November 26, 2025

CCYO – မလေးရှားနိုင်ငံတွင် သေဆုံးသွားသော ချင်းအမျိုးသမီးအလောင်းကို ထန်တလန်မြို့အဝင်မြို့ပြင်လမ်းဘေးတွင် အာဏာပုိင်မှ မြေမြှုပ်သဂြိုလ်ခိုင်းသည့်အပေါ် သဘောထားထုတ်ပြန်ချက်(၄/၂၀၂၀)

CCYO

CCYO

မလေးရှားနိုင်ငံတွင် သေဆုံးသွားသော ချင်းအမျိုးသမီးအလောင်းကို ထန်တလန်မြို့အဝင်မြို့ပြင်လမ်းဘေးတွင် အာဏာပုိင်မှ မြေမြှုပ်သဂြိုလ်ခိုင်းသည့်အပေါ် သဘောထားထုတ်ပြန်ချက်(၄/၂၀၂၀)

ရက်စွဲ။ ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ (၇)ရက်

မရွှေလှေးတီလ်(၂၁)သည် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့ မလေးရှားနိုင်ငံတွင် တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့ပြီး ရုပ်အ လောင်းကို မွေးဇာတိမြေထန်တလန်မြို့သို့ နှစ်နိုင်ငံသံရုံးတာဝန်ရှိများ၏ သဘောတူညီချက်ဖြင့် သယ်ဆောင်လာခဲ့ရာ အောက်တို ဘာ(၄)ရက်နေ့တွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အချိန်မှီသတင်းမပို့ဟု အကြောင်းပြကာ ထန်တလန်မြို့နယ် မြို့နယ်အာဏာပိုင်တုိ့က မြို့ထဲဝင်ခွင့်မပြုဘဲ ထန်တလန်မြို့အဝင်လမ်းဘေးမှာ မြေမြှုပ်သဂြိုလ်ခိုင်းသည့်အပေါ် အောက်ပါအတိုင်း သဘောထားထုတ်ပြန် သည်။

၁။ ချင်းလူမျိုးများသည် စစ်အာဏာရှင်မဟာလူမျိုးကြီးဝါဒီတွေရဲ့ ခေတ်အဆက်ဆက်ဖိနှိပ်အုပ်ချုပ်မှုကြောင့် အသက်ရေစာဘေးက နေလွတ်မြောက်ဖို့အတွက် နိုင်ငံတကာရောက်နေကြသည်မှာ အားလုံးအသိပဲ ဖြစ်ပါသည်။ မိသားစုကို အလုပ်အကျွေးပြုနေသော ရွှေလှေးတီလ်(၂၁)မှာ အသက်ငယ်ငယ်ရွယ်ရွယ်ဘဝဖြင့် ရုတ်တရက်သေဆုံးခြင်းနှင့် ရုပ်အလောင်းကို ထန်တလန်မြို့ပြင်လမ်းဘေး တစ်ေနရာတွင် မြေမြှုပ်သဂြိုလ်ခိုင်းမှုအပေါ် မိသားစုနဲ့ထပ်တူဝမ်းနည်းကြကြောင်း ဖော်ပြလိုသည်။


၃။ မရွှေလှေးတီလ်(၂၁)ရုပ်ကလပ်သယ်ဆောင်ရေးကိစ္စနှင့် ပတ်သက်၍ သေဆုံးသူမိသားစုဘက်မှ မလေးရှားကနေ ရန်ကုန် လေဆိပ်၊ မန္တလေး၊ ဟားခါး၊ ထန်တလန်အဆင့်ဆင့်သယ်ဆောင်လာပြီးနောက် ထန်တလန်မြို့အဝင်တွင် ကိုဗစ်-၁၉နှင့် အချိန်မှီ သတင်းမပို့ဆိုသည့်အကြောင်းပြချက်ဖြင့် ထန်တလန်မြို့ရှောင်ကွင်းလမ်းမှ ထန်တလန်သင်္ချိုင်းသို့ ကိုဗစ်-၁၉စည်းကမ်းချက်နှင့် အညီ သဂြိုလ်နိုင်သည့်ကိစ္စကို မြို့အဝင်လမ်းဘေးမှာ စက်ကြီးဌားပြီး မြေမြှုပ်သဂြိုလ်ခိုင်းခြင်းသည် ထန်တလန်အာဏာပိုင်လူကြီး များက ချင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအား စော်ကားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ဒေသခံပြည်သူအေပါ် အာဏာ ပြဗိုင်းပြဗိုလ်ကျလုပ်ရပ်သာဖြစ်သည်ဟု မှတ်ယူပြီး လုံးဝ ကန့်ကွက်ရှုတ်ချသည်။

၄။ ချင်းအမျိုးသားကျန်းမာရေး၊ လုံခြုံရေးနှင့်သက်ဆိုင်သော ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဝင်(၆)ဦးတွင် ထန်တလန်ဒေသခံချင်းလူမျိုးတစ်ဦးတစ်ယောက်မှ မပါဝင်စေခြင်းသည်လည်း လက်ရှိအစိုးရ၏ ပေါ်လစီနဲ့ ဆန့်ကျင် ပြီး သဘောထားကြီးစွာဖြင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူနှင့် အစိုးရအကြား ယုံကြည်အားကိုးရသော ကော်မတီတစ်ရပ်အဖြစ် အမြန်ဆုံးပြန်လည်ဖွဲ့စည်းပေးပါရန် အလေးအနက် တောင်းဆိုသည်။

၅။ ထန်တလန်မြို့နယ် လွတ်တော်ကိုယ်စားလှယ်အမတ်များကလည်း ၂၀၂၀ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကိုသာ ဦးစားမ ပေးဘဲ ချင်းလူမျိုးအရေးနဲ့သက်ဆိုင်သောကိစ္စရပ်များ၊ ပြည်သူ့အရေးနှင့် ပြသနာများကို အချိန်မီဖြေရှင်းနိုင်ရေးအတွက် အမြဲနားစွင့် လုပ်ေဆာင်ေပးကြပါရန် တိုက်တွန်းသည်။


၇။ ချင်းလူမျိုးများ၏ လူမျိုးဖြစ်တည်မှု၊ လူမျိုးဂုဏ်သိက္ခာနှင့် အမျိုးသားတန်းတူမှုကို ထိပါးစော်ကားသော မည့်သည့်အဖွဲ့အစည်း၊ အစိုးရနှင့် လူပုဂ္ဂိုလ်လုပ်ရပ်ဟူသမျှ ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ဆက်လက်ကျူးလွန်နေပါက ရရာနည်းလမ်းဖြင့် ထိရောက်စွာ လှုပ်ရှားဆောင်ရွက်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ဗဟိုချင်းလူငယ်အဖွဲ့အစည်း
(Central Chin Youth Organization)
ဆက်သွယ်ရန်- ၀၉၂၆၄၄၈၂၈၅၄

About The Author

Leave a Reply

Your email address will not be published. Required fields are marked *