ပလက်ဝစစ်ဘေးသင့်ချင်းပြည်သူများ ဟားခါးမြို့ပထမရက်အလှူခံ သိန်း ၉၀နီးပါးရရှိ

0

ပထမနေရအလှူကောက်ခံသူ တစ်ချို့ June 25, 2019 Photo: Paletwa Ralzam Bawmtu Phu Fb

The Chinland Post| Hakha June 25, 2019| မြန်မာ့တပ်မတော်နှင့် ရခိုင့်လက်နက်ကိုင်(AA)အကြားတိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တွင် စစ်ဘေးသင့်ပြည်သူများ ကူညီနိုင်ရန် ဟားခါးရှိလူငယ်များနှင့် တက္ကသိုလ်ကျောင်းသားများ ပူးပေါင်းပြီး အလှူခံကြရာ ဇွန်လ ၂၅ ပထမနေ့ (၄)ရပ်ကွက်တွင် ကျပ် ၈၉၃၈၅၀၀တိတိရရှိကြောင်း သိရသည်။

ကျနော်တို့ ဒီနေ့ (၄)ရပ်ကွက် ပြည်တော်သာ၊ ဈေးသစ်၊ မြို့သစ်၊ ဒင်လိုတွင် အလှူကောက်ခံရာ ဟားခါးဒေသခံ၊ စေတနာရှင်များနှင့် အလှူကောက်ခံရန် အချိန်ပေးပူးပေါင်းပါဝင်နေသော လူငယ်နှင့် တက္ကသိုလ်ကျောင်းသားတွေကြောင့် အခုလို ၈၉၃၈၅၀၀ ရရှိနိုင်တာဖြစ်ပါတယ်။ ဇွန်လ၂၈အထိ အလှူခံဖို့ရှိနေသည့်အတွက် အားလုံးဆက်လက်ကူညီပါဝင်ကြပါရန် ဖိတ်ခေါ်တယ်လို့ အဖွဲ့ခေါင်း ဆောင် ဆလိုင်းဧလိစမာက The Chinland Post ကို ပြောသည်။

အလှူခံနိုင်ရန် အစည်းအ၀းပြုလုပ်စဉ် CACC ခန်းမ ဓါတ်ပုံ Paletwa Ralzam Bawmtu Phu fb

အလှူငွေထည့်ဝင်ရန် ဆန္ဒရှိသော ပြည်တွင်းပြည်ပချင်းပြည်သူတွေရှိရင်လည်း ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်နိုင်တယ်လို့ ဆက်ပြောသည်။

ဇွန်လ (၂၆)တွက် ဈေးသစ်၊ ဟားခါးထာရ်၊ ပြည်တော်သာ ၃ရပ်ကွက်တွင် အလှူခံရန် စီစဉ်ထားပြီး ပါဝင်နိုင်သည့် ပုဂ္ဂိုလ်များအနေဖြင့် ဈေးသစ်(09898611272 Salai Tluangte)၊ ဟားခါးထာရ်(09691551163 Salai Dk)၊ ပြည်တော်သာ (09257157289 Salai Elisama)ခေါင်းဆောင်များကို ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်နှင့် ရခိုင့်လက်နက်ကိုင်(AA)အကြားတိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တွင် စစ်ဘေးသင့်ဒုက္ခသည် ပြည်သူများ ၄၀၀၀ကျော်၊ ရခိုင်ပြည်နယ် တွင် သုံးသောင်းကျော်ရှိနေ ကြောင်း သိရသည်။ စစ်ဘေးသင့်ပြည်သူများအတွက် ချင်းပြည်နယ် ဖလမ်းမြို့၊ မတူပီမြို့၊ မင်းတပ်မြို့ တွင်လည်း အလှူကောက်ခံမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရသည်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: