နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းဆုကြည်မှ  ဦးဟင်နရီဗန်ထီးယူ၏ မျှော်စင်နှင့် ချင်းရိုးရာမုခ်ဦးဖွင့်လှစ်

0

Tawk Tling Thang| 2019 January 23| ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားခါး-ဂန့်ဂေါသွားကားလမ်းဘေးတွင် တည်ဆောက်ထားသော ချင်းရိုးရာမုခ်ဦးနှင့်မျှော်စင်ကိုဇန်န၀ါရီ (၂၁)ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ စည်းကားစွာဖွင့်လှစ်ကြောင်းသိရသည်။

အဆိုပါမုခ်ဦးနှင့် ချင်းရိုးရာအကတွဲဖက်၍ ဂုဏ်ပြုသီဆိုမှုကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက ကြည့်ရူ့အားပေးခဲ့ကြောင်း သိရသည်။

“ကျွှန်တော်တို့ မျှော်စင်ကို ဒုသမ္မတဦးဟန်နရီဗန်းထီးယူမျှော်စင်လို့ အမည်တပ်ပေးထားတယ်၊ မုခ်ဦးတည်ဆောက်ဖို့အတွက် ဒုသမ္မတ က ကျပ်သိန်း ၅၀ လှူဒါန်းမှုဖြင့် အစပြုပြီး၊  ဒုသမ္မတရုံပုံကားကိုလည်း တပ်ဆင်ဖို့အစီစဉ်ရှိတယ်၊ မျှော်စင်အတွက် နိုင်ငံတော် ဘတ်ဂျက်လုံးဝမသုံးဘူး၊ ပြည်တွင်း စေတနာအလှူရှင် ချင်းလူမျိုး (၆၄) ဦးထံမှ ကျပ်ငွေ ၆၄၅၈၀၀၀၀ ရရှိကြောင်း” ဦးထလာဟရဲကပြောပါတယ်။

ချင်းရိုးရာမုခ်ဦးကို မနက် (၆) နာရီကနေ ည (၉)နာရီအထိ ဖွင့်လှစ်ထားမှာ ဖြစ်ပြီး လာရောက်လည်ပတ်သူတွေကို ၀င်ကြေးကောက်ခံတာတွေ ပြုလုပ်ဖို့စီစဉ်နေတယ်လို့သိရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: