ခန္ဓာကိုယ်မပျှော်မရွှင်ဖြစ်နေသလို ခံစားနေရလျှင် ?

0

ခန္ဓာကိုယ်မပျှော်မရွှင်ဖြစ်နေသလို ခံစားနေရလျှင် ?

စိတ်တည်ငြိမ်အောင်ထားပါ။ များစွာသောလူတွေလည်း ကိုဗစ်၁၉ရောဂါကူးဆက်ခံရပြီးနောက်ဆေးရုံတက်စရာမလိုဘဲပြန်လည်သက်သာလာကြတာကို မမေ့စေလိုပါ။

၁။ ပထမဆုံး ၁၀ရက်အတွင်းအား သီးသန့်နေထိုင်နိုင်အောင်ကြိုးစားပါ။ ရေချိူးခန်း၊အိမ်သာ နှင့်အိပ်ခန်းများလည်းတစ်ဉီးတည်း သီးသန့်နေထိုင်ပါ။ ကိုဗစ် စစ်ဆေးချက်အဖြေကိုလည်း စောင့်ဆိုင်းခြင်းမျိုးမလုပ်မိပါစေနှင့်။ အေးအေးဆေးဆေး အနားယူပေးပါ။ အသက်ကိုလည်း ချောင်ချိစွာရှူနိုင်အောင်ကြိုးစားပါ။ သင်၏အတွေးခေါ်များကို စာဖတ်ခြင်းဖြင့်ကုသပါ။ ပြီးတော့မိမိ၏အပေါင်းအဖော် သူငယ်ချင်းများနှင့်မိသားစုဆွေမျိူးများကိုဗီဒီယိုနှင့်စကားပြောရင်းမိမိ၏ အချိန်ကိုအသုံးပြုနိုင်အောင်ကြိုးစားပါ။

၂။ သင်၏အခန်းမှထွက်လာသည့်အချိန်တိုင်း အိမ်ထဲရှိသောသူများသည် မတ်စ်တပ်ဆင်ရန်လိုအပ်ပါသည်။ သင်ကိုယ်တိုင်လည်းတပ်ဆင်ရမည်ဖြစ်ပါသည်။

၃။ ပြတင်းပေါက်များအား အမြဲဖွင့်နိုင်အောင်ကြိုးစားပါ။

၄။ ဆရာဝန်များအား အကြံဉာဏ်တောင်းယူရန် ဆက်သွယ်ပါ။ သင်စိတ်ထင်သည့်အတိုင်း ဆေးမသောက်မိပါစေနှင့်။

၅။ ရေအေးမသုံးမိပါစေနှင့်။ ကိုဗစ်-၁၉ကိုပျောက်ကင်းစေသော အစားအသောက်ဟူ၍မရှိသော်လည်း သန့်ရှင်းလတ်ဆတ်သော အာဟာရရှိအစားအစာများနှင့် ခန္ဓာကိုယ်အတွက်ခွန်အားဖြစ်စေသော အစားအသောက်များကို စားပေးခြင်းအားဖြင့် ရောဂါခုခံခြင်းအတွက်များစွာအထောက်အကူပြုပါသည်။

၆။ သင်၏အက်ရှုနှုန်းကို ခနခနစစ်ဆေးပါ။ သင်၏အသက်ရှုနှုန်းသည် မြန်နေလျှင် ၆နာရီခြားတစ်ကြိမ်စစ်ဆေးမှုပြုလုပ်ပါ။ သင်၏အသက်ရှုနှုန်းသည် ၉၄%ထက် နည်းနေလျှင် အရေးပေါ်အခြေအနေတွင် ဆက်သွယ်၍ရနိုင်သော ဆေးရုံ အဖွဲ့အစည်းများကို ကြိုတင်စုစောင်းထားပါ။

၇။ သင်၏ခန္ဓာကိုယ်အပူချိန်ကို ၆နာရီခြားတစ်ကြိမ်တိုင်းထားပါ။ အဖျားတစ်ခုခုရှိခဲ့ပါက အကြိမ်ပေါင်းများစွာစစ်ဆေးပါ။ ၃ရက်အတွင်း သင်၏ခန္ဓာကိုယ် အဖျားအပူချိန်သည် ၁၀၁ဒီဂရီ ဖာရင်ဟိုက်(၃၈ ဒီဂရီစင်တီဂရိတ်) ထက် များနေလျှင် အရေးပေါ်ဌာနများကိုဆက်သွယ်၍ရအောင်သေချာသိမ်းဆည်းထားပါ။

၈။ အခြား ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေနေ တစ်ခုခုရှိခဲ့ပါက ဆေးဖက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားဆက်သွယ်ပါ။

–  အသက်ရှုကြပ်နေလျှင်

–  နှုတ်ခမ်း သို့မဟုတ် မျက်နှာပြာသန်းနေလျှင်

-အသိဉာဏ်ချိူ့ယွင်းမှုဖြစ်နေလျှင်၊အကြောင်းအရာတခုခုအပေါ် အာရုံမစိုက်နိုင်လျှင်

– အတက်ရောဂါဖြစ်ခဲ့လျှင်

– အိပ်ယာမှမထနိုင်ခဲ့လျှင် သို့မဟုတ် အိပ်၍မပျော်နိုင်ဖြစ်ခဲ့လျှင်

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: