၂၀၂၀ တသီးပုဂ္ဂလ၀င်ပြိုင်မည့် ဦးကွီးထန်း တွေ့ဆုံမေးမြန်းခြင်း

0

U Kui Thang (ကွီးထန်း)

၁။ ကိုယ့်ကိုယ်ကိုအရင်မိတ်ဆက်ပေးပါအုံး ဆရာ။
ဖြေ။ ကျွန်တော် ဦးကွီးထန်းဖြစ်ပါတယ်။ ပါကွန်းရွာ၊ ကန်ပက်လက်မြို့ ဇာတိဖြစ်ပါတယ်။ လက်ရှိချင်းပြည်နယ် လွှတ်တော်အမတ်အနေဖြင့် ပြည်သူပေးတဲ့တာဝန်တွေကို ထမ်းဆောင်နေပါတယ်။ ကျနော် ၁၉၉၆ ကနေ ၂၀၁၃ အထိ ဘုရားအမှုတော်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကာလ ၂၀၀၁ကနေ ၂၀၁၇အထိ ကန်ပက်မြို့နယ် နှစ်ခြင်းသာ သနာနယ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးထမ်းဆောင်ခဲ့ပါတယ်။

၂။ နိုင်ငံရေးလောကထဲဝင်ရာက်ခြင်းနှင့်၂၀၂၀မှာNLDကနေထွက်ပြီး တသီးပုဂ္ဂလနဲ့ဝင်ပြိုင်စီစဉ်နေတယ်လို့ သိရပါတယ်။ ဘယ်လိုဆုံးဖြတ်ဖြစ်ခဲ့သလဲ သိချင်ပါတယ်။
ဖြေ။ ကျနော်၂၀၁၄မှာအန်အယ်ဒီပါတီဝင်ပြီး နိုင်ငံရေးလောကထဲလှုပ်ရှားလာခဲ့ပါတယ်။ ၂၀၁၅မှာ NLDပါတီ ကိုယ်စားပြု ချင်းပြည်နယ်ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှာ ပြည်နယ်လွှတ်တော်အမတ် နေရာဝင် ရောက်ယှဉ်ပြိုင်ရာ အရွေးခံခဲ့ပါတယ်။ ဒီလိုနိုင်ငံရေးလှုပ်ရှားလာခြင်းကတော့ ကျနော်တို့နိုင်ငံ အာဏာရှင်စနစ် အောက်ကနေ လွတ်မြောက်စေချင်လို့ပါ။ အာဏာရှင်စနစ်ကနေ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေ စီ စနစ်ဖော်ဆောင်တဲ့နေရာမှာ အုတ်တချပ်သဲတပွင့်အဖြစ် ဝင်ဆောင်မှုပေးချင်လို့ဖြစ်ပါတယ်။
ကျနော်က ၄.၁၂.၂၀၁၉မှာ NLDပါတီဝင်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ရှင်းရှင်းပြောရရင် ချင်းပြည်နယ်အတွက် အန်အယ်ဒီပါတီရဲ့ဦးဆောင်မှုကို အယုံအကြည်မရှိတော့လို့ဟုပြောရမှာပါ။ အာဏာရှင် ဆန်တဲ့ ဗဟိုဦးစီးစနစ်ချုပ်ကိုင်မှုတွေ အရမ်းများတယ်။ အဓိကတော့ ချင်းပြည်နယ်ကိုဦးဆောင်မည့် အကြီးအကဲ ဖွဲ့စည်းကတည်းက ဒီမိုကရေစီပုံစံမဟုတ်တော့ဘူးလို့ပြောချင်တယ်။ USDP ချင်းပြည်နယ်အကြီးအကဲများ တာဝန်ပေးဖွဲ့စည်းမှု NLDပါတီကမမှီဘူးလို့ပြောချင်တယ်။ ခေတ်အဆက်ဆက်ချင်းပြည်နယ်ရဲ့သမိုင်းအစဉ် အလာကို လည်းနားမလည်သဘောမပေါက်တဲ့ သဘောဆောင်ပါတယ်။ ဒါဟာ သူ့ရဲ့ဗဟိုဦးစီးချုပ်ကိုင်မှုလွန်ကဲ ခြင်း ဖြစ်ပါတယ်။ ကျနော် တောင်ပိုင်းမြောက်ပိုင်းခွဲခြားပြီး ပြောချင်တာမဟုတ်ပါဘူး။ ချင်းပြည်နယ်ကို ထိန်းကျောင်းရာမှာ အရေးပါတဲ့ လွှတ်တော်ဥက္ကဌနှင့် ဝန်ကြီးချုပ်ကို ပေးလိုက်တယ်ဆိုတော့ အဓိကဘတ်ဂျက် စီမံခန့်ခွဲရေးမှာ ညီမျှမှုမရှိဘဲ များတဲ့ဘက်များနည်းတဲ့ ဘက်နည်းဖြင့်ကွဲပြားလာတယ်။ ဒါကြောင့်လွှတ်တော် နည်းလမ်းနဲ့ (၉)မြို့နယ်ဘတ်၍ဂျက်ခွဲဝေရာတွင် အချိုးညီခွဲဝေပေးဖို့ တင်သွင်းခဲ့သည်ရှိသော်လည်း မအောင်မြင် ခဲ့ပါ။ အဲဒီအရာတွေကလည်း တောင်ပိုင်းမြောက်ပိုင်းပိုပြီး စိတ်ဝမ်းကွဲစေတယ်လို့ မြင်ပါတယ်။ တာတန်ပေး ခံရတဲ့ ဝန်ကြီးတွေကလည်း (၉)မြို့နယ်လုံးဖွံ့ဖြိုးရေးကို စိတ်ဝင်စားတာမဟုတ်ဘဲသူတို့ရဲ့ မြို့နယ်ကိုပဲ အဓိက တာဝန်ယူတဲ့သဘောရှိတယ်။ ဒါကြောင့် ဝန်ကြီးမရှိတဲ့ကန်ပက်လက်မြို့ဟာ NLD (၄) နေရာစလုံးအနိုင်ရတဲ့ မြို့နယ်ဖြစ်တယ်။ နှစ်စဉ်ဘတ်ဂျက်ကိစ္စစကားများလာရင်းနဲ့ (၂)နှစ်တောင်မကျန်တော့သည့် လပေါင်း (၂၀)စာ အတွက် ဝန်ကြီးနေရာ ကန်ပက်လက်ကို ပေးတယ်။ ဒါလည်းရဲ့NLDပါတီစည်းရုံးအတွက် ကန်ပက်လက်မြို့နယ် ပြည်သူကို နှစ်သိပ်ထားတဲ့ သဘောလို့ပဲ မြင်တယ်။

၃။ လွှတ်တော်အမတ်ဖြစ်ခွင့်ရပါက မိမိမဲဆန္ဒနယ်ဒေသ၊ ကိုယ့်မြို့နယ်၊ ချင်းပြည်နယ် မြန်မာနိုင်ငံအတွက် ဘာတွေဆောင်ရွက်ဖို့ပေါ်လစီ ရှိပါသလဲ။
ဖြေ။ ကိုယ်ပြည်နယ်ဒေသအလိုက် အများပြည်သူလိုအပ်နေတဲ့ လူမှုစီးပွားရေးအခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးအခွင့်လမ်းတွေကို ဥပဒေဘောင်အတွင်းက နေရသင့်ရထိုက်တဲ့အခွင့်ရေး အပြည့်အဝရရှိအောင် ဆောင်ရွက်ချင်ပါတယ်။ အမတ်ဖြစ်ခွင့်ရခဲ့ရင် ၅နှစ်တာ အတွေ့အကြုံကို ပြည်သူတွေအတွက် အခွင့်အရေး အဖြစ်အသုံးချပြီး အများအကျိုးဆောင်ရွက်ချင်တဲ့ဆန္ဒရှိတယ်လို့ ပြောချင်ပါတယ်။

၄။ လက်ရှိအစိုးရနှင့်လွှတ်တော်ကိုဘယ်လိုရှုမြင်လဲ။
ဖြေ။ ပြောရရင် အများကြီးရှိမှာပါ။ တန်းတူမျှတမှုမရှိဘူး။ ဖက်ဒရယ်စနစ်နဲ့တိုင်းပြည်ကို တည်ဆောက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အပေါကပြောခဲ့သလိုပေါ့။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့၊ ချင်းပြည်နယ်အစိုးရနှင့် ချင်းပြည်နယ်လွတ်တော်လုပ်ရည်ကိုင်ရည်အစွမ်းအစကို အဆင့်သတ်မှတ်မယ်ဆိုရင်တော့ နောက်ဆုံးအဆင့်ပဲ ရမှာပါ။ အတိုက်အခံပါတီအင်အားကောင့်ခဲ့မယ်ဆိုရင် လွတ်တော်မှ အစိုးရ အယုံအကည်မရှိ အဆိုတင်သွင်း ပြီး ‌ဆွေးနွေးဖို့တောင် အခြေအနေရှိတယ်။ ကျတော်တို့လွတ်တော်က အစိုးရကို မထိန်းကျောင်းနိုင်လို့ အစိုးရ လည်း အရည်အချင်းမရှိသလို ဖြစ်ရတယ်။ အစိုးရကို မထိန်းကျောင်းနိုင်တော့ လွတ်တော်လည်း အရည်အချင်း မရှိသလို ဖြစ်ရတယ်။ နောက်ဆုံး တင်ဒါကိုပဲ စိတ်၀င်စားတဲ့အစိုးရနှင့် လွတ်တော်လို့ အ‌‌‌‌ဝေဖန်ခံရတဲ့အဆင့်ထိ ပါဖြစ်သွားတယ်။ ၂၀၁၀-၂၀၁၅ USDP လက်ထက်ကို ပြန်ကြည့်မယ်ဆိုရင် တောင်ပိုင်းကို ၀န်ကြီးချုပ် မြောက်ပိုင်းကို လွတ်တော်ဥကၠဌပေးတော့ ဘတ်ဂျက်စီမံခန့်ခွဲရေးကအစ အားလုံးမှာ ထိန်းကျောင်းနိုင်မှုအခြေ အနေဟာ (၉)မြို့နယ်လုံးအဆင်ပြေတယ်။ ၂၀၁၅-၂၀၂၀ကာလမှာတော့ အစိုးရဟာ အာဏာရှင်ဆန်ဆန် ဆောင်ရွက်လာတော့ မမျှတကြောင်း ထောက်ပြဆွေးနွေးပြန်တော့လည်း ဆန့်ကျင်သူအဖြစ်သာ မြင်ကြတယ်လို့ ပြောချင်ပါတယ်။

၅။ ဝင်ပြိုင်မယ့်နေရာက လူထုသိကျွမ်းမှုနှင့်ကိုယ့်ကိုဘာကြောင့် လွှတ်တော်အမတ်အဖြစ် ရွေးချယ်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ကျနော်လူထုနဲ့ သိကျွမ်းမှုက အသင့်တင့်တော့ ရှိပါတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လွတ်တော် နားရက်တွေမှာ နယ်ဆင်းဖြစ်တဲ့အပြင် လူမှုရေးအရ နေရာတော်တော်များများမှာ လူသိများလို့ပါပဲ။ မဲဆွယ် စည်းရုံးရေးတော့ မသွားနိုင်သေးဘူးပေါ့။ တသီးပုဂၢလဆိုတော့ အများကြီးသွားနိုင်လိမ့်မယ်လို့ မမျှော်လင့်နိုင် ပါဘူး။ အဓိက ပြည်သူတွေရဲ့ ယု့ကြည်မှု၊ အားကိုးမှုကိုပဲ အားကိုးရမှာပါ။ နောက်တစ်ခုက ပြည်သူလူထု လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ပြည်သူ့အကျိုးစီးပွားဆောင်ရွက်ချင်စိတ်အပြည့်အ၀ရှိတယ်။ ပြီးတော့ ၅နှစ်လွတ်တော် အ‌တွေ့အကြုံများကို အသုံးပြုပြီး အကောင်းဆုံးကြိုးစားသွားမှာဖြစ်တဲ့ အတွက် မဲပေးစေချင် တယ်လို့ ပြောချင်ပါတယ်။

၆။ ၂၀၂၀ရွေးကောက်ပွဲနှင့် နိုင်ငံရေးအခင်းအကျင်း သုံးသပ်ပေးပါအုံး၊ ဘာအစိုးရတက်နိုင်သလဲ။
ဖြေ။ အခုနောက်ပိုင်းပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်က အရင်ကနဲ့မတူတော့ဘူး။ အရင်၂၀၁၀-USDP ၂၀၁၅ -NLD ပေါ့။ ဒါ့ကြောင့်တစ်ပါတီကြီးစိုးတဲ့ အစိုးရရှိနေသရွေ့တော့ အာဏာကြီးစိုးပြီးတိုင်းပြည်ရဲ့ ဒီမိုကရေစီ ခရီးပေါက်နိုင်မှာ မဟုတ်ဘူး။ တစ်ပါတီကြီးစိုးတဲ့အစိုးရမရှိသင့်တာအမှန်ပါပဲ။ ညွန့်ပေါင်းအစိုးရ(သို့မဟုတ်) မဟာမိတ်အစိုးရပုံစံမျိုးဖြစ်လာမယ်လို့ ထင်ပါတယ်။ ဖြစ်လည်းဖြစ်စေချင်တယ်။ ဒါမှသာအပေးအယူ ဟန်ချက်ညီလာပြီး အားလုံးလိုလားတောင့်တသည့် စစ်မှန်သော ဒီမိုကရေစီလမ်း‌ကြောင်းပေါ် ရောက်ပြီး ခရီးရောက်နိုင်မယ်လို့ထင်တယ်။

၇။ နှစ်စဥ်နှစ်တိုင်း ကန်ပက်လက်က ဘတ်ဂျက်အနည်းဆုံးဖြစ်တဲ့အပေါ် ဆရာဘာပြောချင်ပါသလဲ။
ဖြေ။ အဲဒါကတော့NLDဗဟိုကနေ တာဝန်ပေးခန့်အပ်တဲ့ပြည်နယ်အကြီးအကဲတွေဟာ ချင်းပြည်နယ်(၉)မြို့နယ် စလုံးအပေါ် မိဘကဲ့သို့ မေတ္တာမရှိခြင်း၊ ချင်းညီအကိုများ One family one in Chin brother ဆိုတဲ့ စိတ်ဓာတ်မရှိ ခြင်းတွေကြောင့် ဖြစ်တယ်လို့ပြောချင်ပါတယ်။ သူတို့မှာနိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စည်းရုံးရေးအမြင် မရှိကြလို့ ဖြစ်ပါတယ်။

။ ဘာများ မှာချင်သေးလဲ။
ဖြေ။ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏အကျိုးကို သယ်ပိုးနိုင်မည့်သူ့၊ ကိုယ်ကျိုးမဖက်ဘဲအများကိုလွှမ်းခြုံပြီး ညီညွတ်ရေးကိုဖော်ဆောင်လိုသူ၊ ဒေသအစွဲမကြီးသူကိုရွေးချယ်ကြပါလို့ ပြောချင်ပါတယ်။ ထို့အပြင် လွှတ်တော်အမတ်နှင့်ပြည်သူအပြန်အလှန်ထိန်းကျောင်းမှုမှာ အဆင်ပြေမယ်လို့ ယုံကြည်တဲ့သူကို ရွေးချယ်ကြ ပါလို့ ထပ်ဆောင်းမှာချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

About The Author

Na ruahning rak langhter ve.. (Leave a comment)

%d bloggers like this: