Zu Tlaihmi Photo_ Hakha Palek Sakhanhmu

The Chinland Post| 2019 August 12| ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ လိုင်စင်မဲ့အရက်ဆိုင်ပိုင်ရှင်များအား ချင်းဝိသေသတိုင်းအက်ဥပဒေ ပုဒ်မ ၃၇ အရ ဖမ်းဆီးတရားစွဲတင်ပို့ခဲ့ရာ ဟားခါးမြို့နယ်တရားရုံးမှ ၂၀၁၉ခုနှစ်၊ ဇူလိုင် (၂၂) ရက်နေ့တွင် အသီးသီးအမိန့်ချမှတ်ခဲ့သည်။
 
လိုင်စင်မဲ့အရက်ဆိုင်ပိုင်ရှင် ဦးချန်ဟရ်ပိုင် ရွှေလီစားသောက်ဆိုင်မှ ၁၁၅၇၀၀၀ ကျပ် တန်ဖိုးရှိ အရက်ဘီယာ မျိုးစုံဖမ်းဆီးသည့်အမှုအား ရာကြီးအမှုအမှတ် (၄၀၀/၁၆)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ငွေဒဏ် (၁)သိန်းကျပ်၊ ဒေါ်ငွန်ချင်းစားသောက်ဆိုင်မှ တန်ဖိုး ၁၀၀၈၀၀၀ ကျပ် အရက်ဘီယာမျိုးစုံဖမ်းဆီးသည့် အမှုအား ရာကြီးအမှုအမှတ် (၄၀၁/၁၆)ဖြင့် လက်ခံစစ်ဆေး ခဲ့ပြီး ငွေ ဒဏ် (၂)သိန်းကျပ်၊ ဦးသန်းအေးစားသောက်ဆိုင်မှ ၃၆၄၁၀၀၀ တန်ဖိုးရှိ အရက်ဘီယာမျိုးစုံဖမ်းဆီးသည့် အမှုအား ရာကြီးအမှုအမှတ် (၄၀၂/၁၆)ဖြင့် လက်ခံစစ် ဆေးခဲ့ပြီး ငွေဒဏ် (၂)သိန်းကျပ်၊ ဒေါ်ဒါရ်ကီး စားသောက် ဆိုင်မှ ၅၇၄၀၀၀ကျပ် တန်ဖိုးရှိ အရက်ဘီယာ မျိုးစုံဖမ်းဆီးသည့် အမှုအား ရာကြီးအမှုအမှတ် (၄၀၃/၁၆)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ငွေဒဏ် (၁)သိန်းကျပ်၊ ဦး ရွှေနောလ်ထန် စားသောက်ဆိုင်မှ ၁၀၉၃၀၀၀ ကျပ် တန်ဖိုးရှိ အရက်ဘီယာမျိုးစုံဖမ်းဆီးသည့် အမှုအား ရာကြီးအမှုအမှတ် (၄၀၄/၁၆)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ငွေဒဏ် (၂)သိန်းကျပ် စသည့် ဒဏ်ငွေ အသီးသီး အမိန့်ချမှတ်ခဲ့သည့်။
 
ပြည်နယ် ရဲစခန်း သတင်းစဉ် နွားထီး (၁၄)ကောင် သယ်ဆောင်လာသူ (၂)ဦး အား ပိုင်ရှင်ထံပြန်လည် ပေးအပ်စေရန် အမိန့်ချ ၂၀၁၉ခုနှစ်၊ ဇူလိုင် (၉) ရက်နေ့တွင် ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ နှာဟရိန် နယ်မြေရဲစခန်းအပိုင်တွင် ဖမ်းဆီးရမိသော နွားထီး (၁၄)ကောင် သယ်ဆောင်လာသူ ဦးကျုံချင်းမန်နှင့် ဦးထလိန်းတို့ (၂)ဦးအား မြို့နယ် တိရစ္ဆာန်ကျန်မာရေးနှင့် မွေးမြူရေးဦးစီဌာနမှ ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးမင်းအောင်မှ တိရစ္ဆာန်ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေပုဒ်မ ၂၄(က) အရ ထန်တလန်မြို့နယ်တရာရုံးတွင် ဦးတိုက်လျှောက်ထားတိုင်တန်းခဲ့ရာ ထန်တလန်မြို့နယ်တရားရုံးမှ ရာဇ၀တ်ကြီးအမှု အမှတ် (၈၄/၂၀၁၉)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး တရာခံ (၂)ဦးအား ဒဏ်ငွေ (၅၀၀၀၀)ကျပ်စီ ပေးဆောင်ရန်နှင့် သက်သေခံနွားထီး (၁၄)ကောင်အား ပိုင်ရှင်ထံပြန်လည်ပေးအပ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ပြည်နယ် ရဲစခန်း သတင်းစဉ်

Leave a Reply

Your email address will not be published. Required fields are marked *