ရောဂါပျံ့နှံ့စေသော ဗိုင်းရပ်စ်ပိုးကိုကာကွယ်ခြင်း “လက်ကိုခနခနဆေးပါ”

0

ရောဂါပျံ့နှံ့စေသော ဗိုင်းရပ်စ်ပိုးကိုကာကွယ်ခြင်း လက်ကိုခနခနဆေးပါ

လက်ကိုခနခနဆေးကြောခြင်းသည် ကိုဗစ်-၁၉ရောဂါကာကွယ်ခြင်းအတွက် ကုန်ကျစရိတ်သက်သာပြီးအလွယ်ကူဆုံးသောကာကွယ်ခြင်းတမျိူးဖြစ်ပါသည်။ကလေးများအားလက်ကိုသန့်ရှင်းစွာထားရန်အရေးကြီးလှပါသည်။မိမိတို့၏သားသားမီးမီးများအားကျန်းမာစွာရောဂါကာကွယ်နိုင်ရန်လက်ဆေးခြင်းအရေးကြီးပုံနှင့်လက်ဆေးပုံဆေးနည်းများအားသင်ကြားပေးရန်လည်းလိုအပ်လှပါသည်။ ကိုဗစ်-၁၉ရောဂါအတွင်း လက်ကိုခနခနဆေးပေးရန်လိုအပ်ကြောင်းနှင့်လက်ဆေးခြင်းအားဖြင့်မည်ကဲ့သို့ရောဂါကူးဆက်ခြင်းအားကာကွယ်ရမည်ဆိုသည့့််အသိပညာဗဟုသုတသည်လည်း အလွန်အရေးကြီးသော အချက်များဖြစ်ပါသည်။

အောက်ဖော်ပြပါအချက်လက်များတွင်“မည်သည့်အချိန်တွင်လက်ဆေးရန်လိုအပ်မည်နည်း” ဟူသောအချက်နှင့်“မည်ကဲ့သို့လက်ဆေးရမည်”ဆိုသည့်အချက်များကိုဖော်ပြပေးသွား မည်ဖြစ်ပါ သည်။

 

မည်သည့်အချိန်မှာလက်ဆေးရမလဲ?

၁။ ရေချိုးခန်းမှထွက်လာသည့်အချိန်တိုင်း လက်ဆေးရန်။

၂။ လူစုလူဝေး တွင် သွားရောက်ပြီး ပြန်လာသည့် အချိန်တိုင်း လက်ဆေးရန်။

၃။ ထမင်းစားရန်ပြင်ဆင်သည့်အချိန်၊ ချက်ပြုတ်ဖို့မပြင်ဆင်မှီများတွင် လက်ဆေးရန်။

၄။ မစားခင်နှင့်စားပြီးသည့်အချိန်များတွင်လက်ဆေးရန်။

၅။ မိသားစုတွင် တစ်စုံတစ်ဦးသည် ဝမ်းလျောခြင်းသို့မဟုတ်အော့အန်ခြင်းဖြစ်သော သူများကို ကြည့်ရှုစောင့်ရှောက်ခြင်းများကို မစခင်နှင့် စောင့်ရှောက်ပြီးအချိန်များတွင် လက်ဆေးရန်။

၆။ အိမ်သာ၊နှင့် ကလေးအနှီး၊ကလေးသည်းခံများကိုရှင်းလင်းသည့်အချိန်များတွင် လက်ဆေးရန်။

ရ။ သင်၏နှာခေါင်းထိမိကိုင်မိပြီးချိန်နှင့် ချောင်းဆိုးပြီးသည့်အချိန်များတွင် လက်ဆေးရန်။

၈။ အိမ်မွေးတိရစွာန်များ အစာကျွေးချိန်နှင့် အမွှေးများအားထိမိကိုင်မိသည့် အချိန်တိုင်းတွင်  လက်ဆေးရန်။

၉ ။ စွန့်ပစ်ပစွည်း၊ အမှိုက်များရှင်းလင်းပြီးသည့်အချိန်များတွင်လက်ဆေးရန်။

 

ဘယ်လိုလက်ဆေးရမလဲ။

  • စိုနေသည့်လက်များကို သန့်ရှင်းသောရေ (အပူ သို့မဟုတ် အအေး)ဖြင့် သန့်ရှင်းစွာလက်ဆေးရန်။ ပိုက်ခေါင်းကိုလည်းပိတ်ထားခဲ့ရန်။ လက်ဆေး ဆပ်ပြာအသုံးပြုပါရန်။
  • ဆပ်ပြာအမြုပ်ထွက်ပြီးသည့်အချိန်တွင် လက်ကိုပွတ်တိုက် ဆေးကြောပါ။ လက်ချောင်းများကြားကိုလည်းသန့်ရှင်းစွာဆေးကြောရန်။
  • ပွတ်တိုက်ပြီးအနည်းဆုံး စက္ကန့် ၂၀ လောက် လက်ကိုပွတ် တိုက် ဆေးကြောပါ။ ကြာချိန်ခန့်မှန်းနိုင်ရန်အတွက် “မွေးနေ့မှာပျော်ရွင်ပါစေ” ဆိုသော သိချင်းကို စိတ်ထဲမှာ နှစ်ကြိမ်လောက်ဆိုနိုင်ပါသည်။
  • ရေဖြင့်လောင်းချလိုက်ပါ။ ထိုရေသည်စီးလျက်ရှိနေသောရေ သန့်ရှင်းသော ရေဖြစ်ပါစေ။
  • လက်ကိုခြောက်အောင်ထားပါ။ လက်ကို သန့်ရှင်းသောပါဝါနှင့် ခြောက်စက်များဖြင့်ခြောက်သွေ့အောင်ထားရန်လိုအပ်ပါသည်။

 

လက်ဆေးဆပ်ပြာမရှိသောအခါ လက်ဆေးရည် sanitizer ကို အသုံးပြုနိုင်ပါ သလား?

လက်ဆေးဆပ်ပြာမရှိသောအခါ လက်ဆေးရည် sanitizer ကို အသုံးပြုနိုင်ပါသည်။

အိမ်မှာ ဆပ်ပြာကုန်သွားသည့်အခါ သို့မဟုတ် အများသုံးသန့်စင်ခန်းများတွင် ဆပ်ပြာမရှိသည့်အခါလည်း လက်ကို လုံးဝဆေးကြောရန်အရေးကြီးပါသည်။ ထိုကဲ့သို့သော အချိန်များတွင် လက်ဆေးရန် အသုံးပြုလို့ရသော sanitizer သည် ၆၀% အရက်ပြန်နှင့်ပြုလုပ်ထားသည်ဖြစ်သောကြောင့် ခနွာကိုယ်ရှိရောဂါပိုးမွှားများကို သန့်ရှင်းစေနိုင်ပါသည်။ ဒါကြောင့် sanitizer ကိုသုံးနိုင်ပါသည်၊သို့သော် လက်အားဆီနှင့် အစွန်းထင်းများရှိခဲ့လျှင် သန့်ရှင်းနိုင မည်မဟုတ်ပါ။ ဖြစ်နိုင်လျှင်လက်ဆေးခြင်းကအကောင်းဆုံးပါ။ သို့သော် ဆေးရုံ၊ဆေးခန်း၊ အများပြည်သူသုံး ဘတ်စ်ကား သို့မဟုတ် လူစုလူဝေးရှိသည့်နေရာများတွင် sanitizer လက်ဆေးရည်များကိုသုံးနိုင်ပါသည်။

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: