June 12, 2025

CNF နှင့် Nippon Foundation တို့ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပမာဏလေ့လာကွင်းဆင်းမှုပြုလုပ်

0
2015

Salai Josephbawi| 2019 February 28| အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုထားသော ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ဂျပန်နိုင်ငံ Nippon Foundation တို့ ပူးတွဲပြီး ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် ချင်းအမျိုးသားတပ်ဦး ထိန်းချုပ်နယ်မြေအတွင်းရှိ ရွာ(၂၁)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ် ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃-၂၇) တွင် ပမာဏကွင်းရှင်းလေ့လာမှု ပြုလုပ်ကြောင်း သိရသည်။

၎င်းကွင်းရှင်းလေ့လာမှုပြုလုပ်ရာတွင် CNF မှ လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) Dr.Sui Khar၊ CNF ဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေးကဏ္ဍမှအတွင်းရင်းမှူး Salai Bawi Lian Mang နှင့် Nippon Foundation မှ Programme Director – Tatsuki Nakajima, Akane (Program Officer) နှင့် Masaki Nishikaua
(Program Officer)တို့ ပါဝင်ပြီး ပမာဏကွင်းရှင်းလေ့လာမှုအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့လုံခြုံးရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့်ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင်တွေ့ဆုံခဲ့ကြသည်။

CNF-Nippon နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီးတွေ့စဉ် / ပုံ Ei Sandar Mang

ဖွံ့ဖြိုးရေးအကောင်အထည်ဖော်မည့် ရပ်ရွာလူထုများနှင့် တွေ့ဆုံမှုများပြုလုပ်ပြီး တလန်လို၊ တလန်ပီး၊ လုံဒိန်း၊ ကျေးရွာသုံးခုမှ ဒေသခံများနှင့် တလန်ပီးရွာတွင်၎င်း ဗန်ဇန်း၊ ဖာရွန်၊ ဆိုပွမ်းကျေးရွာသုံးခုမှ ဒေသခံများနှင့် ဗန်ဇန်းရွာတွင်လည်းကောင်း အသီးသီးတွေ့ဆုံမှုများပြုလုပ်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံများ၏ အကြံဉာဏ်များ ရယူခဲ့ကြောင်း၊ ကျေးရွာရှိဒေသခံများအနေဖြင့် ရွှေ့ပြောင်းတောင်ယာစနစ်မှ အတည်တကျ စိုက်ပျိုးနိုင်သောစနစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ရန်အတွက် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးနိုင်ရန် တင်ပြခဲ့ ကြကြောင်း သတင်းရရှိရသည်။

ဒေသခံများ၏တင်ပြချက်အပေါ် ပံ့ပိုးကူညီနိုင်ရန်အတွက် CNF ခေါင်းဆောင်များနှင့်ညှိနှိုင်းပြီး အကောင်း ဆုံးပြုလုပ်ပေးမည်ဟု Nippon Foundation မှ Mr.Tatsuki Nakajima(Programme Director) မှ ပြန်လည် ဖြေကြားခဲ့ပါသည်။

ဒီကိစ္စနှင့် ပါတ်သက်ပြီး ဒေါက်တာရွှေခါးကို ဆက်သွယ်မှုပြုလုပ်သော်လည်း ဖြေကြားခြင်းမရှိနိုင်သေးပါ။

CNF-Nippon နဲ့ ဒေသခံတွေ့ဆုံပွဲ

Nippon Foundation ကနေ ချင်းအမျိုးသားတပ်ဦးဆက်ဆံရေးရုံးတို့ ပူးပေါင်းပြီ ၂၀၁၄-၂၀၁၆ အတွင်း ချင်းပြည်နယ် ၉မြို့နယ်ရပ်ရွာအတွင်း ဆန်အိတ်ပေါင်း (၁၅ ၀၀၀)ကျော်၊ Solar ၁၃၁၈ နှင့် ခြင်ထောင် ၁၃၁၈လုံးပေးလှူဒါန်းခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၅ လေမိုးဒဏ်အတွက်လည်း ကူညီကြောင်း ထန်တလန်ဆက်ဆံရုံးမှ တဆင့်သိရှိရသည်။ ၂၀၁၃ခုနှစ်မှာလည်း အိန္ဒယ-မြန်မာနယ်စပ်ဒေတွင်လည်း ဆန်လှူခဲ့တာသည်ရှိကြောင်းသိရသည်။ Nippon Foundation သည် ချင်းပြည်နယ်မြို့ရွာများတွင် ကျောင်းဆောက်လုပ်ပေးခြင်း၊ ဆေးရုံဆေးပေးခန်းတည်ဆောက်ခြင်းနှင့် အခြားသော ဒေသဖွံ့ဖြိုးရေးများစွာကို ကူညီပံ့ပူးနေကြောင်းသိရှိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *