September 21, 2025

CCYO- AA မှွ ထိန်းသိမ်းထားသည့် ဆလိုင်းအောင်စိုးအား အမြန်ဆုံးလွှတ်ပေးပါရန် သဘောထားထုတ်ပြန်ချက် (၃/၂၀၂၀)

AUNGSOE

AA မှွ ထိန်းသိမ်းထားသည့် ဆလိုင်းအောင်စိုးအား အမြန်ဆုံးလွှတ်ပေးပါရန် သဘောထားထုတ်ပြန်ချက် (၃/၂၀၂၀)
၂၀၂၀ခုနှစ်၊ ေအာက်တုိဘာလ(၃)ရက်

ရက္ခိုင့်တပ်မတော်(AA)မှ ၂၀၂၀ခုနှစ်၊ ဇူလိုင် (၂၉)ရက်နေ့တွင် ချင်းလူငယ်(၄)ဦးအား အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးထိန်းသိမ်းပြီး (၃)ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း ဆလိုင်းအောင်စိုးကိုမူ ယနေ့တိုင် ထိန်း သိမ်းထားသည့်အပေါ် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization)မှ အောက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်သည်။

၁။ ချင်းလူမျိုးများနှင့် ချင်းလူငယ်များကို မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လုပ်ရပ်ဟူသမျှ ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။



၄။ AA မှ ဖမ်းဆီးထိန်းသိမ်းထားသော ဆလိုင်းအောင်စိုး၏ ကျန်းမာရေးနှင့် အသက်အန္တရယ် အလွန်စိုးရိမ် ရပြီး သူ့ကိုဖမ်းဆီးရခြင်း၏ အကြောင်းရင်းနှင့် ကျန်းမာရေးအခြေအနေကို အမြန်ဆုံးလူထုကို အသိပေး ရှင်းလင်းစေလိုသည်။

၅။ ဗဟိုချင်းလူငယ်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဆလိုင်းအောင်စိုးအား AA မှ ကျန်းကျန်းမာမာ အမြန်ဆုံး ပြန်လွှတ်ပေးပါရန်နှင့် မည်သည့်အကြောင်းကြောင်းကြောင့် ချင်းပြည်သူနှင့် အရပ်သားများ မတရား ဖမ်းဆီးခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် အလေးနက်တောင်းဆိုသည်။


ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ဗဟိုချင်းလူငယ်အဖွဲ့အစည်း
(Central Chin Youth Organization)
ဆက်သွယ်ရန်- ၀၉၂၆၄၄၈၂၈၅၄

About The Author

Leave a Reply

Your email address will not be published. Required fields are marked *