မလေးရှားပြန် ချင်းဒုက္ခသည် (၂)ဦး ရန်ကုန်လေဆိပ် ဖမ်းဆီးခံရမှုနှင့် ပြည်​ပရောက်​ချင်းဒုက္ခသည်အရေး

0

Credit: Times of Chinland June 28, 2018

Salai Josephbawi| The Chinland Post| August 14, 2018

၁၉၈၈ခုနှစ်​မြန်မာ့အရေးခင်းနောက်ပိုင်း မြန်မာ့စစ်အစိုးရ၏ ကာလအတန်ကြာ ဖိနှိပ်​မှု၊ အတင်းအကြပ်အလုပ်စေခိုင်းမှု၊ တောင်းစားမှု၊ ချုပ်​ခြယ်​ကန့်​သတ်​မှု၊ မတရားစွပ်စွဲမှုတွေခံရပြီး လူမှုဘ၀ဆင်းရဲမှု၊ အသက်အန္တရယ်စိုးရိမ်မှုသည်ကြောင့် ချင်းတိုင်းရင်းသားလူငယ်​လူရွယ်​များသည်​ အိမ်​နီးချင်းနိင်​ငံများသို့ နည်းလမ်းမျိုးစုံဖြင့့်တိမ်းရှောင်​နေထိုင်​ခိုလှုံ ခဲ့ကြသည်​။ ၂၀၁၃ခုနှစ်နောက်ပိုင်း UNHCR  ချင်းဒုက္ခသည်များအပေါ် ထားရှိမူများ ပြောင်းလဲခဲ့သည့်အတွက် အိန္ဒိယနိုင်ငံနှင့် မလေးရှားချင်းဒုက္ခသည် မျော်လင့်ခြင်းကင်းမဲ့စွာ လူကုန်ကူးပွဲစားများမှတဆင့် မိခင်နိုင်ငံသို့ နည်းမျိုးစုံဖြင့် အိမ်ပြန်ခဲ့ရတာလည်းရှိခဲ့ကြသည်။ ထိုသို့မလေးရှားမှ ပြန်လာကြသော ချင်းဒုက္ခသည်ထဲမှ ဟားခါးဈေးသစ်ရပ်ကွက်နေ ဆလိုင်းဗန်ကျဲအိုထောင်း(အသက် ၂၈)နှင့် ချင်းပြည်နယ်တောင်ပိုင်းမှ မိုင် အွမ်လူန်သည် ၂၀၁၈ခုနှစ်၊ ဇွန်လ (၁၀) ည ၁၁း၀၀နာရီဝန်းကျင် ရန်ကုန်လေဆိပ်တွင် လ၀ကမှ ဖမ်းဆီးမှုခံရသည်။

Chin Refugees httpswww.malaysiakini.comnews431949 on Twitter

ကျနော့်သားဟာ ဒုက္ခသည်ဘ၀ဖြင့် ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်-မဲဆုတ်-ထိုင်းနိုင်ငံမှ မလေးရှားသို့ရောက်ခဲ့တယ်။ သူရပြီးသား UNHCR ကဒ်က သက်တမ်းကုန်ဆုံးတာရယ်၊ ချင်းဒုက္ခသည် အတွက် မျှော်လင့်ချက်မဲ့တာရယ် အဖေ့ကိုဖုန်းဆက်တိုင်ပင်ပြီးတော့ မလေးရှားပွဲစားများမှတဆင့် ၂၀၁၈ခုနှစ်၊ ဇွန်လ(၁၀)မှာ ရန်ကုန်ရောက်ပြီး သူငယ်ချင်းနှင့်အတူ အဖမ်းခံရတာဖြစ်တယ်။  ပါ့စ်ပိုဒ်နှင့် ပြန်လာတာဖြစ်ပြီး မလေးရှားရှိမြန်မာ လ၀က ဖက်က တစုံတရာမပြောဘဲ ရန်ကုန်ရောက်မှ ဖမ်းရတယ်ဆိုတော့ ရဲ၊ လ၀ကနဲ့သံရုံးတို့ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာ နားမလည်နိုင်ဘူး။ သူတို့ဖမ်းတုန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး လည်းပါတယ်ပြောတယ်။ ကိုယ်ဝန်ဆောင်နဲ့ရှုပ်တယ်ဆိုပြီးပြန်လွတ်ပေးရ တယ်လို့သိရတော့ပို အံ့သြတာပေါ့ လို့ ဆလိုင်းဗန်ကျဲအိုထောင်းဖခင် က The Chinland Postကို ပြောသည်။

ထောင်ကျတာ (၃)လထဲမှ ရုံးချိန်းအဖြစ် ဇွန်လ (၂၆)၊ ဇူလိုင်လ (၉)၊ သြဂုတ်လ (၂)၊ သြဂုတ်လ(၁၂) (၄)ကြိမ်ချိန်းဆိုခဲ့သော်လည်း ဇူလိုင်(၉)ရက်တွင်သာ လ၀ကမှူး (တစ်ပွင့်) လာဖြစ်တယ်။ ကျနော်တို့ရုံးချိန်းခေါ်သွားရတာ ဆင်းရဲသားအတွက်တော့ နည်းတာမဟုတ်တော့ဘူး။ သူတို့ဖမ်းတုန်းကလည်း ငါ့သားက ဘာရယ်လို့သိလို့လက်မှတ်ထိုးတာ မဟုတ်ပါဘူး တရားရုံးထွက်ဆိုတုန်းက လ၀ကကိုယ်တိုင် သိပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုသည့် NLD က ပြည်တော်ပြန်ရေး၊ ဒုက္ခသည်အိမ်ပြန်ရေးဆိုပြီး အော်နေတဲ့ကြားက ပြည်သူအကာအကွယ်ပေး တဲ့ဥပဒေမဟုတ်ဘဲ ပြည်သူဒုက္ခပေးချုပ်နှောင်ရေးဥပဒေဆိုးဖြင့် ကိုင်တွယ်နေသေးတာဟာ အာဏာဆန်တဲ့လုပ်ရပ်ပဲလို့ပြောချင်ပါတယ်လို့ သူ့အဖေက ဆက်ပြောသည်။

တရားလွှတ်​တော်​ရှေ့နေ ဉီးငိုင်​ဆာခ့်​ကတော့ သူတို့ဖွင့်တဲ့အမှုက အာမခံလို့ မရတဲ့အမှု (၂)မှု။ နံပါတ်(၁)က ၁၃(၁)လ၀ကအမှုရယ် နံပါတ်(၂)က လိမ်လည်မှု (ပုဒ်မ ၄၇၁၊ ၄၆၈၊ ၄၂၀)ပေါ့။ အစပိုင်းပဲရှိသေးတော့ တရားရုံးက ဥပဒေအတိုင်းပဲသွားရမှာဆိုတော့ ဥပဒေအတိုင်းပဲ ဆက်သွားရမှာပါ။ ဒါပေမယ့်ဖြစ်စေချင်တာက ဒီအမှုဟာ တဦးချင်းနဲ့သာ ဆိုင်တာမဟုတ်ဘဲ ချင်းဒုက္ခသည်အားလုံးနဲ့ဆိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်ဆန္ဒသဘောအတိုင်း ချင်းဒုက္ခသည်တွေ ပြန်လာရင် မဖမ်းဆီးဖို့ ချင်းအမျိုးသားတပ်ဦးနှင့် နိုင်ငံတော်အဆင့် နိုင်ငံတော်အစိုးရ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အထိ တိုင်ပင်ဆွေးနွေးဖို့လိုတယ်။ CNF က ဒေါက်တာဆလိုင်းလျန်းမှုန်ကိုလည်း အစိုးရတာဝန်ရှိဆီ တင်ပြဖို့ပြောထားပါတယ်။ ပြီးရင်လ၀ကရုံးချိန်းမလာတာက သူတို့ မအားတာလည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် တရားရုံးစာမတွေ့တာလည်းဖြစ်နိုင်တယ် သြဂုတ် (၁၇)ပြန်ချိန်းထားတာရှိပါတယ်။ အခြေအနေသိမှာပါ၊ တရားရေးရုံးပိုင်းကတော့အဆင်ပြေပါတယ်လို့ The Chinland Post ကို ပြောပါတယ်။

Kawlram a kirmi Illegal Migrants
Photo: Malaysia Myanmar Embassy

UNHCR မှ ပြည်​ပရောက်​ချင်းဒုက္ခသည်​များအရေး ဆုံးဖြတ်​လုပ်​ဆောင်​ချက်​အပေါ်တွင်​ ပြန်​လည်​သုံးသပ်​ပြင်​ဆင်​ခြင်း မရှိပါက မလေးရှားနိင်​ငံရောက်​ ချင်းဒုက္ခသည်​များနှင့်​ India ရောက်​ချင်းဒုက္ခသည်​များသာမက ပြည်​ပရောက်​ ချင်းဒုက္ခ ​များသည်​ မြန်​မာပြည်​ပြန်​ရောက်​လျှင်​ဥပဒေအရ အရေးယူခံရကာ ထောင်​ဒဏ်​ကျခံရဖွယ်​ရှိသဖြင့်​ UNHCR အနေဖြင့်​ ချင်း ဒုက္ခသည်​များအရေးဆုံးဖြတ်​ချက်​ကို အမြန်​ဆုံးပြန်​လည်​သုံးသပ်​ပြင်​ဆင်​ပေးနိင်​ရန်​အလေးအနက်​တိုက်​တွန်းအပ်​ပါသည်​။ ဟု ၁၃ သြဂုတ်​လ ၂၀၁၈ တရားလွှတ်​တော်​ရှေ့နေ ဉီးငိုင်​ဆာခ့်​က သူဖိစ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ပြည်ပသို့ထွက်ခွာကတည်းကတရားဝင်နိင်ငံကူးလက်မှတ်နဲ့ visa ယူပြီးထွက်တာနိင်ငံကူးလက်မှတ် သက်တမ်း မကုန်ပဲပြန်လာတာပြသနာမရှိပါ။ တရားမ၀င်နည်းဖြင့်တော့ ဘယ်လမ်းကြောင်းကလာလာ ၁၉၄၇ခုနှစ် မြန်မာနိင်ငံ လူဝင်မှုကြီးကြပ်ရေး( လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁ )အရ အရေးယူခံရမှာပါ။ ထောင်ဒဏ် ၅နှစ်အထိချမှတ်န်င်တဲ့ပြစ်မှုဖြစ်လို့ ပြစ်မှုကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား ၂ ပါပြဌာန်းချက်အရ အာမခံမပေးနိင်တဲ့ ပြစ်မှုဖြစ်နေပါတယ်။ လေကြောင်းလမ်းကပြန်လာချင်လို့ နိင်ငံကူးလက်မှတ်လုပ်ပေးးမယ်ဆိုတဲ့ပွဲစားလူလိမ် တွေကိုမယုံပါနဲ့။သူတို့ကအတုလုပ်ပြီးကိုယ်က အစစ်ထင်ပြီးပြန်လာရင် ရာဇသတ်ကြီးပုဒ်မ ၄၂၀, ၄၆၈,၄၇၁ တို့အရအရေးယူခံရပါလိမ့်မယ်။ ၄၂၀ လိမ်လည်မှုအတွက် ထောင်ဒဏ် ၇နှစ်၊၄၆၈ အတုပြုလုပ်မှုအတွက် ၇ နှစ်ထိထောင်ဒဏ်၊ ၄၇၁ လိမ်လည်အသုံးပြုမှုအတွက် အတုပြုလုပ်သည့်ထောင်ဒဏ် ၇နှစ်ကဲ့သို့ပြစ်ဒဏ်ချမှတ်နိင်ပါတယ်။ ပုဒ်မ၄၆၈ဟာအာမခံမပေးနိင်သောပြစ်မှုဖြစ်ပါတယ်။ ဥပဒေကိုနားလည်လျက် ပြစ်မှုကိုရှောင်ကျဉ်နိင်ကြပါစေဟု ထပ်မံသတိပေးထားပါတယ်။

ပြည်​ပရောက်​ချင်းဒုက္ခသည်များအရေးလေ့လာလှုပ်ရှားသူ ပူးဇိုသုမ်မှုန်ကတော့ အိန္ဒိယနှင့်မလေးရှား​ရောက် ချင်းဒုက္ခသည်အရေးဟာ Nationwide Ceasefire Agreement (NCA) အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပြီး ပြတ်ဆောင်ရွက်နိုင်မှသာ နံပါတ် (၁) ဘ၀လုံခြံစွာမှုရှိရမည် (၂) လူ့ဂုဏ်သိက္ခာရှိရှိအိမ်ပြန်နိုင်ရမည် (၃) အသက်မွေးဝမ်းကျောင်းနှင့် ပြန်လည်ထူထောင် ရေးအတွက် UNHCR နှင့် အစိုးရမှ သင့်တင့်မျှတသော ထောက်ပံ့မှုပေးနိုင်ရမည်။ ဒီအာမခံချက်တွေ ပေးနိုင်မှ ပြည်​ပရောက်​ချင်းဒုက္ခသည်တွေအတွက် အကောင်းဆုံးဖြစ်မယ်။ UNHRC မူအရ ဒုက္ခသည်တွေအိမ်ပြန်ရေးဟာ ကိုယ့်သဘောထား ဆန္ဒအရဖြစ်ရမည် (Repatriation must be voluntary return)ဟု ၂၀၁၈ခုနှစ် သြဂုတ် (၁၃)ရက် သူ့ရဲ့ဖိစ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားပါတယ်။

Chin ralzaam: on Google

ချင်းပြည်နယ်အစိုးရလူမှုရေးဝန်ကြီး ပေါလွန်မင်းထန်ကတော့ အစိုးရနေဖြင့်ပြည်​ပရောက်​ချင်းဒုက္ခသည်တွေ ကိုယ့်ဆန္ဒသဘောထားအရ အိမ်ပြန်မည်ဆိုပါက သူတို့နေရာထိုင် ခင်းအတွက် မြို့နယ်တိုင်းတွင် မြေနေရာချထားပေးရေး  လမ်းညွန်ချက်ကလွဲပြီး ထူးထူးထွေထွေစဉ်းစားပေးတာမရှိသေးပါဘူး။ ဘ၀ရပ်တည်နိုင်အောင် ချင်းပြည်နယ်အစိုးရမှ စိုက်ထုတ်ပေးနိုင်တာ ရှိမယ်မထင်ဘူး။ အခုမလေးရှားနိုင်ငံမှ ကျင်းပသည့်ပြည်​ပရောက်​ချင်းဒုက္ခသည် အရေးဆွေးနွေးေ ရးကိစ္စမှာလည်း ချင်းပြည်နယ်ကိုယ်စား စေလွတ်တာမရှိဘူး။ ကျနော်တို့တော့ သူတို့သဘောဆန္ဒအရ ပြန်လာမှ မြေနေရာစီစဉ်ပေးမယ်ဆိုလောက်ပါပဲလို့ The Chinland Post ကို ပြောပါတယ်။

၂၀၁၈ခုနှစ်၊ ဇွန်လ (၁၉)နေ့ရက်စွဲဖြင့် UNHCR ရုံးမှ အိန္ဒိယနှင့် မလေးရှားရောက်​ချင်းဒုက္ခသည်များ ဒုက္ခသည် အဖြစ်မှ ရပ်စဲရေးထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၃-၁၅ အတွင်း နိုင်ငံတာချင်းခေါင်းဆောင်များက ချင်းဒုက္ခသည်အရေးနဲ့အစည်းအဝေး (Chin Refugee Consultation meeting) လုပ်နေကြတာဖြစ်ပါတယ်။ အစည်းအဝေးတက်နေရောက်နေသူများက 1. Salai Saw Mya (Representative From Myanmar 1st Secretary, CPP), 2. Salai Aung Ling (Representative From Myanmar Secretary, CLD), 3. Salai Aung Min Hlaing (Representative From Myanmar Secretary, ACNP) 4. Salai Isaac Khen (Representative From Myanmar) 5. Ram Tinthei (Representative From Australia) 6. Tial Hnem (Representative From Australia) 7. Salai Elaisa Vahnie (Representative From BACI) 8. Pu Lian Uk (Representative From USA) 9. Pu Do Khan Khup (Representative From USA) 10. Sang Hnin Lian (CHRO) 11. Michael (CHRO) 12. Bawi Lian Mang (CNF/CHRO) 13.Victor Biak Lian (Canada) 14. Amy (Fortify Rights) တို့ပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမား တရားဝင် အလုပ်လုပ်ကိုင်သူ ၂သိန်းနှင့် တရားမ၀င် ၃သိန်းနီးပါးခန့်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် တရားဝင်လုပ်သား ၂.၂သန်းနှင့်တရားမ၀င် ၃.၈သန်းခန့်ရှိကြောင်း ၂၀၁၇ခုနှစ်၊ ဇူလိုင် ၂၂တွင် Irrawaddy အွမ်လိုင်းတွင်ဖော်ပြထားတာတွေ့ရပြီး မြန်မာအစိုးရဖိတ်ခေါ်မှုဖြင့် ၂၀၁၇ခုနှစ်၊ ဇွန်လ (၂၉)မှ နိုင်ဝင်ဘာ (၂၇) (၅)လအတွင်း ထိုင်းနိုင်ငံဖက်ကနေ မြန်မာရွေ့ပြောင်းအလုပ်သမား ၁၅၀ ၀၀၀ခန့် အိမ်ပြန်ခဲ့ရတယ်လို့ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာ (၁) Myanmar Times အွမ်လိုင်းတွင်ဖော်ပြထားသည်။

မြန်မာအစိုးရက နိုင်ငံခြားရောက်တရားမ၀င်မြန်မာများ ပြည်တော်ပြန်ရေးဖိတ်ခေါ်ချိန်မှာပဲ ဘ၀ဘေးအန္တရယ်မှ လွတ်မြောက်ရန် ကြိုးစားနေကြသောချင်းဒုက္ခသည်များအတွက်ကတော့ လမ်လည်မှုဖြင့်ကျက်စားနေသော မြန်မာပွဲစားများ၏ ငါးမြှားစာသာဖြစ်နေရအုံးမလားဆိုတာ ဘယ်သူသံသယကင်းနိုင်မှာနည်း။+++

 

 

 

 

 

 

 

 

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: