September 21, 2025

ကလေးအကျဥ်းထောင်တွင် စီးနင်းမှုတစ်ရပ် ဖြစ်ပွား၊ PDF အကျဥ်းသား ၇ ဦးထက်မနည်း သေဆုံး

kalay myo

The Chinland Post | 2022 March 15 – စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်တွင် စီးနင်းမှုတစ်ရပ် ယနေ့ ညနေ ၄ နာရီကျော်ချိန်တွင် ဖြစ်ပွားပြီး PDF အကျဉ်းသား ၇ ဦးထက်မနည်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်မှ ၅ နာရီ ၃၀ မိနစ်အချိန်အထိ ထောင်အတွင်း စီးနင်းမှုဖြစ်ပွားပြီး စစ်တပ်က ထောင်တွင်းသို့ ဝင်ရောက်လာပြီး အကျဉ်းသားများကို ပစ်သတ်သဖြင့် အကျဉ်းသား ၇ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရှိရသည်။

“ကလေးထောင်ကို ရဲဘက်အကျဉ်းသားတွေက ဝင်စီးတယ်။ ဝင်စီးတဲ့ရဲဘက်တွေက အဖမ်းခံထားရတဲ့ PDF တွေလို့ပြောတယ်။ စစ်တပ်က ဝင်ပစ်တာ အဖမ်းခံထားရတဲ့ ရဲဘက် PDF ၇ယောက်ကျဆုံးသွားတယ်လို့ အစီရင်ခံထားတယ်။ ထောင်ပိုင်ရယ်၊ ထောင်ပိုင်လေးရယ်၊ ထောင်မှူးကြီးရယ်ကို ဝင်စီးတာ။ထောင်မှူးကြီးလည်ပင်း သွေးကြောပေါက်သွားလို့ ဆေးရုံမှာ အခု စိုးရိမ်ရတဲ့အခြေအနေပါ။ စစ်တပ်ကတော့ ကလေးအကျဉ်းထောင်တစ်ခုလုံးကို စီးထားလိုက်ပြီ” ဟု အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ပြောသည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *