ချင်း ညီညွတ်ငြိမ်းချမ်းရေး (၁၀)ချက်

0

The Chinland Post| 2019 January 25| ပြီးခဲ့သည့်အပတ်တွင်ဖလမ်းမြို့မှာ ကျင်းပသော ချင်းအမျိုးသားများ ညီညွတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် မိမိ တင်ပြသော အချက်တစ်ချို့ ဝေဌလိုက်ပါသည်။

၁။ ချင်းပြည်နယ်ရှိ ခရစ်ယာန်အသင်းတော် ၃၀၀၀ ခန့်ရှိရာ ၉၉.၉၉ % မှာ သာသနာပိုင်းနယ်မြေ/အဆောက်အဦး မှတ်ပုံတင်(လိုင်စင်) မရရှိပေ။ အစိုးရ အကြီးအကဲက ချင်းပြည်နယ်မှာ ဘုရားကျောင်းဖွင့်ပွဲ လုပ်မည့်အစား ဒါကို လုပ်သင့်သည်။

၂။ တစ်ပြည်လုံးမှာ ဗုဓ္ဒဘာသာ ၈၆% ရှိလို့ ပြည်ထောင်စုအစိုးရ၏ သာသနာရေးဆိုင်ရာ ဘဏ္ဍငွေအများစုကို ဗုဒ္ဓဘာသာအတွက်သုံးစွဲတာ၊ သာသနာရေးဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဗုဒ္ဒဘာသာများ ဖြစ်တာ ကန့်ကွက်စရာမရှိသကဲ့သို့၊ အလားတူ ခရစ်ယာန်ဘာသာ ၈၅% ကျော်ရှိသော ချင်းပြည်နယ်တွင် ပြည်နယ်အစိုးရ၏ သာသနာဆိုင်ရာ ဘဏ္ဍာငွေ အများစုကို ခရစ်ယာန်ဘာသာအတွက် သုံးစွဲသင့်သည်။ ချင်းပြည်နယ် သာသနာရေး ဌာဆိုင်ရာ အကြီးအကဲများလည်း ခရစ်ယာန်ဘာသာဝင်များဖြစ်သင့်သည်။

၃။ ချင်းပြည်မှာ လက်ဝါးကပ်တိုင် ပေါင်း (၂၀) ခန့် အစိုးရက ဖြတ်ဆီးခဲ့ရသည်။ စေတီတော်ကျတော့ ၃၀၀ ကျော် စိုက်ထူထားသည်။ ထို့ကြောင့် ကျွန်တော်တို့လည်း ပြန်စိုက်ရမည်။ အထူးသဖြင့်ချင်းပြည်နယ်၏ အမြင်ဆုံး ခေါ်နူမ်သုန် (Khonumthung) တောင်နှင့် အခြား Kimu, Vankau, Rungtlang စသည်များတွင် ဧရာမ လက်ဝါးကားတိုင်များ စိုက်ထူရမည်။

၎။ ယစ်မျိုးနှင့် စည်ပင်ကိစ္စကို အခြေခံဥပဒေအရ ပြည်နယ်အောက်မှာ ထားရှိသောကြောင့် အရည်အသွေးမပြည့်မီသော (over proof) အရက်များကို အခွန်ဖြင့် ကန့်သတ်ရန်၊ ယင်းအခွန်ကို အရက်နှင့် ဆေးလိပ်ဆိုင်ရာ နှိမ်နှင်းရေး(ပညာပေးရေး) လုပ်ငန်းများအတွက်သာ သုံးစွဲရန်၊ ထိုအတွက် အစိုးရက ဘာသာရေးအဖွဲ့နှင့် CSOs များနှင့် လက်တွဲရန်။ စည်ပင် ဧရိယာမှာ မည်သည့် အရက်၊ ဆေးလိပ်ကြော်ငြာမှ မထားရှိရန်။

၅။ ပလက်ဝသည် ချင်းပြည်ဖြစ်ကြောင်းသမိုင်းအမှန်ကို စနစ်တကျ ပြုစုသည့် ရှင်းတန်းစာအုပ်ထုတ်သင့်သည်။ (နားလည်သဘောပေါက်မှုလွဲမှားသော ရခိုင်ညီအကို–အားလုံးမဆိုလို–တစ်ချို့အတွက်)။

၆။ ချင်းပြည်နယ် နယ်နိမိတ်ပြန်လည်သတ်မှတ်ရေး အစိုးရက မကိုင်တွယ်လျှင် လူထုကိုယ်တိုင်လှုပ်ရှား ရမည်။ ထို့ပြင် ချင်းဓလေ့ထုံးတမ်း(ဘိုးဘွားပိုင်)မြေများကို လူမျိုးခြားလက်ထဲ အလုံးလိုက်အရင်းလိုက် ရောက်ရှိသွားစေမည့် အစိုးရ၏ လုပ်ရပ်ကို ၀ိုင်းဝန်းတားဆီးရမည် (မီဇိုရမ်ပြည်နယ်ကို အတုယူရမည်)။

၇။ အခြေခံဥပဒေ ပုဒ်မ(၅၃)အရ ကလေး-ကဘောဒေသ ချင်းနယ်မြေအဖြစ် ပြန်လည်ရောက်ရှိနိုင်ရေးကြိုးပမ်းရန်နှင့် ချင်းလူမျိုး ၁၂ သိန်းခန့်အနက် ၆၀% သော မြေပြန့်နေ ချင်းလူမျိုးများအတွက်—အထူးသဖြင့် သူတို့၏ စာပေယဉ်ကျေးမှုထိန်းသိမ်းရေးအတွက်— ချင်းပြည်နယ်အစိုးရက ဌာန တစ်ခု သီးသန့်ဖွဲ့စည်း၍ ကူညီပေးသင့်သည်။

၈။ ချင်းနာမည်(အမည်)ကို တန်ဖိုးထား မှည့်ခေါ်ရန် — ဒီဘက်ခေတ်တွင် ချင်းလူမျိုးအများစု၏ နာမည်သည် ဗမာ၊ အင်္ဂလိပ်၊ ခရစ်ယာန်(ဂျူး)နာမည်များဖြစ်ကြပြီး ကိုယ်ပိုင် ဘာသာစကားဖြင့် မည့်ခေါ်သည့် နာမည်များ နေရာ မရတော့သည်မှာ ၀မ်းနည်းစရာ ဖြစ်လာသည်။ နာမည်သည် အမျိုးသားလက္ခဏာ(national identity) တစ်ခုဖြစ်သောကြောင့် မြို့/ရွာ နာမည်၊ စိုင်းဘုတ်ကအစ လိုအပ်သလိုပြောင်းလဲ မှည့်ခေါ်သတ်မှတ်ရမည်။

၉။ ဘုံစာပေ(common language) ကိစ္စ— ချင်းဘာသာစကား ၇၀% သည် မူရင်းအဓိပ္ပယ်(root word) တူကြသည်ဟု ဘာသာဗေဒပညာရှင်းများက တွေ့ရှိရသည်။ ချင်း dialect စကား ၃၀ ခန့်ရှိသော်လည်း အဓိကအကြီးပိုင်း (၈)မျိုးရှိသည်။ ထို့ကြောင့် India နိုင်ငံ Nagaland ပြည်နယ်က Nagamese ဖန်းတီးသကဲ့သို့ ချင်းစကားထဲက တူညီသော စကားဝေါဟာရ(common vocabularies) များကို စုစည်းလျက် ကျောင်းတွင် သင်ကြားစေသင့်သည်။ ပထမခြေလှမ်းတွင် ဝေါ်ဟာရ ၅၀၀ ခန့်စုစည်းနို်င်မည်။

၁၀။ အမျိုးသား ဘုံဝတ်စုံနှင့် ဘုံအလံ ပြေပြေပြင်ပြင် ဖြစ်ပေါ်လာရေး ပြည်နယ်အစိုးရ တရားဝင်ဆောင်ရွက်သင့်သည်။

မှတ်ချက်။ ဆလိုင်းကျဲအိုဘိခ့်ထောင် ရေးသားသောဆောင်းပါးဖြစ်သည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: