အပိုင်း (၈) အများစုရဲ့အုပ်ချုပ်ရေးနဲ့ လူနည်းစုအခွင့်အရေး
0
Salai Kipp Kho Lian (Vansangva)| TCP-Hakha| September 25, 2020|၈။ အများစုရဲ့အုပ်ချုပ်ရေးနဲ့ လူနည်းစုအခွင့်အရေး
နောက်တခု တင်ပြဆွေးနွေးချင်တာက ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ အယူအဆ လွဲမှားနေတဲ့၊ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ လွဲမှားမှုတခုကို ကျွန်တော် ပြောပြချင်တယ်။
Majority Rule တဲ့။ အများစု အုပ်ချုပ်ရေး။ ဒီမိုကရေစီ ဆိုတာနဲ့ အများ သဘောတူ လုပ်လိုက် ရတာပဲ။ ဒီလို လူတိုင်းက ယေဘူယျအားဖြင့် နားလည်ထားကြတယ်။ ဟုတ်တယ်လေ ကျွန်တော်တို့ မဲရွေးတဲ့ အခါမှာလည်း မဲအများဆုံးရတဲ့ အမတ် က ပါလီမန်မှာ ထိုင်ရ တာပဲ၊ မဲအများဆုံးရတဲ့ သမ္မတလောင်းက သမ္မတ လုပ်ရတာပဲ၊ဝန်ကြီးချုပ်ကလည်း မဲအများဆုံးရတဲ့ လူပဲ လုပ်ရတာပဲ။
ဆိုတဲ့အခါကျတော့ ဒါအများစု သဘောတူလုပ်တယ်။ ကဲ ဒီမိုကရေစီနဲ့ ဆုံးဖြတ်ရအောင်ကွာ ဆိုပြီး လက်ညှိုးထောင်တယ်၊ မဲနဲ့ ဆုံးဖြတ်တယ်၊အများစု သဘောအတိုင်း လုပ်ပစ် လိုက်ကြတယ်။ အဲဒီတော့ ယေဘူယျအားဖြင့် အဲဒီလို အပေါ်ယံကို ပဲကြည့်ပြီးတော့ နားလည်ပြီး တော့ ပြောဆိုနေကြတယ်။
အများစု သဘောတူရင် ဒီမိုကရေစီပဲ။ အဲဒီလောက်နဲ့ကတော့ ဒီမိုကရေစီကို အဓိပ္ပါယ် ဖွင့်ဆိုတဲ့နေရာမှာ မှားတယ်လို့ မဆိုလိုသော်လည်းပဲ မပြီးမပြည့်စုံသေးဘူး၊ မပြီးပြည့်စုံ တဲ့အပြင် အဲဒီလောက်နဲ့ပဲ နားလည်ပြီးတော့ အဲဒီလောက်နဲ့ပဲ ရပ်ထားလို့ရှိရင် ဒီမိုကရေစီကိုတောင်မှ အန္တရာယ်ပြုနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ Majority Rule အပြင် Minority Rights ဆိုတာရှိသေးတယ်။ အများစုက သဘောတူ ပေမယ့် သဘောမတူတဲ့ အနည်းစုက သူရဲ့ Rights ဆုံးရှုံး သွားရမယ်ဆိုရင် သာတူညီမျှမှုရှိရမယ်၊ တန်းတူညီမျှမှုရှိရမယ်၊ ပြည်သူအားလုံး လွတ်လပ်မှု ရှိရမယ်၊
အဲဒါကို အခြေခံဥပဒေနဲ့ ကာကွယ်ထားရမယ် ဆိုတဲ့ ဟာတွေက ရှိနေပြန်တော့ ဒီအများစုက သူထင်တာကိုပဲ လုပ်သွားပြန်ရင် အများစုအနိုင်ကျင့် အုပ်ချုပ်တဲ့ အင်္ဂလိပ်လို Tyranny of the Majority ဆိုတဲ့ အသွင်ကို ကူးပြောင်းသွားပြီး ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်လာနိုင်တယ်။ ဒီမိုကရေစီပါ ပျက်သုဉ်းသွား
နိုင်တယ်။
အဲဒီတော့ ခုနက ပြောတဲ့အတိုင်းပဲ Majority Rule ဆိုပြီးတော့ တဖက်သတ်ပဲ နားလည်ထားပြီး ဒီမိုကရေစီကို အဲသည်လိုပဲ အဓိပ္ပါယ် ဖွင့်ထားမယ်ဆိုရင် အများစုကအနိုင်ကျင့်ပြီး အုပ်ချုပ်တဲ့ Tyranny of the Majority စနစ်မျိုး ပေါ်လာမယ်ဆိုရင် တရားမျှတမှုဆိုတာ မရှိတော့ဘူး၊ တန်းတူရေးလည်းမရှိတော့ဘူး၊ ဒီမိုကရေစီလည်း ဆိတ်သုဉ်းမယ်၊ ဆိတ်သုဉ်းသွားရင် အနည်းစုနဲ့ အများစုကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ညီညွတ်ရေးတွလေညျး ပကြျစီးလာမယျ။
အဲသလို ပြည်သူအချင်းချင်းထဲမှာ အများစုရယ် အနည်းစုရယ် ဆိုပြီး စိတ်ဝမ်းကွဲပြီးတော့ နိုင်ငံရေး ပဋိပက္ခတွေ မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာတဲ့အခါမှာ အဲဒါကို အများစုက သဘောထားကြီးကြီးနဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို ဆုပ်ကိုင်ပြီးတော့ အဲဒီ အခြေခံတရားတွေကို စနစ်တကျ မချဉ်းကပ်ပဲနဲ့ တဖက်သတ် အနိုင်ကျင့် နှိမ်နင်းပြီးတော့ ဖြေရှင်းသွားမယ် ဆိုလို့ရှိရင် ဒီမိုကရေစီ နည်းအရ ပါလီမန်ထဲမှာ အရေးဆိုလို့ မရတော့တဲ့ လူနည်းစုက နောက်ဆုံး လက်နက်ကိုင်ပြီး ဖြေရှင်းလာတဲ့အထိ အကြမ်းဖက်လာတဲ့အထိ ဖြစ်လာနိုင်တယ်။
ဖြစ်လာတဲ့အခါမှာ မလိုလားအပ်တဲ့ ပြည်တွင်းစစ်တွေ ဖြစ်လာမယ်။ အဲဒီအခါမှာ စစ်အာဏာ ကြီးထွားလာပြီးတော့ နောက်ဆုံး ပြည်သူတွေ မလိုလားတဲ့ စစ်အာဏာရှင် စနစ် ပေါ်လာပြီး အများစုရော အနည်းစု ပါ စစ်ကျွန်ဘဝကို ရောက်သွားနိုင်တယ်။
ဒီမိုကရေစီလည်း လုံးဝ ဆိတ်သုဉ်း သွားနိုင်တယ်။ အဲဒီတော့ ဒီ Minority Rights ဆိုတဲ့ဟာကလည်း အင်မတန်မှ အရေးကြီးတဲ့ အချက် တချက်ဖြစ်တယ်။ အဲဒါက ပါလီမန်မှာ အနည်းစုနဲ့ အများစုကို ဘယ်လို ညီတူညီမျှ ဖြစ်အောင်၊ သူတို့ရဲ့ အခွင့်အရေး မဆုံးရှုံးအောင်၊ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို နောက်ပိုင်းမှာ ဒီထက်ပိုပြီးတော့ အသေးစိတ် ဖော်ပြသွားမှာ ဖြစ်တယ်။ အဲဒါ အင်မတန် အရေးကြီးပါတယ်။
အဲဒီတော့ ငြိမ်းချမ်းတည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်ချင်တယ် ဆိုရင် အများစုရဲ့ ဆန္ဒ သဘောထားနဲ့ အုပ်ချုပ်တာ တင်မကပဲနဲ့ အနည်းစုရဲ့ဆန္ဒကိုပါလေးစားနာခံရမယ်၊ သူတို့ရဲ့ အခွင့်အရေးတွေကိုပါ ကာကွယ် ပေးထားရမယ်။
ဒါမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းတဲ့ တည်ငြိမ်တဲ့ တာရှည်ခံတဲ့ ဒီမိုကရေစီ လူ့ဘောင်ကိုတည်ဆောက်နိုင်မှာ ဖြစ်တယ်။ အများစုရဲ့ ဆန္ဒသဘောထား တခုတည်းနဲ့တင် အမြဲသွားနေပြီးတော့ အနည်းစုရဲ့ ဆန္ဒကို ချိုးနှိမ်ထားမယ် ဖိနှိပ်ထားမယ် ဆိုလို့ ရှိရင်၊ ဘယ်လိုမှ ကျွန်တော်တို့ ပထမဦးဆုံး ပြောထားတဲ့ အခြေခံ အချက်ကြီး သုံးချက်ဖြစ်တဲ့ တရားမျှတမှုတွေ လွတ်လပ်မှု တွေကို ဘယ်လိုမှ အာမခံနိုင်မှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ဒီမိုကရေစီကို တွေးခေါ်တဲ့နေရာမှာ၊ စဉ်းစားတဲ့နေရာမှာ၊ ပြောဆို ရေးသား တဲ့နေရာမှာ၊ ဒီအချက်တွေကို မေ့ထားလို့၊ ချန်လှပ်ထားလို့ မရဘူး၊ ဒါတွေဟာအင်မတန်အရေးကြီးတယ်။
ဘာဖြစ်လို့ လဲဆိုတော့ အနည်းစုရဲ့ ဆန္ဒ သဘောထားကို မလေးစားဘူး မလိုက်နာဘူး ဖိနှိပ်ထားမယ် ဆိုလို့ရှိရင် အများစုရဲ့ အကျိုးစီးပွား ကိုပါ ထိခိုက်သွားနိုင်တယ်။ကျွန်တောျတို့အနနေဲ့ အထူးသဖွငျ့ သတိထားရမှာကတော့ အမြားစုနဲ့ အနညျးစု ဆိုတဲ့ နရောမှာ ဒသေတှေ လူမြိုးတှနေဲ့တောငျမှ အားလုံး မသကျဆိုငျဘူး။ သကျဆိုငျတဲ့ အပိုငျးတှရှေိတယျ။ Minority လူမြိုးငယျ Majority လူမြိုးကွီး ရှိရငျရှိမယျ။
သို့သော်လည်းပဲ ပါတီအနေနဲ့လည်း လူမျိုးတမျိုးတည်း မှာတင်ပဲ အနည်းစု ရဲ့အယူအဆ နဲ့ အများစု ရဲ့အယူအဆ ဆိုတာရှိနိုင်သေးတယ်။ ပြည်နယ် တခု တည်းမှာလည်း လူနည်းစုနဲ့ လူများစုဆိုတာ ရှိနိုင်သေးတယ်။
ဒါ လူမျိုးတမျိုးတည်းမှာပဲ။ ပါတီတခုတည်းမှာကို လူနည်းစု သဘောထားနဲ့ လူများစုသဘောထား ကွဲနိုင်သေးတယ်။ ဆိုတော့ ၊ တိုင်းပြည် တခုလုံးနဲ့ မဟုတ်ပဲ နဲ့ ပြည်နယ်အလိုက်ရော ၊ တိုင်းအလိုက် ရော ၊ ဒေသအလိုက်ရော ၊ ပါတီတွင်းကိစ္စကြီးငယ်တွေမှာရော ၊ ကျေးရွာတွေမှာ ရော အနည်း စု နဲ့ အများစုဆိုတာ နေရာတကာမှာ ရှိနေမှာဖြစ်တယ်။
နေရာ တကာ မှာပဲ အကြီးဆုံးကနေ အသေး ဆုံးအထိ အဖွဲ့အစည်း အငယ်လေးအထိ အနည်းစုနဲ့ အများစုဆိုတာရှိနေမယ်၊ အယူအဆ တွေက လည်း ကွဲနေမှာဖြစ်တယ်။ ဒီမိုကရေစီဆိုတာက ဒီအယူအဆတွေ အမျိုးမျိုး ဖြစ်နေတာတွေကို အားလုံး သဟဇာတဖြစ်အောင် ကျင့်သုံးတဲ့ဟာက ဒီမိုကရေစီပဲ။
ဒါကြောင့် အားလုံး တဖက်သတ်ကြီးပဲ အများစုရဲ့ ဆန္ဒသဘောကြီးနဲ့ နေရာတကာမှာ သွားလို့ မရဘူး။ အုပ်ချုပ် တဲ့ နေရာမှာတော့ အများစုက သာ အုပ်ချုပ်သွားမှာ သေချာတယ်။ သို့သော်လည်းပဲ အုပ်ချုပ်တဲ့သူ အာဏာရတဲ့သူက အနည်းစုကို ပါလီမန်မှာ အတိုက်အခံ ပါတီ အဖြစ် ထားရတယ်။ ပြီးတော့ အတိုက်အခံပါတီရဲ့ သဘောထားကို အမြဲတမ်း မေးမြန်းနေရတယ်။ ပါလီမန်မှာ အချေ အတင် ဆွေးနွေးတဲ့ ဟာတွေလည်း လုပ်ပေးရတယ်။ အတိုက်အခံပါတီကလည်း အာဏာရနိုင်တဲ့ အခွင့် အလန်း တွေရှိနေရပါမယ်။ ဒါတွေကတော့ နောက်ပိုင်းမှာ ပိုပြီးတော့ အသေးစိတ် ဖော်ပြသွားမှာ ဖြစ်တယ်။
ဆက်ရန်။
အခန်း၉။ ဒီမိုကရေစီ ရဲ့ ပထမအခြေခံတရား – တန်းတူရေး
Zawgyi Version
နိုင်တယ်။
ဆက်ရန်။
About The Author
Na ruahning rak langhter ve.. (Leave a comment)
%d bloggers like this: