July 12, 2025

ဆရာမခ်င္းခ်င္းပက္ထန္းနဲ႔ ေတြ႔ဆုံေမးျမန္းျခင္း| ဆရာမချင်းချင်းပက်ထန်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

Chin Chin Pekthang

Chin Chin Pekthang/The Chinland Post

Salai Josephbawi| 2020 March 10| မိတ်ဆက်- ဆရာမချင်းချင်း ပက်ထန်းဟာဆိုရင် ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်ညီညွတ်ရေးအတွက် စွမ်းစွမ်းတမံအကျိုး ဆောင်နေသူဖြစ်ပြီး၊ ညီနောင်တိုင်းရင်းသားများပါတီ (NDF)၏ မန်နေဂျာ၊ ချင်းအမျိုးသားတပ်ဦး၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပံ့ပိုးကူညီနေသူတစ်ယောက်ဖြစ်ပါသည်။

၁။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးမှုတွေရဲ့ ပါဝင်မှုရတဲ့အပိုင်းက ဘယ်လောက်ထိ ခရီး ပေါက်နေပြီလဲ? ဆရာချင်းချင်းပက်ထန်း- ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ၂၀၁၁ကနေစခဲ့တယ်။ ဘာဖြစ်လို့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုစလဲဆိုရင် နှစ်ပေါင်း (၇၀)ကျော် ပြည်တွင်းစစ်နဲ့ရင်ဆိုင်ခဲ့ရလို့ပဲဖြစ်ပါတယ်။ အခုချိန်မှာ သမ္မတဦးသိန်းစိတ်ခေတ်က သော်လည်းကောင်း၊ အခု NLD အစိုးရမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားနေတယ်။ ဒါပေမယ့် ကျမတို့မျှော် လင့်သလိုတော့ အများကြီးတော့ ခရီးတော့မရောက်သေးပါဘူး။

(၂)ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍက ဘယ်လောက်ထိ အရေးကြီးပါသလဲ? ကျမတို့အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကတော်တော်လည်း အရေးကြီးပါတယ်။ ကျမတို့အမျိုးသမီးတွေက တကယ့်တကယ် ပြည်တွင်းစစ်မှာ အခက်အခဲကြုံတဲ့အခါမှာ ဘယ်မှာမဆို အမျိုးသမီးသည်က နစ်နာသူနဲ့ခံစား သူက အရမ်းများပါတယ်။ အဲတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်လို့ ကျမတို့ပြောတဲ့အခါမှာ အမျိုးသမီးထုကလည်း ကျမတို့ အားပေးဖို့ ကူညီဖို့လိုအပ်ပါတယ်။ တစ်ခါတလေ ငြိမ်းချမ်းရေးဖြစ်စဉ်လို့ ပြောတဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်နှင့် အစိုးရနှင့် တပ်မတော်နဲ့ညှိနှိုင်းဆွေးနွေးတာသည်ရှိပါတယ်။ သူတို့မှာပဲတာဝန်ရှိတာမဟုတ်ဘဲနဲ့ ကျမတို့ပြည်သူလူထုကလည်း ပူးပေါင်းပြီးတော့မှ ဒီငြိမ်းချမ်းရေးအောင်မြင် ဖို့အတွက်က အရမ်းအရေးကြီးပါတယ်။

(၃)ချင်းအမျိုးသမီးတွေကိုရော ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့အတွက် ဘယ်လိုတိုက်တွန်းချင်ပါသလဲ? အထူးသဖြင့် ကျမဒီနေ့ ပြောချင်တာကတော့ ချင်းအမျိုးသမီးတွေက အများကြီး ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့လိုအပ်တယ်။ ချင်းအမျိုးသားတပ်ဦးကပဲ တာဝန်ရှိတယ်လို့မယူဆ ပဲနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ အလုပ်ရုံဆွေနွေးပွဲတို့ ကော်မတီတွေမှာ အမျိုးသမီးပါဝင်မှုများလာရင် ကျမတို့ အမျိုးသမီးထုရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက်က ပိုပြီး အားကောင်းမှာဖြစ်တဲ့အတွက် ချင်းအမျိုးသမီး ထုအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အားလုံးပါဝင်ပေးဖို့မေတ္တာရပ်ခံလိုပါတယ်။

Chin Chin Pekthang Interview Youtube https://youtu.be/rMWvi-OtoVQ

Zawgyi Font

ဆရာမခ်င္းခ်င္းပက္ထန္းနဲ႔ ေတြ႔ဆုံေမးျမန္းျခင္း

Salai Josephbawi| 2020 March 10|

မိတ္ဆက္- ဆရာမခ်င္းခ်င္း ပက္ထန္းဟာဆုိရင္ ခ်င္းျငိမ္းခ်မ္းေရးနွင့္ ျပန္လည္ညီညြတ္ေရးအတြက္ စြမ္းစြမ္းတမံအက်ဳိး ေဆာင္ေနသူျဖစ္ျပီး၊ ညီေနာင္တုိင္းရင္းသားမ်ားပါတီ (NDF)၏ မန္ေနဂ်ာ၊ ခ်င္းအမ်ဳိးသားတပ္ဦး၏ ျငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈမွာ ပံ့ပုိးကူညီေနသူတစ္ေယာက္ျဖစ္ပါသည္။

၁။ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးမႈေတြရဲ့ ပါ၀င္မႈရတဲ့အပိုင္းက ဘယ္ေလာက္ထိ ခရီး ေပါက္ေနျပီလဲ? ဆရာခ်င္းခ်င္းပက္ထန္း- က်မတုိ႔နုိင္ငံမွာ ျငိမ္းခ်မ္းေရးျဖစ္စဥ္ဟာ ၂၀၁၁ကေနစခဲ့တယ္။ ဘာျဖစ္လုိ႔ျငိမ္းခ်မ္းေရးျဖစ္စဥ္ကုိစလဲဆုိရင္ နွစ္ေပါင္း (၇၀)ေက်ာ္ ျပည္တြင္းစစ္နဲ႔ရင္ဆုိင္ခဲ့ရလုိ႔ပဲျဖစ္ပါတယ္။ အခုခ်ိန္မွာ သမၼတဦးသိန္းစိတ္ေခတ္က ေသာ္လည္းေကာင္း၊ အခု NLD အစုိးရမွာလည္း ျငိမ္းခ်မ္းေရးျဖစ္စဥ္ကုိ သြားေနတယ္။ ဒါေပမယ့္ က်မတုိ႔ေမွ်ာ္ လင့္သလုိေတာ့ အမ်ားၾကီးေတာ့ ခရီးေတာ့မေရာက္ေသးပါဘူး။

(၂)ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အမ်ဳိးသမီးေတြရဲ႕အခန္း က႑က ဘယ္ေလာက္ထိ အေရးၾကီးပါသလဲ? က်မတုိ႔အမ်ဳိးသမီးေတြရဲ႕ အခန္းက႑ကေတာ္ေတာ္လည္း အေရးၾကီးပါတယ္။ က်မတုိ႔အမ်ဳိးသမီးေတြက တကယ့္တကယ္ ျပည္တြင္းစစ္မွာ အခက္အခဲၾကဳံတဲ့အခါမွာ ဘယ္မွာမဆုိ အမ်ဳိးသမီးသည္က နစ္နာသူနဲ႔ခံစား သူက အရမ္းမ်ားပါတယ္။ အဲေတာ့ ဒီျငိမ္းခ်မ္းေရးျဖစ္စဥ္လုိ႔ က်မတုိ႔ေျပာတဲ့အခါမွာ အမ်ဳိးသမီးထုကလည္း က်မတုိ႔ အားေပးဖုိ႔ ကူညီဖုိ႔လုိအပ္ပါတယ္။ တစ္ခါတေလ ျငိမ္းခ်မ္းေရးျဖစ္စဥ္လုိ႔ ေျပာတဲ့အခါမွာ တုိင္းရင္းသား လက္နက္ကုိင္နွင့္ အစုိးရနွင့္ တပ္မေတာ္နဲ႔ညွိနႈိင္းေဆြးေႏြးတာသည္ရွိပါတယ္။ သူတို႔မွာပဲတာ၀န္ရွိတာမဟုတ္ဘဲနဲ႔ က်မတုိ႔ျပည္သူလူထုကလည္း ပူးေပါင္းျပီးေတာ့မွ ဒီျငိမ္းခ်မ္းေရးေအာင္ျမင္ ဖုိ႔အတြက္က အရမ္းအေရးၾကီးပါတယ္။

(၃)ခ်င္းအမ်ဳိးသမီးေတြကိုေရာ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္ဖို႔အတြက္ ဘယ္လိုတိုက္တြန္းခ်င္ပါသလဲ? အထူးသျဖင့္ က်မဒီေန႔ ေျပာခ်င္တာကေတာ့ ခ်င္းအမ်ဳိးသမီးေတြက အမ်ားၾကီး ဒီျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္ဖုိ႔လုိအပ္တယ္။ ခ်င္းအမ်ဳိးသားတပ္ဦးကပဲ တာ၀န္ရွိတယ္လုိ႔မယူဆ ပဲနဲ႔ ပူးေပါင္းပါ၀င္ဖုိ႔ လုိအပ္ပါတယ္။ အလုပ္ရုံေဆြေႏြးပြဲတုိ႔ ေကာ္မတီေတြမွာ အမ်ဳိးသမီးပါ၀င္မႈမ်ားလာရင္ က်မတုိ႔ အမ်ဳိးသမီးထုရဲ႕ လုံျခဳံေရး၊ ျငိမ္းခ်မ္းေရးအတြက္က ပုိျပီး အားေကာင္းမွာျဖစ္တဲ့အတြက္ ခ်င္းအမ်ဳိးသမီး ထုအေနနဲ႔ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ကုိယ္တတ္နုိင္တဲ့ဖက္ကေန အားလုံးပါ၀င္ေပးဖုိ႔ေမတၱာရပ္ခံလုိပါတယ္။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *