June 14, 2025

တောင်သူအဖွဲ့က ဥပဒေနားလည်ပေမယ့် အစိုးရကနားမလည်ဘူးဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း Pi Za Tlem ပြော

0
Picture1

The Chinland Post| 2019 January 25| တောင်သူအဖွဲ့က ဥပဒေနားလည်ပေမဲ့ အစိုးရက ဥပဒေနားမလည်ဘူးလို့ တန်တလန်မြို့နယ် (CNDP@CND) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း Pi Za Tlem ကပြောသည်။

အဆိုပါအကြောင်းကို ဇန်န၀ါရီ ၂၄ ရက်နေ့ ဟားခါး မြို့တော်ခန်းမတွင် ကျင်းပသည့် ဟာခါးမြို့သစ်စီမံကိန်းအရေး ပြည်နယ်အစိုးရနှင့် ဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ်သည်။

“လယ်ယာမြေ ဥပဒေထဲမှာ လယ်ယာပိုင်ဆိုင်သူနှင့် ထိတွေ့သဘောတူညီမှုရရှိပြီးမှ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြဌာန်းထားတယ်၊ ဒါပေမယ့် မြို့သစ်စီမံကိန်း ကော်မတီတွေက မြေပိုင်ရှင်ကို ဘယ်နှစ်ကြိမ်ထိတွေ့ပြီး ဘယ်နှစ်ကြိမ်ဖိတ်ခေါ်ထားလဲ ဆိုတာကတော့ မေးခွန်းထုတ်ချင်တယ်၊ ဟားခါးမှာ နေတဲ့သူတွေက အကုန်လုံးတိုးတက်ချင်တဲ့သူတွေပဲ၊ ဥပဒေပြဌာန်းတဲ့အတိုင်း အကောင်အထည်ဖော်ရင် ချင်းပြည်နယ်က တိုးတက်မှာပဲ၊ အဲဒါကြောင့် ဥပဒေနဲ့ ညီအောင်ကျင့်သုံးကြပါ” ဟု တောင်သူအဖွဲ့ ကိုယ်စား Pi Za Tlem ကပြောသည်။

Photo: TCP

ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်း လျန်လွယ်၏ လူတစ်ဦးအတ္တကြီးမှုကြောင့် ဆိုသည့် ပြောကြားချက်အပေါ် Pi Za Tlemက ယခုလိုမေးခွန်းထုတ်လိုက်ကြောင်း သိရသည်။

“ဘိုးဘွားပိုင် လယ်ယာမြေပိုင်ဆိုင်မှုကို ပြောမယ်ဆိုရင် တစ်ရက်လုံးတောင် ကျွန်တော်တို့ ပြောနိုင်မယ်၊ ဘိုးဘွားမြေ လယ်ယာမြေပိုင်ဆိုင်မှုဆိုတာ အရင်ကတည်းကရှိတယ်၊ ရောင်းပိုင်ခွင့်လည်းရှိတယ်၊ သူတစ်ပါးပေးပိုင်ခွင့်လည်းရှိတယ်၊ ဥပဒေအရ ကျွန်တော်တို့ ပိုင်ဆိုင်တာလည်းဖြစ်တယ်၊ ဒါပေမယ့် မြေပိုင်ဆိုင်သူကို အရင်ထိတွေ့မှုမရှိပဲ အစိုးရက ယူသွားမယ်ဆိုတာကတော့ အစိုးရ အလုပ်လာပေါ့”။

“ဘိုးဘွားမြေပိုင်ဆိုင်သူနှင့် မြေပိုင်ဆိုင်သူကလည်း တွေ့ဆုံပြီး သဘောထားတူညီမှု အရင်လုပ်ရင် မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့”  ချင်းပြည်နယ် လွှတ်တော်ဥက္ကှဌ Pu Zo Bawi ပြောကြားချက်အပေါ် Pi Za Tlem က အခုလို တို့ပြန်လိုက်ကြောင်း သိရသည်။

Photo: TCP

“ဘိုးဘွားမြေပိုင်ဆိုင်သူနှင့် ထိတွေ့မှုမလုပ်ပေးတဲ့အတွက် အခုလိုပြသနာတက်ကုန်တယ်၊ ပြီးတော့ ဒီကိုရောက်လာတဲ့သူတွေကလည်း ကသေးကသက်ဖြစ်စေတယ် ဆိုတဲ့ဟာကလည်း ဦးဆောင်သူတစ်ယောက်အနေနဲ့ မပြောသင့်မပြောထိုက်တဲ့ဟာပါ”။

ယင်းနောက် ချင်းပြည်နယ် ၀န်ကြီးချုပ် Salai Lian Luai မှ ဟားခါးမြို့သစ်စီမံကိန်းအမြန်လုပ်ဆောင်နိုင်ရန်နှင့် ဥပဒေအရ အကောင်အထည်ဖော်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဟားခါးမြို့အနေအထား သိသူများပါဝင်ကြောင်း၊ အစိုးရတစ်ခုတည်း လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ လယ်ယာမြေများကို ဥပဒေအရ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *