အွန်လိုင်းတိုက်ခိုက်မှုနှင့် လိမ်လည်မှု သတိပြု

0

အွန်လိုင်းတိုက်ခိုက်မှုနှင့် လိမ်လည်မှု သတိပ

The Chinlandpost | October 11, 2023 —၂၀၂၁၊ဖေဖော်ဝါရီ၁ရက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ရွှေကုက္ကိုဒေသဟာအွန်လိုင်းကနေလိမ်လည်မှု၊လူကုန်ကူးမှု၊မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ကာစီနိုလောင်းကစားလုပ်ငန်းတွေ အခြေစိုက်ရာဒေသဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လည်း The Diplomat မဂ္ဂဇင်းက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်ထဲက ရွှေကုက္ကို အခြေစိုက်တရုတ်ကာစီနိုလုပ်ငန်းတွေနဲ့ဆက်စပ်ပြီးလူကုန်ကူးမှုပြဿနာဟာဒေသတွင်းနိုင်ငံတွေအထိစိုးရိမ်စရာဖြစ်လာနေတဲ့အကြောင်း ၂၀၂၂၊ဩဂုတ်လ ၂၃ ရက်နေ့က ရေးသားခဲ့တာပါ။

၂၀၂၃၊ဩဂုတ်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရာဇဝတ်ဂိုဏ်းတွေကသိန်းနဲ့ချီတဲ့လူတွေကိုဆိုက်ဘာရာဇဝတ်မှုတွေကိုကျူးလွန်ဖို့မကြာခဏ ညှဉ်းပန်းနှိပ်စက် ခြိမ်းခြောက်ကာ ဖိအားပေးစေခိုင်းနေတယ်။အများစုဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် လူကုန်ကူးခံရပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Volker Turk က အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

အခုလိုအာဏာသိမ်းထားတဲ့အခြေအနေမှာပြည်တွင်းလုပ်ငန်းအများစုရပ်တန့်နေပြီးပြည်ပရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာသွားချိန်မှာ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါးနေပါတယ်။ အာဏာမသိမ်းခင်က ကျောင်းပြီး ဘွဲ့ရခဲ့သူတွေက လုပ်ငန်းခွင် အတွေ့အကြုံသစ်နဲ့အလုပ်အကိုင်တွေရှာဖွေနေချိန်နဲ့ရန်ကုန်လိုမြို့ကြီးမှာလူငယ်တွေနေဖို့မလုံခြုံတာတွေကြုံတွေ့နေရချိန်မှာ ဒီလို လစာများပြီး ပညာအရည်အချင်း ကောင်းကောင်းနဲ့ခေါ်တဲ့ အဲဒီအလုပ်တွေကို လူငယ်တွေက စိတ်ဝင်စားကြပါတယ်။

ယခုနှစ် (၂၀၂၃) ခုနှစ်အတွင်း အွန်လိုင်း လိမ်လည်မှု (၁၁၉) မှု မှ တရားခံ (၇၆) ဦး နှင့် အွန်လိုင်း လောင်းကစားမှု (၅၈) မှု မှ တရားခံ ၁၃၄ ဦးတို့ ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း စစ်ကောင်စီ ထုတ် မြန်မာ့အလင်း သတင်းစာတွင်ယနေ့(အောက်တိုဘာ ၂)ရက်စွဲ၌ရေးသားထားသည်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံနယ်စပ်ဒေသတလျောက်တွင်အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုပိုမိုများပြားလာနေကြသည်။အွန်လိုင်းလိမ်လည်မှုများနှင့်လောင်းကစားမှုများသည်တရုတ်နယ်ဒေသဖြစ်သည့်ကိုးကန့်ဒေသ၊ဝဒေသနှင့်မူဆယ်မြို့တွင်အများအပြားရှိနေပြီးထိုင်းနယ်စပ်ဒေသတာချီလိတ်၊ကျိုင်းတုံနှင့်ကရင်ပြည်နယ်မြဝတီနှင့်ရွှေကုက္ကုလ်မြို့မှာရာနှင့်ချီအွန်လိုင်း လိမ်လည်မှုများ ကြီးစိုးနေကြောင်း သိရသည်။ တရုတ်နယ်စပ်ဒေသရှိအဆိုပါလုပ်ငန်းများမှာလက်နက်ကိုင်တပ်ဖွဲ့များမှလုံခြုံရေးအစောင့်တပ်အဖြစ်လုပ်ကိုင်နေကြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက် တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ကျင့်ဝှေဟွမ် ဟိုတယ်၊ ရီရှင်း ကုမ္ပဏီ၊ ခိုင်ဝေ နှင့် AK ကုမ္ပဏီ စသည့် ဟိုတယ် ၈ ခုမှ ကျားဖြန့်လုပ်ကိုင်သူနှင့် အွန်လိုင်းလိမ်လည်သူများကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့သည်။ အလားတူ စက်တင်ဘာလ ၆ ရက်နှင့် ၇ရက်တွင်“ဝ”ဒေသအတွင်းရဲတပ်ဖွဲ့မှအွန်လိုင်းလိမ်လည်သူ တရုတ်နိုင်ငံသား (၁,၂၀၇) ဦးကို ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ရသည်။

ဆိုရှယ်မီဒီယာကအလုပ်အကိုင်ရှာဖွေရေးဂရုတွေ၊အလုပ်ရှာတဲ့တယ်လီဂရမ်ချန်နယ်တွေမှာနယ်စပ်မြို့တွေမှာအွန်လိုင်းဂိမ်းလုပ်ငန်း၊ကာစတန်မာဆားဗစ်၊အွန်လိုင်းမားကက်တင်း၊ဟိုတယ်နဲ့ကာစီနိုဝိုင်းတွေမှာရုံးဝန်ထမ်းအလုပ်လုပ်ရမယ်၊ လစာ အနေနဲ့ကျပ်ငွေ ၁၀ သိန်းနဲ့ ၁၅ သိန်းကြား ရမယ်ဆိုတဲ့ အလုပ်ခေါ်စာတွေကို တွေ့ဖူးကြမှာပါ။ အဲဒီအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေထဲမှာ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ အရေး၊ အပြော ကျွမ်းကျင်ရမယ်လို့ ဖော်ပြထားတတ်ပါတယ်။ တချို့အလုပ်ခေါ်စာတွေမှာဆို အသက်အရွယ် ကန့်သတ်ထားပြီး လူငယ်တွေကို ဦးစားပေး အလုပ်ခေါ်ထားပါတယ်။ အလုပ်ရှာပေးတဲ့ပွဲစားတွေကလည်း ဒီလိုအလုပ်တွေကို ပြောပြတတ်ပါတယ်။ ဒါကြောင့် အများစုက ကုမ္ပဏီလုပ်ငန်းအလုပ်၊ ရုံးအလုပ်နဲ့ ဝန်ဆောင်မှုပေးရတဲ့အလုပ်လို့ ယူဆကြပါတယ်။

အင်တာနက်ဝယ်ယူမှုဆိုင်ရာ လိမ်ညာမှု

ခေတ်နဲ့ အညီပေါ်လာတဲ့ လိမ်ညာမှုတွေ ရှောင်နိုင်ဖို့ ဘယ်လို ပါးနပ်သင့်လဲ မိုဘိုင်းဖုန်း တစ်လုံး ရှိထားရင် ပြည်တွင်းဘဏ် တခုခုရဲ့ဒစ်ဂျစ်တယ်ငွေလွှဲပြောင်းပေးချေတဲ့စနစ်တခုခုဥပမာKPay၊AYAPay၊WaveMoneyစတာတွေကိုသုံးပြီးအွန်လိုင်းပေါ်မှာ ငွေပေးငွေချေတာ၊ စျေးဝယ်တာ၊ ဘေလ်ပေးဆောင်တာ၊ အချင်းချင်း ငွေလွှဲတာတွေ လွယ်လွယ်ကူကူ လုပ်လို့ ရသလို အဲဒီ မိုဘိုင်းနံပါတ်ကို သိရင် Pay App နဲ့ ပတ်သက်ပြီး လိမ်ညာ ငွေလွှဲခိုင်းတာ၊ ပိုင်ရှင်ကို ခြိမ်းခြောက် ဟိန်းဟောက်ပြီး လိမ်ညာတာတွေကိုလည်း အလွယ်တကူ လုပ်နေကြတယ် ဆိုတာ တွေ့ရပါတယ်။ ပြည်တွင်းက ဘဏ်တခုခုရဲ့  Pay App ကို ဒေါင်းလုဒ် လုပ်၊ မိုဘိုင်းနံပါတ်နဲ့ မှတ်ပုံတင်၊ ကိုယ့်ရဲ့ အချက်အလက်တွေ ဖြည့်ပြီး နီးစပ်ရာ သက်ဆိုင်ရာ ဘဏ်ခွဲမှာ သွား မှတ်ပုံတင်လိုက်ရုံနဲ့ Digital Wallet ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် သုံးလို့ ရပါပြီ။ ဒါတောင် ဒီလို စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အကောင့် ဖွင့်ရတာမျိုးက ပြီးခဲ့တဲ့ စက်တင်ဘာလကမှ စတင်ခဲ့တာ ဖြစ်ပြီး အရင်ကဆို ကိုယ်တိုင် ဖုန်းနံပါတ် တခုရှိရုံနဲ့ ဖွင့်လို့ ရတာမျိုးပါ။ အရင်ကဆို ဆင်းမ်ကတ် နှစ်ခု သုံးခုနဲ့ မိုဘိုင်း Pay တွေ ဖွင့်လို့ ရတယ်လို့ ပြောကြပါတယ်။ လူလိမ်များသည် အမှန်တကယ်မရှိသော မိုဘိုင်းဖုန်းများ၊ ပွဲတော်လက်မှတ်များနှင့် ကားများကဲ့သို့သော ပစ္စည်းများကို ကြောငြာရန်အတွက် ဝက်ဘ်ဆိုက်များ သို့မဟုတ် အွန်လိုင်းမျိုးတူစုကြော်ငြာများကို အသုံးပြုကြပါသည်။ အွန်လိုင်းကြော်ြငာတစ်ခုနှင့်ပတ်သက်၍ ငွေပေးပို့သောအခါ သတိထားပါ။

ရင်းနှီးမှုဆိုင်ရာ လိမ်ညာခြင်း

လူလိမ်များသည် သူတို့၏သားကောင်များကို အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြီး အတုအယောင် ရင်းနှီးမှုဆက်ဆံရေးများ တည်ဆောက်ခြင်းဖြင့် ယုံကြည်မှုကို ရယူကြပါသည်။ ယုံကြည်မှုတည်ဆောက်ပြီးနောက်တွင် လူလိမ်များသည် အမျိုးမျိုးသော ခရီးသွားစရိတ်များ၊ အခကြေးငွေများ သို့မဟုတ် အခြားအရေးပေါ် အသုံးစရိတ်များကို အကြောင်းပြ၍ သားကောင်များထံမှ ပိုက်ဆံတောင်းကြပါသည်။ သင်သည် အွန်လွန်းတွင် အချစ်ရှာဖွေမည်ဆိုလျှင် တစ်ဖက်လူသည် သူ ပြောသည့်အတိုင်း မဟုတ်နိုင်သော လက္ခဏာရပ်များကို သတိထားပါ။ မှတ်ထားပါ၊ သင် လူကိုယ်တိုင် မတွေ့ဖူးသူထံ လုံးဝ ငွေမပေးပို့ပါနှင့်။

ကြိုတင်အခကြေးငွေဆိုင်ရာ လိမ်ညာမှု

သူခိုးများသည် စစ်မှန်သော ကုမ္ပဏီများအဖြစ် ဟန်ဆောင်ကြပြီး သားကောင်များအနေဖြင့် ချေးငွေ၊ ခရက်ဒစ်ကတ်၊ ထောက်ပံ့ကြေး၊ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အမွေခံပိုက်ဆံကဲ့သို့ ကြီးကြီးမားမား တန်ဖိုးတစ်ခုခု ရရှိနိုင်ရေးအတွက် အခကြေးငွေများ ပေးချေရာတွင် ပါဝင်လာနိုင်ရန် ဆွဲဆောင်ပါသည်။ သားကောင်သည် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုပြီး လူလိမ်ထံသို့ ငွေပေးပို့သော်လည်း အပြန်အလှန်အနေဖြင့် ဘာတစ်ခုမှလက်ခံမရရှိပါ။ ထိုချေးငွေများ၊ ခရက်ဒစ်ကတ်များ၊ ထောက်ပံ့ကြေးများ၊ ရင်းနှီးမြှုပ်နှံမှုများ သို့မဟုတ် အမွေခံငွေပမာဏများသည် ဘယ်သောအခါမှအမှန်တကယ်မတည်ရှိပါ။ လူလိမ်များသည် ပိုက်ဆံရပြီးသည်နှင့်တစ်ပြိုက်နက် အပြီးအပိုင် ခြေရာဖျောက်သွားကြသည်။

အလုပ်ခန့်အပ်မှုဆိုင်ရာ လိမ်ညာမှု

သားကောင်သည် အလုပ်ခေါ်စာတစ်ခုကို တုံ့ပြန်ပြီး အမှန်မဟုတ်သော အလုပ်အတွက် ခန့်အပ်ခံရ၍ အလုပ်ဆိုင်ရာ ကုန်ကျစရိတ်အတွက်ချက်လက်မှတ်အတုတစ်စောင်ပေးပို့ခံရသည်။ချက်လက်မှတ်ပမာဏမှာသားကောင်၏ကုန်ကျစရိတ်ထက် ပိုလွန်နေပြီး သားကောင်သည် ငွေလွှဲဝန်ဆောင်မှုတစ်ခုအား အသုံးပြု၍ ကျန်ရှိသောငွေကြေးများကို ပြန်လည်ပေးပို့သည်။ ဘဏ်စာရင်း၌ ငွေမလုံလောက်၍ ဘဏ်က ချက်လက်မှတ်ကို ပြန်လည်ပေးပို့ပြီးသားကောင်သည်ပမာဏအပြည့်အဝအတွက် တာဝန်ရှိပါသည်။

လှူဒါန်းမှုဆိုင်ရာ လိမ်လည်မှု

သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေ (ရေကြီးမှု၊ ဆိုင်ကလုန်း၊ သို့မဟုတ် ငလျင်ကဲ့သို့သော) မကြာသေးမီက လက်ရှိဖြစ်ရပ်ကို ခံစားရသူများကို ကူညီပေးရန် ငွေလွှဲပေးပို့ခြင်းဖြင့် အလှူငွေပေးပို့ရေးအတွက် တစ်စုံတစ်ဦးက သားကောင်ကို မကြာခဏ အီးမေးလ်ဖြင့်၊ စာဖြင့်၊ သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်ပါသည်။ တရားဝင်ကုသိုလ်ဖြစ် အဖွဲ့အစည်းများသည် အလှူငွေများအား ငွေလွှဲဝန်ဆောင်မှုမှ လွှဲပေးရန် တောင်းဆိုမည် မဟုတ်ပါ။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှု

တစ်စုံတစ်ဦးသည် သူ့ကိုယ်သူ လူဝင်မှုကြီးကြပ်ရေးအရာရှိဟု ပြောဆိုပြီး သားကောင်း၏လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှတ်တမ်းတွင် ပြဿနာတစ်ရပ်ရှိသည်ဟု ပြောကြားရန် သားကောင်ထံ ဖုန်းခေါ်ဆိုသည်။ ဇာတ်လမ်းကို ပိုမိုယုတ္တိရှိစေရန် သားကောင်၏ လူဝင်မှုကြီးကြပ်ရေးအခြေအနေနှင့် သက်ဆိုင်သော ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အထိခိုက်မခံသော အသေးစိတ်အချက်အလက်များကို ပေးအပ်နိုင်ပါသည်။ သားကောင်၏မှတ်တမ်းနှင့် ပတ်သက်သော ပြဿနာတစ်ရပ်ရပ်ကို ပြင်ဆင်နိုင်ရေးအတွက် ချက်ချင်းငွေပေးချေမှုပြုလုပ်ရန် လိုအပ်ပါသည်၊ ငွေပေးချေမှုကို ငွေလွှဲပေးပို့ခြင်းမှတစ်ဆင့် မပေးပို့လျှင် ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် ထောင်ချခြင်းဖြင့် ခြိမ်းခြောက်နိုင်ပါသည်။

လူတစ်ဦး၏ သက်သေခံအချက်အလက်ကို ခိုးယူခြင်း

သက်သေခံအချက်အလက်သူခိုးများသည်အခြားသူတစ်ဦးတစ်ယောက်အဖြစ်ဟန်ဆောင်ရန်ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဥပမာ လူမှုလုံခြုံရေးနံပါတ်များ၊ ဘဏ်အကောင့်အချက်အလက်များနှင့် ခရက်ဒစ်ကတ်နံပါတ်များ) ကိုအသုံးပြုသည်။ ၎င်းတွင် ခရက်ဒစ်အကောင့်တစ်ခုဖွင့်ခြင်း၊ လက်ရှိအကောင့်ကို ငွေကုန်သုံးပစ်ခြင်း၊ အခွန်ပေးသွင်းခြင်းဖိုင် သို့မဟုတ် ဆေးကုသမှုဆိုင်ရာ အကျုံးဝင်မှုရယူခြင်းတို့ ပါဝင်နိုင်ပါသည်။

ငွေကြေးတိုးပွားခြင်းဆိုင်ရာ လိမ်လည်မှု

အလျင်အမြန်သူဌေးဖြစ်မည်ဟူသော လိမ်လည်မှုဆီသို့ သားကောင်အသစ်များကို ဆွဲဆောင်ရန်အတွက် လူမှုကွန်ရက်ကို အသုံးပြုလျက်ရှိပါသည်၊ ၎င်းလိမ်လည်မှုတွင် အသုံးပြုသူများသည် “ငွေကြေးတိုးပွားခြင်း” ကို အသုံးပြုခြင်းဖြင့် $100 ကို $1,000 အဖြစ် ပြောင်းလဲပေးမည်ဟူ၍ ကြော်ငြာကြပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ထပ်ဆောင်းငွေသားကိုကုတ်အားယူပြီး အနည်းငယ်သော ဒေါ်လာရာဂဏန်းကို ထောင်ဂဏန်းများအဖြစ်သို့ ပြောင်းနိုင်ရန်အတွက် ငွေကြေးစနစ်၏ ထူးခြားဖြစ်စဉ်များမှ အကျိုးအမြတ်ရယူနိုင်သည်ဟူ၍ လှည့်ကွက်က အကြံပြုပါသည်။ လူလိမ်ဆရာများသည် ငွေသားသုံးစွဲခွင့်ကို ရသည်နှင့်တစ်ပြိုက်နက် သားကောင်၏ လူမှုကွန်ရက် သို့မဟုတ်ဖုန်းနံပါတ်ကိုဘလော့သွားတတ်ပါသည်။

လျှို့ဝှက်စုံစမ်းရသော ဈေးဝယ်ယူခြင်း လိမ်လည်မှု

လိမ်လည်သူသည် သားကောင်ကို အလုပ်ရှာဝဘ်ဆိုက်မှ ဆက်သွယ်သလို သားကောင်ကိုယ်တိုင်က ငွေလွှဲဝန်ဆောင်မှုကို တန်ဖိုးဖြတ်ရန် အလုပ်အကိုင်အခွင့်အလမ်း ကြော်ငြာကိုတွေ့ပြီး ဆက်သွယ်လာသည်မျိုးလည်း ရှိသည်။ လိမ်လည်သူမှ ၎င်းပို့မည့်ချက်လက်မှတ်ကိုထုတ်ယူပြီးတစ်စိတ်တစ်ဒေသကိုလုပ်ခအဖြစ်ယူထားကာကျန်ငွေကိုပြန်လွှဲပေးရန်ညွှန်ကြားတတ်သည်။သားကောင်မှပို့ငွေကိုလိမ်လည်သူမှထုတ်ယူထားလိုက်သည်၊ဘဏ်စာရင်းတွင်ငွေမရှိသောကြောင့်ချက်လက်မှတ်ပြန်ပို့ခံရသောအခါတွင်သားကောင်သည်ချက်လက်မှတ်ပါငွေအလုံးစုံအတွက်တာဝန်ယူပေးရလေတော့သည်။

Reference:

https://www.westernunion.com/th/my/fraudawareness/fraud-home.html

VOA. Burmese, အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းများ စစ်ကောင်စီကိုင်တွယ်မှု

သျှမ်းသံတော်ဆင့်, အွန်လိုင်းလိမ်လည်မှု ၁၁၉မှု ဖမ်းဆီးနိုင်ခဲ့

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: