အကြပ်အတည်းကာလ စိတ်ဖိစည်းမှု လျော့ပါးစေနိုင်သည့် နည်းလမ်း

0

Salai Mangpau

ပြည်လုံးကျွတ်အထွေထွေသပိတ်နဲ့ ခေတ်ပြောင်းတော်လှန်ရေး လုပ်နေတယ်ဆိုရင်လဲ မမှားပါဘူး။ ဒီစိတ်ကျန်းမာရေးကို လေ့လာကြည့်လိုက်တဲ့အခါကမ္ဘာပေါ်မှာနိုင်ငံတော်တော်များများနဲ့ နိုင်ငံပေါင်း (၂၅၀) လောက်က ဒီလိုမျိုး Protest, Demonstration, Revolution, Campaign တစ်ခုမဟုတ် တစ်ခု အမြဲတမ်း လုပ်ကြတယ်။

Generation Z လူငယ် စိတ်ဖိစည်းမှု

လက်ရှိမျိုးဆက် Generation Z တွေအနေနဲ့လည်း၊ စစ်အာဏာရှင် ပြန်လည်တွန်းလှန်ရေးမှာ၊ လူငယ်တွေပီပီ၊ ရှေ.တန်းက ပါဝင်လူပ်ရှားနေတာကြောင့်၊ စစ်တပ်ရဲ့ အဓိကပစ်မှတ်ထားဖြိုခွင်းသုတ်သင်ဒဏ်ခံနေရတာကြောင့်၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေပါ တွဲပြီးရလာမှာ စိုးရိမ်ရပါတယ်။ ပြည်သူလူထုထဲကို Fear Factor ကြောက်စိတ်ဝင်သွားအောင်လို့ လုပ်ဆောင်နေတဲ့ အချက်တွေ အများကြီးရှိတယ်။ ကြောက်စိတ်ဝင်သွားအောင်လို့ သေနတ်တွေဖောက်တယ်။ ခေါင်းတည့်တည့်ကို ပစ်တယ်။ ဘာမှပြန်လည်မခုခံတဲ့ လူငယ်လေးတွေကို မတရားုရိုက်နှက်တယ်။ အိမ်တွေကို မတရားဝင်ဖျက်တယ်။ မင်းမဲ့စရိုက်တွေ လုပ်နေတဲ့ဟာတွေက လူတွေကို ကြောက်စိတ်ဝင်အောင် လုပ်နေတာ။ အဲဒီတော့ သူတို့တွေက ကျနော်ပြောသလိုမျိုးပဲ အခုန (၃) ချက်ကိုပဲ ပြန်သွားမယ်။ United, Connected, Motivated ဖြစ်နေရင် ဒီဟာတွေကို ကျော်ဖြတ်နိုင်တယ်။ လူငယ်တွေသဘာဝ ထက်မြက်ပြီး၊ ရှေ့ရေးကြည့်တတ်၊ လေ့လာလိုက်စားတတ်ရာမှာ၊ လက်ရှိမျိုးဆက်ကတော့၊ တမူထူးခြားစွာ နည်းပညာပိုင်းအရ ကျွမ်းကျင်မူ မြင့်မားလာတာကြောင့်၊ ဆက်သွယ်ဆောင်ရွက်ရာမှာ ပိုအားကောင်းကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ (၅) နှစ်၊ (၁၀) နှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို လက်တွေ့ခံစားနိုင်ခဲ့တာကြောင့်လည်း၊ ဒါကို ပိုမဆုံးရှုံးချင်တော့ဘဲ၊ နောင်မျိုးဆက်တွေအတွက်ပါ မဆုံးရှုံးစေဖို့၊ အခ စနစ်ကို ရှေ့တန်းက တွန်းလှန်ချေဖျက်နေကြတာပါ။ ဒီအတွက် အခုလူငယ်မျိုးဆက်သစ်အပေါ် စစ်တပ်က မဲပြီး၊ ပစ်ခတ်သတ်ဖြတ်နေတာကြောင့်၊ အသက်အန္တရာယ် ထိခိုက်တာတွေကနေ၊ အညွှန့်တလူလူ တက်နေတဲ့ လူငယ်တွေမှာ စိတ်ဒဏ်အန္တရာယ်တွေပါ ပါသွားနိုင်ပါတယ်။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် ကြိုစဉ်းစားပြီး၊ သူတို့ကို လိုအပ်သလို၊ ယုယကြင်နာစွာနဲ့ လျှင်မြန်စွာ ပံ့ပိုးကူညီပြုစုပေးခြင်းဖြင့်၊ စိတ်ဒဏ်ရာအန္တရာယ်ကိုလည်း ဖြေလျော့ပေးနိုင်ပြီး၊ နောင်ဆက်ဖြစ်လာနိုင်မဲ့ ပြန်လည်ပြုပြင်ပျိုးထောင်မူဆိုင်ရာ (Adjustment) အကျိုးဆက်တွေကနေပါ ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် လက်ရှိကလေးအရွယ်တွေမှာလည်း၊ ညီအကိုမောင်နှမ၊ မိဘဆွေမျိုးတွေ ထိခိုက်သေကျေ ခံစားနေရတာကို ကိုယ်တိုင် (သို့မဟုတ်) တဆင့် မြင်တွေ့ကြားသိရတာကြောင့်၊ စိတ်ဒဏ်ရာတွေ ပါသွားနိုင်ပါတယ်။ အခုလို ငယ်ရွယ်နုနယ်ပြီး၊ ကြီးထွားဖွံ့ဖြိုးဆဲ (Developmental Stage: Personality ပျိုးထောင်တဲ့) အရွယ်မှာ၊ မမျှတဲ့စိတ်ဒဏ်ရာကြီးကြောင့်၊ ကြီးလာချိန်မှာ ပိုပြင်းထန်တဲ့ ရေရှည်အကျိုးဆက် ဖြစ်သွားစေနိုင်ပါတယ်။ အထူးသဖြင့် ပြန်လည်ပြုပြင်ပျိုးထောင်မူဆိုင်ရာ (Adjustment) ပြဿနာတက်လာနိုင်ကာ၊ အရွယ်ရောက်လာချိန်မှာ၊ သူတို့ကိုယ်တိုင် မှားယွင်းတဲ့ အတွေးအခေါ်၊ အပြုအမူတွေ (Personal Disorder) ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒါကြောင့် အခုလို စိတ်ဒဏ်ရာ အရွယ်နဲ့မမျှ ကြီးကြီးမားမားရခဲ့သူတွေအတွက်လည်း၊ အခွင့်အလမ်းရတာနဲ့ အထက်ပါ အလားတူ ပံ့ပိုးပြုစုပေးမူလိုရာမှာ၊ ပညာရေးနဲ့လူမူရေးအရပါ လက်တွေ့ကူပေးပြီး၊ ကုသမူပါ ပေးသင့်ပါတယ်။ သို့မှသာ နောက်ဆက်မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

အကယ်၍ အခုလို လူငယ်မျိုးဆက်သစ်တွေကို၊ ကြိုတင် ပံ့ပိုးပြုစုကူညီပေးတာတွေ မလုပ်ပေးနိုင်လျှင်တော့၊ သူတို့ကိုယ်တိုင် မိဘတွေဖြစ်လာချိန်မှာ၊ သူတို့ရဲ့ သားသမီးတွေအပေါ်မှာလည်း၊ မရည်ရွယ်ဘဲ၊ သူတို့အရင်ခံစားခဲ့ရသလို ကောင်းမွန်တဲ့ ကြင်နာယုယစွာ ပြုစုမူတွေပေးဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပေါက်ဖွားလာမဲ့ နောက်မျိုးဆက်သစ်တစ်ခုမှာ၊ မိဘတွေဆီက မှန်ကန်တဲ့ ယုယပြုစုမူရဖို့လျော့နည်းသွားကာ ထိခိုက်မူ ဆက်ဖြစ်သွားစေနိုင်တဲ့၊ မျိုးဆက်လိုက် ဒဏ်ရာတွေအဆင့်ထိ ဖြစ်သွားနိုင်ပါတယ်။

တကယ်တော့၊ အခုလိုအချိန်မှာ မြန်မာပြည်သူပြည်သားအများစု ပူဆွေးနေရချိန်မှာ၊ လုံခြုံစွာနေရတဲ့ နိုင်ငံခြားရောက်နေသူတွေမှာလည်း အိပ်မပျော်တာ၊စားမဝင်တာ၊အလုပ်ပုံမှန်မလုပ်နိုင်တာစတဲ့၊စိတ်ဖိစီးမူဝေဒနာတွေခံစားနေရကာ၊အချင်းချင်းရိုင်းပင်းကူညီပေးနေရပါတယ်။ ဒါက မြန်မာပြည်ထဲ လက်တွေ့တိုက်ရိုက် ပိုခံစားနေရသူတွေအတွက်၊ ပိုပြင်းထန်နိုင်ပြီး၊ ပိုပြီးရိုင်းပင်းကူညီ ပံ့ပိုးပေးကြဖို့ အရေးကြီးနေပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အခြေအနေက ယိုယွင်းလာနေတာကြောင့်၊ တချို့ကိုယ့်အရပ်ထဲ ကိုယ်မနေနိုင်တော့ဘဲ၊ ထွက်ပြေးနေရသူတွေ ရှိလာနေပါတယ်။ အခုလို စစ်တပ်ရဲ့လုပ်ဆောင်မူတွေ၊ ယိုယွင်းပျက်စီးမူကို ဦးတည်လာနေတာကြောင့်၊ အားလုံးပိုစိုးရိမ်သောက ရောက်နေကြရပါတယ်။ တကယ်တော့ အခုလိုဖြစ်အောင် လုပ်ခဲ့သူတွေမှာလည်း၊ သံသယာအကျိုးဆက်အတွက်၊ အလားတူ အိပ်မပျှော် စားမဝင် ပုံမှန်မဟုတ်တော့တဲ့၊ စိတ်သောကတွေ ခံစားလာရနိုင်ပါပါတယ်။ ဒီနေရာမှာ အားလုံးဝိုင်းပြီး၊ လက်ရှိ ဒုက္ခပေးနေတဲ့စနစ်ကို၊ အတူပြောင်းလဲယူခြင်းဖြင့်၊ အချင်းချင်း အပြန်အလှန် အားပေးကြခြင်းဖြင့်၊ မျှော်လင့်ချက်အသစ်တွေနဲ့အတူ၊ စိတ်ဒဏ်ရာတွေကနေ သက်သာရာ ရစေနိုင်ပါတယ်။

စိတ်ဖိစီးမှုဖြေရှင်းပုံ (Stress Management)

ပထမနည်းကတော့ စိတ်ဖိစီးမှု (ဒေါသပေါက်ကွဲမှုအပါအဝင်) ဖြစ်လာလျှင် ဆက်လွှတ်မထားဘဲ၊ ရပ်လိုက်ပြီး၊ အနာသိမှ ဆေးရှိဆိုသလိုပဲ ဖြစ်ရခြင်းအကြောင်းရင်းခံ (အနာ) ကို အရင် စီစစ်ရှာဖွေဖို့ပါ။ ဖြစ်လေ့ရှိတဲ့ အကြောင်းရင်းခံတွေကတော့ အရင်ပြောခဲ့တဲ့ ကုန်ဈေးနှုန်း၊ ဝင်ငွေ၊ အလုပ်ခွင် ပြဿနာနဲ့ ရောဂါကြီးတွေအပါအဝင် လောကဒဏ် ပြဿနာကြီး (၅) ခုနဲ့ ပစ္စည်းပျက်၊ ပျောက်တာ၊ စာမေးပွဲ၊ အင်တာဗျုး ဖြေရတာလို ပြဿနာငယ်တွေပါ။ ဒီပြဿနာရင်းမြစ် (Source) ကို တွေ့ပြီးလျှင်၊ ဘယ်လို ဖြေရှင်းသင့်တာ (ဆေး) အတွက် ပြဿနာ ဖြေရှင်းနည်း (Problem-Solving Method) နဲ့ အဖြေရှာကြည့်နိုင်ပါတယ်။

အခက်အခဲပြဿနာ ဖြေရှင်းနည်းဆိုင်ရာ ပညာရှင်တွေအဆိုအရ ပြဿနာတိုင်းကို အချိန်ယူပြီး အသေအချာ ဆက်စဉ်းစားလျှင် အကောင်းဆုံးအဖြေ အမြဲရလေ့ရှိတာမို့၊ အချိန်ပေးပြီး ပြဿနာ အရင်းအမြစ်နဲ့ အဖြေကို စဉ်းစားရှာဖွေ ဖြေရှင်းယူဖို့ကသာ အရေးကြီးခြင်း ဖြစ်ပါတယ်။

ဒီလိုလုပ်တဲ့လူတွေရဲ့ စိတ်ရောဂါအခြေအနေပေါ်မှာ Impact ဘယ်လိုမျိုး ရှိသလဲဆိုတဲ့ဟာကို လေ့လာထားတဲ့ဟာက တော်တော်လေးနည်းတယ်။ အားနည်းတာကို တွေ့ရတယ်။ နည်းပေမယ့် တချို့စာတမ်းတွေမှာ အဓိကတော့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ မေးတဲ့ မေးခွန်းကို ရောက်လာတယ်။ ဘာကိုထိခိုက်နိုင်သလသဲဆိုတော့ (၁) စိတ်ကျရောဂါ – depression (၂) စိတ်ပူပန်တတ်တဲ့ရောဂါ – anxiety (၃) ဒဏ်ရာဟောင်းကို ပြန်ပြီးတော့ သတိရတတ်ပြီး ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုရောဂါ – Post-traumatic stress disorder (PTSD). အဲဒါမျိုးတွေ ခံစားကြရတာကို လေ့လာတွေ့ရှိရတယ်။

အဲဒီတော့ စိတ်ကျရောဂါ၊ စိတ်ပူပန်တဲ့ရောဂါ၊ PTSD တို့ ဒါတွေက အခုဖြစ်လာဆိုတော့ အခု မဖြစ်ပါဘူး။ အခုလူတွေ ကြုံတွေ့နေရတဲ့ အခုအချိန်မှာ မြန်မာပြည်သူလူထု ကြုံတွေ့နေရတဲ့ဟာက စိတ်ဖိစီးမှုကတော့ တကယ့်ကို ကြုံတွေ့နေရတယ်။ နောက် emotional roller-coaster စိတ်ကအနိမ့်အမြင့်တွေ အများကြီးဖြစ်တယ်။ ဝမ်းသာတာတွေ ဖြစ်တယ်။ ဝမ်းနည်းတာတွေ ဖြစ်တယ်။ အဲဒီတော့ ဒါကို စိတ်ရောဂါလို့ ပြောမလားဆိုတော့ ကျနော်တို့က မပြောပါဘူး။ ဒါက ပုံမှန်ဖြစ်တဲ့၊ Normal Stress Reaction ပုံမှန်ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဖြစ်လာတဲ့ စိတ်ရဲ့ ပုံမှန်တုံ့ပြန်မှုပါ။ ဒါက စိတ်ရောဂါ မဟုတ်ပါဘူး။

စိတ်ဖိစီးမှုလျှော့ချဖို့ အခြားသောနည်းလမ်း Motivated and Problem Solving

နောက်ပြီးတော့ Motivated ဖြစ်ရမယ်။ ဘာလဲဆိုတော့ ပန်းတိုင်တစ်ခုကို သွားတဲ့အခါမှာ ငါတို့ အောင်မြင်ရင် ဘာတွေလုပ်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ ကျန်တဲ့ Stress တွေ ပင်းပန်တာတွေ ပျောက်သွားတယ်။ အဲဒီလိုမျိုး စိတ်ကလေးနဲ့ တစ်ယောက်နဲ့တစ်ယောက် Motivate ဖြစ်အောင်၊ အားပေးနေရမယ်။ ငါတို့တွေ အောင်သွားရင် ဘာတွေလုပ်ကြမလဲ။ ကျန်းမာရေးအတွက် ဘာလုပ်မလဲ။ လူမှုရေးအတွက် ဘာလုပ်မလဲ၊ ပညာရေးအတွက် ဘာလုပ်မလဲ။ အမျိုးသားအားလုံးအတွက် ဘာလုပ်မလဲ။ ဒီဟာမျိုးတွေ စဉ်းစားုထားရင် ဒါက Motivated ဖြစ်မယ်။ အဲဒီလို Motivated ဖြစ်နေရင် ဆက်ပြီးတော့ လမ်းဆက်လျှောက်နိုင်မယ်။ ပြည်သူလူထုတရပ်လုံး အတွက်ကို ပြောတာပါ။ ပြည်သူလူထုက ဒီလိုသာ လုပ်လို့ရှိရင် အခုနပြောတဲ့ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ စိတ်သက်တဲ့ဟာတွေလည်း မဖြစ်လာနိုင်တော့ပါဘူး။ ဒါကိုလဲ ကာကွယ်ပြီသား ဖြစ်သွားမှာပါ။

စိတ်ဖိစီးမှုလျှော့ချဖို့ အခြားသောနည်းလမ်းတွေအဖြစ် ဆောင်ရန် ရှောင်ရန် အမျိုးအမျိုးရှိတာမှာ၊ ဆောင်ရန်အနေနဲ့ ဘဝနေထိုင်စားသောက်ပုံ (Lifestyle) ပြန်ချိန်ညှိယူတာလည်း ပါဝင်ပါတယ်။ ဒီမှာလည်း အရေးကြီးတာက စိတ်ဖိစီးမှု (ဒေါသပေါက်ကွဲတာအပါအဝင်) ကို ရထားတွဲတွေဆက်သွားသလို ဆက်လွှတ်မထားဘဲ သတိချပ် ခေတ္တရပ်လိုက်ပြီး၊ အဖြေရှာနေချိန်နဲ့ နောက်ပိုင်းမှာပါ ကောင်းကောင်းအိပ် (အချိန်မှန်အိပ်၊ အိပ်ရေးဝအောင် ၇ နာရီ – ၈ နာရီခန့် အိပ်ပျှော်အောင်အိပ်)၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက် (အသီးအရွက်စားတာနဲ့ ဆိုင်ကနေ အမြဲမှာမစားဘဲ ကိုယ့်အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားတာ၊ ရေများများသောက်ပေး)၊ လှုပ်လှုပ်ရှားရှားနေ (လေညှင်းခံရင်း လမ်းသွက်သွက်လျှောက်၊ ရေကူး၊ အေရိုးဘစ်၊ တိုင်ချီ၊ အားကစားလုပ်) တာမျိုး နေထိုင်စားသောက်ပုံကို ထိန်းညှိပြောင်းယူလိုက်တာပါ။ စိတ်ထောင်းလျှင် ကိုယ်ကျေသလို ကိုယ်ကောင်းရင်လည်း စိတ်ပြန်ချမ်းသာသွားလေ့ ရှိတာကြောင့်ပါ။

ဒါ့အပြင် ဆောင်ရန်အနေနဲ့ စိတ်ညစ်လာလျှင် စိတ်ပျော်အောင်နဲ့ သဘာဝနဲ့ ထိစပ်ပြီးနေတာတွေလည်း ပါဝင်ပါတယ်။ စိတ်ညစ်တာရပ်ပြီး စိတ်ပျော်အောင် ပျော်တာ၊ ဝါသနာပါတာတွေလုပ်သင့်တာမှာ သီချင်းနားထောင်တာ၊ စာအုပ် (ဝတ္ထုအပါအဝင်) ဖတ်တာ၊ ပန်းချီဆွဲတာ၊ ဂီတတူရိယာ (ဂီတာအပါအဝင်) တီးတာ၊ ရုပ်ရှင်ကြည့်တာ (ကိုရီးယားကား ကြိုက်လို့ကြည့်တာမျိုးအပါအဝင်)၊ ဝါသနာအရ အိမ်သန့်ရှင်းရေးလုပ်တာ (မြက်ရိတ်တာအပါအဝင်)၊ အိမ်ခြံစိုက်တာ (Gardening) စတာတွေ လုပ်နိုင်ပါတယ်။ ဒီအိမ်ခြံစိုက်တာက သဘာဝနဲ့ထိစပ်ပြီးနေတဲ့သဘော ဖြစ်သွားတာမှာ၊ နောက်ထပ် သဘာဝထဲစီးဝင်ခံစားတာတွေဖြစ်တဲ့ ပင်လယ်သွားလည် လမ်းလျှောက်တာ၊ တောင်တက်တာ၊ ခရီးသွားတာ၊ ပန်းခြံထဲလျှောက်တာ (ငါးကန်ရှိလျှင် ငါးတွေကြည့်တာ)၊ ငှက်တွေကို သတိပြုပြီး အသံနားထောင်တာ/ ကြည့်တာ၊ သဘာဝနေရောင် ဖျော့ဖျော့ခံတာ၊ မိုးရွာ/နှင်းကျတာမျိုးကို ခံစားကြည့်တာ စတဲ့ ကလေးဘဝတုန်းက သဘာဝနဲ့ ပျှော်မွေ့ခဲ့တာမျိုးတွေ ပြန်လုပ်ပေးနိုင်ပါတယ်။

တချိန်လုံး ပူပန်နေပြီးတော့ တစ်ခုခု မလုပ်နိုင် မကိုင်နိုင်တာတွေ ဖြစ်မယ်။ ဘာမှ အဓိက concentration ဘယ်အရာကိုမှ အာရုံစူးစိုက်လို့ မရဘူး။ ဘာလုပ်လုပ် မပျော်ဘူး။ ပျော်တဲ့စိတ်လည်း မရှိတော့ဘူး။ ဘာမှလဲ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိတော့ဘူး။ စားချင်စိတ်လည်း မရှိ၊ အိပ်ချင်စိတ်လည်း မရှိ။ အိပ်လည်းမပျော်တော့ဘူး ဆိုရင်တော့ ဒါက စိတ်ကျန်းမားရေးအတွက် တိုင်ပင်သင့်ပြီ။ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ စကားပြောသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကျန်းမာရေးဆိုတာက ရှက်စရာ မဟုတ်ပါဘူး။ ကျနော်တို့လူမှာ နှစ်ခုပဲ ရှိတယ်။ ကိုယ်နဲ့စိတ်။ကိုယ်ကျန်းမာရေးကို ဂရုစိုက်တယ်။ နေမကောင်းရင် ဆရာဝန်ပြတယ်။ စိတ်ကျန်းမာရေးလည်း ဒီအတိုင်းပဲ အခုန ကျနော်ပြောတဲ့ လက္ခဏာလေးတွေ ရှိလာရင် ဆရာဝန်ကို ပြပါ။ ပြောပါ။ ဒါက ရှက်စရာ မဟုတ်ပါဘူး။ စိတ်ရောဂါဖြစ်ရင်လဲ ငါတော့ စိတ်ဒီလိုလေး ဖြစ်နေတယ်။ ဘေးနားက ပတ်ဝန်းကျင် ပိုပြီးတော့ ပံ့ပိုးပေးလို့ရမယ်။ စကားတွေ ပြောပေးလို့ရတယ်။ ဂရုစိုက်ပေးလို့ရတယ်။ ဒါဆိုရင် စိတ်ရောဂါက ပြန်ပြီးတော့ ကောင်းလာမယ်။ စိတ်ရောဂါက ဆေးတစ်ခုတည်းသောက်လို့ ပျောက်တဲ့ရောဂါ မဟုတ်ဘူး။ သူက ဆေးလည်းသောက်ရမယ်။ စိတ်ဓါတ်ဆိုင်ရာ ကြံ့ခိုင်ဖို့လည်း လုပ်ရမယ်။ ပြီးတော့ ပတ်ဝန်းကျင် Social ကလည်း Support လည်း လိုတယ်။ ဒီသုံးခုပေါင်းမှ သုံးကြောင်းထောက်လိုက်မှ စိတ်ရောဂါက ပြန်ပြီးတော့ ထောင်တက်သွားမယ်။ အဲဒီတော့ မရှက်ပါနဲ့။ ဖြစ်လာရင် တစ်ယောက်ထဲ ကြိတ်ပြီးတော့ မခံပါနဲ့။ ကူညီမှုကို ရယူပါ။ ဘေးမှာ ကိုယ့်ရဲ့မိသားစု။ သူငယ်ချင်း အသိုင်းအဝိုင်းကို ပြောပြီးတော့ ပံ့ပိုးမှုကို ရယူပါ။

Reference/

  1. Hello Doctor Health Gorup, စိတ်ဖိစီးမှု (Stress)

2.ကိုဝင်းမင်းက သြစတျေးလျနိုင်ငံ Central Queensland ဆေးရုံက စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို VOA Burmese Interviews,

3.စစ်အာဏာသိမ်းမှုကြောင့် စိတ်ပိုင်းမထိခိုက်အောင်, VOA Burmese ,

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: