မခုန်ခင်ကြိုကြည့်၊ မပြောခင် အရင်ချင့်ချိန်ပါ (Look before you leap, think before you speak)

0

Salai Za Uk Ling, Euro Parliament, 2007

Salai Za Uk Ling

Unicode:
မိမိစိတ်တိုင်းမကျသည့်ကိစ္စများ တစ်ခုခုပေါ်လာသည့်အခါတိုင်း သေသေချာချာ မစဉ်းစားပဲ ခွန်းတုန့်ပြန်တတ်တာ လူ့သဘာဝလို့ ပြောလို့လည်း ရပါတယ်။ ဒါပေမယ့် မိသားစုအိမ်တွင်းရေး သို့မဟုတ် ပုဂ္ဂိုလ်ရေးမဟုတ်သည့် ကိစ္စရပ်များတွင်အပေါ် တုံ့ပြန်ပြောဆိုမှုများပြုလုပ်မည်ဆိုရင်ဖြင့် သေသေချာချာစဉ်းစားပြီးမှ ပြောဆိုခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကျွန်တော်တို့ပြောလိုက်တဲ့ စကားတစ်ခွန်းက အခြားသူများအား ထိခိုက်စေနိုင်သည်သာမက ကိုယ့်ရဲ့နှုတ်ထွက်စကားတစ်ခွင်းကြောင့် ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကိုပါကျဆင့်းစေနိုင်ပြီး အန္တာရယ်တွင်းသို့ တွန်းပို့နိုင်တာကြောင့် စကားတစ်ခွန်းမပြောဆိုမီ၊ စာတစ်ကြောင်းမရေးသားခင်တွင် ဘေးပတ်ဝန်းကျင်ဒေသအေခြေအနေ၊အချိန်အခါ အရင်ကြည့်ပြီး စဉ်းစားချင့်ချိန်ပြီးမှသာလျှင် ပြောဆိုရေးသားသင့်သည်။

ထို့ပြင် မိမိပြောဆိုရေးသားသည့်စကားလုံးများအပေါ်တာဝန်ယူ၊တာဝန်ခံမှု အပြည့်ရှိရမှာ ဖြစ်သည်။ထိုနည်းတူစွာပဲ ခေတ်နှင့်အညီတိုးတက်လာသည့် နည်းပညာ၊ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင်လည်း(facebook,twitter..) မိမိ၏ရေးသားပြောဆိုမှုများကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်အဝရှိသည့် စိတ်သဘောမျိုးထား သင့်သည်။ ကျွန်တော်တို့က အလေးမထားဘဲ လှောင်ပြောင်သရော်သလိုမျိုး ပြောဆိုရေးသားမှုများကကိုယ့်လူမျိုးအတွက် ဆိုးကျိုးများလည်းဖြစ်စေနိုင်ပြီး အကျိုးဆက်အနေဖြင့် တစ်ခဏတွင် ပြန်လည်ပြင်ဆင်လို့မရနိုင်တဲ့ အဖြစ်ဆိုးများအဖြစ် ထင်ကျန်ရစ်နိုင်သည်။

လက်ရှိကျွန်တော်တို့ ချင်းလူမျိုး ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ပွဲ၏နောက်ဆိုးကျိုးရလဒ်များကြောင့် ချင်းတစ်မျိုးသားလုံး ခံစားကြပြီး မခံမရပ်နိုင်ဖြစ်သည်မှာ အမှန်ဖြစ်သည်။ ယခုလိုမျိုးအချိန်တွင် ခံပြင်းတဲ့စိတ်နဲ့ စိတ်နဲ့ ရရာလက်နက်ကိုစွဲကိုင် ပြီးပြန်လည် ချေပလိုစိတ်ပြင်းပြနေမည်မှာ အသေချာပါပဲ။သို့ရာတွင် လက်ရှိရင်ဆိုင်နေရသည့်ပြသနာများသည်သေးသေးမွှားမွားကိစ္စများမဟုတ်သည့်အတွက်ဂဃ နဏလေ့လာသိရှိပြီးမှ သေသေချာချာစဉ်းစားသုံးသပ်ပြီးမှသာလျှင်ခြင်သုံးသပ်ပြီးမှ ပြောဆို ရေးသားခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။


ထို့ကြောင့် ဒီလိုအချိန်ခိုက်မှာ တစ်ခုခု ကိုယ့်က မပြောထွက်ခင် စဉ်းစားထည့်သွင်းရမည့်အချက်များကို ထောက်ပြလိုပါတယ်။ ယခုလို ထောင်ပြခြင်းသည် ချင်းအမျိုးသားတပ်ဦး CNF ကို ကာကွယ်ပြီး ပြောပေးတာမဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်လဲ၊ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲဆိုသည့် အတွေးခေါ်မျိုးအပါ်အရင် အခြေခံပြီးမှသာ စဉ်းစားစေလိုသည့် ရည်ရွယ်ချက်မျှသာ ဖြစ်တယ်။

၁။ ထောင်ပေါင်းများစွာသော ကိုယ့်လူမျိုး အသက်အန္တရယ်၊ ဒုက္ခများစွာဖြင့် ချိန်းခြောက်မှုခံနေတဲ့အချိန်မှာ CNF က ဘာလုပ်နေတာလဲ ? ကိုယ့်လူမျိုး ဒီလိုအခြေအနေမျိုးမှာ ဒီအတိုင်းဘဲ ကြည့်နေမှာလား? ကိုယ့်လူမျိုးကို ကာကွယ်ပေးဖို့က သူတို့ကိုယ်တိုင် ထမ်းယူထားတဲ့ ဝန်မဟုတ်ဘူးလာဆိုပြီး အွန်းလိုင်းပေါ်မှာ တက်လာသည့်အရေးအသားတွေ တွေ့ရတာ ကြာနေပြီဖြစ်သည်။ အချို့ဆို CNF ခေါင်းဆောင်တွေက ကြိုက်သလို နိုင်ငံခြားတွေ သွားပြီး ပျော်ပါးနေကြတယ် ဆိုသည့် အရေးအသားမျိုးဖြင့် မလေးစားသဖွယ်ပြုကာ ဆဲဆိုတာမျိုး အထိရေးသားလာတာ တွေ့ရသည်။ ဘာဘဲဖြစ်ဖြစ် ဒီအကြောင်းအရာကို ပြောမယ်ဆိုရင် CNF နှင့် အစိုးရကြားမှာ နှစ်ဦးနှစ်ဖက်သဘောတူ ကတိကဝတ်ပြုထားသည့် စာချုပ်(bilateral cease-fire agreement)ကို သေချာပြန်လည် သုံးသပ်ကြည့်ဖို့က အရမ်းလိုအပ်ပါသည်။ ၂၀၁၂ မှာ အစိုးနှင့် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးစာချုပ်ကို CNF သဘောတူလက်မှတ် ထိုးခဲ့သည်။ ထိုစာချုပ်ရ CNF တို့၏ ထိန်းချုပ်သည့်နေရာဒေသ၊ လှုပ်ရှားသွားလာလို့ရသည့် နယ်မြေတွေ သတ်မှတ်ပေးထားတာ ရှိတယ်။ သူတို့ထိန်းချုပ် လှုပ်ရှားလို့ရသည်နယ်မြေမှ လက်နက်များနှင့် သွားလာမှုများကို တားမြစ်ထားပါတယ်။ အဲ့လိုဘဲ CNF တို့၏ ထိန်းချုပ်နယ်မြေထဲ တပ်မတော်သားများက လက်နက်များဖြင့် လှုပ်ရှားသွားလားခွင့်ကိုလည်း ပိတ်ပင်ထားတယ်။ အဲလို တားမြစ်ချက်တွေကို မလိုက်နာမိပါက ‘violation of the term of ceasefire’ ဆိုသည့် နှစ်ဖက်သဘောတူ အပစ်ခပ်ရပ်ဆဲရေး သဘောတူစာချုပ်ကို ချိုးဖောက်တာ ဖြစ်သွားမှာ။ ထိုစာချုပ်အရ CNF တပ်သားများသည် ပလက်ဝ ဒေသများတွင် Pathiantlang တောင် နီးနားကလွဲ၍ လက်နက်ဖြင့် လှုပ်ရှားလာခွင့်ကို ပိတ်ပင်ထားသည်။ ဥပမာ ၂၀၁၆ တုန်းက Christmas ပွဲတော်ကျင်းပစဉ် ရွားသားတွေက CNF တပ်သားအချို့ကို ထမင်းစား ဖိတ်ခေါ်ကြွေးကြပြီး ထို CNF/CNA တပ်သားများက လက်နက်များ ယူလာသောကြောင့် တပ်မတောက ရွာသားတွေအား CNF/CNA တပ်သားများ ပြန်သွားပြီးနောက် ဖမ်းဆီးကာ ပြစ်ဒဏ်တွေ ပေးခဲ့သည်။ ဆိုလိုတာက ယခု AA တပ်တွေ လှုပ်ရှားသည့်နေရာဒေသများသည် CNF/CNA တပ်သားများ လက်နက်ဖြင့် လှုပ်ရှားသွားလာခွင့် ပိတ်ထားသည့် နေရာများဖြစ်သည်။ အကယ်လို့သာ CNF က ထိုဒေသတွေကို လက်နက်ဖြင့် ဝင်ရောက်လှုပ်ရှားမှုပြုလုပ်လာပါက အပစ်ခတ်ရပ်ဆဲရေးကို တိုက်ရိုက် ချိုးဖောက်လိုက်တာ ဖြစ်သွားမည်။ အဲလိုမျိုး CNF ဘက်က တိုက်ရိုက်ချိုးဖောက်မှုလုပ်ခဲ့လျှင် သူတို့၏ နိုင်ငံရေး ဂုဏ်သိက္ခာ အမည်နာမ ဆိုးသွားရုံသာမက ချင်းလူမျိုး ဂုဏ်အထိ ထိပါးမှုတွေ တိုးလာမှာ သေချာသည်။ ထိုအချက်သည် လူမျိုးတစ်မျိုး၏ ဂုဏ်သက္ခာဖြင့် စဉ်းစားရမည့်အချက်ဖြစ်သည်။

၂။ လက်နက်ကိုင် နှစ်ဖွဲ့၏ လှုပ်ရှားပစ်ခတ်မှုနဲ့မျှသာ ဒီလောက်တောင် ပြည်သူတွေ ဆင်းရဲ ဒုက္ခ ခံစားနေရပြီ။ အကယ်လို့ နောက်ထပ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသာ ပါဝင်လှုပ်ရှားလာပါက ပြည်သူတွေရဲ့ ခံစားမည့်ဒုက္ခ ဝန်ထုပ်ပိုးသည် ဒီထက်မက သုံးဆ တိုးလာမှာ အသေချာပင်ဖြစ်သည်။ ရက်ခိုင့ျတပျ‌တောျ်နှင့် ဗမာတပ်တွေ လှုပ်ရှားမှုများကြောင့် ပြည်သူတွေ စားစရာ ငတ်ပြတ်နေကြသည်။ ထိုအချိန်မှာ CNF/CNA တပ်သားတွေသာ လှုပ်ရှားလာပါက ပြည်သူတွေ ဘယ်လောက် အစာ ငတ်ပြတ် ခံစားနေရမလဲဆိုတာ မတွေးဝံ့စရာပါ။ နောက်တစ်ခုက ဘယ်လက်နက်ကိုင် လှုပ်ရှားသည့်နေရာဒေသမဆို လူ့အခွင့်အရေး ချိုးဖောက်မှုများ မြင့်တက်လာသည်။ ထိုကိစ္စကို သေချာစဉ်းစားရမည့် အချက်ဖြစ်သည်။

၃။ လက်ရှိ အခြေအနေအရ စာချုပ်သဘော သဘာဝရှိသည့် နည်းဗျူဟာ အနေအထားဖြင့် ပြောရလျှင် CNF က ယခုလိုမျိုး ချင်းပိုင်နက်များတွင် AA နှင့် တပ်မတော် လှုပ်ရှားပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ချင်းလူမျိုးတွေ အသက်ဆုံးရှုံးကာ မလိုလားအပ်သည့် ဒုက္ခခံစားနေရာတာကို မကြည့်နိုင်တော့ဘဲ သွားပစ်မယ်ဆိုပါက ဗမာတပ်မတော်နှင့် ပူးပေါင်းမှသာ အလုပ်ဖြစ်နိုင်မည့်သဘော ရှိနေသည်။ အဲ့ဒီလိုသာ ဆောင်ရွက်ခဲ့လျှင် ကိုယ့်လူမျိုးကို ဆင်းရဲတွင်းထဲ တွန်းပို့သူ ဗမာ့တပ်မတော်နှင့် မိတ်သွားဖိတ်ခြင်းဖြင့် ကိုယ့်ချင်းလူမျိုးဂုဏ်ကို ရောင်းစားသလို ဖြစ်သွားလိမ့်မည်။ နောက်ပြီး ကိုယ့်ညီနောင် တိုင်းရင်းသားတွေရှေ့မှာ ကိုယ့်ကိုယ်ကို အရှက်သွားခွဲရုံသာမက ကိုယ့်မျက်နှာကို အိုးမဲသုတ်သလို ဖြစ်သွားမှာ မလွဲသေချာသည်။ ကမ္ဘာ့အရပ်လယ်မှာလည်း ချင်းလူမျိုးများ မျက်နှာက ဆံ့တော့မှာမဟုတ်သလို သူများနှိမ်ခံရသည့် လူမျိုးအဖြစ် အမြဲတိုင်း သမိုင်းမှာ ကျရောက်သွားမှာ ဖြစ်သည်။ ဒါကြောင့် ဒီကိစ္စသည် ဧကန်မလွဲ စဉ်းစားရမည့်အချက်ဖြစ်သည်။

၄။ အကယ်လို့ AA ကို ထိုးစစ်ဆင်ကာ တိုက်ထုတ်မယ်ဆိုလျှင် ဒီကိစ္စသည် လက်နက်ကိုင် တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ဒီအတိုင်းပြီးသွားမည့် အရာမဟုတ်ပါ။ နှစ်ဖက်က ထောက်ခံသူတွေကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး နောက်ဆုံးတော့ လူမျိုး တစ်မျိုး နှင့် တစ်မျိုး၏ ပဋိပက္ခ ဖြစ်စေလာနိုင်သည်။ သတ်ဖြတ်မှုတွေဖြင့် သွေးစီးလာမည်။ ထိုအနာများသည် ကုသလို့မရသည့်အနာလို ဖြစ်ပြီး သမိုင်းမှာ မမေ့နိုင်ဖွယ်အရာအဖြစ် အမြဲ ကျန်ခဲ့တော့မှာ ဖြစ်သည်။ နောက် ကျွန်တော်တို့တွေ မမေ့ရန်လိုအပ်သည့် အဓိကအချက်မှာ ပလက်ဝဒေသမှာနေထိုင်သည့် ချင်းလူမျိုးတွေထက် ရခိုင်ပြည်က ချင်းလူမျိုး လူဦးရေးက ပိုများနေသည်။ ထိုညီအကိုများသည် ခေတ်အဆက်ဆက်က အခြေချနေထိုင်ခဲ့ကြသော်လည်း ဒုတိယ နိုင်ငံသားအဆင့်မှာသာ (second class citizen) ဆက်ဆံခြင်း ခံနေကြသူများ ဖြစ်ကြသည်။ အစကပြောသလို အကယ်လို့ AA နှင့်သာ တိုက်ပွဲဖြစ်ခဲ့ပါက ရခိုင်ပြည်က ထိုညီအကိုများက အဆပေါင်းများစွာ အကျိုးဆက် ခံစားရမှာဖြစ်သည်။ ဘာဖြစ်လို့လဲဆိုရင် သူတို့သည် အကူညီမဲ့ နေကြပါသည်။ သူတို့အတွက်ကို ထည့်သွင်းစဉ်းစားမှုမပြုလျှင် ကိုယ်လူမျိုးအချင်းချင်း ပြန်သတ်တာနဲ့ အတူဖြစ်လိမ့်မည်။ နောက်တစ်ချက်က အကယ်လို့ CNF နှင့် AA ကြားမှာသာ တိုက်ပွဲဖြစ်ပွားခဲ့ပါက ခဏအချိန်တဖြုတ်မှာ ငြိမ်းလို့ရမည့် တိုက်ပွဲဖြစ်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအရ အမြင်ကွဲလွဲမှုများကြောင့် ဖြစ်ပွားသည့် ပဋိပက္ခမဟုတ်ဘဲ လူမျိုးကိုအခြေခံကာ လူမျိုးနှစ်မျိုးကြားက မကြေလှယ်မှုများကြောင့် ဖြစ်လာမည့် ပဋိပက္ခသည် သွေးယိုစီးမှုများလာမှာ ဧကန်မလွဲဖြစ်သည်။ ဒီလို ပဋိပက္ခများသည် ကမ္ဘာနိုင်ငံအများမှာ ဥပမာများစွာတွေ့နိုင်သလို အိမ်နီးချင်းနိုင်ငံဖြစ်သည် India မှာ Manipur ပြည်နယ်ဘက်က လူမျိုးနှစ်မျိုးကြား ပဋိပက္ခ တိုက်ပွဲကို ကျွန်တော်တို့အနေဖြင့် အတုယု သင့်ပါသည်။ India အစိုးရက သူကြိုက်တဲ့အချိန် တိုက်ပွဲတွေ ဆင်ပေးပြီး သူမွေးထားတဲ့ခွေးသဖွယ် အချင်းချင်း ခွေးလို ကိုက်ခိုင်းပြီး ဘာမှမသိသလိုသာ ကြည့်နေပြီး နောက်ဆုံးမှာတော့ India အစိုးရမှာ စေတနာအရင်းဖြင့် သူတို့ကြား ဝင်ရောက်ဖြေရှင်းမပြုဘဲ အမြတ်ထုတ်နေတာကို မြင်တွေ့ရမှာဖြစ်တယ်။ အကယ်လို့ ကျွန်တော်တို့လည်းဘဲ တိုက်ပွဲဆင်နွှဲခဲ့ပါက ထို့အတိုင်းသာ ဖြစ်နိုင်ခြေများပြီး ကျွန်တော်တို့လူမျိုး ဖွံဖြိုးတိုးတက်မှုကို အတားအဆီးပေးပြီး ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့အတွက် အရမ်းကို ဝေးကွာလှသည့် ခရီးတဖွယ် ဖြစ်လာလိမ့်မည်။

၅။ လက်ရှိ ချင်းပြည်နယ်၊ ပလက်ဝ ဒေသ နှင့် ရခိုင်ဘက်က ဖြစ်ပွားနေသည့် တပ်မတော်နှင့် AA ရက်ခိုင့ျတပျ‌တောျ်ကြား တိုက်ပွဲများ၏ အကြောင်းရင်းကိုကြည့်လျှင် ပထဝီနိုင်ငံရေးလို့ခေါ်တဲ့ geo-politics ကြောင့်လည်း ဖြစ်တယ်လို့ ပြောလျှင်ဖြင့် မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံကြီးဖြစ်တဲ့ တရုတ် နှင့် India နှစ်နိုင်ငံက အရှေ့တောင်အာရှဒေသတွင် သူတို့၏ သြဇာအာဏာ လွှမ်းမိုးနိုင်ရေးအတွက် အပြန်အလှန် ရခိုင်ပြည်နယ်ထွက် ရေနံတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတယ်။ India က ပလက်ဝဒေသမှ Kaladan မြစ်ကြီးကို အသုံးပြု၍ ရခိုင်ပြည်နယ်ထွက် ရေနံတွေ သယ်ယူပို့ဆောင်နိုင်ရေးအတွက် လမ်းပိုင်းဆက်သွယ်ရေး အဆင်ပြေရန်အတွက် အမေရိကန် ဒေါ်လာ ၄၀၀ သန်းကျော်ကို ရင်းနှီးထားပါတယ်။ တဖက်က တရုတ်လည်း ထို့အတိုင်း ရခိုင်ပြည်ထွက် ရေနံတွေ သယ်ယူဖို့ရန် အမေရိကန် ဒေါ်လာ သိန်းပေါင်းကျော် ရင်းနှီးသည့်အပြင် ကျောက်ဖြူမှာ ဆိပ်ကမ်းအကြီးကြီး တည်ဆောက်ထားပါတယ်။ တရုတ်ကတော့ သူတို့၏ ရင်းနှီးထားသည့်စီးပွားရေးရုံတွေကို ကာကွယ်ဖို့အတွက် ဗမာအစိုးရနှင့် တပ်မတော်တွေကို အားကိုးမယ့်အစား လက်နက်ကိုင်အဖွဲ့တစ်ခုကို မွေးထုပ်တာကမှ အကျိုးပိုရှိမယ်ဆိုတာ သူတို့တွေးထားပြီးသားဖြစ်တယ်။ မေးခွန်းထုတ်စရာရှိတာက AA က အင်အားတောင့်တင်းလှတဲ့ ဗမာ့တပ်မတော်ထက် ဘယ်လိုဖြစ်ပြီး လက်နက် ကျည်ဆံတွေ ပိုရှိနေရတာလဲ ? ဗမာ့တပ်မတော်၏ လေယာဉ်တွေကသာလွဲလို့ မြေပြင်ပေါ်မှာဆိုရင် AA က ဗမာ့တပ်မတော်တွေကို မကြောက်ဘူး။ အမြဲတိုက်နေတယ်။ ပြီးရင် မေးစရာမလိုဘဲ တရုတ်နယ်စပ်မှာ ရက္ခိုင့်တပ်တော် AA ဘယ်သူက ထုတ်ပံ့မှုတွေ ပေးနေလဲဆိုတာ အသိသာကြီးဖြစ်သည်။ ကမ္ဘာ့လုံးမှာတောင် တရုတ်ဆိုပြီး ခေါင်းထောင်နေသည့်နိုင်ငံက ရပ်တည် ထုတ်ပံ့ပေးမှတော့ ဗမာ့တပ်မတော်က AA အဖွဲ့ကို အပြီးပျက်တိုက်ဖျက်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူလှပါဘူး။ သို့ပေမဲ့ CNF နှင့် India ကို ပြန်ကြည့်မယ်ဆိုရင် India က တရုတ်လိုမျိုး CNF အပေါ် ထုတ်ပံ့ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ ထုတ်ပံမှုလုပ်ခဲ့ရင်သော် India ကတော့ သူတို့၏အကျိုးအမြတ်မရှိလျှင် ဘာမှလုပ်မှာ မဟုတ်ပါဘူး။ ထုတ်ပံ့ ရပ်တည်ပေးလည်း ဒုတိယကမ္ဘာ့စစ်တုန်းက အမေရိကန် နှင့် ရာရှားတို့၏ နိုင်ငံရေးတိုက်ပွဲကို သူတို့အချင်းချင်းပိုင်နက်မှာ တိုက်ခိုက်ခြင်းမျိုးမပြုဘဲ သူတို့၏ ထုတ်ပံ့မှုဖြင့်ရပ်တည်နေသည့် နိုင်ငံပိုင်နက်တွေမှာ စစ်ပွဲ ဖန်တီးသလိုမျိုး ပေါ်လာပြီး ကျွန်တော်တို့ ချင်းလူမျိုးတွေ သူတို့၏ အုပ်စိုး လွှမ်းမိုးမှုအောက်သို့ ရောက်သွားမှာဖြစ်တယ်။
ထို့ကြောင့် အရေးတကြီး သေချာ စဉ်းစားရမယ့်အကြောင်းအရာများထဲမှာမှ မဖြစ်မနေ စဉ်းစားရမည့်အချက်တွေကိုသာ အပေါ်မှာ ဆွေးနွေးသွားတာ ဖြစ်တယ်။ ဒီ အချက်တွေကို သေချာ စဉ်းစားပြီးမှသာ ကျွန်တော်တို့ ဘာကိုပြောဆိုသင့်လဲဆိုတာ ထောက်ပြချင်ယုံမျှဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ နိဂုန်းအနေဖြင့် အင်္ဂလိပ် ဆိုရိုးတစ်ခုဖြစ်တဲ့ “Look before you leap, think before you speak” “မခုန်ခင်အရင်ကြည့်၊ မပြောခင် အရင်သေချာစဉ်းစား” ဆိုသည့်အတိုင်း ကျွန်တော်တို့ သေချာစဉ်းစားပြီးမှသာ ပြောဆို လုပ်ဆောင်တာမျိုး ကောင်းပါတယ်။ ထို့သို့မဟုတ်ဘဲ သွေးဆူ ခံပြင်းတဲ့အချိန်တွင် သေချာစဉ်းစားမှုမပြုဘဲ ပြောဆိုရေးသားမှုများကြောင့် လူမျိုးဂုဏ်ကို ထိပါးရုံသာမက အန္တရယ် ဆိုးကျိုးများသည့် တွင်းထဲပို့နိုင်သောကြောင်း သတိပြုရန် တိုက်တွန်းရင်း နိဂုန်းချုပ်ပါသည်။

Editor Note: ဒီအတွေးအမြင်စာသည် The Chinland Post သတင်းကို နေ့စဉ်အားပေးနေသော စာဖတ်ပရိသတ်များ၏ တောင်းဆိုမှုဖြင့် မူရင်း လိုင်း (Laica) ဘာသာကနေ ဗမာလို စီလျှော်အောင် ဘာသာပြန်ပေးလိုက်ခြင်းဖြစ်သည်။ အကယ်လို့ အကြောင်းအရင်းအဆက်စပ်မရှိဘူးဟု ခံယူပြီး မူးရင်းကို ဖတ်လိုသူများအတွက် ဒီမှာ (CLICK HERE) နှိပ်ပြီး ဖတ်နိုင်ပါသည်။


Zawgyi:

မခုန္ခင္ႀကိဳၾကည့္၊ မေျပာခင္ အရင္ခ်င့္ခ်ိန္ပါ (Look before you leap, think before you speak)
Salai Za Uk Ling
မိမိစိတ္တိုင္းမက်သည့္ကိစၥမ်ား တစ္ခုခုေပၚလာသည့္အခါတိုင္း ေသေသခ်ာခ်ာ မစဥ္းစားပဲ ခြန္းတုန္႔ျပန္တတ္တာ လူ႔သဘာဝလို႔ ေျပာလို႔လည္း ရပါတယ္။ ဒါေပမယ့္ မိသားစုအိမ္တြင္းေရး သို႔မဟုတ္ ပုဂၢဳိလ္ေရးမဟုတ္သည့္ ကိစၥရပ္မ်ားတြင္အေပၚ တံု႔ျပန္ေျပာဆိုမႈမ်ားျပဳလုပ္မည္ဆိုရင္ျဖင့္ ေသေသခ်ာခ်ာစဥ္းစားၿပီးမွ ေျပာဆိုျခင္းသည္ အေကာင္းဆံုးျဖစ္သည္။ ကၽြန္ေတာ္တို႔ေျပာလိုက္တဲ့ စကားတစ္ခြန္းက အျခားသူမ်ားအား ထိခိုက္ေစႏိုင္သည္သာမက ကိုယ့္ရဲ႕ႏွုတ္ထြက္စကားတစ္ခြင္းေၾကာင့္ ကိုယ့္လူမ်ိဳးရဲ႕ ဂုဏ္သိကၡာကိုပါက်ဆင့္းေစႏိုင္ၿပီး အႏၱာရယ္တြင္းသို႔ တြန္းပို႔ႏိုင္တာေၾကာင့္ စကားတစ္ခြန္းမေျပာဆိုမီ၊ စာတစ္ေၾကာင္းမေရးသားခင္တြင္ ေဘးပတ္ဝန္းက်င္ေဒသအေေျခအေန၊အခိ်န္အခါ အရင္ၾကည့္ၿပီး စဥ္းစားခ်င့္ခ်ိန္ၿပီးမွသာလွ်င္ ေျပာဆိုေရးသားသင့္သည္။
ထို႔ျပင္ မိမိေျပာဆိုေရးသားသည့္စကားလံုးမ်ားအေပၚတာဝန္ယူ၊တာဝန္ခံမႈ အျပည့္ရွိရမွာ ျဖစ္သည္။ထိုနည္းတူစြာပဲ ေခတ္ႏွင့္အညီတိုးတက္လာသည့္ နည္းပညာ၊ လူမႈကြန္ယက္စာမ်က္နွာမ်ားေပၚတြင္လည္း(facebook,twitter..) မိမိ၏ေရးသားေျပာဆိုမႈမ်ားကို ေပါ့ေပါ့တန္တန္ သေဘာမထားဘဲ တာဝန္ယူ၊ တာဝန္ခံမႈအျပည့္အဝရွိသည့္ စိတ္သေဘာမ်ိဳးထား သင့္သည္။ ကြ်န္ေတာ္တို႔က အေလးမထားဘဲ ေလွာင္ေျပာင္သေရာ္သလိုမ်ိဳး ေျပာဆိုေရးသားမႈမ်ားကကိုယ့္လူမ်ိဳးအတြက္ ဆိုးက်ိဳးမ်ားလည္းျဖစ္ေစႏိုင္ၿပီး အက်ိဳးဆက္အေနျဖင့္ တစ္ခဏတြင္ ျပန္လည္ျပင္ဆင္လို႔မရႏိုင္တဲ့ အျဖစ္ဆိုးမ်ားအျဖစ္ ထင္က်န္ရစ္ႏိုင္သည္။

လက္ရွိကြ်န္ေတာ္တို႔ ခ်င္းလူမ်ိဳး ရင္ဆိုင္ၾကံဳေတြ႔ေနရသည့္ စစ္ပြဲ၏ေနာက္ဆိုးက်ိဳးရလဒ္မ်ားေၾကာင့္ ခ်င္းတစ္မ်ိဳးသားလံုး ခံစားၾကၿပီး မခံမရပ္နုိင္ျဖစ္သည္မွာ အမွန္ျဖစ္သည္။ ယခုလိုမ်ိဳးအခ်ိန္တြင္ ခံျပင္းတဲ့စိတ္နဲ့ စိတ္နဲ႔ ရရာလက္နက္ကိုစဲြကိုင္ ျပီးျပန္လည္ ေခ်ပလိုစိတ္ျပင္းျပေနမည္မွာ အေသခ်ာပါပဲ။သို႕ရာတြင္ လက္ရွိရင္ဆိုင္ေနရသည့္ျပသနာမ်ားသည္ေသးေသးမႊားမြားကိစၥမ်ားမဟုတ္သည့္အတြက္ဂဃ နဏေလ့လာသိရွိၿပီးမွ ေသေသခ်ာခ်ာစဥ္းစားသံုးသပ္ၿပီးမွသာလွ်င္ျခင္သံုးသပ္ျပီးမွ ေျပာဆို ေရးသားျခင္းသည္သာ အေကာင္းဆံုးျဖစ္သည္။
ထို႔ေၾကာင့္ ဒီလိုအခ်ိန္ခိုက္မွာ တစ္ခုခု ကိုယ့္က မေျပာထြက္ခင္ စဥ္းစားထည့္သြင္းရမည့္အခ်က္မ်ားကို ေထာက္ျပလိုပါတယ္။ ယခုလို ေထာင္ျပျခင္းသည္ ခ်င္းအမ်ိဳးသားတပ္ဦး CNF ကို ကာကြယ္ျပီး ေျပာေပးတာမဟုတ္ဘဲ ကိုယ့္ပတ္ဝန္းက်င္မွာ ဘာေတြျဖစ္လဲ၊ ေနာက္ဆက္တြဲ ဘာျဖစ္ႏိုင္လဲဆိုသည့္ အေတြးေခၚမ်ိဳးအပၚအရင္ အေျခခံျပီးမွသာ စဥ္းစားေစလိုသည့္ ရည္ရြယ္ခ်က္မွ်သာ ျဖစ္တယ္။
၁။ ေထာင္ေပါင္းမ်ားစြာေသာ ကိုယ့္လူမ်ိဳး အသက္အႏၱရယ္၊ ဒုကၡမ်ားစြာျဖင့္ ခ်ိန္းေျခာက္မႈခံေနတဲ့အခ်ိန္မွာ CNF က ဘာလုပ္ေနတာလဲ ? ကိုယ့္လူမ်ိဳး ဒီလိုအေျခအေနမ်ိဳးမွာ ဒီအတိုင္းဘဲ ၾကည့္ေနမွာလား? ကိုယ့္လူမ်ိဳးကို ကာကြယ္ေပးဖို႔က သူတို႔ကိုယ္တိုင္ ထမ္းယူထားတဲ့ ဝန္မဟုတ္ဘူးလာဆိုျပီး အြန္းလိုင္းေပၚမွာ တက္လာသည့္အေရးအသားေတြ ေတြ႕ရတာ ၾကာေနျပီျဖစ္သည္။ အခ်ိဳ႕ဆို CNF ေခါင္းေဆာင္ေတြက ၾကိဳက္သလို ႏိုင္ငံျခားေတြ သြားျပီး ေပ်ာ္ပါးေနၾကတယ္ ဆိုသည့္ အေရးအသားမ်ိဳးျဖင့္ မေလးစားသဖြယ္ျပဳကာ ဆဲဆိုတာမ်ဳိး အထိေရးသားလာတာ ေတြ႔ရသည္။ ဘာဘဲျဖစ္ျဖစ္ ဒီအေၾကာင္းအရာကို ေျပာမယ္ဆိုရင္ CNF ႏွင့္ အစိုးရၾကားမွာ ႏွစ္ဦးႏွစ္ဖက္သေဘာတူ ကတိကဝတ္ျပဳထားသည့္ စာခ်ဳပ္(bilateral cease-fire agreement)ကို ေသခ်ာျပန္လည္ သံုးသပ္ၾကည့္ဖို႔က အရမ္းလုိအပ္ပါသည္။ ၂၀၁၂ မွာ အစိုးႏွင့္ ျပည္နယ္အဆင့္ အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ကို CNF သေဘာတူလက္မွတ္ ထိုးခဲ့သည္။ ထိုစာခ်ဳပ္ရ CNF တို႔၏ ထိန္းခ်ဳပ္သည့္ေနရာေဒသ၊ လႈပ္ရွားသြားလာလို႔ရသည့္ နယ္ေျမေတြ သတ္မွတ္ေပးထားတာ ရွိတယ္။ သူတို႕ထိန္းခ်ဳပ္ လႈပ္ရွားလို႔ရသည္နယ္ေျမမွ လက္နက္မ်ားႏွင့္ သြားလာမႈမ်ားကို တားျမစ္ထားပါတယ္။ အဲ့လိုဘဲ CNF တို႕၏ ထိန္းခ်ဳပ္နယ္ေျမထဲ တပ္မေတာ္သားမ်ားက လက္နက္မ်ားျဖင့္ လႈပ္ရွားသြားလားခြင့္ကိုလည္း ပိတ္ပင္ထားတယ္။ အဲလို တားျမစ္ခ်က္ေတြကို မလိုက္နာမိပါက ‘violation of the term of ceasefire’ ဆိုသည့္ ႏွစ္ဖက္သေဘာတူ အပစ္ခပ္ရပ္ဆဲေရး သေဘာတူစာခ်ဳပ္ကို ခ်ိဳးေဖာက္တာ ျဖစ္သြားမွာ။ ထိုစာခ်ဳပ္အရ CNF တပ္သားမ်ားသည္ ပလက္ဝ ေဒသမ်ားတြင္ Pathiantlang ေတာင္ နီးနားကလြဲ၍ လက္နက္ျဖင့္ လႈပ္ရွားလာခြင့္ကို ပိတ္ပင္ထားသည္။ ဥပမာ ၂၀၁၆ တုန္းက Christmas ပြဲေတာ္က်င္းပစဥ္ ရြားသားေတြက CNF တပ္သားအခ်ိဳ႕ကို ထမင္းစား ဖိတ္ေခၚေၾကြးၾကျပီး ထို CNF/CNA တပ္သားမ်ားက လက္နက္မ်ား ယူလာေသာေၾကာင့္ တပ္မေတာက ရြာသားေတြအား CNF/CNA တပ္သားမ်ား ျပန္သြားျပီးေနာက္ ဖမ္းဆီးကာ ျပစ္ဒဏ္ေတြ ေပးခဲ့သည္။ ဆိုလုိတာက ယခု AA တပ္ေတြ လႈပ္ရွားသည့္ေနရာေဒသမ်ားသည္ CNF/CNA တပ္သားမ်ား လက္နက္ျဖင့္ လႈပ္ရွားသြားလာခြင့္ ပိတ္ထားသည့္ ေနရာမ်ားျဖစ္သည္။ အကယ္လို႔သာ CNF က ထိုေဒသေတြကို လက္နက္ျဖင့္ ဝင္ေရာက္လႈပ္ရွားမႈျပဳလုပ္လာပါက အပစ္ခတ္ရပ္ဆဲေရးကို တိုက္ရိုက္ ခ်ိဳးေဖာက္လိုက္တာ ျဖစ္သြားမည္။ အဲလိုမ်ိဳး CNF ဘက္က တိုက္ရုိက္ခ်ိဳးေဖာက္မႈလုပ္ခဲ့လွ်င္ သူတို႔၏ ႏိုင္ငံေရး ဂုဏ္သိကၡာ အမည္နာမ ဆိုးသြားရံုသာမက ခ်င္းလူမ်ိဳး ဂုဏ္အထိ ထိပါးမႈေတြ တိုးလာမွာ ေသခ်ာသည္။ ထိုအခ်က္သည္ လူမ်ိဳးတစ္မ်ိဳး၏ ဂုဏ္သကၡာျဖင့္ စဥ္းစားရမည့္အခ်က္ျဖစ္သည္။
၂။ လက္နက္ကိုင္ ႏွစ္ဖြဲ႔၏ လႈပ္ရွားပစ္ခတ္မႈနဲ႔မွ်သာ ဒီေလာက္ေတာင္ ျပည္သူေတြ ဆင္းရဲ ဒုကၡ ခံစားေနရျပီ။ အကယ္လို႔ ေနာက္ထပ္ လက္နက္ကိုင္တပ္ဖြဲ႕တစ္ခုသာ ပါဝင္လႈပ္ရွားလာပါက ျပည္သူေတြရဲ႕ ခံစားမည့္ဒုကၡ ဝန္ထုပ္ပိုးသည္ ဒီထက္မက သံုးဆ တိုးလာမွာ အေသခ်ာပင္ျဖစ္သည္။ ရက္ခိုင့်တပ်‌တော်္ႏွင့္ ဗမာတပ္ေတြ လႈပ္ရွားမႈမ်ားေၾကာင့္ ျပည္သူေတြ စားစရာ ငတ္ျပတ္ေနၾကသည္။ ထိုအခ်ိန္မွာ CNF/CNA တပ္သားေတြသာ လႈပ္ရွားလာပါက ျပည္သူေတြ ဘယ္ေလာက္ အစာ ငတ္ျပတ္ ခံစားေနရမလဲဆိုတာ မေတြးဝံ့စရာပါ။ ေနာက္တစ္ခုက ဘယ္လက္နက္ကိုင္ လႈပ္ရွားသည့္ေနရာေဒသမဆို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား ျမင့္တက္လာသည္။ ထိုကိစၥကို ေသခ်ာစဥ္းစားရမည့္ အခ်က္ျဖစ္သည္။
၃။ လက္ရွိ အေျခအေနအရ စာခ်ဳပ္သေဘာ သဘာဝရွိသည့္ နည္းဗ်ဴဟာ အေနအထားျဖင့္ ေျပာရလွ်င္ CNF က ယခုလုိမ်ိဳး ခ်င္းပိုင္နက္မ်ားတြင္ AA ႏွင့္ တပ္မေတာ္ လႈပ္ရွားပစ္ခတ္မႈမ်ားေၾကာင့္ အျပစ္မဲ့ ခ်င္းလူမ်ိဳးေတြ အသက္ဆံုးရံႈးကာ မလိုလားအပ္သည့္ ဒုကၡခံစားေနရာတာကို မၾကည့္ႏိုင္ေတာ့ဘဲ သြားပစ္မယ္ဆိုပါက ဗမာတပ္မေတာ္နွင့္ ပူးေပါင္းမွသာ အလုပ္ျဖစ္ႏိုင္မည့္သေဘာ ရွိေနသည္။ အဲ့ဒီလိုသာ ေဆာင္ရြက္ခဲ့လ်ွင္ ကိုယ့္လူမ်ိဳးကို ဆင္းရဲတြင္းထဲ တြန္းပို႔သူ ဗမာ့တပ္မေတာ္ႏွင့္ မိတ္သြားဖိတ္ျခင္းျဖင့္ ကိုယ့္ခ်င္းလူမ်ိဳးဂုဏ္ကို ေရာင္းစားသလို ျဖစ္သြားလိမ့္မည္။ ေနာက္ျပီး ကိုယ့္ညီေနာင္ တိုင္းရင္းသားေတြေရွ႕မွာ ကိုယ့္ကိုယ္ကို အရွက္သြားခြဲရံုသာမက ကိုယ့္မ်က္ႏွာကို အိုးမဲသုတ္သလိုု ျဖစ္သြားမွာ မလြဲေသခ်ာသည္။ ကမၻာ့အရပ္လယ္မွာလည္း ခ်င္းလူမ်ိဳးမ်ား မ်က္ႏွာက ဆ့ံေတာ့မွာမဟုတ္သလို သူမ်ားႏွိမ္ခံရသည့္ လူမ်ိဳးအျဖစ္ အျမဲတိုင္း သမိုင္းမွာ က်ေရာက္သြားမွာ ျဖစ္သည္။ ဒါေၾကာင့္ ဒီကိစၥသည္ ဧကန္မလြဲ စဥ္းစားရမည့္အခ်က္ျဖစ္သည္။
၄။ အကယ္လို႔ AA ကို ထိုးစစ္ဆင္ကာ တိုက္ထုတ္မယ္ဆိုလွ်င္ ဒီကိစၥသည္ လက္နက္ကိုင္ တစ္ဖြဲ႕နွင့္ တစ္ဖြဲ႕အၾကား ဒီအတိုင္းျပီးသြားမည့္ အရာမဟုတ္ပါ။ ႏွစ္ဖက္က ေထာက္ခံသူေတြၾကားမွာ တင္းမာမႈေတြ ျပင္းထန္လာျပီး ေနာက္ဆံုးေတာ့ လူမ်ိဳး တစ္မ်ိဳး ႏွင့္ တစ္မ်ိဳး၏ ပဋိပကၡ ျဖစ္ေစလာႏိုင္သည္။ သတ္ျဖတ္မႈေတြျဖင့္ ေသြးစီးလာမည္။ ထိုအနာမ်ားသည္ ကုသလို႔မရသည့္အနာလို ျဖစ္ျပီး သမိုင္းမွာ မေမ့ႏိုင္ဖြယ္အရာအျဖစ္ အျမဲ က်န္ခ့ဲေတာ့မွာ ျဖစ္သည္။ ေနာက္ ကြ်န္ေတာ္တို႔ေတြ မေမ့ရန္လိုအပ္သည့္ အဓိကအခ်က္မွာ ပလက္ဝေဒသမွာေနထိုင္သည့္ ခ်င္းလူမိ်ဳးေတြထက္ ရခိုင္ျပည္က ခ်င္းလူမ်ိဳး လူဦးေရးက ပိုမ်ားေနသည္။ ထိုညီအကိုမ်ားသည္ ေခတ္အဆက္ဆက္က အေျခခ်ေနထိုင္ခဲ့ၾကေသာ္လည္း ဒုတိယ ႏိုင္ငံသားအဆင့္မွာသာ (second class citizen) ဆက္ဆံျခင္း ခံေနၾကသူမ်ား ျဖစ္ၾကသည္။ အစကေျပာသလို အကယ္လို႔ AA ႏွင့္သာ တိုက္ပြဲျဖစ္ခဲ့ပါက ရခိုင္ျပည္က ထိုညီအကိုမ်ားက အဆေပါင္းမ်ားစြာ အက်ိဳးဆက္ ခံစားရမွာျဖစ္သည္။ ဘာျဖစ္လို႕လဲဆိုရင္ သူတို႕သည္ အကူညီမဲ့ ေနၾကပါသည္။ သူတို႕အတြက္ကို ထည့္သြင္းစဥ္းစားမႈမျပဳလွ်င္ ကိုယ္လူမ်ိဳးအခ်င္းခ်င္း ျပန္သတ္တာနဲ႕ အတူျဖစ္လိမ့္မည္။ ေနာက္တစ္ခ်က္က အကယ္လို႕ CNF ႏွင့္ AA ၾကားမွာသာ တိုက္ပြဲျဖစ္ပြားခဲ့ပါက ခဏအခ်ိန္တျဖဳတ္မွာ ျငိမ္းလို႕ရမည့္ တိုက္ပြဲျဖစ္မွာမဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ နိုင္ငံေရးအရ အျမင္ကြဲလြဲမႈမ်ားေၾကာင့္ ျဖစ္ပြားသည့္ ပဋိပကၡမဟုတ္ဘဲ လူမ်ိဳးကိုအေျခခံကာ လူမ်ိဳးႏွစ္မ်ိဳးၾကားက မေၾကလွယ္မႈမ်ားေၾကာင့္ ျဖစ္လာမည့္ ပဋိပကၡသည္ ေသြးယိုစီးမႈမ်ားလာမွာ ဧကန္မလြဲျဖစ္သည္။ ဒီလို ပဋိပကၡမ်ားသည္ ကမၻာႏိုင္ငံအမ်ားမွာ ဥပမာမ်ားစြာေတြ႕ႏိုင္သလို အိမ္နီးခ်င္းႏိုင္ငံျဖစ္သည္ India မွာ Manipur ျပည္နယ္ဘက္က လူမ်ိဳးႏွစ္မ်ိဳးၾကား ပဋိပကၡ တိုက္ပြဲကို ကြ်န္ေတာ္တို႕အေနျဖင့္ အတုယု သင့္ပါသည္။ India အစိုးရက သူၾကိဳက္တဲ့အခ်ိန္ တိုက္ပြဲေတြ ဆင္ေပးျပီး သူေမြးထားတဲ့ေခြးသဖြယ္ အခ်င္းခ်င္း ေခြးလို ကိုက္ခိုင္းျပီး ဘာမွမသိသလိုသာ ၾကည့္ေနျပီး ေနာက္ဆံုးမွာေတာ့ India အစိုးရမွာ ေစတနာအရင္းျဖင့္ သူတို႕ၾကား ဝင္ေရာက္ေျဖရွင္းမျပဳဘဲ အျမတ္ထုတ္ေနတာကို ျမင္ေတြ႔ရမွာျဖစ္တယ္။ အကယ္လို႕ ကြ်န္ေတာ္တို႔လည္းဘဲ တိုက္ပြဲဆင္ႏႊဲခဲ့ပါက ထို႕အတိုင္းသာ ျဖစ္ႏိုင္ေျခမ်ားျပီး ကြ်န္ေတာ္တို႕လူမ်ိဳး ဖြံျဖိဳးတိုးတက္မႈကို အတားအဆီးေပးျပီး ျငိမ္းခ်မ္းေရးဆိုတာ ကြ်န္ေတာ္တို႕အတြက္ အရမ္းကို ေဝးကြာလွသည့္ ခရီးတဖြယ္ ျဖစ္လာလိမ့္မည္။
၅။ လက္ရွိ ခ်င္းျပည္နယ္၊ ပလက္ဝ ေဒသ ႏွင့္ ရခိုင္ဘက္က ျဖစ္ပြားေနသည့္ တပ္မေတာ္ႏွင့္ AA ရက္ခိုင့်တပ်‌တော်္ၾကား တိုက္ပြဲမ်ား၏ အေၾကာင္းရင္းကိုၾကည့္လွ်င္ ပထဝီႏိုင္ငံေရးလို႕ေခၚတဲ့ geo-politics ေၾကာင့္လည္း ျဖစ္တယ္လို႕ ေျပာလွ်င္ျဖင့္ မမွားပါဘူး။ ဘာျဖစ္လို႕လဲဆိုရင္ ႏိုင္ငံၾကီးျဖစ္တဲ့ တရုတ္ ႏွင့္ India ႏွစ္ႏိုင္ငံက အေရွ႕ေတာင္အာရွေဒသတြင္ သူတို႕၏ ၾသဇာအာဏာ လႊမ္းမိုးႏိုင္ေရးအတြက္ အျပန္အလွန္ ရခိုင္ျပည္နယ္ထြက္ ေရနံေတြကို ထိန္းခ်ဳပ္ဖို႕ ၾကိဳးစားေနၾကတယ္။ India က ပလက္ဝေဒသမွ Kaladan ျမစ္ၾကီးကို အသံုးျပဳ၍ ရခိုင္ျပည္နယ္ထြက္ ေရနံေတြ သယ္ယူပို႕ေဆာင္ႏိုင္ေရးအတြက္ လမ္းပိုင္းဆက္သြယ္ေရး အဆင္ေျပရန္အတြက္ အေမရိကန္ ေဒၚလာ ၄၀၀ သန္းေက်ာ္ကို ရင္းႏွီးထားပါတယ္။ တဖက္က တရုတ္လည္း ထို႕အတိုင္း ရခိုင္ျပည္ထြက္ ေရနံေတြ သယ္ယူဖို႕ရန္ အေမရိကန္ ေဒၚလာ သိန္းေပါင္းေက်ာ္ ရင္းႏွီးသည့္အျပင္ ေက်ာက္ျဖဴမွာ ဆိပ္ကမ္းအၾကီးၾကီး တည္ေဆာက္ထားပါတယ္။ တရုတ္ကေတာ့ သူတို႕၏ ရင္းႏွီးထားသည့္စီးပြားေရးရံုေတြကို ကာကြယ္ဖို႕အတြက္ ဗမာအစိုးရႏွင့္ တပ္မေတာ္ေတြကို အားကိုးမယ့္အစား လက္နက္ကိုင္အဖြဲ႕တစ္ခုကို ေမြးထုပ္တာကမွ အက်ိဳးပိုရွိမယ္ဆိုတာ သူတို႕ေတြးထားျပီးသားျဖစ္တယ္။ ေမးခြန္းထုတ္စရာရွိတာက AA က အင္အားေတာင့္တင္းလွတဲ့ ဗမာ့တပ္မေတာ္ထက္ ဘယ္လိုျဖစ္ျပီး လက္နက္ က်ည္ဆံေတြ ပိုရွိေနရတာလဲ ? ဗမာ့တပ္မေတာ္၏ ေလယာဥ္ေတြကသာလြဲလို႕ ေျမျပင္ေပၚမွာဆိုရင္ AA က ဗမာ့တပ္မေတာ္ေတြကို မေၾကာက္ဘူး။ အျမဲတိုက္ေနတယ္။ ျပီးရင္ ေမးစရာမလိုဘဲ တရုတ္နယ္စပ္မွာ ရကိၡဳင့္တပ္ေတာ္ AA ဘယ္သူက ထုတ္ပံ့မႈေတြ ေပးေနလဲဆိုတာ အသိသာၾကီးျဖစ္သည္။ ကမၻာ့လံုးမွာေတာင္ တရုတ္ဆိုျပီး ေခါင္းေထာင္ေနသည့္ႏိုင္ငံက ရပ္တည္ ထုတ္ပံ့ေပးမွေတာ့ ဗမာ့တပ္မေတာ္က AA အဖြဲ႕ကို အျပီးပ်က္တိုက္ဖ်က္ဖို႕ဆိုတာ ထင္သေလာက္ မလြယ္ကူလွပါဘူး။ သို႔ေပမဲ့ CNF ႏွင့္ India ကို ျပန္ၾကည့္မယ္ဆိုရင္ India က တရုတ္လိုမ်ိဳး CNF အေပၚ ထုတ္ပံ့ ရပ္တည္ေပးမွာ မဟုတ္ပါဘူး။ ထုတ္ပံမႈလုပ္ခဲ့ရင္ေသာ္ India ကေတာ့ သူတို႔၏အက်ိဳးအျမတ္မရွိလွ်င္ ဘာမွလုပ္မွာ မဟုတ္ပါဘူး။ ထုတ္ပံ့ ရပ္တည္ေပးလည္း ဒုတိယကမၻာ့စစ္တုန္းက အေမရိကန္ ႏွင့္ ရာရွားတို႔၏ ႏိုင္ငံေရးတိုက္ပြဲကို သူတို႕အခ်င္းခ်င္းပိုင္နက္မွာ တိုက္ခိုက္ျခင္းမ်ိဳးမျပဳဘဲ သူတို႔၏ ထုတ္ပံ့မႈျဖင့္ရပ္တည္ေနသည့္ ႏိုင္ငံပိုင္နက္ေတြမွာ စစ္ပြဲ ဖန္တီးသလုိမ်ိဳး ေပၚလာျပီး ကြ်န္ေတာ္တို႔ ခ်င္းလူမ်ိဳးေတြ သူတို႕၏ အုပ္စိုး လႊမ္းမိုးမႈေအာက္သို႕ ေရာက္သြားမွာျဖစ္တယ္။
ထို႕ေၾကာင့္ အေရးတၾကီး ေသခ်ာ စဥ္းစားရမယ့္အေၾကာင္းအရာမ်ားထဲမွာမွ မျဖစ္မေန စဥ္းစားရမည့္အခ်က္ေတြကိုသာ အေပၚမွာ ေဆြးေႏြးသြားတာ ျဖစ္တယ္။ ဒီ အခ်က္ေတြကို ေသခ်ာ စဥ္းစားျပီးမွသာ ကြ်န္ေတာ္တို႕ ဘာကိုေျပာဆိုသင့္လဲဆိုတာ ေထာက္ျပခ်င္ယံုမွ်ျဖင့္ ေရးသားျခင္း ျဖစ္ပါသည္။ နိဂုန္းအေနျဖင့္ အဂၤလိပ္ ဆိုရိုးတစ္ခုျဖစ္တဲ့ “Look before you leap, think before you speak” “မခုန္ခင္အရင္ၾကည့္၊ မေျပာခင္ အရင္ေသခ်ာစဥ္းစား” ဆိုသည့္အတိုင္း ကြ်န္ေတာ္တို႕ ေသခ်ာစဥ္းစားျပီးမွသာ ေျပာဆို လုပ္ေဆာင္တာမ်ိဳး ေကာင္းပါတယ္။ ထို႕သုိ႕မဟုတ္ဘဲ ေသြးဆူ ခံျပင္းတဲ့အခ်ိန္တြင္ ေသခ်ာစဥ္းစားမႈမျပဳဘဲ ေျပာဆိုေရးသားမႈမ်ားေၾကာင့္ လူမ်ိဳးဂုဏ္ကို ထိပါးရံုသာမက အႏၱရယ္ ဆိုးက်ိဳးမ်ားသည့္ တြင္းထဲပို႕ႏိုင္ေသာေၾကာင္း သတိျပဳရန္ တိုက္တြန္းရင္း နိဂုန္းခ်ဳပ္ပါသည္။

Editor Note: ဒီအေတြးအျမင္စာသည္ The Chinland Post သတင္းကို ေန႔စဥ္အားေပးေနေသာ စာဖတ္ပရိသတ္မ်ား၏ ေတာင္းဆိုမႈျဖင့္ မူရင္း လိုင္း (Laica) ဘာသာကေန ဗမာလို စီေလွ်ာ္ေအာင္ ဘာသာျပန္ေပးလိုက္ျခင္းျဖစ္သည္။ အကယ္လို႕ အေၾကာင္းအရင္းအဆက္စပ္မရွိဘူးဟု ခံယူျပီး မူးရင္းကို ဖတ္လိုသူမ်ားအတြက္ ဒီမွ (CLICK HERE)ာ ႏွိပ္ျပီး ဖတ္ႏိုင္ပါသည္။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: