(၇၁) ကြိမ်မြောက် ဟားခါးမြို့ ချင်းအမျိုးသားနေ့တွင် ဧည့်သည်တော် ၆၅၀ ဦးပါဝင်မည်

0

The Chinland Post| 2019 January 30| (၇၁) ကြိမ်မြောက် ပြည်နယ်အဆင့် ဟားခါးမြို့တွင် ကျင်းပပြုလုပ်မည့် ချင်းအမျိုးသားနေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအ၀င် ဧည့်သည်တော် အနည်းဆုံး ၆၅၀ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း (၇၁) ချင်းအမျိုးသားနေ့တွင် ချင်းရိုးရာ ဓလေ့အက၊ အက၊ အားကစား၊ တေးသံစဉ်များဖြင့် သိန်း ၅၅၀ ကုန်ကျခံကာ လုပ်ဆောင်သွားမည်ဖြစ်သည်။

 “(၇၁) ကြိမ်မြောက် ချင်းအမျိုးသားနေ့အတွက် ကော်မတီအမျိုးမျိုးဖွဲ့ကြတယ်၊ ကျွန်တော်တို့ကတော့ ဧည့်ကြိုနဲ့ အစားသောက်ပိုင်းပေါ့၊ ဧည့်ကြိုစားသောက်ရေးအတွက် ကျွန်တော်တို့ သိန်း ၂၇၀ ပြင်ဆင်လျာထားတယ်၊ ဒီပွဲအတွက် ဧည့်သည် ၆၅၀ ရောက်ကြမယ်၊ ချင်းပြည်နယ် ၉ မြို့ကနေ ကိုယ့်မြို့ရိုးရာအက ဖျော်ဖြေဖို့ ကိုယ်စားလှယ် (၃၀)ဦးစီ ရောက်မယ်၊ ကုပ္ပဏ္ဍီဘက်ကလည်း ပါဝင်မည်ဖြစ်ကြောင်း” ချင်းပြည်နယ် ဥပဒေချူပ် ဦးဆန်နီထန်ကျူံး ကပြောသည်။

သူက ဆက်ပြီးတော့ နိုင်ငံတော်သမ္မတ ဦးဝင့်မြင့် အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ တိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ တို့ကိုလည်း ဖိတ်ထားပေမယ့် သူတို့ လာနိုင်မလာတော့ မသိဘူး၊ ပြီးတော့ တစ်စက်တည်းမှာပဲ ချင်းပြည်နယ်လွှတ်တော်ကိုလည်း ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ဆက်လက် ဆိုသည်။

ယင်းအပြင် ၇၁ ကြိမ်မြောက် ချင်းအမျိုးသားနေ့အတွက် ချင်းပြည်နယ် အစိုးရမှ ဧည်သည်များနှင့် မီဒီများကိုပါ ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 “ဟားခါးသည် တော်တော် အေးတဲ့အတွက် လိုအပ်တဲ့ ဆောင်တွေအတွက် ကျွန်တော်တို့ ၀ယ်ပေးမယ်၊ အဲဒီအတွက် ၈၉ သိန်းလျာထားတယ်၊ သတင်းမီဒီယာတွေအတွက် တည်းခိုခန်းပြင်ဆင်ပေးတယ်၊ လိုအပ်တဲ့ ဘတ်ဂျတ်တွေတောင်းထားတာတွေလည်း ရှိတယ်” လို့ ဦးဆန်နီထန်ကျူံး ကပြောသည်။

၇၁ ကြိမ်မြောက် ချင်းအမျိုးသားနေ့တွင် ချင်းရိုးရာ အားကစား (Chin Wrestling) အတွက် သိန်း ၃၀၊ ဒေသခံစကားနဲ့ ချင်းရိုးရာ Khuangcawi အတွက် သိန်း ၃၀ နှင့် တေးဝိုင်းဖျော်ဖြေရေးအတွက် သိန်း ၁၀၀ လျာထားလျက်ရှိကြောင်း သိရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: