အပိုငျး (၄)အခွခေံဥပဒေ – အခြေခံဥပဒေ

Salai Kipp Kho Lian (Vansangva)| TCP-Hakha| September 25, 2020|၄။ အခြေခံဥပဒေ
အခြေခံဥပဒေအားဖြင့် တိုင်းသူပြည်သားအားလုံးရဲ့ တရားဝင်လွတ်လပ်ခွင့်တွေကို တန်းတူ ညီမျှမှုတွေကို အကာအကွယ်ပေးထားရမယ်လို့ ဆိုခဲ့တယ်။ အဲဒီတော့ အကာအကွယ်ပေးထား ရမယ်ဆိုတာ၊ ဘယ်သူ့ဆီက အကာအကွယ်ပေးထားမှာလဲ။ ဒီအုပ်စိုးသူ အစိုးရက သူ့ဆီကို အာဏာအပ်နှင်းထားတဲ့အတွက် ဒီအာဏာနဲ့ ဒီတိုင်းသူပြည်သားတွေအတွက် လွတ်လပ်ခွင့်တွေ၊ တန်းတူညီမျှမှုတွေကို သွားပြီးတော့ ပိတ်ပင်တားဆီးတာမျိုး၊ ဥပဒေရဲ့ အပြင်ဘက်ကနေ အလုပ် လုပ်လာတာမျိုး ဖြစ်လာနိုင်တယ်။

အဲဒီအခါကျရင် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ တန်းတူ ညီမျှခွင့်တွေ ဆုံးရှုံးသွားနိုင်တယ်။ အဲဒါကြောင့် ဥပဒေနဲ့ ကမ္ပည်းရေးထိုးပြီးတော့ သေသေချာချာ သတ်မှတ်မထားလို့ရှိရင် ပြည်သူတွေဟာ အချိန်မရွေး လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားနိုင်တယ်။ သူတို့ရဲ့ တန်းတူညီမျှမှုတွေ၊ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်တယ်။

အဲဒါကြောင့် ဥပဒေဆိုတဲ့အခါမှာ အခြေခံဥပဒေဆိုတာက တကယ်တမ်းကျတော့ အစိုးရ လုပ်မယ့် အစိုးရအဖွဲ့အစည်းတွေရဲ့ အာဏာကို ကန့်သတ်ထားတာပါပဲ။ “တရားဥပဒေစိုးမိုးရေး” လို့ ဆိုရာမှာ ပြည်သူတွေရဲ့ အထက်ကနေ မင်းလုပ်အုပ်ချုပ်မယ့် အစိုးရတွေကို တရားဥပဒေက စိုးမိုးထားဖို့ကို ဆိုလိုတာဖြစ်တယ်။ ပြည်သူတွေက အပ်နှင်းလိုက်တဲ့အာဏာကို ထင်ရာစိုင်းပြီးတော့ မတရားအသုံးမပြုဖို့အတွက် သူတို့ရဲ့အာဏာကို ဥပဒေနဲ့ ကန့်သတ်ပေးတာဖြစ်တယ်။

ဒီဥပဒေကို ရေးဆွဲတဲ့နေရာမှာ ပြည်သူတွေက ပါဝင်ရေးဆွဲရတာဖြစ်တယ်။ ဒီလိုမှမဟုတ်ဘဲ တိုင်း ပြည်ကိုအုပ်စိုးမယ့် လူတွေက သူတို့စိတ်ကြိုက်သာ အခြေခံဥပဒေကို ရေးဆွဲလိုက်လို့ကတော့ ပြည်သူတွေ ဒုက္ခပင်လယ်ဝေတော့မှာဖြစ်တယ်။ ပြည်သူတွေကိုယ်တိုင်က သဘောတူလက်ခံပြီး တော့ ပြဋ္ဌာန်းခဲ့တဲ့ အခြေခံဥပဒေဖြစ်ရပါမယ်။

ပြည်သူတွေရဲ့အကျိုးကို ကာကွယ်ဖို့၊ တိုင်းပြည်ရဲ့အကျိုးကို ကာကွယ်ဖို့ ရေးဆွဲထားတာ ဖြစ်တယ်။ အုပ်စိုးသူကိုကာကွယ်ဖို့ ရေးဆွဲတဲ့ အခြေခံဥပဒေ မဖြစ်စေရဘူး။ အခြေခံဥပဒေဆိုတာ အစိုးရနဲ့ ပြည်သူကြားမှာ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်တယ်။

ဆက်ရန်။
အခန်း ၅။ အခွင့်အရေးတွေနဲ့ တာဝန်တွေကို ပြဋ္ဌာန်းတဲ့ အခြေခံဥပဒေ

 

Zawgyi

Salai Kipp Kho Lian (Vansangva)| TCP-Hakha| September 25, 2020|၄။ အေျခခံဥပေဒ
အေျခခံဥပေဒအားျဖင့္ တိုင္းသူျပည္သားအားလုံးရဲ႕ တရားဝင္လြတ္လပ္ခြင့္ေတြကို တန္းတူ ညီမွ်မႈေတြကို အကာအကြယ္ေပးထားရမယ္လို႔ ဆိုခဲ့တယ္။ အဲဒီေတာ့ အကာအကြယ္ေပးထား ရမယ္ဆိုတာ၊ ဘယ္သူ႔ဆီက အကာအကြယ္ေပးထားမွာလဲ။ ဒီအုပ္စိုးသူ အစိုးရက သူ႔ဆီကို အာဏာအပ္ႏွင္းထားတဲ့အတြက္ ဒီအာဏာနဲ႔ ဒီတိုင္းသူျပည္သားေတြအတြက္ လြတ္လပ္ခြင့္ေတြ၊ တန္းတူညီမွ်မႈေတြကို သြားၿပီးေတာ့ ပိတ္ပင္တားဆီးတာမ်ိဳး၊ ဥပေဒရဲ႕ အျပင္ဘက္ကေန အလုပ္ လုပ္လာတာမ်ိဳး ျဖစ္လာႏိုင္တယ္။

အဲဒီအခါက်ရင္ ျပည္သူေတြရဲ႕ လြတ္လပ္ခြင့္ေတြ၊ တန္းတူ ညီမွ်ခြင့္ေတြ ဆုံးရႈံးသြားႏိုင္တယ္။ အဲဒါေၾကာင့္ ဥပေဒနဲ႔ ကမၸည္းေရးထိုးၿပီးေတာ့ ေသေသခ်ာခ်ာ သတ္မွတ္မထားလို႔ရွိရင္ ျပည္သူေတြဟာ အခ်ိန္မေ႐ြး လြတ္လပ္ခြင့္ေတြ ဆုံးရႈံးသြားႏိုင္တယ္။ သူတို႔ရဲ႕ တန္းတူညီမွ်မႈေတြ၊ အခြင့္အေရးေတြ ဆုံးရႈံးသြားႏိုင္တယ္။

အဲဒါေၾကာင့္ ဥပေဒဆိုတဲ့အခါမွာ အေျခခံဥပေဒဆိုတာက တကယ္တမ္းက်ေတာ့ အစိုးရ လုပ္မယ့္ အစိုးရအဖြဲ႕အစည္းေတြရဲ႕ အာဏာကို ကန႔္သတ္ထားတာပါပဲ။ “တရားဥပေဒစိုးမိုးေရး” လို႔ ဆိုရာမွာ ျပည္သူေတြရဲ႕ အထက္ကေန မင္းလုပ္အုပ္ခ်ဳပ္မယ့္ အစိုးရေတြကို တရားဥပေဒက စိုးမိုးထားဖို႔ကို ဆိုလိုတာျဖစ္တယ္။ ျပည္သူေတြက အပ္ႏွင္းလိုက္တဲ့အာဏာကို ထင္ရာစိုင္းၿပီးေတာ့ မတရားအသုံးမျပဳဖို႔အတြက္ သူတို႔ရဲ႕အာဏာကို ဥပေဒနဲ႔ ကန႔္သတ္ေပးတာျဖစ္တယ္။

ဒီဥပေဒကို ေရးဆြဲတဲ့ေနရာမွာ ျပည္သူေတြက ပါဝင္ေရးဆြဲရတာျဖစ္တယ္။ ဒီလိုမွမဟုတ္ဘဲ တိုင္း ျပည္ကိုအုပ္စိုးမယ့္ လူေတြက သူတို႔စိတ္ႀကိဳက္သာ အေျခခံဥပေဒကို ေရးဆြဲလိုက္လို႔ကေတာ့ ျပည္သူေတြ ဒုကၡပင္လယ္ေဝေတာ့မွာျဖစ္တယ္။ ျပည္သူေတြကိုယ္တိုင္က သေဘာတူလက္ခံၿပီး ေတာ့ ျပ႒ာန္းခဲ့တဲ့ အေျခခံဥပေဒျဖစ္ရပါမယ္။

ျပည္သူေတြရဲ႕အက်ိဳးကို ကာကြယ္ဖို႔၊ တိုင္းျပည္ရဲ႕အက်ိဳးကို ကာကြယ္ဖို႔ ေရးဆြဲထားတာ ျဖစ္တယ္။ အုပ္စိုးသူကိုကာကြယ္ဖို႔ ေရးဆြဲတဲ့ အေျခခံဥပေဒ မျဖစ္ေစရဘူး။ အေျခခံဥပေဒဆိုတာ အစိုးရနဲ႔ ျပည္သူၾကားမွာ စာခ်ဳပ္ခ်ဳပ္ဆိုထားျခင္းျဖစ္တယ္။

ဆက္ရန္။
အခန္း ၅။ အခြင့္အေရးေတြနဲ႔ တာဝန္ေတြကို ျပ႒ာန္းတဲ့ အေျခခံဥပေဒ

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: