October 11, 2025

လွတ်တော်ဥက္ကဌအပါအဝင်ဝန်ကြီးများလွတ်လာ၊ နေအိမ်အကျယ်ချုပ်ဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လွတ်တော်တာဝန်ရှိလူကြီးအားလုံးဆက်လက်ထိန်းသိမ်း

Chin State Vuanci thlahmi Pawl

လွတ်တော်ဥက္ကဌ ပူးဇိုဘွေ၊ ဒုဥက္ကဌပူးတိတ်ထန်း၊ စည်ပင်ဝန်ကြီးနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူဦးစိုးထက်၊ လဝကဝန်ကြီး ဦးဖွေအား/The Chinland Post

Salai Josephbawi| TCP-Hakha| 2021 February 27|  ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် စစ်တပ်မှအာဏာသိမ်းပြီး ဖမ်းဆီးထားသော ချင်းပြည်နယ်ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်အပါအဝင် ဝန်ကြီးများ၊ လွတ်တော်လူကြီးများအနက် နောက်ဆုံးအသုတ်ဖြင့် လွတ်တော်ဥက္ကဌ ပူးဇိုဘွေ၊ ဒုဥက္ကဌပူးတိတ်ထန်း၊ စည်ပင်ဝန်ကြီးနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူဦးစိုးထက်၊ လဝကဝန်ကြီး ဦးဖွေအားအား ဖေဖော်ဝါရီ(၂၆)၊ ၂၀၂၁ နံနက် ၉နာရီတွင် ဟားခါးစစ်ဗျူဟာ ခလရ ၂၆၆ မှ လွတ်လာကြပေမယ့် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးအိမ်ရာတွင် အချိန်ကန့်သတ်မရှိ ဆက်လက်ထိန်းသိမ်းကြောင်း နီးစပ်သူဆီကနေ သတင်းရရှိပါသည်။

ဟားခါးစစ်ဗျူဟာ ခလရ ၂၆၆ တွင် (၂၆)ရက်လုံးလုံး ဖုန်း၊ အင်တာနက်နှင့် ပြင်ပဆက်သွယ်ခွင့် ပိတ်ထားတယ်၊ စားဝတ်နေရေးတွေ ကောင်းကောင်းထားကြတယ်။ UEC က မဲမသာမှုကိစ္စ မဖြေရှင်းပေးလို့ အထက်အမိန့်အရ ထိန်းသိမ်းထားတာဖြစ်ကြောင်း နီးစပ်သူတစ်ဦးက သူတို့ပြောကြားချက်ကို ချင်းလဲန်းပို့စ်ကို ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လွတ်တော်မှ (၉)ဦး၊ သံပုံးတီးမှုဖြင့် (၄)ဦး၊ ရွေးကောက်ပွဲကော်မီရှင်အဖွဲ့ခွဲမှ (၂၅)ဦး စုစုပေါင်းအားလုံး (၃၈)ဦးဖမ်းဆီးခံခဲ့ရကြောင်း Chin Human Rights Organization (CHRO) စာရင်းအရသိရှိရသည်။

ချင်းပြည်နယ်ဥက္ကဌ ပူးအုပ်နောလ်အပါအဝင် ချင်းပြည်နယ်မြို့နယ်အသီးသီးရှိ ရွေးကောက်ပွဲတာဝန်ရှိ (၂၅)ဦးအားဖမ်းဆီးထားဆဲဖြစ်ပြီး  ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လွတ်တော်မှ တာဝန်ရှိလူကြီး အားလုံး(၉)ဦးအား နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးအိမ်ရာတွင် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *