October 12, 2025

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး သဘောထားထုတ်ပြန်ချက်

Paletwa CSO Statement

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး သဘောထားထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပလုပ်ပြုမည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အတူ အဆင့်ဆင့်သောသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးကလည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိအမှတ်ပြုလျက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အောက်ပါအတိုင်းသဘောထား ထုတ်ပြန်အပ်ပါသည်-

(က) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၁၅ခုနှစ်မှစ၍ ယနေ့ထိ မြန်မာ့တပ်မတော်နှင့်အေအေအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွား လျှက်ရှိပြီး ဤကဲ့သို့ဖြစ်ပွားလျှက်ရှိ သောလက်နက်ကိုင်ပဋိပက္ခကြောင့် လာမည့်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိပါသည်။

(ခ) ပလက်ဝမြို့နယ်ပြည်သူများသည် တိုက်ပွဲဒဏ်ကိုနေ့စဉ်နှင့်အမျှခံစားနေကြရသည့်အပြင် နယ်မြေမတည်ငြိမ်ခြင်းကြောင့် ခံစားရသည့်နောက်ဆက်တွဲဆိုးကျိုးများကို ဒီမိုကရေစီစနစ်ဖြစ်ထွန်းခြင်းဖြင့် စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်လာမှသာ ပပျောက်နိုင်မည်ဟု လေးလေးနက်နက် ယုံကြည်ပါသည်။

(ဂ) ရွေးကောက်ပွဲကျင်းပခြင်းသည် တစ်နည်းအားဖြင့်ဒီမိုကရေစီရှင်သန်ရေးအတွက် အခရာကျသည့်လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ လူထု၏အခွင့်အရေးများကို တောင်းဆိုတင်ပြပေးနိုင်သည့်နိုင်ငံရေးလမ်းစဉ်တစ်ခုဖြစ်သည့်အတွက် ရွေးကောက်ပွဲမကျင်းပဖြစ်ပါက ဒေသတွင်းကိုယ်စားပြုမှုပျောက်ဆုံးသွားနိုင်မည့် အရေးကိုများစွာ စိုးရိမ်မိပါသည်။

၂။ သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကောင်းမွန်စွာကျင်းပနိုင်ရေး ပြည်ထောင်စုအစိုးရမှ အရေးတယူ ကူညီဆောင်ရွက်ပေးပါရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးက ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို သက်မှတ်ဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုအပ်ပါသည်။

၃။ ထိုနည်းတူ လက်နက်ကိုင်အဖွဲ့အစည်များအနေဖြင့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးအတွက် လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ စိုးရိမ်မှုကင်းကင်းဖြင့် လွတ်လပ်မျှတစွာ မဲပေးနိုင်ရေးကိုရှေ့ရူ၍ အသွားအလာကန့် သတ်ခြင်း၊ လုံခြုံရေးအကြောင်းပြပြီး စစ်ပွဲနှင့်မသက်ဆိုင်သူများကို လက်လွတ်စပယ်ဖမ်းဆီးခြင်းနှင့် ရွေးကောက်ပွဲမဖြစ်မြောက် ရေးအတွက် ခြိမ်းခြောက်ခြင်းများကို မပြုလုပ်ပါရန် ပြည်ထောင်စုသားအသိစိတ်ဖြင့် အလေးအနက် ထပ်မံတောင်းဆိုအပ်ပါသည်။

အဖွဲ့အစည်းများ

၁။ ခူမီးစာပေနှင့်ယဉ်ကျေးမှုဗဟိုအသင်း

၂။ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိးနှိုင်းကောင်စီ (KACC)

၃။ ခူမီးလူငယ်များအသင်း (KYA)

၄။ ချင်းအမျိုးသမီးအဖွဲ့အစည်း (CWO)

၅။ တိုင်းရင်းသူအဖွဲ့အစည်း ပလက်ဝမြို့ (TYT)

၆။ ပလက်ဝမြို့နယ် ချင်းအရပ်ဖက်ကွန်ယက်

၇။ Paletwa Khumi Community, Malaysia (PKC)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *