October 12, 2025
အပိုင်း (၁၄) USA တွင် ပြန်လည်တည်ဆောက်ထားသော ပါသီနွန်
Part 14
Salai Kipp Kho Lian| Vansangva| TCP-Hakha| 2020 October 3|၁၄။ USA တွင် ပြန်လည်တည်ဆောက်ထားသော ပါသီနွန်
အမေရိကန် ပြည်ထောင်စု Tennessee ပြည်နယ်မှာရှိတဲ့ မြို့တော် Nashville မှာပြန်လည် တည်ဆောက်ထားတဲ့ Pathenon ဖြစ်တယ်။
ဒီအဆောက်အဦးကတော့ အေသင်မြို့ရဲ့ တိုက်ရိုက် ဒီမိုကရေစီ အထွတ်အထိပ် ရောက်ပြီး ရွှေထီးဆောင်းခဲ့တဲ့ ကာလ The golden age of Athenian democracy မှာ တည်ဆောက် ခဲ့တာ ဖြစ်ပြီးတော့ အနောက်တိုင်း နိုင်ငံတွေဆီကို ဒီမိုကရေစီ ပြန့်ပွားလာတဲ့အခါမှာ ဒီအဆောက်အဦးဟာ ဒီမိုကရေစီရဲ့ သင်္ကေတလိုလို ဖြစ်သွားတယ်။
အဓိက သူ့ရဲ့ ထူးခြားချက် တွေကတော့ ဗိသုကာ ရှုထောင့်က ကြည့်မယ်ဆိုရင် အချိုးအစားတွေက ပြေပြစ်တယ်၊ တိုင်ကြီးတွေကလည်း ခန့်ညားတယ်။ ထုလုပ်ထားတဲ့ ရုပ်တုတွေကလည်း ထူးထူးခြားခြား ရှိတယ်။ ဗိသုကာရှုထောင့် ကနေ ဒီ အဆောက်အဦးရဲ့ အရေးကြီးတဲ့ အပိုင်းကို ဗဟုသုတအဖြစ် ပြောပြတာ ဖြစ်ပါတယ်။
ဆက်ရန်။
အခန်း ၁၅။ ရှေးဦးအေသင် တွင် တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးပုံ
ဆက်ရန်။
About The Author
Leave a Reply
Your email address will not be published. Required fields are marked *